hh

နင် အရမ်းထန်နေပြီလား

အခန်း ( ၁ )

“ဟဲ့ ဟဲ့ နင် တင်မောင်လတ် မို့လား”

အလုပ်က မိတ်ဆွေတစ်ယောက် သူ့ အိမ်တက်မင်္ဂလာ ဖိတ်တာမို့ မသွားမဖြစ် သွားရင်း မမျှော်လင့်ဘဲ ကျောင်းတုန်းက နာမည်ကို ခေါ်ပြီး မေးလိုက်တာကြောင့် အရင်တုန်းက သူငယ်ချင်းမှန်း တန်းကနဲ သိလိုက်သည်။ လောလောဆယ် ဒီကလူတွေက သူ့ကို မိုက်ကယ် လို့ဘဲ သိကြတာကိုး။ ခေါ်တဲ့သူကို လှမ်းကြည့်လိုက်တော့ တန်းကနဲ မှတ်မိလိုက်သည်။ ပုံစံက ပြောင်းသွားပေမဲ့ ဒီအပြုံးနဲ့ ဒီအသံက အရင်တုန်းကလို မပြောင်း

“ဟာ မဝေ၊ ထင်မထားဘူး၊ ကြည့်စမ်း မှတ်တောင်မမှတ်မိချင်ဘူး”

“ခစ် ခစ်၊ ငါတို့ မျိုးရိုးကိုက ကြီးလေ လှလေဟ၊ နင်ကတော့ဟယ် တခါတည်း ဘာမှကို မပြောင်းဘူး၊ အရင်က အတိုင်းဘဲ၊ ဘာဆေးတွေများ စားပြီး ဒီလောက်တောင် နုနေရတာလဲဟ။ ဒါနဲ့ နင်က ကျောင်းပြီးကတည်းက ယူအက်စ် ထွက်သွားတာ မဟုတ်လား၊ အခု ဘယ်တုန်းက ပြန်ရောက်နေတာလဲ။ တခါတည်း ငါတို့ကိုတောင် မဆက်သွယ်ဘူး”

“သိပ်မကြာသေးဘူး၊ ၃ လလောက်ဘဲ ရှိသေးတယ်။ ငါလုပ်နေတဲ့ ကုမ္ပဏီက ဒီမှာ ဘရန့်ချ် တစ်ခု အသစ်လာဖွင့်တော့ ငါ့ကို ဒီပို့လိုက်တာ”

“အေး ကောင်းတယ်၊ တို့နိုင်ငံကြီး တိုးတက်နေပြီဟ၊ အရင်ကလို မဟုတ်တော့ဘူး။ ဒါနဲ့ နင်ကတော့လေ တော်တော့်ကို မေ့မေ့ပျောက်ပျောက် နေနိုင်တဲ့ အကောင်။ တခါတည်း ထွက်သွားပြီးတော့လဲ တစ်ခါမှ မဆက်သွယ်ဘူး၊ ပြန်ရောက်လာတာလဲ မဆက်သွယ်ဘူး”

“မဟုတ်ပါဘူးဟာ၊ ဒီလောက်ကြာပြီဟာ၊ ငါ့မှာ နင်တို့ လိပ်စာဘယ်ရှိတော့မှာလဲ။ နင်တို့က ကျောင်းတုန်းက အဆောင်မှာ နေတဲ့ဟာကို”

“လာခဲ့၊ လာခဲ့ ငါတို့ဝိုင်းကို၊ အေးဆေးစကားပြောရမယ်။ ဒါနဲ့ နင်ဘယ်သူနဲ့ လာတာလဲ”

“ငါတစ်ယောက်တည်းလာတာ၊ ဒီမှာ လောလောဆယ် ငါ့တစ်ယောက်တည်းဟ”

နှစ်ယောက်သား အဓိကကျတာလေး ပြောရင်း စားသောက်ဖွယ်ရာတွေ တင်ထားတဲ့ စားပွဲရှည်ဆီက ကိုယ်စားချင်တဲ့ အစားအစာတွေကို တစ်ခါသုံး ပန်းကန်ပြားထဲ ထည့်ယူရင်း

“အခု ဒီမှာလည်း အရင်ကလို မဟုတ်တော့ဘူးနော်၊ ခေတ်မှီလာပြီ”

“ဘာကိုပြောတာလဲ”

“အော် ဒီလိုပုံစံ ကျွေးတာကိုပြောတာပါ၊ ဘူဖေးဆန်ဆန် နိုင်ငံခြားစတိုင်”

“အင်း ဟုတ်တယ်၊ ဒါပေမဲ့ တချို့အိမ်တွေကတော့ အရင်ထုံးစံအတိုင်းပါဘဲ”

“မဝေက အလှုလိုက်စားနေကြထင်တယ်”

“ခွိ ခွိ ခွိ ခစ် ဟိတ် လျှောက်မပြောနဲ့ တိုးတိုး”

စကားတပြောပြောဖြင့် တင်မောင်လတ်တစ်ယောက် မဝေတို့ ၀ိုင်းသို့ ပါလာသည်။

“လာ လာ မိတ်ဆက်ပေးရမယ်၊ ဒါ ငါနဲ့ အတူတူနေတဲ့ မခိုင် နဲ့ မဇင်၊ ဒီတစ်ယောက်က မခိုင်၊ နာမည်ရင်းက ချိုချိုခိုင် တဲ့၊ ဒီတစ်ယောက်ကတော့ မဇင်၊ သူ့နာမည်က ဇင်မာတင့်”

“ဒါက ငါ့ ဟိုးးးး (အမူအရာပါပါ လေသံကို ဆွဲပြောရင်း) ကျောင်းတုန်းက သူငယ်ချင်း တင်မောင်လတ် တဲ့၊ ကျောင်းပြီးကတည်းက ယူအက်စ် ထွက်သွားတာ၊ အခု သူ အလုပ်နဲ့ ဒီပြန်လာတာ မကြာသေးဘူးတဲ့”

သုံးယောက်သား အပြံးကိုယ်စီနဲ့ ခေါင်းညှိမ့် အသိမှတ်ပြုပြီးနောက် အစားစားရင်း မဝေက စကားဆက်တယ်။

“နင်လည်း ဟိုမှာ အိမ်ထောင်တွေ ဘာတွေ ကျရောပေ့ါ”

“အင်း၊ ကလေးတစ်ယောက်ရှိတယ် ယောကျ်ားလေး။ အခု ၈ တန်းတက်နေပြီ၊ နင်ရော”

“အင်းပေါ့ဟ၊ ငါ့မှာလည်း သမီးတစ်ယောက်တည်း နင့်သားထက်တော့ နဲနဲငယ်မယ်ထင်တယ်၊ သူက အခုမှ ၇ တန်းဆိုတော့”

“သူတို့မပါဘူးလား”

“သူတို့က နယ်မှာ၊ ငါ့ယောကျ်ားက သူ့စီးပွားနဲ့သူ၊ ငါက ဒီရန်ကုန်မှာ တစ်ယောက်တည်း အလုပ်လာလုပ်တာ၊ သူတို့လဲ ဒီအတိုင်းဘဲလေ၊ အဲဒါ ငါတို့ ၃ ယောက် အိမ်တစ်လုံးငှားပြီ စုနေကြတာ၊ အိမ်ကိုတော့ တစ်လတစ်ခေါက်၊ ၂ လ တစ်ခေါက်လောက် ဟောလီးဒေးနဲ့ ကြုံတာနဲ့ ခွင့်နဲ့ပေါင်းပြီး ပြန်တာပေါ့”

“ဒါဆို ဟိုကောင် ငါ့သူငယ်ချင်း . . .”

“အင်း၊ နင်လည်း ထွက်သွားပြီးရော ငါလည်း သူနဲ့ ပြတ်တာဘဲ၊ အခုယောကျ်ားက ငါတို့နယ်ကလေ”

“ဘယ်လိုဖြစ်ကြတာလဲ၊ အခု ဒီကောင်ကြီးရော”

“မသိပါဘူး၊ မြိတ်ကလား ထားဝယ်ကလား အမျိုးသမီးနဲ့ ညားပြီး အဲဒီကို ပြောင်းသွားတယ် ကြားတာဘဲ”

“ဟုတ်လား၊ နောက်မှ နင့်ကို ဒီအကြောင်းတွေ ပြန်မေးရမယ်”

“အာ မပြောချင်ပါဘူး ချေးခြောက်ရေနူး၊ ဒါနဲ့ နင်ကရော ဘယ်က အမျိုးသမီးနဲ့ အိမ်ထောင်ကျတာလဲ ဘိုမနဲ့လား”

“ဘိုမ မဟုတ်ပါဘူး၊ မြန်မာမပါဘဲ၊ ဒါပေမဲ့ သူကဟိုမှာဘဲမွေးပြီး ဟိုမှာဘဲ ကြီးခဲ့တာဆိုတော့ ဘိုမ သဘောပါဘဲ”

အဲဒီကနေစလို့ တစ်ယောက်အကြောင်း တစ်ယောက် မသိတာတွေ တော်တော်များများ ပြောဖြစ်ကြတယ်။ ဟိုရောက်ဒီရောက်၊ ဟိုတစ ဒီတစပေါ့။ ဒါ့အပြင် သူ့နဲ့ အတူနေတဲ့ သူ့သူငယ်ချင်းတွေ အကြောင်းပါ အဆစ်ပါသေး။ အတိုချုပ်ကတော့ သူနဲ့ အတူနေတဲ့ သူတွေထဲမှာ မဇင်က အပျိုကြီးတဲ့။ မခိုင်ကတော့ ကလေးမရှိဘူးတဲ့၊ မရတာဆိုဘဲ။

…………………………………………………….

🏵️အခန်း ( ၂ )🏵️

“အစ်မ၊ အစ်မ လူကတော့ တော်တော်မိတယ်နော်၊ မင်းသားတောင်ရှုံးမယ့်ပုံ”

သုံးယောက်သား အိမ်ပြန်ရောက်တာနှင့် မခိုင်က မအောင့်နိုင်သည့် လေသံဖြင့် ကိုလတ် အကြောင်း စပြောသည်။

“ဟာ ဟ နင့်မင်းသားတွေလောက်တော့ ကိုလတ်တို့က သနားတောင် သနားတယ်၊ သူက ကျောင်းကတည်းက ဒီပုံဟ၊ ငါတို့ ကျောင်းတက်တုန်းက ကောင်မတွေများ သူ့နားမှာ ဝိုင်းနေတာ”

“အစ်မရော ဝိုင်းတဲ့အထဲ မပါဘူးလား ခိ ခိ ခိ ခိ”

“ဟဲ့ ငါတို့က သူငယ်ချင်း ခစ် ခစ် ခစ် ခစ်၊ အမလေး ရည်းစားမဖြစ်တာဘဲ ကျေးဇူးတင်ရမယ်ဟ၊ နင်တို့ဘာသိလို့လဲ၊ သူ့နဲ့ ဖြစ်သွားတဲ့ ကောင်မဆို မကြာဘူး ကွဲတာဘဲ”

“အမလေး”

“အယ်”

“ဟဲ့ ဟဲ့ ဟဲ့ ငါပြောတာ သူ့နဲ့ ကွဲတာ အဲ အဲ ပြတ်တာကိုပြောတာ၊ အာ ကောင်မတွေ နင်တို့ထင်သလို ငါပြောတာ မဟုတ်ဘူးဟ၊ တခါတည်း”

“ခစ် ခစ် ခစ် ခစ်”

“ခိ ခိ ခိ ခိ အစ်မကလဲ၊ ဘာဖြစ်လို့ ကွဲ ကွဲ၊ ဟို အစ်မ ပြောသလို ကွဲတာလဲဟင်”

“ကိုလတ်လား ရုပ်ချော ရှိုးကောင်းသလောက် တော်တော် ကဂျီကကြောင် နိုင်တာဟ။ သူက မိန်းကလေးတစ်ယောက်နဲ့ တွဲပြီး မကြာဘူး အရိုးများသလေး ချေးခါးသလေး ဖြစ်ရော။ ပြီးတော့ မကြာဘူး ပြတ်တာဘဲ”

“လုပ်ပါအစ်မရာ၊ ပြောပြစမ်းပါ အဲဒီကိုလတ်ကြီး အကြောင်း၊ ကျောင်းတုန်းက အစ်မနဲ့ တော်တော်ရင်းနှီးလား”

“အင်း ရင်းတော့ ရင်းနှီးပါတယ်၊ ဒါပေမဲ့ မပြောချင်ပါဘူးဟာ၊ ဒီကောင့်အကြောင်း”

“ဟိ ဟိ ဟိ ဟိ သိပြီ၊ သိပြီ၊ အစ်မမှာ သူနဲ့ ပတ်သက်ပြီး အတိတ်တွေ ဘာညာ ဘာညာတွေ ဟိ ဟိ ဟိ ဟိ”

“ဘာအတိတ်မှ မရှိဘူး၊ နင်တို့သိတဲ့အတိုင်း ငါက ပျော်ပျော်နေတတ်တာ၊ သူများတွေလို ပဲတွေ ဘာတွေများပြီး အထာတွေ ဘာတွေ ဇွတ်ကိုင်နေတာမဟုတ်ဘူး၊ ဒီတော့ သူနဲ့ ငါနဲ့က တကယ့်သူငယ်ချင်း အရင်းကြီးတွေလို ဖြစ်သွားတာပေါ့ဟ”

“အဲဒီတော့ဘာဖြစ်လဲ အစ်မ၊ ပြောပါ အစ်မကလဲ”

“မပြောချင်ပါဘူးဟာ၊ သူများအကြောင်း၊ ဒီကောင့်ကို ငါတို့ နာမည်ပေးထားတယ် သိလား၊ သစ်တုံး လို့”

“ခစ် ခစ် သစ်တုံး၊ သစ်တုံး ဟုတ်လား၊ သစ်တုံးကြီးလို မတုန်မလှုတ်၊ ငတုံး ငအ၊ ဘာမှ မသိတဲ့ လူကြီးမို့လား”

“နင့် ဘိုးအေ ဟုတ်ပါလိမ့်မယ် အားကြီးကြီး၊ သူက မိန်းကလေးတွေကို သစ်တုန်းလေး ကြိုက်တာမို့လို့ အေ၊ သိပြီးလား”

“အယ် . . ခိ ခိ ခိ ခိ၊ ဘယ်လို သစ်တုန်းလေးလဲ အစ်မ”

“တော်ပြီ မပြောပါဘူးဆို၊ အခု ငါတို့ သူနဲ့ မိတ်ဆွေ ဖြစ်သွားပြီဘဲ၊ နင်တို့ စောင့်ကြည့်၊ ငါတို့ သူ့ကို လိပ်စာပေးထားတာဘဲ၊ သူလည်း ပျင်းနေတာဆိုတော့ လာလည်မယ်လို့ သူပြောထားတာဘဲ၊ သူက ခင်ဖို့ ကောင်းပါတယ်ဟ၊ နင်တို့ ပေါင်းကြည့် သူ့ အကြောင်း သိလာလိမ့်မယ်”

“အင်းနော် အစ်မ၊ အစ်မ လူကြီးက တော်တော့ကို ခင်ဖို့ ကောင်းတာ၊ သူနဲ့ စကားပြောနေရင် အားလုံးကို မေ့နေသလိုဘဲ၊ ခစ် ခစ် ခစ် ခစ်”

“ဟဲ့ ဟဲ့ ဟဲ့ ကောင်မတွေ”

“ခစ် ခစ် ခစ် ခစ်၊ ငါတို့ကိုလည်း သူက အခုမှ တွေ့ဖူးတာဆိုတော့ သူ့အတွက် အသစ်ပါဘဲဟာ၊ မဝေကသာ အဟောင်းကြီး”

“ခစ် ခစ်၊ အဟောင်းပေမဲ့ ငါက သူ ဖြတ်တဲ့ အဟောင်းထဲက မဟုတ်ဘူးဟ”

“ဟော ဟော ပေါ်ပြီ ပေါ်ပြီ၊ မဝေ တို့မှာလည်း ဇာတ်လမ်း ရှိကို ရှိမယ်၊ ခစ် ခစ် ခစ် ခစ်”

………………………………………………….

