Category: Uncategorized



မှန်ထဲက သရဲမ(စ/ဆုံး) ရေးသားသူ…တာတေ ကိုဘပွား ဆုံးသွားတဲ့နောက်မှာတာတေဆိုတဲ့ ကျုပ်လည်း တော်တော်ခြေငြိမ်သွားတယ်ဗျို့… ခေါင်းကလေးတောင် မပါဘဲမြေကျင်းထဲမှာ ဒီအတိုင်း မြှုပ်ခဲ့ရတဲ့ ကိုဘပွားကို ကျုပ် ခဏခဏ သတိရနေတာဗျ။…. သတ္တိကလည်း ကောင်းလိုက်ပါဘိတော့ဗျာ။ မဖဲဝါကြီးကို မကြောက်မရွံ့ ဂေါ်ပြားနဲ့လိုက်ခုတ်ရဲတဲ့ လူဗျ။ သင်္ချိုင်းကုန်းတစ်ခုရဲ့ ဂူတစ်လုံးထဲမှာ အလဟသ ဖြစ်နေတဲ့ ရတနာတွေအကြောင်းတွေးမိတိုင်း ပွဲစားကြီးရဲ့ဂူကို သွားပြီး ကိုဘပွားကိုဖောက်လိုက်ချင်တာဗျို့။ ဒါပေမဲ့ရက်ရက်စက်စက်



အောင်မြတ်သာနှင့်ကလေးသရဲ +++++++++++++++++++++++ လရောင်မှိန်ပြပြကျနေတဲ့ ဘိဇလပ်ရွာလေးက အပ်ကျသံပင်မကြားလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသလို အမှောင်ထုကိုအကာအကွယ်ယူပြီး လှုပ်ရှားနေတဲ့ လူရိပ်နှစ်ခုကလဲ ရှိနေခဲ့တယ်။ ” အောင်ကြီး မင်းဟာက သေချာလို့လားကွာ” ” သေချာပါတယ်ကွ ဒီည၁၂နာရီ သူတို့ခြံအနောက်က သရက်ပင်အောက်ကိုလာခဲ့ဆိုပြီး ရေခပ်ဆင်းတုန်းက သေချာပြောခဲ့တာ” “သေချာရင်ပြီးရောကွာ ဟေ့ကောင် ဟိုမှာ အိဖြုတို့အိမ်ရောက်ပြီ” ” ကြွက်သိုး မင်းက ဒီအကွယ်ကနေစောင့်နေ ငါသရက်ပင်အောက်မှာ



အောင်မြတ်သာနှင့်နေဓါးလဓား +++++++++++++++++++++++ အချိန်ကာလကား မင်းတုန်းမင်းတရားကြီးနဲ့ ညီတော်ကနောင်မင်းတို့မှ လူသူလက်နက်စုဆောင်းပြီး နေပြည်တော်ကိုပြန်လည်ရယူဖို့ကြိုးစားနေသလို မင်းနေပြည်တော်မှာလဲ မင်းတုန်းမင်းကိုနန်းတင်ချင်တဲ့သူနဲ့ လက်ရှိဘုရင် ပုဂံမင်းကိုထောက်ခံသူတွေအကြား ပဋိပက္ခတွေ ဖြစ်နေကြတဲ့အချိန် နေပြည်တော်အတွင်းမှာရှိတဲ့ ပန်းပဲဆရာတွေထဲကမှ မင်းတုန်းမင်းတရားကြီးကိုထောက်ခံတဲ့ ပန်းပဲဆရာတစ်ယောက်ရှိခဲ့တယ်။ သူ့နာမည်က မင်းလှသူရ ၊ နေပြည်တော်တစ်ခွင်မှာ မင်းလှသူရထုလုပ်တဲ့ ဓါးလှံလက်နက်တွေက အရည်အသွေးကောင်းလွန်းလို့ နယ်မြေရပ်ခြားတွေက ကုန်သည်တွေ စော်ဘွားတွေကအစ လာရောက်ဝယ်ယူကြရတယ်။ ဒါပေမယ့် သူက



