မဖဲဝါရဲ့ အိမ် (စ/ဆုံး) မူရင်း ~ ဆရာတာတေ တာတေတို့ ကြုံလိုက်ရင် အထူးအဆန်းတွေချည်းပဲဗျို့၊ဘဝခြားသွားတဲ့ ကျုပ်ရည်းစား လှယဉ်ကို အောက်လမ်းဆရာတစ်ယောက်က မွေးပြီး ခိုင်းစားမလို့ လုပ်တာကို ကျုပ်မှာ အသည်းအသန်ကို ကယ်ခဲ့ရတာဗျို့။ ဒါပေမဲ့ဗျာ မဖဲဝါကြီး ရိုက်ချလိုက်လို့ ဒူးကြီးထောက်ပြီး သွေးပွက်ပွက် အန်နေတဲ့ တာနောဆိုတဲ့ အောက်လမ်းဆရာကို ကျုပ် မျက်စိထဲ စွဲနေလို့ဗျာ။ မနည်းကို



ကျတ်ရွာ (ဖြစ်ရပ်မှန်) မူရင်းရေးသားသူ- ထက်မြက် ( တောင်ငူ) လူလောက ဒီကမ္ဘာမြေကြီးပေါ်တွင် ထူးဆန်းသော အကြောင်းအရာများစွာ ရှိလေသည်။ သိပ္ပံပညာရပ်ဖြင့် မရှင်းပြနိင်သော အရာများလည်းရှိပေသည်။ မယုံကြည်နိင်စရာ အကြောင်းအရာများစွာလည်း ရှိပေသည်။ ယခုကြှနျုပျတငျပွမညျ အကြောင်းအရာက သေလွန်သူများ မကျွတ်မလွတ်ပဲ စုဝေးနေထိုင်ရာ အရပ် ကျတ်ရွာ အကြောင်းပင် ဖြစ်သည်။ ဖြစ်ရပ်မှန် အကြောင်းအရာ ဖြစ်သည့်အလျောက် နာမည်လွဲ



အောင်မြတ်သာနှင့်လောင်မီးကျိန်စာ ++++++++++++++++++++++++++ အောင်မြတ်သာလည်း အဖွားစိမ်းတို့ရွာကနေ ညဘက်သန်းခေါင်အချိန်ထွက်လာခဲ့ပြီး ခရီးဆက်ခဲ့တယ်။ ခရီးဆက်လာရင်း အချိန်အတန်ကြာတော့ မလှမ်းမကမ်းမှာ မီးရောင်ပြပြလေးတစ်ခုကိုတွေ့လိုက်ရတယ်။ ထိုမီးရောင်လာတဲ့နေရာကိုဆက်လျောက်သွားလိုက်တော့ ယာတဲလေးဘေးမှာ မီးလှုံနေတဲ့ အသက်ခြောက်အရွယ်အဖိုးအဖွားလင်မယားကိုမြင်လိုက်ရတယ်။ အောင်မြတ်သာလည်း ယာတဲလေးဘေးမှာ ခဏဝင်ထိုင်လိုက်တဲ့အချိန် အဖိုးအိုက “လူလေး ညဘက်သန်းခေါင် ဘယ်သွားမလို့လဲ” “အရှေ့ဘက်ကရွာသွားမလို့ပါအဘ မီးရောင်လေးတွေ့တာနဲ့ ခဏဝင်လာတာပါ” “အေး အေး ညဘက်ကအေးတော့ ရေနွေးလေးသောက်လိုက်ဦး ပြီးမှ ခရီးဆက်ပေါ့



*ဖရဲသီးအပင်း* ************** တရကြမ်းတိုက်ခတ်သောလေနှင့်အတူ မိုးစက်မိုးပေါက်များလည်းပါလာသည်။ သည်အတိုင်းဆို မနက်မကူးဘဲ ယောကျာ်းဖြစ်သူအသက်ပါသွားလိမ့်မည်။ ဘာမှမသိသေးသော သားငယ်မှာ နှစ်ခြိုက်စွာအိပ်မောကျနေသည်။ ” မိန်းမရယ်…မခံနိူင်တော့ဘူးကွာ….အား..သေပါပြီကွာ….အမေရေကယ်ပါဦး…” ” ဘယ်လိုလုပ်ကြမလဲယောကျာ်းရယ်…မိုးသည်းလေသည်းထဲ ညအချိန်မတော်ကြီး အိမ်နီးနားချင်းလည်းအိပ်ကုန်ပြီ….နေဦးကျွန်မ မဟာဖြေဆေးဝယ်ထားတာရှိသေးတယ်…” ဇနီးဖြစ်သူက အိပ်ယာမှထလိုက်ရင်း ဆေးဝါးသိမ်းထားသည့်နေရာသို့ သွား၏။ ” အား…..နာလိုက်တာကွာ…ငါ့အူတွေပြတ်ထွက်တော့မဲ့အတိုင်းဘဲ….” ခဏ၌ ဇနီးဖြစ်သူက ဆေးတစ်ခွက်ယူလာပြီး သူ့ကိုဆွဲထူကာ တိုက်ထားလိုက်သည်။ ” ညနေကမှအကောင်းကြီးပါယောကျာ်းရယ်….ဘယ်လိုဖြစ်ရတာလဲတော်….”