🏵️အခန်း ( ၃ )🏵️

“ဒါက ဘယ်သွားမလို့လဲ ကိုလတ်”

“ငါ့ အိမ်လေ၊ ငါ တစ်ယောက်တည်းနေတာ ဘယ်သူမှ မရှိဘူး”

“ငါ သိတယ်နော် ကိုလတ်၊ နင် နော် နင် . . ဟင်းးးး. . . . ငါတော့ နင်နဲ့ ပြန်တွေ့တာ ငါးပါးမှောက်တာဘဲ”

ရုံးပိတ်ရက်မှာ တစ်ပတ်စာ အဝတ်လျှော်မလို့ ပြင်တုန်း ကိုလတ်ဆီက ဖုန်းလာပြီး အခု လာခေါ်မယ် အဆင်သင့်လုပ်ထား ဆိုလို့ အဝတ်မလျှော်ဖြစ်တော့ဘဲ ကမန်းကတမ်း ရေချိုးပြီး ကိုလတ် ခေါ်ရာ ပါလာခဲ့ရာက အခုမှ ဘယ်သွားမလဲ မေးဖြစ်သည်။

ဖုန်းလာတုန်းက ဘယ်သွားမလဲ မမေးလိုက်ရ။ လာခေါ်မယ် ဆိုတာနဲ့ “အေးအေး.. လာခဲ့၊ ငါရေချိုးလိုက်ဦးမယ်၊ နာရီဝက်လောက်” ဆိုပြီး လိုရင်းလောက်ဘဲ ပြန်ပြောကာ ခပ်သွက်သွက် ရေချိုး၊ အလှနည်းနည်းပါးပါး ပြင်အပြီး ကိုလတ် ရောက်တာနဲ့ တန်းထွက်လာခဲ့သည်။

အရင်ကတည်းက ကိုလတ် ပြောသမျှ မငြင်းဘဲ အင်း လိုက်နေကျက အခုထိ အကျင့်ပါနေမှန်း ကိုယ့်ကိုယ်ကိုတောင် သတိမထားမိ။ သတိရလို့ အချိုးပြောင်းမယ် ပြင်မှ လူက သူ့ကားပေါ် ရောက်နေပြီ။

“မဝေ . . ဘာလဲ နင် ပြောခဲ့တာတွေ နင် မေ့နေပြီလား”

“မမေ့ပါဘူးဟ နင်စဉ်းစားကြည့်လေ၊ အဲဒါတွေက ကြာလှပြီ၊ ပြီးတော့ . . . .”

“အာ . . နင်ကလဲ၊ နင်ပြောချင်တာတွေ အားလုံး ငါသိတယ်၊ ငါ နင်နဲ့ ပြန်တွေ့ပြီးကတည်းက ဒီစိတ်က ဖြစ်နေတာဟ၊ ငါ ဒီမှာ လာပြန်လုပ်ဖို့ လက်ခံကတည်းက ငါ နင့်ကို လိုက်မရှာဘူးလို့ စိတ်ဒုန်းဒုန်း ချထားတာ၊ အခုကြည့် . . ဖြစ်ချင်တော့ ဘယ်သူနဲ့မှ မဆုံခင် တိုက်တိုက်ဆိုင်ဆိုင် နင်နဲ့ အရင်ဆုံတာ၊ တမင်လိုက်ရှာတာလဲ မဟုတ်ဘူး၊ ဘာလဲ နင်က မတွေ့ချင်ဘူးလား၊ ဒါဆိုလဲ ပြီးရောဟာ ငါ ကားပြန်ကွေ့လိုက်မယ်”

“ဒီလိုလဲ မဟုတ်ဘူးလေဟာ ကိုလတ်ရာ၊ နင်ကလဲ တခါတည်း ငါ့ဆို အသေနိုင်၊ ငါလဲ နင့်လိုဘဲပေါ့ဟ၊ နင့်ကို ပြန်တွေ့တာ ဘယ်လောက်ပျော်သွားတယ် မှတ်လဲ”

“ဒါဆို သိပ် ကကျီကကြောင် မကျနဲ့ဟာ၊ ငါတို့ ပြန်တွေ့တယ်၊ အရင်လို ပြန်နေမယ်၊ နင်လည်း ပြောထားတယ်၊ ငါ့နဲ့သာဆို ဘယ်အချိန်ချိန် ဖြစ်ဖြစ် နင် အဆင်သင့်ဘဲ ဆိုတာ”

“နင် မမေ့ဘူးလား”

“မေ့စရာလား၊ နင် အကြိမ်ကြိမ် ပြောခဲ့တဲ့ စကား”

“အေးပါ အေးပါ၊ ငါကလည်း နင့်ကို ပြန်တွေ့လိုက်ကတည်းက အရင်စိတ်တွေ ပြန်ထလာတာ၊ ဒါနဲ့ နေပါဦး၊ ဒီလောက် ဂျီးများတဲ့ နင်က ဘယ်လို မိန်းကလေးနဲ့ အိမ်ထောင်ကျသွားတာလဲ၊ အဲဒါ အရင်ပြော”

“ဟား ဟား ဟား ဟား . . ဒီလိုပါဘဲ မဝေရာ၊ သူလည်း မိန်းမထဲက မိန်းမတစ်ယောက်ပါဘဲ၊ ဒီတော့ ငါ မကြိုက်တာတွေ ရှိတာပေါ့၊ ရည်းစားနဲ့ မိန်းမ ကွာတော့ ကွာတယ်ဟ၊ ရီးစားက မကြိုက်တော့ရင် ဖြတ်လိုက်ရတာ လွယ်တယ်၊ မိန်းမ ဖြစ်သွားရင် ကြိုက်လဲစား မကြိုက်လဲစား၊ ဖြတ်ဖို့ မလွယ်တော့ဘူးဟ၊ ဟား ဟား ဟား ဟား”

“ဒါဆို နင်မကြိုက်ဘဲ ဘာလို့ ယူလဲ၊ နင် ငါ့ကို ပြောတာ မှတ်မိလား၊ နင့် စိတ်ကြိုက်တွေ့မှ ယူမယ်ဆို”

“ဟား ဟား ဟား ဟား မဝေ၊ နင် စိတ်ထဲမှာ ငါ့စိတ်ကြိုက် မိန်းမ တွေ့ဖို့ လွယ်မယ်များ မှတ်နေလို့လား၊ ယူတာက ကဲ ယူမယ်ကွာ ဆိုပြီး ယူလိုက်တာ၊ မယူခင် သူ့ တကိုယ်လုံး ငါလုံးဝ မကြည့်ဘူး၊ ကြည့်မိရင် ငါ မကြိုက်တာတွေ့ပြီး အရင်လို ဖြတ်မိမှာဘဲ၊ ဒီတော့ လုံးဝကို မကြည့်တော့ဘူး။ သူ့ လက်ရှိ အခြေအနေနဲ့ ယူဖို့ သင့်တော်တယ် ထင်ပြီး ယူလိုက်တာဘဲ၊ ငါလည်း အိမ်ထောင်ပြုဖို့ အချိန်ကျနေပြီ။ ပြီးတော့ ဟိုမှာ မြန်မာ အသိုင်းအဝန်းက ကျဉ်းတယ်ဟ၊ ငါလည်း ရီးစား ၄ လောက်ယောက်နဲ့ ပြတ်ပြီး နာမည်ဆိုးရနေပြီ၊ ရုပ်ရည် ဘန်းပြပြီး မိန်းမတွေကို ဖျက်ဆီးနေသလိုလို အတင်းက ထွက်လာပြီဟ၊ အဲ့ဒါတွေ မခံချင်တာလဲ ပါတယ်”

“နင်ကလည်းဟာ လွန်ကို လွန်တယ်”

“အင်း ငါသိတယ် ငါလွန်တယ် ဆိုတာ၊ ဒါပေမဲ့ ဘယ်လိုမှ မတတ်နိုင်ဘူးဟ၊ နင် ငါ့အကြောင်း သိတာဘဲ၊ အေး . . တကယ်ဖြစ်သင့်တာက နင်နဲ့ ငါနဲ့ ယူရမှာ၊ နင်ဘဲ ငါ့ကို နားလည်တယ်”

“စောက်ကောင် ပြောပြန်ပြီ ဒီစကား၊ နင့်ကို ငါ တစ်သက် မယူဘူး၊ ငါ့ကို ယူပြီး နင် မကြိုက်တဲ့ မိန်းမစာရင်းထဲ ငါ အပါ မခံနိုင်ဘူး”

“မပါအောင် နင် နေလို့ တတ်တာဘဲ”

“တော်စမ်းပါ၊ လင်မယား ဖြစ်လာရင် အဲလိုနေလို့ ရတော့မလားဟ”

“ဟား ဟား ဟား ဟား၊ အဲဒါကို ငါသိချင်တာ၊ နင့် တကိုယ်လုံး ငါ့ အကြိုက် ဟုတ်မဟုတ်၊ ငါ အရမ်းသိချင်တာ၊ ဟုတ်ရင်လည်း ဟုတ်နေမှာပေါ့ဟ၊ ဘယ်ပြောလို့ရမလဲ”

“ဟင်း ဟင်း ဟင်း ဟင်း ဘာလဲ ကြည့်ပြီး ငါ့ကို ထားသွားမလို့လား၊ လာပြောမနေနဲ့၊ နင် ဘယ်တော့မှ သိရမှာ မဟုတ်ဘူး”

“အေးပါ၊ ပြောသာပြောတာပါ၊ ငါလည်း မကြည့်ရဲပါဘူး၊ အခုလိုဘဲ ကောင်းတယ်၊ ငါလည်း ကြိုက်တယ်၊ ဒါကြောင့် နင့်ကို မြင်ရင် ငါ မနေနိုင်တာ၊ ဟော . . ရောက်ပြီ အဲဒါ ငါ့အိမ်၊ ကုမ္ပဏီက ငါ့အတွက် ငှားပေးထားတာ၊ ဒီကားလည်း ကုမ္ပဏီက ပေးထားတာ”

“နင်အရင်နေတဲ့ အိမ်က ရောင်းလိုက်ပြီလား”

“အင်းလေ ကြာပြီကော၊ ငါ ထွက်သွားပြီး မကြာဘူး ရောင်းလိုက်တာ၊ ဒီမှာ ဘယ်သူမှမှ မရှိတော့တာ”

…………………………………………………..

🏵️အခန်း ( ၄ )🏵️

နှစ်ယောက်သား မအောင့်အီးနိုင်တော့သည့် အလား အိမ်ထဲရောက်သည်နှင့် တစ်စက္ကန့်မျှ မဆိုင်းဘဲ ကိုလတ်က မဝေကို သိမ်းကြုံးဆွဲဖက်ရင်း ပါးစပ်က တတွတ်တွတ်

“မဝေ မဝေ၊ ငါ ဟာ ငါ၊ နင့်ကို တွေ့လိုက်တာနဲ့ မနေနိုင်တော့ဘူးဟ၊ ဟိုနေ့ နင်နဲ့ တွေ့ပြီးကတည်းက ငါ ငါ နေလို့ မရတော့ဘူး”

ဒီစကားကိုဘဲ ရှေ့နောက်ပြောင်းကာ ထပ်ခါ ထပ်ခါ ပြောရင်း မဝေ မျက်နှာကို တရှုံ့ရှုံ့ဖြင့် အငန်းမရ လိုက်နမ်း နေသည်၊ မဝေကလည်း ခေါင်းမော့ကာ ကိုလတ် အနမ်းကို မျက်စိမှိတ် ခံရင်း

“ငါလဲ ဒီလိုပါဘဲ ကိုလတ်ရာ၊ နင့်ကို တွေ့လိုက်တာ အရမ်းပျော်သွားတာ၊ ငါ့ စိတ်ထဲမှာ အချိန်တော်တော်ကြာ ပျောက်နေတဲ့ ဆန္ဒတွေ ပြန်ပေါ်လာတာ၊ နင်ကလေ နင်က ငါ့ကိုအရမ်းဆွဲဆောင်နိုင်တာ”

စိတ်ထဲက ဖြစ်နေသည့် ဆန္ဒကို ထပ်ခါ ထပ်ခါ ကိုလတ်နဲ့ လုပြောရင်း တစ်ယောက်ကို တစ်ယောက် တင်းတင်းဖက်ကာ အပြန်အလှန် အငန်းမရ နမ်းနေရင်းမှ

“ငါလည်း နင့်လိုပါဘဲဟာ၊ ဟာ မရတော့ဘူး မရတော့ဘူး၊ လုပ်တော့ဟာ လုပ်တော့၊ ငါ ငါ အရမ်းထန်နေပြီ”

ကိုလတ်က ပြောပြောဆိုဆို သူ အင်္ကျီကို ကမန်းကတမ်း ဆွဲချွတ်ပြီး မဝေကို အခန်းထဲ ဆွဲခေါ်သွားသည်။

“ကိုလတ် . . . . အဝတ်စတွေရော ဘယ်မှာလဲ၊ နင် အဆင်သင့် လုပ်ထားလား”

မဝေ အမေးကို ကိုလတ်က

“အင်းပါ၊ အဲဒါ မပါဘဲ နင့်ကို လုပ်လို့ရမှ မရတာ၊ ဟိုမှာလေ”

ကိုလတ်ပြရာ လှမ်းကြည့်လိုက်တော့ အိပ်ယာဘေး စားပွဲပေါ်မှာ အနက်ရောင် ခပ်ရှည်ရှည် အဝတ်စ ၂ စ၊

“နင် အရမ်းထန်နေပြီလား ဟင် ကိုလတ်”

မျက်နှာချင်းဆိုင် မတ်တပ်ရပ်ရင်း အပေါ်ပိုင်း ဗလာ ဖြစ်နေသော ကိုလတ် ရင်အုံကို မဝေက လက်နှစ်ဖက်ဖြင့် ခပ်ဖွဖွ ပွတ်ကစားကာ နှာသံပါပါ ခပ်တိုးတိုးလေသံဖြင့် မေးလိုက်သည်။

“ဟင်းးးး အင်းးး ငါ ငါ နင့်ကို မြင်ကတည်းက ထန်နေတာ မဝေရာ၊ နင်ရော ဟင်”

“အင်း ငါရောဘဲ၊ ကိုလတ်ရာ မနေနိုင်တော့ဘူး အရည်ကို တစိမ့်စိမ့် ထွက်နေပြီ၊ ငါလေ ငါ၊ နင် နဲ့တွေ့မှဘဲ အဲလိုဖြစ်တာ၊ တစ်ကိုယ်လုံးကို ရွနေတာဘဲ”

“ဒါဆိုလည်း လုပ်လေဟာ၊ ဘာလုပ်နေတာလဲ၊ ငါ မနေနိုင်တော့ဘူးဟ”

“အင်း . . လာ”

မဝေက ပြောပြောဆိုဆို သူအရင်ကတည်းက လုပ်နေကြအတိုင်း လက်ထဲက အဝတ်စဖြင့် ကိုလတ် မျက်လုံးကို ပိတ်အောင် ခပ်တင်းတင်း စီးလိုက်သည်၊ မျက်စိကို စီးပြီးသည်နှင့် ကိုလတ်က အလိုက်တသိ သူ့လက်နှစ်ဘက်ကို ပူးပြီး ရှေ့ကို တိုးပေးသည်။ ထိုးပေးသော လက်နှစ်ဘက်ကို နောက် အဝတ်စ တစ်ခုဖြင့် မဝေက တင်းကြပ်အောင် ချည်ကာ ကိုလတ်ကို အနားက ကုတင်ပေါ် တွန်းချ လိုက်သည်။ ပက်လက်လဲသွားသော ကိုလတ်က ချည်ထားသော သူ့လက်နှစ်ဘက်ကို ခေါင်းပေါ် မြှောက်တင်လိုက်သည်။

“ပြောစမ်းဟာ ကိုလတ်၊ ပြောစမ်း နင် ငါ့ကို အခု ဘာလုပ်ချင်နေလဲ”

“ငါ ငါ အခု နင့် စောက်ရည်တွေ တဝ ယက်ချင်တယ်ဟာ”

“ဟင်း ဟင်း ဟင်း ဟင်း၊ ကြိုက်တယ် ဟုတ်လား ကိုလတ်”

ပါးစပ်က ပြန်မဖြေဘဲ ခေါင်းတညှိမ့်ညှိမ့် ဖြစ်နေသော ကိုလတ်ကို မဝေက တဟင်းဟင်း ရယ်ပြီး ကြည့်ရင်း သူ့ အဝတ်အစားများကို အကုန် ချွတ်ချလိုက်သည်၊ ပြီးတော့ ကုတင်ပေါ် ပက်လက်လဲနေသည့် ကိုလတ် ဘောင်းဘီမှ ခါးစကို ဆွဲကာ ခါးပတ်ခေါင်းကို ခပ်ကြမ်းကြမ်း ဆွဲဖြုတ်လို့ ကြယ်သီးနဲ့ ဇစ်ကို ဖြုတ်ကာ ခြေထောက်အစမှ ကိုင်ပြီး ဆွဲချွတ်လိုက်သည်။

