အောင်မြတ်သာနှင့်ဆယ့်နှစ်ကြိုးရွာ ( စ/ဆုံး ) ~~~~~~~~~~~~~~~~~~~~~~~~~~ အောင်မြတ်သာနှင့် တပည့်သက်ခိုင်တို့ နှစ်ယောက်သား ခြေဦးတည့်ရာ ကိုယ့်အိပ်ရာ ဆိုတဲ့အတိုင်း လမ်းရှိရာ လျှောက်သွားရင်း အထက်မြန်မာပြည်က တောမကျ မြို့မကျ နေရာလေးတစ်ခုကို ရောက်ရှိခဲ့တယ်။ မြို့ထိပ်က ဇရပ်လေးမှာထိုင်နေခိုက်… ပုဆိုးစုတ်လေးကို ပခုံးပေါ်တင်ထားတဲ့ လူနှစ်ယောက် ဇရပ်ထဲမှာ နေရိပ်လာခိုရင်း…. “ဒီနှစ်လုပ်ကိုင်စားသောက်ရတာ အဆင်မပြေပါဘူး ဗျာ ..” “ဟုတ်ပါ့



ကိုယ်ပျောက်မှော် (စ/ဆုံး) —– မူရင်းရေးသားသူ – ဆရာတာတေ ထနောင်းကုန်းနဲ့ ဘန့်ဘွေးကုန်းဆိုတာတစ်ဆက်တည်းရှိနေတဲ့ ရွာတွေလေဗျာ၊ညရေးညတာရှိလို့ တစ်ရွာက သံချောင်းခေါက်ရင် တစ်ရွာက ကြားရတာဗျ။နတ်တော်လဗျို့။ ကျုပ်တို့အညာမှာ လွှတ်အေး နေပြီ။ လူတိုင်းစောင်ခြုံပြီး ကွေးနေတဲ့အချိန်လေဗျာ။ မတော်တဆ နိုးသွားရင် ချက်ချင်း ပြန်အိပ်လို့မရတဲ့လတွေပေါ့ဗျာ။ “ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင် ဒေါင်” တစ်ရွာလုံး အိပ်ကောင်းနေတဲ့အချိန် ကင်းတဲက



မြေအောင်းဖုတ်တစ္ဆေ(စ/ဆုံး) ~~~~~~~~~~~~~~~~~ မူရင်းရေးသူ ဆရာ ဧကန်မင်း ‘ကျခတ်တော’ ရွာ အစွန်တောင်ပိုင်းမှာ လူတစ်စု ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ စပီကာမှ သရဏဂုံတင်နေသော ရွာဦးကျောင်းဆရာတော်၏ တရားသံက ပီသစွာ ထွက်ပေါ်နေသည်။ တရားပြီးဆုံးသဖြင့် ရေစက်ချ အမျှဝေသံပါ တစ်ပါတည်း ပေါ်ထွက်လာသည် ။ အမျှဝေ သာဓုခေါ်သံပြီးဆုံးသည်နှင့် စပီကာမှ ခင်ခင်ညွှန့်၏ သီချင်းသံ ထွက်ပေါ်လာသည်။ ကာယကံရှင်မိသားစုတို့၏



တစ္ဆေထိုးတဲ့ ခေါင်းလောင်းသံ(စ/ဆုံး) ~~~~~~~~~~~~~~~~~~~~ မူရင်း _ဆရာ တာတေ ကျုပ်တို့အညာနွေပူချက်ဗျာ။ ကျုပ်ဖြင့် အိမ်လည်မထွက်နိုင်တောင် လေးငါးရက်ရှိပေါ့၊ ကျုပ်အမေကလည်း ကျုပ်အိမ်မှာကပ်နေပြီဆိုတာနဲ့ ခိုင်းစ ရာတွေ တန်းစီးပြီးခိုင်းတော့တာဗျို့။ ဟုတ်တော့လည်း ဟုတ်သားဗျ။ အိမ် အလုပ်ဆိုတာလည်း မလုပ်ရင်သာရှိ မယ်၊ လုပ်လို့ကတော့ နားရမှာတောင် မဟုတ်ဘူးဗျ။ ရေစည်တိုက်၊ နွားစား ပြောင်းရိုးတွေသွားရိတ်၊ နွားစားစဉ်း၊ ဆီကြိတ်၊ မြို့တက်၊



