ကဝေတိုက်ပွဲ (စ/ဆုံး)
ရေးသားသူ…ဆရာဧကန်မင်း

လှည်းဆိပ်ရွာ …အိမ်ခြေသုံးရာကျော်သာရှိသော
ရွာငယ်တစ်ရွာ ဖြစ်သည်။ရွာ၏ အရှေ့ဘက်တွင်
ပေငါးဆယ်ခန့်မျှ မြင့်သော ကုန်းကမူကမ်းရိုးတန်း
တစ်ခု ရှိနေသည်။ အရှည်က ပေသုံးရာမျှရှိပြီး အနံက
ပေနှစ်ရာနီးပါး ကျယ်သည်။ ထိုကုန်းကမူများပေါ်မှာ
သရက်၊ ပိန္နဲ၊ ပိတောက်၊ ငှက်ပျော၊ ကုက္ကို၊ မရမ်း
စသော အပင်ကြီးများ စိုက်ပျိုးထားခြင်းကြောင့်
ဥယျာဉ်ခြံတစ်ခုနှယ် စိမ်းစိမ်းစိုစို ရှိနေသည်။

ခြံအတွင်းမှာ အင်္ဂလိပ်ခေတ်က ဗိုလ်တဲတစ်လုံး
ရှိခဲ့သည်။ ထိုခြံကြီး၏ မူလပိုင်ရှင်က လှည်းဆိပ်ရွာမှ
မြေပိုင်ရှင် ဦးလူမောင် ဖြစ်သည်။

သို့ပေမယ့် လွန်ခဲ့သော သုံးနှစ်ခန့်က ဆေးဆရာကြီး
တစ်ယောက်က ထိုဥယျာဉ်ခြံကြီးကို စျေးကောင်းပေး၍
ဝယ်ခဲ့သည်။ ခြံကြီးအတွင်းရှိ ဗိုလ်တဲကိုလည်း
အုတ်ခံပျဉ်ထောင် နှစ်ထပ်အိမ်အဖြစ် ပြန်လည်ပြင်ဆင်
ဆောက်လိုက်သည်။ ဥယျာဉ်ခြံကြီးကိုလည်း
ခြံခတ်လိုက်သည်။

ဤမျှ အကုန်အကျခံနိုင်သော ဆေးဆရာကြီး
ဦးစံကွန့်က ရွာက လူများနှင့် အဆက်အဆံမရှိ။
အိမ်ပြင်ဆောက်ပြီးမှ လူများရောက်လာပြီး
နေထိုင်ကြရာ မိုးမကျခင်ကမှ ပြောင်းရွှေ့နေထိုင်ခြင်း
ဖြစ်၍ တစ်နှစ်ပင် မရှိသေးပေချေ။

လှည်းဆိပ်ရွာသားအားလုံးက လယ်သမားများဖြစ်သည်။
လှည်းဆိပ်ရွာနှင့် ထိုဥယျာဉ်ခြံက တစ်မိုင်ခွဲခန့်
ကွာဝေးသည်။ လှည်းဆိပ်ရွာသင်္ချိုင်းက ထိုဥယျာဉ်နှင့်
ရွာအကြားမှာရှိသည်။ သင်္ချိုင်းက ရွာမှ မိုင်ဝက်ခန့်သာ
ဝေးသည်။ လှည်းဆိပ်ရွာဝန်းကျင်၊ ဥယျာဉ်ခြံဝန်းကျင်မှာ
လယ်ကွက်များသာ ရှိသည်။

ထိုလယ်ကွက်များကို လှည်းဆိပ်ရွာသားတို့ ပိုင်ဆိုင်ကြသည်။
လှည်းဆိပ်ရွာမှာတော့ မြခင်၊ အေးလှ၊ ခင်မှုံတို့ သုံးယောက်က
ရွာ၏ ကွမ်းတောင်ကိုင်လေးများ ဖြစ်သည်။

အသက်ကလည်း ဆယ့်ကိုးနှစ်ဝန်းကျင်သာ
ရှိကြသေးသည်။ တစ်ခုတော့ ပြောစရာရှိသည်။
မြခင် ၊ အေးလှတို့က ရွာထဲမှာ နေပြီး ပိုက်ဆံ
အသင့်အတင့် ရှိကြသည်။ ခင်မှုံက လယ်ကွင်းထဲက
တဲမှာနေသည်။ ခင်မှုံမိဘများက မချမ်းသာ၊
လယ်ပိုင်မရှိ၍ နွေမိုးဆောင်း အလုပ်ရှိသမျှ
မိဘတို့နှင့် အတူလုပ်ကိုင်ခဲ့သည်။