ကိုလတ်က အလွယ်တကူ ကျွတ်သွားအောင် အလိုက်သင့် ခါးကော့ပေသည်၊ ဘောင်းဘီကျွတ်သွားတော့မှ မဝေက ကုတင်ဘေးရပ်လျှက်မှ ခါးကုန်းကာ လက်တစ်ဖက်က ကုတင်ကိုထောက် လက်တစ်ဖက်က အတွင်းခံဘောင်းဘီ အောက်မှ အတင်းရုန်းကန်နေသည့် ကိုလတ် လီးကို ဘောင်းဘီပေါ်မှ လက်ဖြင့် ခပ်ဖွဖွ ပွတ်စမ်းရင်း

“ဟင်း ဟင်း ဟင်း ဟင်း နင် အရမ်းထန်နေပြီ ကိုလတ်၊ တင်းပြီးတော့ကို မာထောင်နေတာ”

“ထန်နေပါတယ်ဆိုမှ နင်ကလည်း ငါ့ကို လာကလိနေတယ်၊ လုပ်မှသာ လုပ်စမ်းဟာ”

“လုပ်မှာပေါ့ဟ နင်ကလဲ၊ ငါက နင့်ထက်တောင် ပိုထန်နေတာ၊ သေချာ ကြည့်ပါရစေဦး နင့်လီးကို၊ ငါ မမြင်တာ ဘယ်လောက်ကြာပြီလဲ”

ပြောပြောဆိုဆို အတွင်းခံ ဘောင်းဘီအောက်မှ အတင်းရုန်းနေသော ကိုလတ်လီးကို ပွတ်ကစားနေရာမှ လက်နှစ်ဘက်ဖြင့် တဖြေးဖြေး ဆွဲချွတ်လိုက်ပြီး ငေါက်ကနဲ ပေါ်လာကာ တယမ်းယမ်း ဖြစ်နေသော လီးကို ဖမ်းဆုပ်ရင်း ခပ်တင်းတင်း ညှစ်ကာ အားမရသလို သူ့ အောက်နှုတ်ခမ်းကို သူ့ အပေါ်သွားဖြင့် ကိုက်ရင်း လေးငါးဆယ်ချက် ခပ်သွက်သွက် ထုကစားကာ စိမ့်ထွက်လာသော အရည်ကြည်လေးကို လျှာဖျားဖြင့် အသာတို့ရင်း နှုတ်ခမ်းဖြင့် ခပ်ကြာကြာလေး ပြွတ်စ်ကနဲ ဆွဲစုပ်လိုက်သည်။

“နင့် လီးက အရင်အတိုင်းဘဲဟာ၊ ငါ အရမ်းကြိုက်တယ်”

စိတ်ထဲက မအောင့်နိုင်ဘဲ ထွက်လာသော လေသံဖြင့် နှာသံပါပါ စကားသံက မဝေနှုတ်ခမ်းက ထွက်လာသည်။ ကိုလတ်က မနေနိုင်သလို လေသံဖြင့်

“အားးး မဝေရာ၊ နင်ကလဲ၊ လာစမ်းပါဟာ ငါ့ပေါ်ခွစမ်းပါ၊ ဘာလုပ်နေတာလဲ၊ ငါ ဒီမှာ စောက်ရမ်းယက်ချင်နေပြီ”

“လာမှာပေါ့ဟာ ကိုလတ်ရာ၊ ငါကလည်း ဒီမှာ အယက်ခံချင်တာ အရည်ကို တောက်တောက်ကျနေပြီ၊ အလယ်ကို တိုးဟာ”

မဝေက ကိုလတ်ကိုယ်ကို ကုတင်အလယ်ကို ရောက်အောင် တွန်းသလို ကိုလတ်ကလည်း အလိုက်သင့် ကိုယ်ကိုတွန့်ကာ ရွှေ့သည်၊ အလယ်ရောက်သွားမှ မဝေက ကိုလတ်ခါးပေါ် ခွလိုက်ပြီး ခါးကုန်းကာ ကိုလတ်နှုတ်ခမ်းကို သူ့လျှာဖြင့် လှမ်းယက်လိုက်သည်။

ကိုလတ်က အလိုက်သသိ သူ့လျှာကို ထုတ်ပေးသည်၊ ထုတ်ပေးသည့် ကိုလတ်လျှာကို မဝေက မစုတ်၊ သူ့လျှာဖြင့် ယက်ကာ တဖြေးဖြေး လျှာထိပ်ဖြင့် နှုတ်ခမ်းမှ မေးစေ့၊ မေးစေ့မှ လည်စေ့၊ လည်စေ့မှ ရင်ညွန့်ထိ တဖြေးဖြေး အောက်ကို လျှာဖြင့် ယက်ချလာသည်။ ကိုလတ်က အောက်မှ တဟင်းဟင်းဖြင့် ညီးညူကာ ဖီးတက်နေရင်း

“လုပ်ပါတော့ မဝေရာ လုပ်ပါတော့ ငါ့ မျက်နှာပေါ် ခွစမ်းပါဟာ”

“ရော့ ဟာ ရော့ နင် ဒီလောက်လိုချင်နေတာ”

လျှာတန်းလမ်းထုတ်ကာ တောင်းတနေသော ကိုလတ် မျက်နှာပေါ်ထိ ရောက်အောင် ဒူးထောက်လျှက် တိုးပြီး မျက်နှာပေါ် သူ့ စောက်ဖုတ် ရောက်လာသည်နှင့် ကိုလတ် မျက်နှာနားထိ ထိလုမတတ် ကပ်ကာ

“ကိုလတ် ငါ့ စောက်ဖုတ် အနံ့ကို ရှူဟာ၊ ဘယ်လို လဲ အရင်လိုဘဲလား၊ နင်ကြိုက်သေးလား ပြောစမ်း”

ကိုလတ်က အသက်ပြင်းပြင်း ရှူသလို တရှူးရှူးဖြင့် ရှူရင်း

“ဟား လွမ်းနေတာ မဝေရာ လွမ်းနေတာ၊ ဒီ စောက်ပတ် အနံ့ကို ငါ လွမ်းနေတာ နှစ်ပေါင်း မနည်းဘူး မဝေရာ၊ နင့် စောက်ပတ်က အရမ်းရှူလို့ ကောင်းတာဘဲ၊ ငါကြိုက်တယ်၊ နည်းနည်း ကပ်ဦးဟာ၊ ငါ့ နှာခေါင်းနဲ့ ထိအောင် ကပ် . . ကပ်”

“ကြိုက်လား ကိုလတ်၊ ကဲ ရော့ ရော့ ရှူဟာ ရှူ တဝရှူ”

မဝေက သူ့ စောက်ပတ်ကို ကိုလတ် နှာခေါင်းနှင့် မထိတထိ ဖြစ်နေအောင် ကပ်ပေးရောက ဖိချလိုက်သည်။ ကိုလတ်ဆီက ဝူးဝူးဝါးဝါးဖြင့် အသံထွက်လာကာ လျှာက မဝေစောက်ဖုတ်ထဲ တိုးဝင်လာသည်။ မဝေက အရှိန်ရသလို သူ့စောက်ဖုတ်ဖြင့် ကိုလတ် ပါးစပ်နဲ့ နှာခေါင်း တဝိုက် ခါးကိုကစားပြီး ရှေ့တိုး နောက်ငင် လှုတ်ရှားပေးနေသည်၊ စကားသံတွေ တိတ်သွားတာ တဟင်းဟင်း ညီးသံနှင့် နှာမှုတ်သံတွေ ပြင်းထန်လာသည်။

“အား အား ကိုလတ် ကိုလတ် ကြိုက်လား ကြိုက်လား ငါ့ စောက်ရည် အရသာ ရှိလား နင် ကြိုက်တုန်းလား”

“ဝူး အူး အင်း ဝူး”

ကိုလတ်ဆီက မပီမသ အသံ ထွက်လာပေမဲ့ ဘာပြောမှန်း မဝေ ကောင်းကောင်းကြီး နားလည်လိုက်သည်။

“အား ကောင်းတယ် ကိုလတ်၊ ဖိထိုး ဖိထို နင့်လျှာနဲ့ အဲ့နေရာ ဖိထိုး၊ အား အား ကောင်းတယ် ကောင်းတယ်၊ ငါ ပြီးတော့မယ်ဟ၊ ဖိ ထိုး ဖိ ထိုး၊ ငါ ငါ နင့် ပါးစပ်ထဲ အရည်တွေ ညှစ်ချမယ်၊ ဖိထိုး ဖိထိုး အား အား အား အား . . . . ဆင်းပြီ ဆင်းပြီ ငါ့ အရည်တွေ ဆင်းကုန်ပြီ. . အား အား . . .ပြီးပြီ ပြီးပြီ . . ကိုလတ် ကိုလတ် . . . ကောင်းလား ကောင်းလား၊ အရသာ ရှိလား . . အားးးး”

မ၀ေ ကော့လန်ကာ ကိုလတ်ပါးစပ်ကို သူ့စောက်ဖုတ်ဖြင့် အတင်းဖိရင်း အားကနဲ အသံရှည်ကြီးဖြင့် အားရပါးရ အော်ရင်း သူ့သုတ်ရည်တွေ ကိုလတ် ပါးစပ်ထဲ ညှစ်ချလို့ တစ်ချီ ပြီးသွားကာ စောစောက ပြင်းပြင်းထန်ထန် လှုတ်ရှားမှု့တွေ တဖြေးဖြေး ညိမ်ကာ ပျော့ကျသွာသည်။

ပျော့ကျသွားသည်နှင့် မဝေက သူ့စောက်ဖုတ်ကို ကိုလတ် မျက်နှာပေါ်မှ ခွာကာ ကိုယ်ကို နောက်ဘက်တိုးရင်း ဗိုက်ပေါ်ခွပြီး သူ့ကိုယ်ကို ကိုလတ်ပေါ် မှောက်ချပြီး သူ့ လက်နှစ်ဖက်ဖြင့် ကိုလတ် မျက်နှာကို ညှပ်ကိုင်ကာ မျက်နှာချင်း ကပ်လို့ ကိုလတ် နှာခေါင်း နှင့် ပါးစပ်တဝိုက် ပေနေသော သူ့စောက်ရည်တွေကို သူ့လျှာဖြင့် လျှောက်ယက်ကာ သန့်ရှင်းရေး လုပ်ပေးနေတော့သည်။ မောမောနှင့် ခဏမျှ နှစ်ယောက်သား ခဏမျှ ငြိမ်သက်သွားပြီးနောက်

“ဘယ်လိုလဲ ကိုလတ်၊ ကြိုက်တုန်းဘဲလား”

“ကြိုက်တယ် မ၀ေရာ၊ အရမ်းကြိုက်တယ်၊ ငါ အဲဒီ အရသာကို လွမ်းနေတာ ကြာလှပြီ၊ လုပ်စမ်းပါဦးဟာ ငါ မပြီးသေးဘူးဟ”

“ဟင်း ဟင်း ဟင်း ဟင်း . . . လာမယ်လေ၊ ငါလည်း မ၀သေးပါဘူးဟ၊ ပြီးသာပြီးသွားတာ နင့်ကို လိုးမှ မလိုးရသေးတာ၊ ဘယ်၀မှာလဲ၊ နင့်ကို ငါက တက်လိုးရမှ ၀ မှာ”

“နေဦး နေဦး အခု မလိုးနဲ့ဦး၊ အခုလိုးရင် ငါ ကြာကြာထိန်းနိုင်မယ် မထင်ဘူး၊ အခုတောင် တင်းပြီး အရည်တွေ အ၀တေ့နေပြီဟ၊ ပြီးချင်နေပြီ၊ စုပ်ဟာ ငါ့ကို ပြီးအောင် အရင်စုပ်၊ နင့်ပါးစပ်ထဲ ငါ တစ်ချီ အရင်ပြီးမယ်။ နောက်တစ်ချီပြီးမှ အားရပါးရ အကြာကြီးလိုးဟာ”

“အင်းပါဟ၊ ငါသိပါတယ်၊ နင့်လီးကို မြင်ကတည်းက စုပ်ချင်နေတာ၊ နင်က ငန်းငန်းတက် ငါ့ကို ယက်မယ် အော်နေလို့၊ အခု ငါ့ နို့သီးလေး စို့မလား”

“အင်း စို့မယ်”

မ၀ေက ကိုလတ်ပေါ် အိပ်နေရာက ကုန်းထကာ လေးဘက်ထောက်ရင်း တွဲလောင်းကျနေတဲ့ သူ့ နို့သီးကို ကိုလတ် ပါးစပ်ပေါ် တင်ပေးလိုက်သည်၊ ကိုလတ်က ပါးစပ်နဲ့ လှမ်းငုံရင်း ပူးချည်ထားသော သူ့လက်က အလိုလို ကြွလာကာ မ၀ေနို့ကို ကိုင်ဖို့ အားယူလိုက်သည်။ မ၀ေက ကြွလာသော ကိုလတ်လက်ကို သူ့လက်ဖြင့် ပြန်တွန်းချရင်း

“ဘာမှ လာထိဖို့ မကြိုးစားနဲ့နော် ကိုလတ်”

“ငါ ငါ အားရပါးရ ညှစ်ပြီး စို့ချင်တာ မ၀ေရာ”

“တော်စမ်းပါ၊ ဘာ ညှစ်ချင်တာလဲ၊ မကိုင်နဲ့၊ ကိုင်ပြီးရင် နင်က ကြီးတယ်လေး၊ သေးတယ်လေး၊ မာတယ်လေး၊ ပျော့တယ်လေးနဲ့ နင့် ဆန္ဒ ပြည့်သွားရင် နင် မကြိုက်တာ တစ်ခုခု ဖြစ်ပြီ၊ ငါသိတယ်၊ နင့်ဖာသာနင် အောက်က သစ်တုံးလိုနေ၊ ငါ လုပ်တာခံ၊ လိုချင်တာ တောင်း၊ နင့်ကို ငါလုပ်ပေးမယ်”

“အေးပါဟာ အေးပါ၊ နည်းနည်းလေး အောက်ဖိဟာ၊ အခု အဖျားလေးဘဲ မိနေတာ”

“ရော့ ရော့ စို့ဟာ စို့၊ လျှာ နဲ့ လှိမ့်ဟာ၊ အင်း အင်း . . စို့ဟာ၊ သွားနဲ့လည်း မနာအောင် ကိုက်ဟာ၊ ပြီးရင် ငါ့ နို့နဲ့ နင့် ရင်ဘတ်ကိုလည်း ပွတ်ပေးမယ်၊ နင့် လီး ကိုလည်း ပွတ်ပေးမယ်၊ နင် ကြိုက်တယ် မို့လား”

မ၀ေက ပြောလဲပြော သူ့ နို့အုံ ၂ ဖက်ကို တလှည့်ဆီ ကိုလတ် ပါးစပ်ပေါက်ရှေ့ ချပေးနေသည်။ ပြီးတော့မှ သူ့နို့သီးနဲ့ ကိုလတ် တကိုယ်လုံးကို ဒရွတ်တိုက် ပွတ်ရင်း တဖြေးဖြေး နောက်ကို ရွှေ့လာကာ ထောင်မတ်နေသော ကိုလတ်လီးကို သူ့နို့နှင့် တိုက်ကစားနေရာမှ သူ့ကိုယ်ကို ပေါင်ကြားထဲ လျှောချကာ လျှာနဲ့ ထိထိမိမိ ယက်လိုက်သည်။

“အားးး မ၀ေ”

ပါးစပ်က အားကနဲ အော်ရင်း ကိုလတ် အောက်ပိုင်က ကော့တက်လာသည်။ မ၀ေက ဆက်မလုပ်တော့ဘဲ ပေါင်ကြားထဲ ခေါင်းထိုးကာ တွဲလောင်းကျနေသော ဥတစ်လုံးကို လှမ်းဟတ်လိုက်သည်။

“အား”

အော်ရင်း ကိုလတ် ကော့တက်လာပြန်သည်။ ဥကို ဆွဲကိုက်ရင်း လီးတံကြီးကို သူ့နှာခေါင်းဖြင့် ပွတ်ကစားနေသည်။ ကိုလတ် မနေနိုင်တော့

“စုပ် . . စုပ်စမ်းပါ မ၀ေေရာ၊ ငါ မနေနိုင်တော့ဘူး၊ အဆုံးထိ ဆွဲစုပ်ဟာ၊ နင့် အာခေါင်နဲ့ ထိအောင် ထိုးဟာ၊ မရတော့ဘူးဟ၊ ငါ ထွက်ခါနီးနေပြီ၊ ငါ့ကို ဆွ မနေနဲ့တော့၊ သေချာငုံပြီး ဆွဲစုပ်စမ်းပါ၊ အား အား ကောင်းတယ် အဲလို အဲလို အား… မ၀ေ မ၀ေ . . အား အား နင် နင် အား အား ကောင်း ကောင်း အား ကောင်း”

ကိုလတ် ပြောသည်ကို မ၀ေက တထပ်တည်း ကျအောင် လိုက်လုပ်ပေးရင်း

“အား အား အား အား မရတော့ဘူး ထွက်ပြီ ထွက်ပြီ မထုတ်လိုက်နဲ့၊ စုပ် စုပ် ငုံထား ငုံထား၊ အား အား အား အား”