ဗိုက်ကြီးသည် အစိမ်းသရဲမနဲ့ မဖဲဝါ(စ/ဆုံး) “ခင်ရီရေ …ခင်ရီ” “ဦးလေးထွန်း ကျမ သည်မှာရှိတယ် ” ငှက်ပျောပင်များအောက်မှာ ကားစွင့်နေသော ဗိုက်ကြီးကို ထိန်းရင်း အပြင်သို့ ထွက်လာသည်။ “ငှက်ပျောခြံထဲ ဘာဝင်လုပ်နေတာလဲ ” “ငှက်ပျောရွက်ခြောက်တွေ ဖြတ်နေတယ် ဦးလေးရဲ့၊ ဒါနဲ့ ရေးကြီးသုတ်ပျာ ဘာဖြစ်လာတာလဲ ” “အေး ပြောရမှာ မပြောချင်ပေမယ့် …မပြောမပြီး ဆိုတော့



အောင်မြတ်သာနှင့်ကျတ်သူယောင်မယ် “ ဆေးဆရာကြီး…. ဆေးဆရာကြီး အိပ်ပီလားရှင့်” ညကြီးအချိန်မတော် အိမ်အောက်ကနေ ခေါ်နေတဲ့အသံကြောင့် အိပ်ပျော်လုဆဲဆဲဖြစ်နေတဲ့ ဦးညို တစ်ယောက် ရေနံဆီမီးအိမ်ကိုအလင်းတင်ကာ “ ညဘက်ကြီး ဘယ်သူလဲကွယ့်” “ ကျွန်မက ဟိုဘက် ပုတက်ကုန်းရွာကပါ… မြေးမလေး အပြင်းဖျားနေလို့ ဆရာကြီးကို လာပင့်တာပါရှင့်” “ အေးအေး ငါလိုက်လာမယ်.. ခဏစောင့်ဦး” ဦးညိုလဲ တိုင်မှာချိတ်ထားတဲ့ ဆေးလွယ်အိတ်ကို



** သင်္ချိုင်းရွှေ့တဲ့နေ့ **(စ/ဆုံး) —————————- (ဖြစ်ရပ်မှန်) “ဘုရားရေ …သင်္ချိုင်းရွှေ့တာလည်း ရဲတာဝန်ပဲလားဟ…” လက်ထဲက စာရွက်နှစ်ရွက်ကိုကြည့်ပြီး စခန်းမှူးဦးခင်ကျော် စိတ်ပျက်လက်ပျက် ညည်းညူလိုက်တယ်… စာရွက်နှစ်ရွက်က သင်္ချိုင်းရွှေ့ရာမှာ ရွတ်ဖတ်အမိန့်ပြန်ရမယ့် အမိန့်စာရွက်နှစ်ရွက်။မကြာခင် အချိန်ကလေးကမှ သဲကုန်း မ.ဝ.တ ဥက္ကဋ္ဌ ဗိုလ်မှူးကိုယ်တိုင် သူ့လက်ထဲ ထည့်ပေးလိုက်တာပါ။ ပြီးတော့… “ကဲ…။စခန်းမှူးကြီးရေ ခင်ဗျားကိုပဲ တာဝန်ပေးလိုက်မယ်။ ကျုပ်တို့ အမ်းမမြို့ကို