ခင်မှုံက ဆင်းရဲပေမယ့် ရွာမှာတော့ ကောင်းခြင်းများစွာနှင့်
သတင်းမွှေးသူလေးဖြစ်သည်။ သို့ကြောင့် ခင်မှုံကို
ရွာကာလသားများစွာက ပိုးပန်းကြသည်။

သို့ကြောင့် ခင်မှုံကို ရွာကာလသားများစွာက ပိုးပန်းကြသည်။
လယ်ကွင်းထဲသို့ အလုပ်လာဆင်းကြသော ရွာကာလသားများက
ခင်မှုံကို မြင်ချင်၍ တဲအနီးသို့ လာရစ်ဝဲကြသည်။
သူအလုပ် လုပ်ရာသို့လည်း မကြာခဏ ရောက်လာတတ်သည်။

ရွာသို့ အကြောင်းကိစ္စနှင့် သွားပါကလည်း ရွာမှ
ကာလသားများ တကောက်ကောက်လိုက်၍
ပိုးပမ်းချစ်စကား ဆိုကြသည်။ ခင်မှုံတစ်ယောက်
ထိုကဲ့သို့ ကာလသားများ ပိုးပန်းကြသော်လည်း
မကောင်းသတင်း ထွက်မလာခဲ့။

သို့သော် ထိုကာလသားများအထဲမှ တင်ဇော်ဆိုသော
လူငယ်လေးတစ်ယောက်ကိုတော့ ခင်မှုံ အရေးပေး
ဆက်ဆံခဲ့သည်။ ချစ်သူအဖြစ် လက်မခံသေးပေမယ့်
စဉ်းစားပါဦးမည်ဟု ပြောကာ အချိန်ဆွဲထားခဲ့သည်။

ရွာတွင်းမှာ နေထိုင်ကြသော မြခင်နှင့်အေးလှတို့က စီးပွားရေး
ပြေလည်သဖြင့် ပိုးပန်းချင်သူများက အရှိန်အဝါကြောင့်
အနီးအနား ကပ်မည်သူ မရှိခဲ့။ ယခု ရက်ပိုင်းအတွင်း
ရွာတွင်းသို့ အသက် (၂၅) (၃၀)ခန့် အမျိုးသမီးသုံးယောက်
ဝင်လာလိုက်၊ ရွာအနှံ့လျှောက်သွားလိုက်။ ရွာပြင်သွားလိုက်နှင့်
လူများ ဂရုစိုက်စရာ ဖြစ်လာသည်။

တစ်ခေါက်က နှစ်ခေါက်ဖြစ်လာတော့ ရွာသားများ
သတိပြုမိလာသည်။ မိန်းမသုံးယောက်က လုံးကြီးပေါက်လှ
ရုပ်ရည်ပြေပြစ်မှုရှိသည်။ မည်သူ့ကိုမှ မမေး၊ မည့်သည်အိမ်မှ
မဝင်သည့်အတွက် အထူးအဆန်း ဖြစ်နေခြင်းဖြစ်သည်။

ရွာအတွင်းသို့ မျက်နှာစိမ်းအမျိုးသမီးသုံးယောက်
ဝင်ထွက်နေခြင်းကြောင့် လူတွေစိတ်ထဲ ထူးဆန်းနေသကဲ့သို့
ရှိနေရာက နောက်ထပ် ထူးဆန်းမှုတစ်ခု ရှိသေးသည်

ရွာအရှေ့ဘက်မှာ ရှိသော ဆေးဆရာကြီး ဦးစံကွန့်၏
ဥယျာဉ်ခြံကြီးအပေါ်ပိုင်းမှာ ငှက်ကြီးသုံးလေးကောင်
ပျံဝဲနေတာကို တွေ့ရသည်ဟု ဆိုသည်။