တအားအား အော်ရင်း ကိုလတ် ငြိမ်ကျသွားသည်။ မ၀ေက ကိုလတ်လီးကို ခဏကြာမျှ ဆက်ငုံထားရာမှ စုပ်ဆွဲလေး စုပ်ကာ ဆွဲထုတ်လိုက်ပြီး ပေါင်ရင်းမှာ ခေါင်းတင်မှေးလိုက်သည်။

“စောက်ကောင် နင် မထုတ်တာ ဘယ်လောက်ကြာပြီလဲ၊ ညှီလိုက်တာ၊ ပျစ်ခဲနေတာဘဲ”

“ကြာပြီဟ၊ မှတ်တောင် မမှတ်မိဘူး၊ အဲဒါမှ ကောင်းတာပေါ့ဟ၊ တကယ့် အဆီအနှစ်”

“ဗျန်း . . . စောက်ကောင် ဘာ အဆီအနှစ်လဲ ငါ့မှာ မနည်း မြိုရတယ်”

ကိုလတ် ပေါင်ရင်း ခေါင်းတင် အိပ်နေရာက ဗိုက်ကို ဗျန်းကနဲ အသံထွက်အောင် ရိုက်ရင်း မဝေက ပြောသည်။

“ကောင်းလိုက်တာ မ၀ေရာ၊ ငါလည်း အခုမှ နေရထိုင်ရတာ အဆင်ပြေသွားတယ်၊ ဒါကြောင့် နင့်ကို ငါ စွဲနေတာ၊ တော်ကြာ င့ါလီး ပြန်တောင်လာရင် အပီ တက်လိုးဟာ”

“နင့် လီးက တောင်မှ တောင်ပါ့တော့မလားဟ၊ အခု တစ်ချီထဲ သာခွေယိုင် ဖြစ်နေပြီ၊ နင်လည်း အသက်ကြီးလာပြီနော် အရင်လို မဟုတ်တော့ဘူး၊ စိတ်သွားတိုင်း ကိုယ်မပါတော့ဘူး၊ လုပ်မနေနဲ့”

“နင်ကလဲဟာ ငါ့ကို အထင်သေးလို့၊ နင် အလိုးခံချင်သေးတယ် မို့လား ငါသိတယ်”

“ရပါတယ်ဟ၊ အလိုးခံချင်ပေမဲ့ နင့်ဟာကမှ မနိုင်တော့တာ”

“နိုင်တယ်ဟာ ထည့်သာထည့်”

“ဘယ်လိုထည့်မလဲ ဒီမှာ နင့်လီးက ပျော့နေတာ”

“ဒီလောက် မပျော့ပါဘူးဟ၊ ငါသိတယ်၊ တင်းနေသေးတယ်၊ ရအောင်ထည့်ဟာ၊ နင့်ထဲ ရောက်သွားရင် အလိုလို တောင်သွားမယ်၊ မပူနဲ့”

“အင်း”

ပြောပြောဆိုဆို မ၀ေက တက်ခွကာ ကိုလတ်လီးကို ကိုင်ပြီး သူ့ စောက်ပတ်နှင့် တေ့ကာ ဖိချလိုက်သည်။ ခပ်ပျော့ပျော့ လီးက ကွေးညွှတ်သွားပေမဲ့ ချော်ထွက်မသွား၊ တအိအိ တိုး၀င်သွားသည်။

“အားးးး”

နှစ်ယောက်လုံး ခပ်တိုးတိုး အသံထွက်လာပြီး စောစောက အေးသလိုလို ဖြစ်နေသော တနှာစိတ်က စောက်ဖုတ်နဲ့ လီး အတွေ့အထိကြောင့် ပြန်ထလာသည်။ စောစောက ခပ်ပျော့ပျော့နှင့် တိုး၀င်သွားသော လီးက တဖြေးဖြေးနှင့် သိသိသာသာ တင်းမာလာသည်။

“အားးး ကိုလတ် တောင်လာပြီ၊ ငါ့ထဲမှာ ပြည့်နေတာဘဲဟာ၊ နင်ဟာလေ၊ အရင်ကလိုဘဲ”

“ငါ မပြောဘူးလား၊ နင်နဲ့ဆို ငါက အမြဲထန်နေတာ သိပြီလား၊ လုပ်တော့ဟာ နင့်စိတ်ကြိုက်”

မ၀ေက ကိုလတ်ဗိုက်ပေါ် လက်ထောက်ကာ သူ့ခါးကို ဖြေးညှင်းစွာ စကစားသည်။ စကားသံတွေ မထွက်တော့၊ စကားသံအစား ငြီးညူသံ မောဟိုက်သံ တွေသာ ရပ်လိုက် ပျောက်လိုက် ထွက်ပေါ်လာသည်။

……………………………………………………………..

🏵️အခန်း ( ၅ )🏵️

ပြုံးပြီး ပြန်လာသော မ၀ေကို အိမ်ပေါ်ရောက်သည်နှင့် စစ်ဆေးရေးက စတော့သည်။

“အမယ် မ၀ေတို့များ ပြုံးနေတာဘဲ၊ မျက်နှာကိုက မှို ရလာတဲ့ မျက်နှာ ခစ် ခစ် ခစ် ခစ်”

မခိုင်ရဲ့ အပြောကို မ၀ေက ပြုံးရင်း

“ဟဲ့ မှိုသွားရှာတာ၊ မှိုမရလို့ ဘာရရမလဲဟ”

အမူအရာပါပါနှင့် ပြန်ပြောသော မ၀ေ စကားကြောင့် မခိုင်က

“ဒါဆို ဘယ်မှာလဲ အဲ့ဒီရလာတဲ့ မှို၊ ပေး၊ အကုန် ကြော်စားပစ်မယ်”

“ခစ် ခစ် ခစ် မှိုက တစ်ချောင်းထဲရတာ၊ ငါ စားလို့ ကုန်ပြီ ခစ် ခစ် ခစ် ခစ်”

မ၀ေက သူ့စကားကို သူ သဘောကျသလို တခစ်ခစ် နှင့် အူလှိုက်သဲလှိုက် ရယ်သည်။ မဝေ ပုံစံကို ကြည့်ရင်း အကင်းပါးသော မဇင်က

“ဟော ဟော ပေါ်ပြီ ပေါ်ပြီ၊ ပြော ပြော၊ မ၀ေ အကုန် ပြောပြဟာ”

“ဘာ ပြောရမလဲဟ”

ပြုံးစိစိဖြင့် ပြန်ပြောသော မ၀ေ စကားကို မဇင်က

“နင်စားလာတဲ့ မှို အကြောင်းလေ၊ ခစ် ခစ် ခစ် ခစ် မ၀ေကလည်း အချင်းချင်း လာလျှိုနေတယ်”

“အပျိုကြီးနော် အဲဒါမျိုးဆို အင်မတန် ဝါသနာပါ၊ ဘာမှ မလျှိုပါဘူးဟ၊ ငါတို့က ဘာမှ မဟုတ်ပါဘူး၊ သူငယ်ချင်းပါ၊ ပြောရင် နင်တို့ နားလည်မှာ မဟုတ်ပါဘူး”

“ဒါဆို ပြောကြည့်လေ၊ ငါတို့ နားလည်လား မလည်လား သိရအောင် ခစ် ခစ် ခစ် ခစ်”

“နင်တို့ကလည်း ဇွတ်ဘဲ၊ နင်တို့သိလည်း ဘာထူးမှာလဲဟ”

“အင်းလေ ဟုတ်သားဘဲ မခိုင်ကလဲ၊ သူက မပြောချင်တဲ့ဟာကို ဘာမှမပူနဲ့ အချိန်တန် သူ့ဖာသာသူ မနေနိုင် မထိုင်နိုင် လာပြောလိမ့်မယ်၊ အဲ့အခါကြမှသိမယ်”

“ခစ် ခစ် ခစ် ခစ် နင်တို့ကလဲ၊ ဒါနဲ့ နင်တို့ ညစာ စားပြီးပြီလား၊ အိမ်မှာ ဘာချက်လဲ”

“စားပြီးပြီလေ၊ နင့်က ဘယ်အချိန်ပြန်လာမှန်းမှ မသိတာ၊ ဘယ်စောင့်မလဲ၊ နင် မစားရသေးဘူးလား၊ နင့် ကိုလတ်ကလည်းဟာ တစ်နေ့လုံး ခေါ်သွားပြီး ဘာမှတောင် မကျွေးလိုက်ဘူးလား”

“စောက်ကောင်မတွေ စောက်ရမ်း ပြောမနေနဲ့၊ ငါက ကိုလတ်နဲ့ အပြင်မှာ စားခဲ့ပြီးပြီ၊ ဒါကြောင့် ဒီလောက် နောက်ကျတာပေါ့ဟ၊ ပထမ နင်တို့ကိုတောင် လာခေါ်ဦးမလို့ဘဲ၊ ဒါပေမဲ့ ငါတို့က အရမ်း ဆာနေကြပြီ ဆိုတော့ နင်တို့ကို လာခေါ်ရင် ကြာဦးမှာ၊ ဒါကြောင့် မခေါ်တော့ဘဲ ငါတို့ဖာသာဘဲ သွားစားလိုက်တာ”

“ခစ် ခစ် ခစ် ခစ်”

“ဘာရယ်တာလဲ”

“ဘာမှ မဟုတ်ပါဘူး၊ နင်တို့ အရမ်းဆာနေကြတယ် ဆိုတာကို သဘောကျလို့”

“တကယ်ဟ၊ တကယ်ဆာတာ၊ ဆာတာမှ အသားတောင် တုန်တယ်”

“၂ ယောက်လုံးလား”

“အင်း ၂ ယောက်လုံး”

“ဆာတာမှ အသားတွေတောင် တုန်တယ်လား”

“အင်း”

“ဟယ် ထူးဆန်းတယ်နော် မဇင်”

“အင်း ထူးဆန်းတယ် ခိ ခိ ခိ ခိ”

“ခစ် ခစ် ခစ် ခစ် ဘာထူးဆန်းလဲ ဗိုက်ဆာတာဘဲဟာ”

“အော် မထူးဆန်းဘူးတဲ့ မဇင်ရ”

“ခိ ခိ ခိ ခိ အင်း အင်း ဟုတ်သားဘဲ မထူးဆန်းဘူးနော် မခိုင်”

“စောက်ကောင်မတွေ ငါ့ကို ရိမနေနဲ့၊ တော်တော်သိချင်နေကြတယ် မို့လား၊ ကဲ ပြောပြမယ်။ လက်ဖက်သုတ်ဟာ လက်ဖက်လေး စားပြီး နင်တို့ကို ငါနဲ့ ကိုလတ် စသိတဲ့ အချိန်ကစပြီး ပြောပြမယ်၊ ကျေနပ်ပြီလား”

“ခိ ခိ ခိ ခိ၊ ကဲ ကဲ မခိုင် လက်ဖက်သုတ်၊ လက်ဖက်သုတ်၊ ကောင်းကောင်းလေးသုတ်နော်၊ လက်ဖက် အသားများများထည့်၊ ဒီည မအိပ်ဘဲ မ၀ေ ဇာတ်လမ်း ကို နားထောင်ရမယ်”

…………………………………………………………

🏵️အခန်း ( ၆ )🏵️

အင်း အစက ပြောရရင်၊ ကိုလတ်နဲ့ စတွေ့တော့ ငါတို့ အားလုံး ပထမနှစ်ဘဲ ရှိသေးတယ်၊ အဲ့တုန်းက သူက ငါ့ သူငယ်ချင်းကို ကြိုက်တာဟ၊ အဲဒီမှာ ထုံးစံအတိုင်း သူတို့ အုပ်စုနဲ့ ငါတို့ မိတ်ဆွေ ဖြစ်သွားတယ်ပေါ့။ သူတို့ ၂ ယောက်က လိုက်လည်းလိုက်တယ်၊

သူတို့ အဖွဲ့ထဲဆို သူက အချောဆုံး၊ ငါတို့ အဖွဲ့ထဲ ဆိုလည်း ငါ့သူငယ်ချင်းက အချောဆုံးပါ့၊ ချောတာမှ ငါ့သူငယ်ချင်းက တော်တော် ချောတာ၊ ဆံပင်ကလည်း အရှည်ကြီး၊ ကိုယ်လုံးကိုယ်ပေါက်ကလည်း လှ၊ အိနြေလဲရှိ၊ ဒီတော့ သူက ကြိုက်တာပေါ့၊ ငါတို့ကလည်း သူတို့ ၂ ယောက်ကို ဘေးက ၀ိုင်းတီးပေးကြတာပေ့ါ၊

အဲဒီမှာ နင်တို့ သိတဲ့အတိုင်း ငါက စကားများတယ်၊ ဟိုစပ်စပ် ဒီစပ်စပ် ဆိုတော့ သူက ငါ့ သူငယ်ချင်းကို သာကြိုက်တာ၊ လေပေးဖြောင့်သွားတာက ငါနဲ့ဟ၊ ပြောရရင် ဇတ်လမ်းက အဲ့ကနေစတာ၊ မလိုအပ်တာတွေ အသေးစိတ် ပြောမနေတော့ပါဘူးဟာ၊ ကျောင်းတုန်းက ဟေးလား ဝါးလားတွေက ဒီလောက် ပြောနေဖို့ မလိုပါဘူး၊ နင်တို့လည်း ကြုံခဲ့တာဘဲ၊ အခုဟာက သူနဲ့ ငါနဲ့ ဇတ်လမ်းကိုဘဲ ပြောမယ်၊

ဖြစ်ချင်တော့ ငါတို့ အုပ်စုက တစ်ဆောင်ထဲ နေပြီး ပေါင်းနေပေမဲ့ ဘာသာ မတူဘူးဟ၊ ဒီတော့ အတန်းချိန် မတူဘူး၊ ငါက တစ်ပတ်ကို ၃ ရက်လောက် နေ့လည် ထမင်းစားချိန် မတိုင်ခင် တစ်ချိန် အတန်းလွတ်တယ်ဟ၊ တိုက်ဆိုင်ချင်တော့ သူလည်း အဲ့အချိန်အားတယ်၊ ဒီတော့ များသောအားဖြင့် နေ့လည် လူစုံအောင် စောင့်ရင်း သူနဲ့ငါ စကားပြောဖြစ်ကြတာ။

နင်တို့ သိတဲ့အတိုင်း ငါကလည်း ခင်ပြီဆို ပွင့်ပွင့်လင်းလင်း၊ ဟန်ဆောင်ပန်ဆောင်တွေ မပြောတတ်ဘူး၊ ဒီတော့ သာမန် မိန်းကလေး ပုံစံ မပေါက်တဲ့ ငါ့ကို သူခင်တာပေါ့။ ငါကလည်း စကားပြောရင် ပါးစပ်ကထွက်ရာ ပေါက်ကရ ပြောတတ်တာ၊ အဲဒီကနေ စတယ် ဆိုမလား၊ တစ်ယောက်နဲ့ တစ်ယောက်က စကားအပြောဆို ပွင့်လင်းလာတာ။

နောက်ပြီးတော့ ဖြစ်ချင်တော့ သူတို့ အဖွဲ့ထဲက သူ့ သူငယ်ချင်းက ငါ့ကို ကြိုက်နေတာ၊ အဲ့ကောင်က အုံပုန်း။ သူကလည်း ငါ့ကို အဲ့ကောင်နဲ့ လာလာလှော်တယ် ဆိုပါစို့။ ခင်သာခင်တယ် ပြောပေမဲ့၊ တခါ တခါ သူက စိတ်လိုရင် ငါ့ကို ချောတယ် ဘာညာ၊ ရိသဲ့သဲ့က လုပ်သေးတာ၊ နင့်မျက်နှာက ဆွဲဆောင်မှု ရှိတယ်။ ကိုယ်လုံးကလည်း လှတယ်၊ ဘာညာပေ့ါဟာ၊

ငါကလည်း အဲ့လို သူလာပြောရင် ရှက်ကိုးရှက်ကန်း ဖြစ်မနေဘူးဟ၊ သူ့နဲ့ဆို ငါ့ စိတ်ထဲက ရင်းနှီးနေသလို ခံစားနေရတာ၊ ငါကလည်း ပြန်ပြောတာပေါ့၊ ငါ့ပုံစံ နင်ကြိုက်လား ဘာညာပေါ့၊ သူကလည်း ကြိုက်တယ်ပေါ့၊ ဒီလိုပြောရင်း နည်းနည်း လွန်လာရင်တော့ သွားစမ်းပါဟာ၊ စောက်ပိုတွေ၊ ဘာညာနဲ့ စကားကို လျှောချလိုက်ပေါ့။