** သင်္ချိုင်းရွှေ့တဲ့နေ့ **(စ/ဆုံး) —————————- (ဖြစ်ရပ်မှန်) “ဘုရားရေ …သင်္ချိုင်းရွှေ့တာလည်း ရဲတာဝန်ပဲလားဟ…” လက်ထဲက စာရွက်နှစ်ရွက်ကိုကြည့်ပြီး စခန်းမှူးဦးခင်ကျော် စိတ်ပျက်လက်ပျက် ညည်းညူလိုက်တယ်… စာရွက်နှစ်ရွက်က သင်္ချိုင်းရွှေ့ရာမှာ ရွတ်ဖတ်အမိန့်ပြန်ရမယ့် အမိန့်စာရွက်နှစ်ရွက်။မကြာခင် အချိန်ကလေးကမှ သဲကုန်း မ.ဝ.တ ဥက္ကဋ္ဌ ဗိုလ်မှူးကိုယ်တိုင် သူ့လက်ထဲ ထည့်ပေးလိုက်တာပါ။ ပြီးတော့… “ကဲ…။စခန်းမှူးကြီးရေ ခင်ဗျားကိုပဲ တာဝန်ပေးလိုက်မယ်။ ကျုပ်တို့ အမ်းမမြို့ကို



အောင်မြတ်သာနှင့်ထဘီခြုံလင်းတမယ်(စ/ဆုံး) —––—————————————- “အမေနုရှိလား အိမ်ရှင်တို့ အမေနုရှိလား” ခြံဝကနေလှမ်းခေါ်တဲ့အသံကြောင့် အိမ်ထဲကနေ ဆံပင်ကိုတစ်ပတ်လျှိုထုံးထားတဲ့ အမျိုးသမီးတစ်ဦးထွက်လာခဲ့တယ်။ ” ဘာကိစ္စလဲ အမေကြီးအဓိဌာန်ဝင်နေတယ် နောက်ရက်မှလာခဲ့” အိမ်ထဲကနေထွက်လာတဲ့အမျိုးသမီးရဲ့ စကားကိုကြားတော့ ခြံဝမှာရပ်နေတဲ့ လူရဲ့မျက်နှာက ရုတ်တရက်ညိုးကျသွားပြီး “ကျုပ်နာမည် ညိုကြီးပါကျုပ်အရေးကြီးကိစ္စတစ်ခုအမေနုကိုပြောစရာရှိလို့” “တယ် သဘောက်မသားကတော့ ငါစကားကိုနှစ်ခါမပြောဘူး အမေကြီးကိုတွေ့ချင်ရင်မနက်ဖြန်လာခဲ့ မပြန်ရင် ခြံထဲက အင်းခွေးနှစ်ကောင်ရဲ့အစာက နင်ဖြစ်သွားမယ်” လို့ပြောပြီး ခြံတံခါးကိုဇတ်ခနဲဆွဲပိတ်လိုက်တယ်။



အောင်မြတ်သာနှင့်နတ်သူငယ်ပဝတ္တ ကြီးမားကျယ်ပြန့်လှတဲ့ ခန်းမဆောင်ရဲ့အလယ်မှာ ကျော်သံပတ္တမြားတွေစီခြယ်ထားတဲ့အနီရောင်ပိုးသားခေါင်းပေါင်းကိုဆောင်းထားတဲ့သူတစ်ဦးက ရွှေရောင်သလွန်ပေါ်ထိုင်ရင်း မျက်နှာမူရာအရပ်ကို မပြုံးမရယ်ပဲ စိုက်ကြည့်နေခဲ့တယ်။ ” ‌ငမောက်တို ပြန်ရောက်လာပြီ အရှင်” အရပ်နှစ်ပေသာသာခန့်ရှိတဲ့ မှင်စာပုတိုရဲ့ အော်သံကြောင့် သလွန်ပေါ်ထိုင်နေတဲ့သူ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ခန္ဓာကိုယ်ကို တည့်မတ်ကာ ” ငမောက်တို အကြောင်းရင်းကို အမြန်ပြောစမ်း” ” အိုးဘိုရွာတစ်ကြော အပိုင်စားပေးထားတဲ့ မြေဘုတ်ဘီလူးကို အထက်လမ်းဆရာတစ်ယောက်က ထိန်းသိမ်းလိုက်ပြီလို့သိရပါတယ်အရှင်” ”