အောင်မြတ်သာနှင့်အိမ်ပျောက်ကြီး “ပစ်ချလိုက်ရမလား… ငါပစ်ချလိုက်ရမလား” ကံမရွာ အနောက်ဘက်မှာရှိတဲ့ ဆန်စက်ခေါင်းတိုင်ပေါ်ကနေ ကျယ်လောင်စွာထွက်ပေါ်လာတဲ့အသံကြောင့် ခေါင်းတိုင်အောက်မှာအိပ်နေတဲ့ ဦးဖီချုး လန့်နိုးလာခဲ့တယ်။ ဦးဖီချုးက တရုတ်မြန်မာကပြားတစ်ယောက်ဖြစ်ပြီး ရွာထဲကိုရောက်နေတာ နှစ်ပေါင်းအတော်ကြာနေခဲ့ပြီ။ သူကစိတ်သိပ်မမှန်တဲ့အတွက် ရွာခံလူတွေက သနားပြီး ထမင်းကျန်ဟင်းကျန်တွေပေးကမ်းကျွေးမွေးခဲ့ကြတယ်။ ဦးဖီချုးဆိုတာကလဲ သူ့နာမည်အရင်းမဟုတ်ဘူး။ ရွာစရောက်ချိန် ရင်ဘတ်မှာ တရုတ်ခြင်္သေ့ပုံသဏ္ဍာန်ထိုးကွင်းမှင်ကြောင်ထိုးထားတာကိုအစွဲပြုပြီး ဦးဖီချူးလို့ခေါ်ခဲ့ကြတာဖြစ်တယ်။ အခုလဲ အိပ်ပျော်နေရင်း ကျယ်လောင်စွာ ထွက်လာတဲ့အသံကြောင့် လန့်နိုးလာပြီး ခေါင်းတိုင်ထိပ်ကိုမော့ကြည့်ကာ



”အောင်မြတ်သာနှင့်သိုက်စောင့်ကျောက်ဖားညီနောင်”(စ/ဆုံး) အောင်မြတ်သာတို့ဆရာတပည့်တွေ ခရီးဆက်လာရင်း ထုံးကျောက်တောင်တွေ ထူထပ်စွာတည်ရှိနေတဲ့ ထုံးကျောက်ရွာဘက်ကို ရောက်လာခဲ့တယ်။ တောင်တွေက ရွာပတ်ပတ်လည်မှာနေရာယူထားတဲ့အတွက် ထုံးကျောက်ရွာက ဒယ်အိုးပုံစံလိုဖြစ်နေပြီး မိုးတွင်းကာလတွေဆိုရင် ရေကြီးမှုဒဏ်ကိုအမြဲတမ်းလိုလိုခံခဲ့ကြရတယ်။ ဒါကြောင့် ရွာမှာရှိတဲ့အိမ်တိုင်းအိမ်တိုင်းမှာ လက်လှော်လှေလေးတွေရှိတတ်ကြတယ်။ အောင်မြတ်သာတို့ရွာကိုရောက်တဲ့နေ့မှာပဲ တစ်ရွာလုံးလှုပ်လှုပ်ရှားရှားဖြစ်နေပြီး ပစ္စည်းတွေကိုသယ်ယူနေကြတာမြင်လိုက်ရတယ်။ လူတွေရဲ့မျက်နှာမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေပေါ်လွင်နေတဲ့အတွက် အောင်မြတ်သာက ဘာအရေးကိစ္စများဖြစ်လဲဆိုပြီး မေးဖို့အလုပ် ရွာအရှေ့ဘက် တောင်ကြောကနေ မိုးခြိမ်းသံလိုအသံတွေထွက်လာခဲ့တယ်။ ရွာခံလူတွေကလဲ အသံကြားတာနဲ့ ကြောက်လန့်ကာ



မဖဲဝါကိုမုန်းတဲ့စုန်း (စ/ဆုံး) —–မူရင်းရေးသားသူ – ဆရာတာတေ အညာဆောင်းဗျ အေးချက်ကတော့ ကမ်းကုန်ရောဗျို့။ တာတေတို့ အညာသားလေးတွေဆိုတာ ညရောက်ရင် မီးလှုံကြ ၊ ပြီးရင် အိပ်ရာဝင်တာနဲ့ ဂုန်နီအိတ်ကို ချုပ်ထားတဲ့ စောင်တစ်ထပ်အညာစောင်ထူထူတစ်ထပ်ခြုံပြီး ကွေးကြရတာပေါ့ဗျာ။ ဒီညနေထမင်းကလည်း စားကောင်းသဗျ။ ဖရဲကင်းလေးတွေအချိုချက်လို့၊ ချဉ်ပေါင်ဖက် ကို မြေပဲနဲ့ရောထောင်းပြီး ကြက်သွန်နီအကွင်း လိုက်လှီးထားတာလေးနဲ့ မြေပဲဆီမွှေးမွှေးလေး လောင်းပြီးသုတ်ထားတာလေးရယ် ၊