အဲဒီအချိန်မှာ သူနဲ့ ငါ့သူငယ်ချင်းက ဖြစ်နေပြီဟ၊ ငါ့သူငယ်ချင်းက သူ့ကို အဖြေပြန်ပေးပြီးပြီ။ ရည်းစားသက်တမ်းကလည်း နည်းနည်း ကြာလာပြီဆိုတော့ ငါကလည်း မေးတာပေါ့၊ နင့်တို့ နှစ်ယောက်ချင်း မတွေ့ကြဘူးလား၊ ဘာညာပေါ့၊ သူကလည်း တွေ့ချင်တယ် ပြောတယ်၊ ဒါဆိုလဲ ချိန်းဟာ ဆိုပြီး ငါကလည်း မြှောက်ပေးတယ်။

ဒါပေမဲ့ တွေ့ရမှာ ကြောက်နေတယ်တဲ့၊ ဘာကြောက်တာလဲဆိုတော့ သူက ငါ့သူငယ်ချင်းကို မကြိုက်တော့မှာ စိုးတာတဲ့၊ ငါက ပထမတော့ နားမလည်ဘူးဟ၊ ဒီတော့ သူ ငါ့ကို ရှင်းပြတယ်၊ သူ့မှာ အရင်က ရည်းစား ၂ ယောက် ရှိခဲ့ဖူးတယ်၊ အဲဒီ ရည်းစားတွေနဲ့ အဲလို လူကွယ်ရာ ချိန်းတွေ့ပြီး ပြတ်သွားဖူးတဲ့ အကြောင်း၊ သူလည်း သူ့ကိုယ်သူ ဘာဖြစ်မှန်း မသိဘူးတဲ့၊ အခုလို ရိုးရိုးသားသား ချစ်နေတဲ့အချိန် ဘာမှ မဖြစ်ပေမဲ့ အဲလို နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ် တွေ့ပြီးရင် သူက စိတ်မပါတော့ဘူးတဲ့၊

တကယ်တော့ မိန်းကလေးတွေက အပြင်က ဘယ်လောက်ဘဲ လှလှ၊ တကယ်တန်း အ၀တ်အစား ချွတ်လိုက်ရင် သူ့စိတ်ထဲက မလှတော့ဘူးတဲ့ဟ၊ ဒါကြောင့် အဲ့လို ချိန်းပြီးရင် သူမကြိုက်တော့တာတဲ့၊ အဲဒီကနေစပြီး ငါ သူ့အကြောင်းကို စသိတော့တာဘဲ။ ဒီကောင်က လူတစ်မျိုးဘဲ၊ ကိုယ်ရတဲ့ မိန်းကလေးကိုကြ မလှဘူး ထင်ပြီး မရတာကိုဘဲ လိုချင်နေတဲ့ကောင်။ ငါတော့ ဒီလိုဘဲ မြင်တယ်။ စိတ်ရောဂါ တမျိုးလို့ ပြောရင် ရမလားဘဲ။

အဲဒီကနေ စပြီး ငါနဲ့ သူလည်း နှိုက်နှိုက်ချွတ်ချွတ်တွေ အကုန်ပြောဖြစ်တော့တာဘဲ၊ တဖြေးဖြေး နဲ့ ငါလည်း သူ့အကြောင်း သိလာတာပါဘဲ၊ ခစ် ခစ်၊ သူကလည်း ငါ့ကို အဲလိုသူ့ အကြောင်းတွေ အသေးစိတ် ပြောပြရတာ သဘောကျတယ်တဲ့ဟ၊ သူ့သူငယ်ချင်းတွေတောင် သူ ဒီလို အသေးစိတ် မပြောဘူးတဲ့၊ ငါက ပထမဆုံး သူ့ စိတ်ထဲရှိတာ ပြောပြဖူးတာတဲ့။

သူ့ ကောင်မတွေကို ချွတ်လိုက်လို့ သူ မြင်ရင်သာ သဘောမကျတာ၊ နိုင်ငံခြား မဂ္ဂဇင်းတွေ ဘာတွေ မှာပါတဲ့ နိကက် ကောင်မပုံတွေကျတော့ သူက ကြိုက်တယ်ဟ၊ စိတ်ပါတယ်တဲ့၊ ဘာကွာလဲ မေးတော့လဲ သူက ရေရေရာရာ မပြောတတ်ပြန်ဘူး၊ အရိုးများတယ် ချေးခါးတယ် ကြံဖန် အပြစ်မြင်တတ်တဲ့ ကောင်၊ တကယ်တန်းဆိုလည်း သူ့ရည်းစားတွေ မလှတာလည်း မဟုတ်ပါဘူး။ နို့သီးခေါင်းလေး သေးတာ၊ ကြီးတာ၊ နို့အုံတွဲတာ တင်းတာက အစ၊ အမွေးတွေ ပေါက်တာ၊ မှဲ့ ရှိတာ၊ အမာရွတ်ရှိတာ၊ ဟိုနေရာဆို အသားအရောင်ကွာတာ၊ မဲတယ်လေး ညိုတယ်လေး၊ အဓိကကျတဲ့ နေရာတွေရော၊ အဓိက မကျတဲ့ နေရာတွေရော တကိုယ်လုံး ကြည့်ပြီး၊ သူ့ဖာသာသူ ဖြစ်နေတာ၊ တကယ်တော့ ဒါတွေက ဘာမှလဲ မဆိုင်ဘူး၊ တကယ်ချစ်ရင် ဒါတွေက အပြစ်လို့ကို မြင်စရာကို မလိုတာ၊ မဟုတ်ဘူးလား။

အဲဒီမှာ ငါက သူ့ကို အားပေးတာပေါ့၊ ချိန်းသာ ချိန်းဟာ၊ စမ်းကြည့်၊ နင်ကြိုက်သွားရင် ပြီးတာဘဲ၊ တကယ်တန်း ယူပြီးမှ မကြိုက်တော့ရင် ပြဿနာ ပေါ့ ဘာညာပေါ့၊ ငါက သူ့ ဘက်ကနေ အကြံပေးဖြစ်တာ၊ ငါ့ သူငယ်ချင်း ဘက်ကတောင် ငါ သိပ်မစဉ်းစားခဲ့ဘူး၊ သူ့ကို ဘယ်လောက်ထိ သံယောဇဉ် ကြီးလဲ အဲဒါသာ ကြည့်၊

တကယ်တော့ ငါလုပ်သင့်တာက အဲဒါဆိုလဲ ငါ့ သူငယ်ချင်းကို ဒုက္ခမပေးပါနဲ့ဟာ၊ ဘာညာနဲ့ ဖြစ်ရမှာ၊ အဲလို မဖြစ်ဘဲ သူ့ဘက်ကနေ သူ ကြိုက်ဖို့ အရေးကြီးတယ်ဘဲ ထည့်တွက်တော့တာ။ အဲ့ဒီတုန်းက သူ့သူငယ်ချင်းနဲ့ ငါနဲ့က မဖြစ်သေးဘူး၊ ဟိုကလည်း ငါ့ကို အခုထိ ပွင့်ပွင့်လင်းလင်းကို မပြောဘူး၊ အခုထိ ငါ့ကို မြင်ရင် ကြောက်ဒူးတုန်နေတုန်း၊ အမှန်ပြောရရင် ငါကလည်း အဲ့ကောင်ကို စိတ်မ၀င်စားပါဘူး၊

ယောက်ျားဖြစ်ပြီး ဒီလောက် မပြောရဲ မဆိုရဲ ဖြစ်နေမှတော့ ဘယ်နေရာ သွားသုံးမလဲ၊ ငါက ယောကျ်ားဆို ကိုလတ်လို ရဲရဲတင်းတင်း ကိုယ်လုပ်ချင်တာ လုပ်တတ်တဲ့ လူမျိုးမှ ကြိုက်တာ။ တခါတလေ ငါ့မျက်နှာကို စေ့စေ့ကြည့်ပြီး နင်က တော်တော်လှတာဘဲ၊ တောက် . . ငါ ဖက်နမ်းချင်စိတ်ကို မနည်းထိမ်းထားရတယ် ဆိုပြီး အားမလို အားမရ ပြောရင် ငါ့ရင်ထဲ ကြည်နူးပြီး အရမ်းကျေနပ်တာ၊

ဟန်ဆောင်ပန်ဆောင် သူ့ကို တဘုန်းဘုန်း ထုရိုက်ပြီး စောက်ကောင် အချင်းချင်း ပြောစရာလား ဘာလား ဆဲပေမဲ့ ငါ့ဖာသာငါ ကျေနပ်နေတာ ငါအသိဆုံး၊ ငါ ဘယ်လောက် ဆဲဆဲ ထုထု သူကလည်း မလျှော့ဘူးဟ၊ တကယ်ဟ ဘာညာ ဆက်ပြောသေးတာ။ အဲဒါတွေက သူနဲ့ ငါနဲ့ကြား မပြောဘဲ ညိနေတဲ့ သံယောဇဉ် ပေါ့ဟာ။

အဲဒီမှာ တစ်နေ့ သူ ငါ့ကို ချိန်းတာ၊ ဘာလို့လဲ ဆိုတော့ သူ့ကောင်မလေးအတွက် မွေးနေ့ လက်ဆောင် သွား၀ယ်မလို့၊ အဲဒါ ဘယ်သူမှ မသိအောင် သွား၀ယ်ချင်တယ်ပေါ့၊ သူ၀ယ်ချင်တာကလည်း မိန်းမ အသုံးအဆောင်ပစ္စည်း၊ အဲဒါ ငါ့ကို လိုက်ရွေးပေးပေါ့၊ ဘယ်သူမှ မသိအောင် သွားမယ် ဆိုပြီး ငါ့ကို တိတ်တိတ်လေးချိန်းတာ။

ငါကလည်း အင်း ပေါ့၊ အဲဒါ ကျောင်းပိတ်တဲ့ စနေ နေ့ ငါလည်း အဆောင်က အစောကြီး ထွက်ပြီး သူ့ နဲ့ သွားတွေ့ရော။

…………………………………………………………

🏵️အခန်း ( ၇ )🏵️

ငါလည်း ဘာစိတ်ကူးပေါက်လဲ မသိဘူး၊ အဲ့နေ့က သေချာ အလှပြင်ဖြစ်တယ်၊ ၀တ်ထားတာကလည်း အကြပ်လေး၊ ငါ့ ပစ္စည်းကိုအရှိအတိုင်း ပြသလို ဖြစ်နေတာ၊ ခိ ခိ၊ အံမယ် နင်တို့ ဘာသိလဲ၊ အဲ့တုန်းက အခုလောက်မထွားပေမဲ့ ပစ္စည်းရှိ လူတန်းစားထဲ ငါပါ ပါတယ်၊ ငါလည်း အလှပြင်ရင်း ရင်တွေ ဘာတွေတောင် ခုန်လို့၊ ရည်းစားနဲ့ ချိန်းတွေ့သလိုမျိုး င့ါစိတ်ထဲ ဖြစ်နေတာ၊ ငါကောင်းကောင်းမှတ်မိတယ်။

အဲ့နေ့ တစ်ရက်ထဲ အဲလိုဖြစ်တာ၊ နောက်ပိုင်း သူနဲ့ တွေ့တိုင်း ဒီလောက် မပြင်ဖြစ်တော့ဘူးဟ၊ အဲ့ဒီနေ့က တွေ့တော့ သူလည်း ရှိုးနဲ့ မိုးနဲ့ ဟ၊ သူ့ပုံကို ငါ အခုထိ မှတ်မိနေတာ၊ ဂျင်းဘောင်းဘီ အပြာ၊ စုတ်စုတ်ပြတ်ပြတ် ဂျင်းပန် မဟုတ်ဘူးနော်၊ စတိုင်ကျကျ၊ သူ့ကိုယ်နဲ့ တိုင်းချုပ်ထားသလိုဘဲ။ ခါတိုင်း ၀တ်နေကျပုံစံ မဟုတ်ဘူး၊ အင်္ကျီအဖြူ နဲ့ အပြာ မတ်တတ်စင်းလေး၊ ဆံပင်ကလည်း ရေစိုပုံစံ ကပိုကရိုလေး၊ ရှူးဖိနပ်နဲ့ သေချာ ကျကျနန။

တွေ့တော့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ရယ်မိတယ်၊ သိတယ်လေဟာ နှစ်ယောက်လုံး ရှိုးထုတ်လာတယ် ဆိုတာ၊ ဒါပေမဲ့ မပြောဖြစ်ကြဘူး၊ အရှက်ပြေဘဲ ရယ်ဖြစ်ကြတာ။ ပြီးတော့ နှစ်ယောက်သား စတိုးဆိုင်ထဲ ရောက်သွားတယ်။

သူက ရေမွှေး အကောင်းစား ၀ယ်ပေးမယ်ဆိုတော့ ဆိုင်ထဲ ဟိုဟိုဒီဒီ ရွေးရင်း ဆိုင်ထဲက အရောင်းစာရေးမလေးက ငါတို့ကို အတွဲထင်နေတာ၊ အဲဒါကို ငါက အတွဲမဟုတ်ဘူး ပြောမလို့ သူက လက်ကုတ်ပြီး မပြောဖို့ မျက်ရိပ်ပြတာနဲ့ ငါလည်း အသာနေလိုက်တယ်။

အဲဒီတော့မှ သူက ငါ့ကို စာရေးမ ရှေ့မှာ သူ့ ချစ်သူလို ဂရုစိုက်ပြတာ၊ ငါ့စိတ်ထဲ ကျေနပ်သလိုလို၊ ဘာလိုလို တမျိုးဘဲ၊ နေရင်းထိုင်ရင်း ပျော်နေတာ၊ အဲဒီကနေ အရှိန်ရသွားတယ်နဲ့ တူတယ်၊ စတိုးဆိုင်က အထွက် မနက်စာ သွားစားတော့လဲ ငါ့ကို သူ့ ရည်းစားလို ဂရုစိုက်ပြနေသေးတယ်၊ ငါတို့ နှစ်ယောက် အဲ့တုန်းက ရည်းစားဖြစ်နေတဲ့ အတိုင်း၊ အဲဒီကနေ ပြန်မယ် ဆိုပြီး သူ့ ကားနဲ့ ပြန်လာတာ၊ အဲဒါ လမ်းမှာ ဘာစိတ်ကူးပေါက်လဲ မသိဘူး။

“ငါ့အိမ်သွားမယ်ဟာ နင်လိုက်ခဲ့။ နင်လည်း ရောက်ဖူးတာပေါ့”

“ဘာလုပ်မလို့လဲ၊ မသွားချင်ပါဘူးဟ၊ တော်ကြာ နင့်အိမ်က လူတွေ တမျိုး ထင်ဦးမယ်”

“မထင်ပါဘူးဟ၊ ငါ့အိမ်မှာ ဘယ်သူမှ မရှိဘူး”

“အာ စောက်ကောင် ဒါဆို ပိုဆိုးတာပေါ့၊ အဲဒါမှ ငါ့ ဘ၀ ပျက်မှာ၊ နင်က ငါ့ကို မကောင်းကြံနေတာ မို့လား”

“နင် ဘယ်လိုသိလဲ”

“သိတာပေါ့ဟ၊ နင့်ပုံစံ အသိသာကြီး၊ ဒီနေ့ တစ်နေ့လုံး ငါ့ကို နင့် ရည်းစားလိုလို လုပ်နေတာ၊ ဟွန်း မပြောချင်လို့”

“နင်ကလဲဟာ၊ မကောင်းတော့ မကြံပါဘူးဟ၊ ငါ နင့်နဲ့ အဲ့ဒီလို နေနေရတာကို ပျော်နေတာ၊ နင်ကရော အဲလို နေရတာ မပျော်ဘူးလား”

“တော်စမ်းပါဟာ၊ ငါက နင့်ကို သူငယ်ချင်းလို ခင်တာနဲ့ နင့်စိတ်ထင် ငါ့ကို နင်လုပ်ချင်လုပ်လို့ ရမယ့် အပေါစားကောင်မများ မှတ်နေလား”

“ဟ ဘာဆိုင်လို့လဲ၊ နင့်စိတ်ထင် ငါကရော မိန်းမတိုင်း အဲလို ဖောရောသောရော နေတဲ့ ကောင်များ မှတ်နေလို့လား”

“ဒါဆို ငါ့ကို ဘာလို့ လာနေလဲ”

“ဘာလို့ လာနေလဲ ဟုတ်လား၊ နင် တော်တော် သိချင်လား”

“စောက်ကောင် တော်ပြီ မပြောနဲ့၊ ငါ မသိချင်ဘူး”

“ပြီးရော၊ ဟော ရောက်ပြီ၊ ရှေ့က အိမ်က ငါ့ အိမ်”

“နင် နော် နင်၊ အိမ်ထဲရောက်ပြီး ငါ့ကို မဟုတ်တာ လုပ်လို့ကတော့ သေပြီသာမှတ်”

“ စိတ်ချ၊ မလုပ်ဘူး၊ မလုပ်ဘူး၊ နင်လဲ ငါ့ကို ဘာမှ မလုပ်နဲ့”

“စောက်ကောင်၊ ငါကတော့ လုပ်ချင် လုပ်မှာပေါ့၊ ခစ် ခစ် ခစ် ခစ်၊ ငါ့ သဘော၊ နင်သာ ငါ့ကို ဘာမှ မလုပ်နဲ့”

“ဟီး ဟီး ဟီး ဟီး၊ ငါ နင့်ကို သဘောကျတာ အဲ့ဒီ အပြောတွေကြောင့်”

“ဘာဆိုင်လဲ”

“နင်ကလဲ ငါ မကောင်းတဲ့ စိတ်နဲ့ နင့်ကို ခေါ်လာတာ မဟုတ်ပါဘူးဟ၊ အခု အစောကြီး ရှိသေးတယ်၊ နင့်ကိုလဲ မပေးပြန်ချင်သေးဘူး၊ ငါ့စိတ်ထဲ နင့်နဲ့ အတူတူနေပြီး စကားတွေ ဘာတွေ ပြောချင်သေးတယ်၊ ဒါကြောင့်ပါ၊ အပြင်မှာ လျှောက်သွားနေရင် သူများမြင် နင့်အတွက် ဘယ်ကောင်းမလဲဟ၊ အခု ငါ့ အိမ်မှာ ဆိုတော့ လွတ်လွတ်လပ်လပ်၊ နေချင်သလိုနေ၊ ဘယ်သူမှလဲ မသိ၊ မဟုတ်ဘူးလား”

“အေးပါ အေးပါ၊ ရောက်ရင်လဲ တံခါး မြန်မြန်သွားဖွင့်၊ ကားပေါ်ထိုင်ပြီး တရားဟောမနေနဲ့၊ ငါ အခုရေလည်း သောက်ချင်တယ်၊ သေးလည်း ပေါက်ချင်တယ်၊ ဒီ ဒေါက်ဖိနပ် ကြီးနဲ့ ရှိုးထုတ်ထားရတာ ခြေထောက်လည်း နာနေပြီ”

“ဟီး ဟီး ဟီး ဟီး”

……………………………………………………….