အောင်မြတ်သာနှင့်ပဲခင်းစောင့်သရဲ +++++++++++++++++++++++++ အောင်မြတ်သာတို့လည်း ဘကျော်အိမ်မှာတည်းဖို့ဆုံးဖြတ်ခဲ့ကြတယ်။ ညဘက်ရောက်တော့ အောင်မြတ်သာက ဘုရားစင်အရှေ့မှာ ထိုင်ပြီး မိမိလုပ်စရာရှိတဲ့အမှုတွေကိုလုပ်နေတဲ့အချိန် သက်ခိုင်ကတော့ အိမ်ရှေ့ကွပ်ပြစ်မှာ ဘကျော်နဲ့ ထိုင်စကားပြောနေခဲ့တယ်။ ” ဘကျော် မင်းကြုံခဲ့ရတာတွေ ပြောပြမယ်ဆို” ” အော် ဟုတ်သားပဲ ကျုပ်ကမေ့နေတာ ကျုပ်ဆိုအဲဒီအချိန်သေပီထင်နေတာ ” ” ဘယ်လိုစဖြစ်တာလဲ” ” အဲဒီနေ့ကလပြည့်ညကြီး ကျုပ်တို့ကလည်း မီးကင်းစောင့်ရင်းကာလသားတွေစုပြီး ရွာထဲမှာ



အရီးမယ်ခ (စ/ဆုံး) ရေးသားသူ…တာတေ တာတေရေးခဲ့တဲ့ ‘စုန်းမ’ဝတ္ထုထဲမှာ အရီးမယ်ခ အကြောင်းကို ဖတ်ဖူးခဲ့ကြမှာပါ။ ကျုပ်တို့ ထ နောင်းကုန်းက ပညာသည်ကြီးပေါ့ဗျာ။ ဟိုတုန်း က စုန်းဆိုတာ သေချာသွားရင် ရွာပြင်ထုတ်ကြ တယ်လို့ ကျုပ်ကြားဖူးတယ်။အရီးမယ်ခကတော့ အလိုက်သိတဲ့အနေနဲ့ မြောက်ပိုင်းက အစွန်ဆုံး ဝိုင်းမှာ တစ်ယောက်တည်းသွားနေတာဗျ။ အရီးက ရွာထဲကို အသွားအလာလည်း မလုပ် ဘူးဗျ။ ရွာထဲကလူတွေကလည်း



အောင်မြတ်သာနှင့်သွေးမျက်ရည် ++++++++++++++++++ အောင်မြတ်သာတို့ ဆရာတော်မိန့်တော်မူတဲ့ လက်ပံတောရွာကိုရောက်တော့ ညနေစောင်းနေပီ။ ညနေလယ်သိမ်းယာသိမ်းချိန်ဆိုတော့ လယ်ထဲယာထဲကပြန်လာတဲ့သူတွေနဲ့ လက်ပံတောရွာအဝင်လေးက လူစည်ကားနေခဲ့တယ်။ အောင်မြတ်သာတို့လဲ ရွာထဲကို ဝင်လာရင်း ဘေးဘီဝဲယာကို လှမ်းအကဲခတ်လိုက်တယ်။ ဆရာတော်ပြောတဲ့ သွေးမျက်ရည်ကျတဲ့ အိမ်ကိုသိဖို့ထက် ဒီရွာမှာပညာသည်ရှိမရှိ အရင်သိအောင်လုပ်ဖို့ လိုအပ်တယ်မဟုတ်လား။ ဘေးဘီကိုကြည့်ရင်း တစ်ဖြေးဖြေးလျောက်လာတာ ရွာထဲကိုအတော်အသင့်ရောက်လာခဲ့တယ်။ ရွာခံတွေကတော့ ယောဂီဝတ်စုံနဲ့ဝင်လာတဲ့ ဧည့်သည်တွေကို တစ်စေ့တစ်စောင်းအကဲခတ်နေကြတယ်။ အောင်မြတ်သာလဲ ဖြေးဖြေးချင်းလျောက်လာရင်း