တမလွန်မှာပျော်မွေ့သူ(စ/ဆုံး) ————————————- “ကိုဘသာ……..တော့်ကိုဘသာ……” “ဟေ…ဘာတုန်း မြင့်စိန်…..” “တော့်သမီး ဘယ်သွားလဲ” “ဟ…ကလေးပါဆိုနေ သွားကစားနေတာ နေမှာပေါ့ဟ” “အောင်မယ်…အောင်မယ်….တော့်သမီးက ကလေးလား… အပျိုတောင်ဖြစ်နေပြီဟာကိုကလေးစိတ်မကုန်ဘဲ… ကလေးလိုဆော့နေ…ကစားနေတုန်း” “အိုကွာ…ကလေးက ကလေးပါပဲ… မင်းကဘာခိုင်းစရာရှိလို့ ငါ့သမီးမိသဲကိုရှာနေရတာလဲ” “ကျုပ် ရွာလယ်ပိုင်းက မိထူးတို့ဆိုင်မှာ ငါးပိသွားဝယ်ခိုင်းမလို့ တော့်သမီးကို……” “ဒါလေးများနေနေ…ငါပဲသွားပေးမယ်……..” ကိုဘသာနှင့် မမြင့်စိန်တို့သည် သောင်ထွန်းရွာ၌နေထိုင်ကြ၏။ မိသဲမှာ သူတို့၏တဦးတည်းသောသမီးဖြစ်ပေသည်။ မိသဲသည်ဖခင်ဖြစ်သော