🏵️အခန်း ( ၈ )🏵️

အိမ်ထဲရောက်တော့ ငါလည်း ငါ့ကိစ္စ အရင်ရှင်းရတာပေါ့၊ နင်တို့ကို မရှက်တမ်း ပြောရရင် အဲ့ဒီနေ့က ငါ ဘာလုပ်မိလဲ သိလား၊ ရှူးပေါက်ပြီး ရေသေချာဆေး၊ အနံ့အသက် ကောင်းမကောင်း ငါ့ဖာသာဆန်းစစ်၊ အတွင်းခံ ဘောင်းဘီလည်း မနံနေအောင် ချွတ်ပြီး ခါလိုက်သေးတယ်၊ ခိ ခိ၊ အဲဒီတုန်းက ငါတွက်ထားတာက သူ မနေနိုင်လို့ င့ါကို မဟားဒရား လာလုပ်ရင် စိတ်မပျက်သွားအောင်ပေါ့။

အဲ့လောက်ထိဟာ၊ လူကသာ ဘာညာ ပြောနေတာ၊ စိတ်ထဲက သူလုပ်တာ ခံချင်နေတာ၊ ငါကိုက ရွတာ၊ ခိ ခိ၊ ဒါနဲ့ဘဲ အိမ်သာထဲ နည်းနည်းကြာသွားတယ်၊ ငါထွက်လာတော့ သူက မီးဖိုခန်းမှာ သံပုရာရည် ဖျော်နေတာ ငါသောက်ဖို့တဲ့၊ ငါက ကျောင်းမှာဆို သံပုရာရည်ဘဲ သောက်တတ်တယ်လေ၊

သူက စတိုင်ကျကျ ၀တ်ထားတဲ့ သူ့ အကျီကို အပြင်ထုတ်ပြီး ရင်ဘတ်ကို ဖွင့်ထားတာ၊ သူ့ပုံကလဲဟာ ယောက်ကျား ပီပီသသ၊ ကာယဗလမောင်လို အထွားကြီး မဟုတ်ပေမဲ့ သူ့ဟာနဲ့သူ တော်တော် ကြည့်လို့ကောင်းတယ်ဟ၊ အသားအရည်ကလည်း မြင်ရသလောက် ဖြူပြီး နုနေတာ၊

ငါ့ မျက်စိကို လွှဲလို့ကို မရဘူး၊ သူပြောတော့ အင်္ကျီလဲမလို့ လုပ်ပြီးမှ မလဲဖြစ်တော့ဘဲ သတိရတာ နဲ့ သံပုရာရည် လာဖျော်တာတဲ့။ ငါ့ကို မြူဆွယ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ဟာ၊ အဲဒါ ငါကို မြင်တော့ သူက

“သံပုရာရည်လေ မဝေ အကြိုက်၊ ကျောင်းမှာ မဝေ သောက်နေကျ”

“တော်တယ် မောင်လတ်၊ မောင်မင်းတော်တယ်၊ ဒါပေမဲ့ အခု လောလောဆယ် ရေငတ်နေတယ်ဟ၊ ရေ အရင်သောက်မယ် ဘယ်မှာလဲ”

“ရေခဲသေတ္တာထဲမှာ မ၀ေ”

ငါလည်း ရေခဲသေတာထဲက အေးစက်နေတဲ့ ရေတစ်ဘူး ယူမော့ရင်း သူ့ကို ကြည့်ပြီး

“နင်ကလည်း နဲနဲပါးပါး အနေအထိုင် ဆင်ခြင်ပါဦးဟ၊ အင်္ကျီဟပြဲနဲ့၊ ငါ့ကို ဘာမှ လာမြူ မဆွယ်နေနဲ့၊ ငါ စိတ်မ၀င်စားဘူး”

“နင့် အရှေ့မှာ ဆင်ခြင်စရာ လိုလို့လား၊ အင်္ကျီလဲမလို့ လုပ်နေတုန်း နင် ကြိုက်တတ်တဲ့ သံပုရည် သတိရလို့ လာဖျော်တာ၊ လာ ဒီမှာ လာမြည်းကြည့်၊ ငါဖျော်ထားတာ ကောင်းလား”

ငါသူ့ အနားကပ်သွားတော့ သူက ဇွန်းနဲ့ ခပ်ပြီး ငါ့ကို တိုက်တယ်၊ ငါလည်း အလိုက်သင့် ပါးစပ်ဟ မြည်းပြီး

“သကြားနည်းနည်း ထပ်ထည့်ဟာ၊ နင့်ဟာက ရေခဲ ရောလိုက်ရင် အချိုပေါ့ သွားမှာ၊ အချဉ်ကတော့ အတော်ဘဲ”

ငါပြောလိုက်မှ သူက ငါမြည်းထားတဲ့ ဇွန်းထဲက လက်ကျန်ကို သူထပ်မြည်းလိုက်သေးတယ်၊ အသစ်တောင် ထပ်မခပ်ဘူး၊ သူ့ ပုံစံက သူ နဲ့ငါ တော်တော် ရင်းရင်းနှီးနှီးလို သဘောထားထားသလို ဖြစ်နေတာ၊ သူက ထပ်မြည်းပြီး အင်း ဆိုပြီး သကြားထပ်ထည့်တယ်၊

ငါလည်း သူ့ပုံစံကို ကြည့်ပြီး စိတ်ထဲက တမျိုးဖြစ်သွားတယ်၊ ငါ့ကိုငါလည်း ဘာကြောင့်မှန်း မသိဘူး၊ ငါ့စိတ်က တမျိုး ဖြစ်နေသလောက် သူ့ပုံစံက အေးတိအေးစက် နဲ့ ဖြစ်နေတာလည်း ပါမှာပေါ့၊

ရုတ်တရက် ငါ့ လက်ထဲက အေးနေတဲ့ ရေဘူး နဲ့ သူ့ ရင်ဘတ်ကို ကပ်လိုက်တယ်၊ သူ မထီမဲ့မြင်နဲ့ လုပ်နေပုံကို ကြည့်ပြီး အသဲက ယားလာတာဟ၊ ဆွဲလုပ်လိုက်ချင်တာ၊ သူကလန့်သွားပြီး အားကနဲ့ ထအော်ရော၊ အဲဒီမှာ ငါက ရယ်ပြီး

“ကဲ မှတ်ပြီလား အဲ့ဒါ မဆင်ခြင်ဦး”

“ဟီး ဟီး ဟီး ဟီး မ၀ေကလည်း အထူးအဆန်းလုပ်လို့၊ နင် ယောကျ်ားလေး အင်္ကျီဟပြဲ ၀တ်ထားတာ တခါမှ မတွေ့ဖူးဘူးလား”

“ဟဲ့ ငါက အဲ့ဒါတွေ လျှောက်ကြည့် နေတာမှ မဟုတ်တာ၊ အခု နင့်ကြည့်ပြီး အသဲယားလာလို့၊ အခု နင့်ကို ဒုတ်နဲ့ ကောင်းကောင်း ဆော်ပလော် တီးချင်နေတာ၊ သောက်ကောာင် ပုံစံကိုက”

ငါကလည်း နင်တို့သိတဲ့အတိုင်း စိတ်ထဲရှိရင် မနေနိုင်ဘူးဟ၊ ပြောချင်တာ၊ ဒါနဲ့ ပြောမိရော၊ ဒီတော့ ဒီကောင်က

“တီးလေ၊ မ၀ေ တကယ်တီးရင် ခံမယ်၊ ဆေးရုံ ရောက်သွားပါစေ၊ မ၀ေ တကယ်တီးရဲလား”

“ဘာလို့ မတီးရဲ ရမှာလဲ တီးချင်နေတာ၊ နေဦး တီးပြမယ်”

ငါလည်း ဘာလုပ်လို့ ဘာလုပ်မိမှန်း မသိတော့ပါဘူး၊ ငါ့စိတ်ထဲက တမျိုးဖြစ်နေတာ၊ ပြောတဲ့ လေသံကိုက အရင်ကနဲ့ မတူတော့တာ ငါသိတယ်၊ စိတ်ထဲ တစ်ခုခုကို အားမလို အားမရ ဖြစ်နေတာ၊ တစ်ခုခု လုပ်ပစ်လိုက် ချင်တာဟာ၊ အဲဒါ အိမ်ထဲ လိုက်ကြည့်လိုက်တော့ ကြက်မွေးတံမြက်စည်း သွားတွေ့တယ်၊

အဲဒါနဲ့ အဲဒါကို သွားယူပြီး သူ့ကို သွားဆွဲခေါ်လာတယ်။ သူလည်း ကန့်လန့် ကန့်လန့် နဲ့ ပါလာတာ၊ အိမ်ရှေ့ရောက်တော့ ခပ်တည်တည်နဲ့ အဖျားက ကိုင်ပြီး ဟနေတဲ့ သူ့ အင်္ကျီစကို ဟိုဘက် ဒီဘက် ပခုံးက ထိုးပြီး ဆွဲချလိုက်တယ်၊ အင်္ကျီကြ နဂိုကတည်းက ဟထားတာဆိုတော့ လျှောကျသွားတာပေါ့၊ သူကလည်း အလိုက်သင့် လက်က ဆွဲချလိုက်တယ်လေ၊ အင်္ကျီက ကြမ်းပြင်ပေါ် ပုံကျသွားတာပေါ့၊ အဲဒီမှာ ငါက

“လက် အနောက်ပစ်ထား”

ခပ်တည်တည် နဲ့ အမိန့်ပေးသလို ပြောတော့ သူက တကယ်ဘဲ လက်ကို အနောက်ပစ်လိုက်တယ်၊ ရင်က ကော့လို့၊ သူ့ကိုယ်ပေါ်မှာ ချပ်ချပ်ရပ်ရပ် ၀တ်ထားတဲ ဂျင်းဘောင်ဘီဘဲ ကျန်တာပေါ့၊ အင်္ကျီ ကျွတ်ကျသွားမှ သူ့ပုံက ပိုကြည့်ကောင်းလာတယ်ဟာ၊ ဗိုက်သားဆို ကြွက်သားနဲ့ ချပ်ရပ်နေတာ၊ အဲဒါ ငါလည်း ကြက်မွေးဒုတ်နဲ့ သူ့ မာဆယ်လ် အရာတွေကို မထိတထိ လိုက်ပွတ်ပြီး သူ့ တကိုယ်လုံးကို ခပ်ဖြည်းဖြည်း ပတ်ပြီး လျှောက်ဆွဲနေတာ၊

ငါ စိတ်ထဲ တစ်ခုခု ကြီးစိုးနေသလိုဘဲ၊ အဲဒီအချိန်မှာ သူရော ငါရော ဘာစကားမှ မပြောဖြစ်ဘူးဟ၊ ငါ့ပုံကို ကြည့်ပြီး သူလည်း ထန်လာပုံဘဲ၊ ဘောင်းဘီအောက်က ဖောင်းလာတာ၊ ပြီးတော့ သူ့ ဗိုက်က ကြွက်သားကို ကြက်မွေးဒုတ်နဲ့ ခပ်ဆတ်ဆတ်လေး တစ်ချက် ရိုက်လိုက်တယ်။

သူ့ကိုယ်က တွန့်ကနဲ ဖြစ်သွားပေမဲ့ ဘာသံမှ မထွက်ဘူး၊ အဲလို သူဖြစ်သွားတာ ကြည့်ပြီး ငါ့ စိတ်ထဲ ပိုဖိးလ်တက်လာသလိုဘဲ၊ ဒါနဲ့ စောစောကလိုဘဲ သူ့ မာဆယ်တွေကို ဒုတ်နဲ့ လိုက်ပွတ်ရင်း တစ်ချက်လောက် ထပ်ရိုက်လိုက်သေးတယ်၊

တအားတော့လဲ မဟုတ်ဘူးဟ၊ ခပ်ဆပ်ဆပ်လေးပါဘဲ၊ ငါလည်း ဘာဖြစ်နေမှန်းမသိဘူး၊ ငါ့စိတ်ထဲ သူ့ကိုယ်ကို ဒုတ်နဲ့ ပွတ်နေပေမဲ့ တကယ့်အတွေ့အထိက ဒုတ်ကနေ တဆင့် င့ါကိုယ်ထဲ ရောက်လာသလိုဘဲ၊ ငါ့စိတ်ထဲ တမျိုးဖြစ်နေတာ၊ ဒုတ်နဲ့ ပွတ်နေတယ်လို့ကို မထင်ဘူး၊ လက်နဲ့ ထိနေတယ် ထင်တာ၊

အဲလို လိုက်ပွတ်လိုက် ရိုက်လိုက် နဲ့ ဘယ်နှစ်ချက် ရိုက်မိသွားသလဲ မသိဘူး၊ ပြီးတော့ ဒုတ်က အလိုလို သူ့ပေါင်ကြားက ဖေါင်းကားနေတဲ့ နေရာကို ရောက်သွားတယ်၊ ပထမတော့ သူ မျက်စိကို မှိတ်ပြီး ငြိမ်ခံနေသေးတယ်၊ နောက်မှ သူလည်း မနေနိုင်တော့ဘူးထင်တယ် ငါ့ကို အတင်းဆွဲဖက်ပြီး နမ်းရော၊

ပထမတော့ ငါ မရုန်းမိဘူးဟ၊ နောက်မှ ချက်ခြင်း ငါ အသိ၀င်လာတာ၊ ဟာ မဖြစ်ဘူး၊ သူ့ အချစ်ခံလို့ မဖြစ်ဘူး ဆိုပြီး အဲဒီမှာ ငါ့ကိုလွှတ်ဖို့ အသေအော်တာ၊ သူ့ကိုလည်း တွန်းပေါ့၊ ဒီတော့ သူလည်း လန့်ပြီး ငါ့ကို လွှတ်ရော

“ဘာ ဘာဖြစ်လို့လဲ မ၀ေ”

“နင် နင့် ငါ့ကို မထိနဲ့”

“ဘာ ဘာဖြစ်လို့လဲ”

“ငါ နင့်အရင်က ကောင်မတွေလို မဖြစ်ချင်ဘူး”

“ငါ ငါ မနေနိုင်ဘူး”

“မနေနိုင်လည်း ရအောင်နေ၊ ငါ လုပ်တာဘဲ နင်ခံ၊ ခံမလား မခံဘူးလား ဒါဘဲ ပြော”

“ခံမယ်ဟာ၊ လုပ် လုပ် နင်လုပ်ချင်တာလုပ်”

“ပြီးရော၊ ဒါဆို နင်ဘာမှ မသိအောင် နင့်ကို မျက်စိ ပိတ်ပြီး လက်ကို ကြိုးချည်ထားမယ်”

“ချည်ထားဟာ”

အရေးထဲ မျက်စိပိတ်ဖို့ ရုတ်တရက် ရှာလို့ မရတာနဲ့ သူ့ စွပ်ကြယ်ဟောင်း တစ်ထည်ကို ဆွဲစုတ်ပြီး မျက်စိ စည်းလိုက်ရတယ်၊ လက်ကျန် အစနဲ့ သူ့ကို နောက်ပြန် ကြိုးတုတ်ပေါ့၊ အဲဒီတော့မှ ငါဘဲ လွတ်လွတ်လပ်လပ် လှုတ်ရှားလို့ ရသွားတယ်၊

လူက ထန်နေတုန်းဟ၊ သူ ဘာမှ မမြင်တော့မှ ငါက သူ့ကို လုပ်ရတာ အရသာ ပိုရှိလာတယ်၊ သူ ဆတ်ကနဲ ဆတ်ကနဲ ဖြစ်သွားတာ ကြည့်ပြီး ငါ့စိတ်ထဲ ကျေနပ်နေတာ၊ ပြီးတော့ တဖြေးဖြေး သူ့ တစ်ကိုယ်လုံး ဆွဲချွတ်ပြီး ထောင်နေတဲ့ သူ့ဟာကို ကြက်မွေးနဲ့ ကစားလိုက်၊ သူ့ကို ခပ်ဆတ်ဆတ်လေး ရိုက်လိုက်၊ သူလည်း တွန့်တွန့်လူးနေတာ၊ ငါလည်း ထန်ပြီး ရွနေတာ၊

……………………………………………………..