ပျော်တတ်တဲ့ ဝိညာဉ် { စ / ဆုံး } မူရင်းရေးသားသူ_ဆရာတာတေ လူတွေမှာ လူရယ်လို့ဖြစ်ကတည်းက ဗီဇသတ္တိတစ်ခု တော့ ပါလာစမြဲပဲဗျ။တာတေ ဆယ်နှစ်သားလောက်က ရွာမှာသူငယ်ချင်းတစ်ယောက်ရှိတယ်။သူ့နာမည်က အောင်စိန်တဲ့။ဒါပေမဲ့ ဒီကောင် ပိန်ပိန်သေးသေးမို့ သူငယ်ချင်းတွေက သူ့ကိုအောင်ပိန်လို့ပဲ ခေါ်ကြတာ။ အောင်ပိန့်အဘိုးက မန္တလေးက ပန်းပုဆရာကြီးဗျ။ အခုတော့ မရှိတော့ပါဘူး။သူ့အဘိုးရဲ့ဗီဇလိုပဲ ပြော ရမလားပဲဗျ။အောင်ပိန်ခုနှစ်နှစ် ရှစ်နှစ်ကတည်းက ရွှံ့ရုပ်ကလေးတွေလုပ်တာ



တစ္ဆေတစ်ကောင်ရဲ့ ဘဝကောက်ကြောင်း စ၊ ဆုံး (ဖြစ်ရပ်မှန်စာမူ) ******* ကျုပ်က တစ္ဆေတစ်ကောင်သာဆိုရင် ခင်ဗျားတို့ ထိတ်လန့်နေကြမှာလား…။ ဒါမှ မဟုတ် သနားကြမှာလား…။ ဒေါသထွက်ကြမှာလား…။ တိုက်ခိုက် မောင်းထုတ်ဖို့ ကြိုးစားကြမှာလား…။ ဒါမှမဟုတ်သေးရင် အခြားအခြားသော နည်းလမ်း၊ ခံစားချက်တွေနဲ့များ…။ ဇာတ်လမ်းက မစရသေး၊ မေးခွန်းတွေ စီနေတယ်ဆိုပြီး ကျုပ်ကိုတော့ စိတ်မဆိုးစေချင်ဘူး။ ဒါပေမယ့် ဒီမေးခွန်းတွေက တကယ့်ကို



“ကွင်းပိုင် သဘက်ကြီး”(စ-ဆုံး) ————————————- တစ်ခေတ်တစ်ခါတုန်းက အောက်မြန်မာပြည်ဘက် အရပ်ဒေသ ကျေးလက်တောရွာတစ်ရွာတွင် လယ်ပိုင်ယာပိုင် သူဋ္ဌေးကြီး ဦးဘောဂဆိုသည့်လူ ရှိခဲ့ဖူး၏။ ၎င်းဦးဘောဂမှာ သူပိုင်ဆိုင်ရာ လယ်ယာဧက အတော်များများအား ပြန်လည်အငှားချလေ့ရှိပြီး ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာခဲ့သော အဆိုပါလယ်ရှင်ယာရှင် လုပ်ငန်းကိုသာ ဆက်လက်ထိန်းသိမ်း လုပ်ကိုင်လာခဲ့သူတစ်ဦးလည်း ဖြစ်သည်။ လယ်ယာဧကများစွာ ပိုင်ဆိုင်သော ဦးဘောဂ၏ လယ်ကွင်းလယ်ကွက်များမှာ ပြန်အငှားလုပ်သူများ၏ ကောက်ပဲသီးနှံ စားပင်သောက်ပင်