ကံကြီးထိုက်သူ (စ-ဆုံး) —————————- ဒီဇတ်လမ်းကဘုန်းကြီးတပါးပြောပြတဲ့ဖြစ်ရပ်မှန်ပါ ””’မိုက်ခဲကွသတ္တိရှိတဲ့ကောင်ထွက်လာခဲ့——— ကြောက်သွေးပါရင်ဖောက်ထုတ်ပြစ်လိုက်မယ်———- သွေးကြောင်ရင်ဘေးရှောင်နေလိုက်—— သွေးကျဲရင်ဘေးဖယ်နေ—-””” ဒီအသံကတော့ရွာနောက်ပိုင်းအရက်ဆိုင်ကမိုက်ခဲရဲ့စိန်ခေါ်သံပါ မိုက်ခဲမူးလာရင်ပတ်ရမ်းတတ်တာတရွာလုံးအသိမို့အားလုံးကစကားနဲရန်စဲရှောင်သွားကြလေသည်။ ဒီရွာမှာတော့ထောင်ထွက်မိုက်ခဲကိုမသိသူမရှိပေအမြဲတမ်းဆိုးပေတေကာရန်လိုနေတတ်သည်။ မိုက်ခဲတို့နေသောရွာကလေးသည်မြို့နှင့်ချောင်းသာခြားသည်။ ထိုချောင်းထိပ်ရွာအဝင်လမ်းမှာတော့ဘုန်းကြီးကျောင်းပျက်တခုရှိလေသည်။ မိုးတွင်းကာလကြီးရာသီဥတုကြည်လင်နေသောနေတနေ့တွင်ဘုန်းကြီးတပါးသည် ထိုကျောင်းပျက်သို့ရောက်လာလေသည်။ ထိုဘုန်းကြီးကျောင်ပျက်ထဲရောက်ပြီးမကြာခင်မှာပင်မိုးကြီးသီးထန်စွာရွာသွန်းလိုက်ရာ ကျောင်းပျက်ပတ်ဝန်းကျင်တွင်အတော်သန့်ပြန်သွားလေသည်။ ဘုန်းကြီးကထိုကျောင်းတွင်ကျောင်းထိုင်သည်ကျောင်းပျက်သည်ဘုရားတရားသံများဖြင့် တဖန်အသက်ပြန်ဝင်လာလေသည်။ကြေးစည်သံတလွင်လွင်ကြားလာရသည်။ ျနောက်ရက်များတွင်ဘုန်းကြီးသည်ရွာထဲသို့ဆွမ်းခံကြွလာရာအင်မတန်ကြည်ညိုစရာကောင်းသော အသွင်အပြင်ကြောင့်ရွာထဲကလူများဆွမ်းလောင်းကြသည်မှာသပိတ်ပင်ရှံလန်သွားလေသည်။ ထိုဘုန်းကြီးကျောင်းပျက်သို့ပြန်ကြွသွားရာတွင်ဘာသာတရားကိုင်းရှိုင်းသောရွာထဲမှမြင်မောင်ဦးစီးသောလူငယ်များသည်လိုက်ပါသွားလေသည်။ မြင့်မောင်ကရွာ၏သာရေးနာရေးတွင်တက်ကြွစွာကူညီတတ်လေသည်.။ မြင့်မောင်တို့အဖွဲ့ကဘုန်းကြီးကျောင်းပျက်လိုက်သွားကာဘုန်းကြီးလိုအပ်တာများကူညီလုပ်ပေးပြီးမှပြန်လာသည်။ ဘုန်းကြီးရောက်လာပြီးကထဲကသူတို့ရွာသည်စည်ကားတိုးတက်လာသည်။ ဘုန်းကြီးကတရားအားထုတ်နေရင်းလူနာများအားဆေးကုပေးသည်။ ဗေဒင်ပညာလဲတတ်၍ယတရာပေးသည်မှာအလွန်အစွမ်းထက်သည်။ ထို့ကြောင့်ဘုန်းကြီးသတင်းသည်နေ့ချင်းညချင်းကြီးသွားကာရွာနီးခြောက်စပ်သာမက မြို့ကလူများပင်ရောက်လာလေသည်ဘုန်းကြီးသတင်းကြီးပုံကရန်ကုန်လိုမြို့ကြီးပြကြီးမှ လူများပင်ပါလာလေသည်ထို့ကြောင့်ရွာမှလူများကဘုန်းကြီးဆီလာသောလူများအား



တစ္ဆေ့မယား (စ/ဆုံး) ~~~~~~~~~~~~ မူရငျးရေးသားသူ_ဆရာတာတေ ရွှေတောင်ဦး ဘုရားပွဲပြီးတာ သုံးရက်ပဲ ရှိသေးတာဗျ။ ကာလသားတွေလည်း ခြေပစ်လက်ပစ်ကို ဖြစ်ကြရတာပေါ့ဗျာ။ ကျုပ်ဆိုရင် ဘုရားပွဲပြီးလို့ ဖျက်စရာရှိတာဖျက်။ သိမ်းစရာ ရှိတာ သိမ်းပြီးရင် အိမ်ထဲက အိမ်ပြင် မထွက်ဘဲ တစ်ပတ်လောက်ကို အိမ်မှာ နားနေတော့တာဗျ။ ရွှေတောင်ဦးဘုရားပွဲက တပေါင်းလပြည့်မှာ ပြီးတာလေဗျာ။ ဘုရားပွဲပြီးသွားတဲ့အချိန်မှာ အပူအပြင်းဆုံးအချိန်ပေါ့။ အဘနဲ့ အမေက