🏵️အခန်း ( ၉ )🏵️

ငါလည်း မရတော့ဘူး၊ သူက ဘာမှ မမြင်တော့ဘူး ဆိုတော့ ငါလည်း တော်တော်ရဲလာတယ်၊ ငါလည်း ငါ့ဖာသာ တကိုယ်လုံး ချွတ်လိုက်တယ်၊ ပြီးမှ သူ့ နားကပ်ပြီး ငါ့နို့သီးနဲ့ သူ့ အသားကို ထိပေးလိုက်တယ်၊ ပါးစပ်ကလည်း ညစ်တီးညစ်ပတ်တွေ ဘယ်ကနေ ဘယ်လို ထွက်လာလဲ မသိပါဘူး၊ ငါလည်း ငါ့ကိုယ်ငါ အဲ့လောက် ဖြစ်လိမ့်မယ် မထင်ထားဘူးဟ၊ တစ်ခုခုက ငါ့ကို လှုံ့ဆော်နေသလိုဘဲ

“ပြောစမ်းဟာ ကိုလတ်၊ နင် ငါ့ကို ဘာလုပ်ချင်လဲ ပြော ပြော”

“ငါ . . ငါ . .”

“ပြောစမ်းဟာ နင် ယောက်ျား မဟုတ်ဘူးလား နင့် စိတ်ထဲ ဘာလုပ်ချင်လဲ မပြောရဲဘူးလား”

ပါးစပ်ကလည်း အတင်း သူ့ကိုမေး၊ လက်ထဲက ဒုတ်နဲ့လည်း သူ့ကို ခပ်ဆတ်ဆတ်လေး ချပေါ့၊ တအားတော့ မရိုက်ပါဘူး၊ ခပ်ဆတ်ဆတ်လေးပါ၊ တကယ်တော့ ဘယ်နာမလဲ၊

“ပြောစမ်းဟာ ပြောစမ်း ဘာလုပ်ချင်လဲ၊ နင့် ငါ့ကို လိုးချင်လား”

“အင်း . . လိုး ချင်တယ်၊ လိုး ချင်တယ်”

“ပြီးတော့ ငါ့ စောက်ဖုတ်ကို မနမ်းချင်ဘူးလော ပြောစမ်း ပြော”

“အင်း နမ်းချင်တယ် အား . . အား . . မ၀ေ . . နမ်းချင်တယ်ဟာ လိုးချင်တယ်”

“ငါ အခု နင့်အရှေ့မှာ နိကက်နဲ့၊ နင့်ကို ငါ့ကိုယ်နဲ့ ပွတ်ပေးနေတာ နင် ကြိုက်လား ပြော၊ တွေ့လာ တွေ့လား ငါ့ နို့သီးခေါင်းနဲ့ နင့်ကိုယ်ကို ပွတ်တာ၊ တွေ့လား တွေ့လား”

“အင်း အင်း နင့်အသားနဲ့ ထိတာ အရမ်းခံလို့ ကောင်းတယ်၊ နင် နင် အရမ်းလှမှာဘဲ ငါ သိနေတယ်”

“နင့်ကို မပြပါဘူး၊ နင့် စိတ်ထဲ ငါလှတာ သိပြီလား၊ ပြောစမ်း”

“သိတယ် သိတယ် နင် အရမ်းလှတာ သိတယ်၊ အား အား ထိစမ်းပါ သေချာ ဖိပြီး ထိပါ”

“ကဲ ကဲ စောက်ဖုတ်ကို မနမ်းခင်၊ ငါ့အတွင်းခံ ဘောင်းဘီ၊ နင် နမ်းမလား၊

“အင်း အင်း နမ်းမယ်၊ နမ်းမယ် နင့် ဟာတွေ အကုန် နမ်းချင်တယ်”

“ရော့ ရော့။ ပြောစမ်း ဘာအနံ့ရလဲ၊ င့ါအနံ့ နင်ကြိုက်လား”

“အင်း အင်း ကြိုက်တယ်၊ နင့်အနံ့က တမျိုးဘဲ၊ ရှူလို့ကောင်းတယ်၊ ကပ်စမ်းပါ ငါ့ မျက်နှာနဲ့ ထိနေအောင် ကပ်စမ်းပါ”

“ပြောစမ်း အဲ့ဒါ ဘာနံ့လဲ”

“နင့် စောက်ဖုတ်နံ့”

“ကြိုက်လား”

“ကြိုက်တယ် ကြိုက်တယ်”

“ရော့ ရော့ ဒီလောက်ကြိုက်တာ ပါးစပ်ဟ၊ ငါ့ ဘောင်းဘီဂွကြား နင့် ပါးစပ်ထဲ ထိုးထည့်ပေးမယ်၊ နင်စုပ်ထား”

“အင်း အင်း ထည့် ထည့်”

“ကောင်းလား ကြိုက်လား၊ ငါ့ စောက်ဖုတ် အရသာရှိလား”

“ရှိတယ်၊ ကြိုက်တယ်”

“ပြောလေဟာ ပြော ပြော နင် ဘာဖြစ်ချင်လဲ”

“ငါ ငါ နင့် စောက်ဖုတ်ကို ယက်ချင်တယ်”

“အင်း အင်း ပေးယက်မယ်၊ နင့်ကို ပေးယက်မယ်၊ နင် တ၀ယက်၊ ပြောစမ်း ပြီးတော့ နင် လီးရော အစုပ် မခံချင်ဘူးလား ပြောစမ်း”

“အင်း အင်း အစုပ်ခံချင်တယ်၊ စုပ်ပေးဟာ စုပ် စုပ်၊ ငါ့လီးကို စုပ်ပေး”

အဲဒီလိုတွေ တကယ့် ညစ်ညစ်ပတ်ပတ်တွေဟာ၊ ဘယ်ကနေ ဘယ်လို ဖြစ်ကုန်မှန်း မသိပါဘူး၊ ငါ နင်တို့ကို ပြောရတာ တကယ်ရှက်တယ်၊ ငါလည်း ငါ့ကိုငါ အဲ့လောက် ထန်မယ် မထင်ထားဘူး၊ သူလည်း တကယ်တော့ တော်တော် ထန်တာ၊ ပြီးတော့ သူ့ကို ဆိုဖာပေါ် ဆွဲချပြီး တက်ခွတာ၊ ငါ့ဟာနဲ့ တစ်ကိုယ်လုံး လိုက်ပွတ်၊ အတင်းယက်ခိုင်း၊ ငါ ပြီးသွားတော့ သူ့ကို တစ်ခါ ပြန်မှုတ်၊ ပြီးတော့ အဲ့ဒီမှာ ငါ အပျိုရည် ပျက်တာဘဲ၊ ဒါ ငါ ပထမဆုံး ယောက်ျားတစ်ယောက်နဲ့ ဆက်ဆံဖူးတာဘဲ။

အဲဒီနေ့က အားရပါးရ လုပ်ဖြစ်တာ၊ ငါဆို ခဏခဏ ပြီးတာ၊ သူလည်း ၂ ခါလား၊ ၃ ခါလားဘဲ၊ အသကုန် ဆော်တာ၊ နောက်ဆုံး အသိ၀င်လာတော့မှ ငါ့ကို ငါ ရှက်ပြီး ငိုလိုက်တာ၊ သူ့ မျက်နှာလည်း မကြည့်ရဲဘူး၊ သူကတော့ ငါ့ကို နင့် အပြစ်မဟုတ်ဘူး၊ သူ့ အပြစ်ပါ၊ သူ ခေါ်လာလို့ ဒီလို ဖြစ်တာ၊ ဘာညာ အတင်း ငါ့ကို ချော့တာ၊ အဲဒီမှာ ငါတို့ ၂ ယောက် နောက်ထပ် ဒီလို မတွေ့ကြတော့ဘူး၊ အဲဒါတွေ မေ့ပြစ်ပြီး သူငယ်ချင်းလိုဘဲ ဆက်နေမယ် ဆိုပြီး သဘောတူလိုက်ကြတာ၊

ပြီးတော့ အပြန်မှာ သူ့ကို ငါပြောလိုက်တယ်၊ နင့် သူငယ်ချင်းကို ပြောလိုက်ဟာ ငါ့ကို မြန်မြန် ဖွင့်ပြောပါလို့၊ ငါ သူ့ကို ရည်းစား ထားလိုက်တော့မယ်၊ ဒါမှ နင်နဲ့ငါ ဆက်မဖြစ်တော့မှာ ဆိုတော့ သူကလည်း သဘောတူတယ်၊ ငါ ပြောလိုက်မယ်တဲ့။

……………………………………………………….

🏵️အခန်း ( ၁၀ )🏵️

“အယ် တကယ်ကြီးလား အစ်မ၊ အစ်မတို့က အဲ့လိုလား”

“ထင်တယ်၊ ထင်တယ်၊ အစ်မတို့ ဇတ်လမ်း ရှိခဲ့တယ် ဆိုတာ၊ အစ်မတို့ကို ကြည့်လိုက်တာနဲ့ သိနေတာ”

“အဲဒါ ဇာတ်လမ်းလား၊ တကယ်တော့ ငါတို့က သူများတွေလို ရည်းစားလည်း ဖြစ်ခဲ့တာ မဟုတ်”

“အမ် အဲ့ဒါ ဇတ်လမ်း မဟုတ်ဘူးတဲ့တော့”

“မသိဘူးလေဟာ၊ ငါတို့က တစ်ယောက်ကို တစ်ယောက် ချစ်တယ်လည်း မပြော၊ ရည်းစားလည်း မဖြစ်၊ အဲ့ဒါ ဇတ်လမ်းဖြစ်မလားဟ”

“ဆက်ပြော အစ်မ”

နောက်နေ့ ကျောင်းတက်တော့ သူနဲ့ ငါ နှစ်ယောက်ချင်း မတွေ့မိအောင် ရှောင်လိုက်တယ်၊ သူလည်း ငါ့လိုဘဲ ရှောင်တယ်၊ နင်တို့စဉ်းစားကြည့်လေ အဲလို ပက်ပက်စက်စက် ကြီး ဖြစ်သွားတာ သွေးအေးတော့ ဘယ်လို မျက်နှာနဲ့ ရင်ဆိုင်ရမလဲဟ၊ ငါလည်း ရှက်သလို သူလည်း ရှက်မှာပေါ့။

ဒါပေမဲ့ဟာ တကယ်တန်း ရှောင်ဖြစ်တာက ကျောင်းချိန် တစ်ချိန်ထဲပါ၊ ဘော်ဒါတွေနဲ့ ဆိုတော့ ထုံးစံအတိုင်း မုန့်စားချိန် မတွေ့လို့ မရတော့ဘူးလေ။

တွေ့တော့ ငါက အရင်လို နှုတ်မသွက်ဘဲ ငြိမ်နေသလို သူလည်း ဘာမှ မပြောဘဲ ငြိမ်နေတာဟ၊ ဒီတော့ သူငယ်ချင်းတွေက နင်တို့ ၂ ယောက် ဘာဖြစ်လဲ မေးတာပေါ့၊ အရင်ကဆို သူနဲ့ငါက တစ်ယောက်ကို တစ်ယောက် အနိုင်မခံ ပြောနေကြ၊ သူ့ ရည်းစား ရှေ့မှာလဲ သူနဲ့ငါ အငြင်းအခုန် ဖြစ်လိုက်၊ တစ်ယောက်ကို တစ်ယောက် ဆရာကြီး လုပ်လိုက်လေ၊ ဒီတော့ ငါက သူ့ထက်ဦးအောင် စိတ်ညစ် နေတယ်ဟာ၊ ဘာညာနဲ့ ပြောတော့၊ ဟင် နင်ကစိတ်ညစ်တတ်လို့လား၊ ဒီလောက်ပျော်နေတဲ့သူ၊ ဘာဖြစ်လဲ ငါတို့ကို ပြောလေ၊ မေးတာပေါ့၊

သူတို့ မေးမရတော့ ကိုလတ်ကို ဟေ့ နင်မေးလေဟာ ဘာညာပြောတော့ ကိုလတ်လည်း သံယောင်လိုက်ပြီး အေးဟာ မဝေကလည်း ပြောစမ်းပါ၊ နင်ဘာဖြစ်တာလဲ၊ ပြောစမ်း နင့်ကို ဘယ်ကောင် စော်ကားလိုက်လဲ ငါ့လက်နဲ့ တွေ့သွားမယ်၊ငါက ကရာတေးကို ၁၄ နှစ်သားကတည်း ခါးပတ်နက် ရထားတာ၊ ဘာညာ ခပ်တည်တည် နဲ့ လာလုပ်တယ်၊ အဲဒီမှာ ငါလည်း သူ့ကို စောက်မြင်ကပ်ကပ် နဲ့ ရန်တွေ့ပါရော၊

အဲဒီမှာ အားလုံးက ငါ့ကို ကြည့်ပြီး တဟားဟား ဖြစ်ပြီး ငါလည်း အီးယောင်ဝါးနဲ့ ပုံမှန် ပြန်ဖြစ်သွားတယ်၊ မနေ့က ဖြစ်ခဲ့တဲ့ အဖြစ်တွေ မေ့သွားတယ် ဆိုပါစို့။ ပြောရရင် ဒီကိစ္စ သူနဲ့ ငါ စကားတောင် မစတော့ဘူးဟ၊ နှစ်ယောက်စလုံး မေ့ပစ်လိုက်တယ်၊ အဲ မေ့ချင်ယောင် ဆောင်ထားတယ်ပေါ့၊

ပြီးတော့ တိုတိုပြောရင် သူ့ အလှော်ကောင်းမှုနဲ့ ငါနဲ့ သူ့သူငယ်ချင်း ရည်းစား ဖြစ်သွားတယ် ဆိုပါတော့၊ ငါလည်း မျက်စိမှိတ်ပြီး ခေါင်းညှိမ့်လိုက်တာ၊ အော် ပြောရဦးမယ် ငါတို့ ဖြစ်ပြီး တစ်လလောက်ကြာတော့ ထင်တယ် သူက သူ့ရည်းစားကို ငါ့လိုဘဲ အိမ်ခေါ်သွားတယ်ဟ၊

ဒါပေမဲ့ဟာ ထင်သလို မဖြစ်ဘူးဟ၊ သူ့ရည်းစား ငါ့ သူငယ်ချင်းက သူ့ကြုံရတဲ့ အဖြစ်ပျက်ကို ငါတို့ကို တိုးတိုးတိတ်တိတ် ပြောပြတယ်လေ။ ကိုလတ်က ကဲတော့ သူဘဲ စကဲပြီး တကိုယ်လုံး ကျွတ်သွားမှ ဘာမှ မလုပ်ဘဲ သူ့ကို အလှကြည့်ပြီး ထပြန်လာတယ်တဲ့။

လက်မထပ်ခင် အပျိုရည် မဖျက်ချင်ဘူး ဆိုပြီး သူ့ကိုပြောတယ်ဆိုဘဲ။ တခြားသူတွေက ဟုတ်ရဲ့လား ဘာညာ အသေးစိတ် မေးပေမဲ့ ငါက သိနေပြီလေ။ ဟိုကလည်း တကယ်ပါ ငါမလိမ်ဘူး၊ ဘာမှ မဖြစ်ခဲ့တာ ကြိမ်တွယ်ပြောလို့၊ ပြီးတော့မှ ရှက်လိုက်တာဟာ၊ အဲ့ ကိုလတ်ကြီးက ဘာမှန်းလဲ မသိဘူး၊ မလုပ်ဘူး ဆိုလည်း အစကတည်းက မလုပ်ဘဲ နေတာမဟုတ်ဘူး၊ ပြီးတော့မှ ဟဲ့ ငါက အတင်းညင်းနေလို့ သူစိတ်ပျက်သွားတာလား မသိဘူးနော် ဆိုပြီး ကိုလတ်ကို အပြစ်မမြင်တဲ့ အပြင် သူငယ်ချင်းတွေ ကြားမှာ သူက နာမည်ကောင်းတောင် ရသွားသေး၊ အဲဒီမှာ သူနဲ့က အားချိန် ထုံးစံအတိုင်း ပြန်တွေ့တော့ ငါက မသိချင်ယောင်ဆောင်ပြီး မေးတာပေါ့၊

“ကိုလတ်၊ နင်တို့ နှစ်ယောက် နင့်အိမ်မှာ ချိန်းတွေ့တယ်ဆို”

“အေး”

“အံမယ် နင့်အကြိုက်တွေ့သွားပြီပေါ့လေ၊ စောက်ကောင် ငါ့ကိုတောင် မပြောဘဲ လျှိုထားတယ်”

“မဟုတ်ပါဘူး မဝေဟာ၊ ငါ နင့်ကို ဘယ်လိုပြောရမှန်းတောင် မသိဘူး၊ ငါတို့ ဘာမှ မဖြစ်ခဲ့ပါဘူး”

“ဘာလဲ နင် စိတ်မပါတော့ဘူး ပြောမလို့လား”

“အေးဟ”

“အခု ဘာဖြစ်လို့လဲ၊ ငါ့သူငယ်ချင်းက ချောပါတယ်ဟ”

“အေး၊ နင့်သူငယ်ချင်းက ချောတယ်၊ ဒါပေမဲ့ အပြင်ဘမ်းကြည့်ရင် မျက်နှာရော ကိုယ်လုံးကိုယ်ပေါက်ရော တော်တော်လှပါတယ်၊ ငါလည်း ကြိုက်မယ်လို့ ထင်ခဲ့တာ”

“ကဲပါ ပြောပါ။ အခု ဘာကို မကြိုက်ရတာတုန်း”

“အသေးစိတ် ပြောရမလား”

“နင့်ဘိုးအေ၊ အသေးစိတ်မပြောလို့ ဘယ်လိုပြောချင်သေးလို့လဲ”

“အေးပါဟ”

“ငါ့အိမ်ရောက်တော့ သူက ရှက်ကိုးရှက်ကမ်းနဲ့ဟ၊ငါက ဘာမှတောင် မစရသေးဘူး သူက ဟင်အင်းဘဲ ပြောနေတာ၊ ဒါပေမဲ့ဟာ သိတယ်မို့လား၊ ရည်းစားချင်းဘဲ၊ ဘာဆိုရင် ဘာဖြစ်မယ် ဆိုတာ သူလည်း သိမှာပေါ့၊ ဒီလိုဘဲ တဖြေးဖြေး သူ့ကို ဖက်၊ ဟိုပွတ် ဒီပွတ် လုပ်ရင်း ချစ်တဲ့အကြောင်း တဖွဖွ ပြောရင်း စတာပေါ့၊ နင်သိတဲ့ အတိုင်း ငါလိုချင်တာ ငါစိတ်ပါမဲ့ မိန်းမ၊ ဒါပေမဲ့ဟာ အဲလို လုပ်ရင်းတောင် ငါက စိတ်အရမ်း မဖြစ်ဘူးဟ၊ ဒါက တော်တော်ထူးဆန်းတယ်၊

ငါနဲ့ရည်းစား ဖြစ်သွားတာနဲ့ တဖြေးဖြေး သွေးအေးသွားတာ ဘာလို့လဲ မသိဘူး။ ငါလည်း ကြိုးစားတယ်။ နမ်းတာမှ သူ့ကို အသကုန် နမ်းတာ၊ ရှိသမျှ တက်ကနစ်တွေ အကုန်သုံးတာ။ ကြာတော့ သူက နင်းကန်ရွလာပေမဲ့ ငါက ဒီလောက်မဖြစ်ဘူး။ နမ်းပါများတော့လည်း သူ့ တံတွေးအနံ့တောင် ငါရွံသလို ဖြစ်လာတာ၊ နင့်ကိုတော့ အားနာပါတယ်၊ ပြောရရင် နင်နဲ့တုန်းကလို မဟုတ်ဘူး၊ နင့်နဲ့ဆို အသံကြားတာနဲ့ ငါက ထန်နေတာ၊ ဒါနဲ့ ငါက မထူးဘူးဟာ၊

လုပ်မဲ့လုပ် အဆုံးထိ လုပ်ကြည့်မယ် ဆိုပြီး၊ သူ့ အဝတ်တွေ ချွတ်တာပေါ့။ နင်သိတဲ့အတိုင်း အရင် မိန်းကလေးတွေဆို အဲလို ငါလုပ်လို့ စိတ်မပါတော့ဘူးဆို ငါ ထပ်မလုပ်ဘူးလေ။ ငါသူတို့ကို နမ်းကြည့်လို့မှ အနံ့အသက် မကြိုက်သလိုလို ဖြစ်သွားတာနဲ့ ငါဆက်မလုပ်ဘဲ ရပ်လိုက်တာ။

အခုကတော့ မထူးဘူးဆိုပြီး အဆုံးထိ စမ်းမယ်ကွာ ဆိုပြီး စမ်းတာ။ အင်္ကျီကျွတ်တာနဲ့ ငါမကြိုက်တာ စတွေ့တာဘဲ၊ သူ့ ချိုင်းက အသားရောင် အတိုင်းမဟုတ်ဘူးဟ၊ မဲနေတာ၊ သိသာတယ်။ ဒါကြောင့် သူလက်ပြတ် အင်္ကျီမဝတ်တာ၊ ငါ သိသိချင်း မကြည့်မိအောင် ကြိုးစားပေမဲ့ မရဘူးဟ၊ ငါ့မျက်လုံးက အဲ့ဒီ ချိုင်းမဲကြီးကိုဘဲ မြင်နေတာ။

ဘာမှ တခြားဟာ လုပ်ချင်စိတ်ကို မရှိတော့ဘူး။ ငါရွံသွားတာ၊ ချိုင်းမဲရင် ပေါင်ကြားလည်း မဲမယ်ဆိုတာ။ ငါထင်တဲ့ အတိုင်းဘဲဟ၊ သူ့ အတွင်းခံ ချွတ်လိုက်နဲ့ ထင်းကနဲဘဲ၊ သိသိသာသာကို မဲနေတာ။ ရင်သားကတော့ လုံးလုံးလေးနဲ့ လှပါတယ်။ အတွေ့အကြုံ မရှိသေးတဲ့ အပျိုနို့စစ်စစ် ဆိုတာကြည့်တာနဲ့ သိတယ်၊ နို့သီးလည်း နည်းနည်းတော့ မဲသယောင်ယောင် ရှိပေမဲ့ ငါမကြိုက်တဲ့ အနေထိတော့ မဟုတ်ဘူးဟ၊ ငါ မကြိုက်တာက အဲဒီ ချိုင်းမဲတာနဲ့ ပေါင်ကြားက မဲနေတာ၊

“အနံ့ရော ကြိုက်လား၊ နင်ရှူကြည့်လား”

အေး၊ ရှူကြည့်တာပေါ့။ သူ့ကို နမ်းရင်း ချိုင်းကို မသိမသာ ရှူကြည့်တယ်။ စိတ်ထဲက မကြိုက်လို့လားတော့ မသိဘူး။ သူရေမွှေးသုံးပေမဲ့ ငါ ခံစားလို့ မရဘူး။ ငါက လူနံ့ကြိုက်တာ၊ ဒါပေမဲ့ ရေမွှေးနောက်ကွယ်က သူ့ အနံ့က တမျိုးဘဲ။ နင် ရေမွှေး မသုံးဘူး မို့လား

“ငါက roll on ဘဲသုံးတာ၊ ရေမွှေးမကြိုက်ဘူး”

အေး ဟုတ်တယ်။ နင့် အနံ့ကို ငါ အကြိုက်ဆုံးဘဲ၊ နင်ကိုယ်နံ့ကို အဲ့ roll on က မသိမသာလေး ဖုံးထားတာကို ကြိုက်တာ၊ သူက အဲ့လို မဟုတ်ဘူးဟ၊ ရေမွှေးနံ့က များနေပြီး ကိုယ်နံ့နဲ မလိုက်သလို ဖြစ်နေတာ။ အဲဒီမှာ ငါလည်း ဘာမှ ဆက်မလုပ်ချင်တော့ဘူး။ လုပ်ဖို့လည်း ငါ့စိတ်က မပါတော့ဘူး။

ဒါနဲ့ ငါလည်း ရပ်လိုက်ပြီး သူ့ကို ငါမှားသွားတယ်ပေါ၊ ကံကောင်းလို့ စိတ်အလိုလိုက်မိတော့မလို့ပေါ့။ မိန်းကလေးတစ်ယောက်မှာ အပျိုရည်ဟာ အရေးကြီးတယ် ဆိုတာ ငါ မေ့သွားတယ်ပေါ့။ ဘာညာပေါ့ဟာ၊ စကားလှအောင်ပြောပြီး ပြန်လာခဲ့တယ်။

“စောက်ကောင် ဖြစ်ရမယ်၊ နင်ကတော့လေ”

“အေးဟာ၊ ငါလည်း ငါ့ကိုငါ စိတ်ပျက်တယ်၊ ပြီးတော့ဟာ နင့်ကို ပြောဦးမယ်”

“ဘာကိုလဲ”

“နင်နဲ့ ငါ ကိစ္စပါ”

“နင် နော် နင်၊ ငါတို့ မေ့လိုက်ကြမယ် ပြောပြီးသား၊ အစမဖော်နဲ့”

“နင်က မေ့နိုင်လို့လား၊ ကိုယ့်ကိုယ်ကို မညာချင်စမ်းပါနဲ့ မဝေရာ၊ ငါ့စိတ်ထဲမှာ သိနေတယ်၊ ဘာဖြစ်လဲ စိတ်တူကိုယ်တူ၊ နင်သတ္တိ မရှိဘူးလား”

“ဘာ”

“မဘာနေနဲ့၊ ငါ ရှင်းရှင်းပြောမယ်၊ အခု နင်လုပ်တာ ခံချင်နေတာ၊ မဝေ ပြော နင် ငါ့ကို နင့်စိတ်တိုင်းကျ မလုပ်ချင်ဘူးလား”

“အေး လုပ်ချင်နေတာဟဲ့၊ လုပ်ချင်နေတာ၊ တစ်ပတ်လောက်ရှိပြီ၊ စောက်ကောင်၊ နင့်ကို အသေသတ်ချင်နေတာ၊ နင့်ကို မြင်နေရတာ ငါ့စိတ်ထန်တယ်”

“အေး၊ အဲ့လို ပွင့်ပွင့်လင်းလင်း သတ္တိရှိစမ်းပါ၊ ငါလည်း နင့်ကို မြင်နေရတာ ထန်တယ်။ အောင့်ထားတာ ဘယ်လောက်ကြာပြီလဲ နင်သိလား၊ သတ်ဟာ၊ လာ အခု သွားမယ်၊ သတ်၊ သတ်၊ ငါ့ကို သေအောင်သတ်”

…………………………………………………..

🏵️အခန်း ( ၁၁ )🏵️

ကဲ ငါတို့ အဖြစ်အပျက်က ဒါဘဲ၊ အဲဒီကနေ စပြီး သူနဲ့ငါ ပွင့်ပွင့်လင်းလင်း ဖြစ်သွားတယ်။ ဘာဇတ်လမ်းမှ မရှိဘူး။ ရည်းစားလည်း မဖြစ်ဘူး၊ သူလည်း ထုံးစံအတိုင်း ကျောင်းမှာ ရည်းစားတွေ ထားတယ်။ ကွဲလိုက်ပြတ်လိုက်ပေါ့၊ ငါ့ သူငယ်ချင်းနဲ့ သူပြတ်တော့ ငါတို့အုပ်စုနဲ့ အဆက်သွယ် ပြတ်သလို ဖြစ်သွားပေမဲ့ ငါက သူ့ သူငယ်ချင်း ရည်းစား ဖြစ်နေတော့ ငါ နဲ့ သူက အမြဲတွေ့ဖြစ်နေတယ်ပေါ့ဟာ။

သူနဲ့ ငါကတော့တော့ နှစ်ယောက် တွေ့မိကြရင် အမြဲပွင့်ထွက်နေကြ၊ သူကတော့ ငါ့ကို အတည်တကျ ဖြစ်ဖို့ အမျိုးမျိုးကြိုးစားပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ အပြောအရ ငါက သူ့ကို စိတ်ပါအောင် အဆွဲဆောင်နိုင်ဆုံးပေါ့၊ သူ ငါ့ကို လက်ထပ်ချင်တယ် ဆိုတဲ့ အထိ ငါ့ကို ပြောဖူးတယ်။

“ဟယ် မဝေရာ၊ နင်ကလည်း သူ့ကို ကြိုက်ရဲ့သားနဲ့ ဘာလို့ လက်မခံတာလဲ”

“ဘာလို့ လက်မခံတာလဲ သိလား၊ ဟင်း ဟင်း ဟင်း ဟင်း (မဝေက ရယ်ရင်း)၊ ငါ လက်ခံချင်တာပေါ့ဟ၊ သူပြောလိုက်တိုင်း ငါ့မှာ ခေါင်းညှိမ့်ချင်စိတ်ကို မနည်းထိမ်းထားထားရတာ၊ ဒါပေမဲ့ လက်ခံလို့ မဖြစ်ဘူး ဆိုတာ ငါသိနေတယ်။ ငါတို့ ၂ ယောက်ကြားက ခုလို ဖြစ်နေတဲ့ အရာကို ငါ မဆုံးရှုံးချင်ဘူး၊ ဒါကြောင့် ငါ့ကိုငါ အတင်း အားတင်းပြီး ရှေ့ဆက် မတိုးတာ”

“ဘာဖြစ်လို့လဲ၊ ရီးစားဖြစ်သွားရင် တခြားမိန်းကလေးတွေလို အစ်မကို ပစ်သွားမှာ စိုးလို့လား”

“သေချာတာပေါ့ဟ၊ နင်တို့ထင်သလို ငါက သူ့ အကြိုက်ဖြစ်နေတယ် ထင်လို့လား၊ ငါ့မှာ သူ့အကြိုက်ဘာမှ မရှိဘူး၊ သူနဲ့ ရည်းစားဖြစ်သွားရင် အခုလို သူ့ကို သစ်တုန်းလို ငါသဘောထားလို့ ရတော့မလား၊ ငါ့မှာ သူ့ အကြိုက်ဆိုလို့ အနံ့တစ်ခုဘဲ ရှိတာ၊ ငါ့ ခန္တာကိုယ်မှာ သူ့အကြိုက် ဘာမှ မရှိဘူး။

ငါက တကိုယ်လုံး ချွတ်လိုက်ရင် လှတဲ့ အကွက်ဘာမှ မရှိဘူးဟ၊ ငါ ငယ်ငယ်က အနာတွေ ပေါက်ပြီး အနာရွတ်တွေက တင်ပါးမှာရော၊ ပေါင်မှာရော၊ ဗိုက်မှာရော ငါ့တစ်ကိုယ်လုံး ပြည့်နေတာ၊ ပြီးတော့ သူမကြိုက်တဲ့ အရာတွေ တော်တော်များများက ငါ့မှာ ရှိတာ။

တကယ်လို့ ကိုလတ်သာ ငါ့ တကိုယ်လုံးကို မြင်သွားတာနဲ့ စိတ်ပျက်သွားမှာပေါ့ဟ၊ အဲလိုဖြစ်သွားမှ ပိုရင်ကျိုးမှာ၊ အခုလို ပုံစံဆိုတော့ သူ့အတွက်လည်းကောင်း ငါ့အတွက်လည်း အဆင်ပြေ၊ ငါ့ သဘောက လောဘကြီးလို့ ဆုံးရှုံးတာထက်စာရင် လိုချင်တဲ့ အပိုင်းလေးဘဲ ကွက်ယူပြီး ကျေနပ်တင်းတိမ်ရတာကို ပိုသဘောကျတယ်ဟ။

“ဟင်း ဟင်း ဟင်း ဟင်း”

ပြီးပါပြီ