ထိုငှက်ကြီးတွေက လင်းတကြီးတွေဟု ဆိုသည်။

ညနေပိုင်းမှ မိုးချုပ်စအချိန်ထိ ပျံဝဲနေတတ်သည်ဟု ဆိုသည်။

ထိုနောက်တော့ ထိုနေရာမှနေ၍
ပျောက်သွားတတ်သည်။
လယ်လုပ်ရာ လယ်ကွင်းနှင့်မဝေးသဖြင့်
လူတွေတစ်ယောက်မဟုတ် တစ်ယောက်ကတော့
မြင်ကြသည်။ ခါတိုင်း ထိုငှက်များကို မတွေ့ဘူးကြ၊
ယခုမှ တွေ့လာရခြင်းမှာ အသိုက်ရှာရန်
အစာရှာရန် ရောက်လာခြင်းဟုသာ သူတို့
စိတ်ထဲ တွေးထင်ထားကြသည်။

ထို့ကြောင့် ငှက်ကြီးများကို တွေ့ကြပေမယ့်
အမှတ်တမဲ့သာ နေခဲ့ကြသည်။ ဥယျာဉ်ခြံနှင့်
တစ်မိုင်ခန့် အကွာမှာ ရွာသင်္ချိုင်းရှိသဖြင့်
သင်္ချိုင်းအတွင်းက သစ်ပင်ကြီးများမှာ
ငှက်ကြီးများ လာရောက်နေထိုင်ခြင်းဟုလည်း
မှတ်ယူကြသည်။

ရွာထဲသို့ မိန်းမသုံးယောက် မကြာမကြာ
ရောက်လာပြီး နောက်ပိုင်း သုံးခေါက်မြောက်မှာ
ရွာတွင်းက ကွမ်းတောင်ကိုင် အေးလှတစ်ယောက်
ရွာထဲက အတူတူ ထွက်သွားသည်ကို မြင်လိုက်သူ
ရှိသည်ဟု ဆိုသည်။

ထို့နောက် တစ်ရက် နှစ်ရက်တိုင် ရွာသို့ ပြန်လာခြင်း
မရှိတော့။ အမျိုးသမီးသုံးယောက်နှင့် အေးလှတို့
ရွာအရှေ့ဘက်ကို ထွက်သွားသည်သာ သိပြီး
ဘယ်သို့ သွားသည်ကိုလည်း ဘယ်သူမှမသိလိုက်ကြ။
မိဘများလည်း သမီးပျောက်သည့်အတွက်
စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေသည်။

ထို့ပြင် ထူးခြားချက်တွေက လျော့မသွားခဲ့၊
ညသန်းခေါင်ရောက်လျှင် သင်္ချိုင်းကုန်းအပေါ်မှနေ၍
ဥယျာဉ်ခြံဘက်ဆီသို့ မီးလုံးကြီးလေးလုံး ဝဲပျံသွားနေသည်ကို
ရွာသားတို့က တွေ့နေရသည်။ အေးလှပျောက်သွားပြီး
သုံးရက်ခန့်အကြာ ခင်မှုံတို့ တဲအပေါ် လင်းတတစ်ကောင်
ပျံဝဲနေသည်ကို တွေ့ရသည်။

ထိုအချိန် ခင်မှုံတို့ ရှိရာသို့ ပိုးပန်းရန် ရောက်လာသော
တင်ဇော်တစ်ယောက် ခင်မှုံတို့ တဲအနီးက သစ်ပင်ပေါ်မှာ
နားနေသော လင်းတကို မြင်၍ ခဲလုံးနှင့်ပစ်လိုက်သည်။
ခဲလုံးက လင်းတကို တည့်တည့်မှန်သွားသည်။
အားမပါသဖြင့် လင်းတငှက်ကြီး အထိမနာ၍
မလှုပ်မရှား ရှိနေလေသည်။ထို့ကြောင့်
ခပ်ပြင်းပြင်းထပ်ပစ်ရန် ခဲကြီးကြီးကို ကုန်း၍
ရှာဖွေနေသည်။ ခဲလုံးရသည်နှင့် ခါးကိုဆန့်၍
ပစ်ရန် အားယူလိုက်သည်။

သူ့နောက်မှ လူတစ်ယောက်က ပစ်မည့်လက်ကို
ဖမ်းဆွဲလိုက်ခြင်း ခံရသည်။

“ဘယ်သူလဲ လက်ကိုလွှတ်”

“ဟဲ့ကောင် ငါဘယ်သူမှတ်လဲ လှည့်ကြည့်လိုက်စမ်း ”

ခပ်မာမာအသံကြောင့် လှည့်ကြည့်လိုက်သည်။

“ဟင်…ခင်…ခင်…ဗျာ…ဘယ်သူ …”

ဆံပင်ဖားလျားချလျက် မျက်လုံးနီနီရဲရဲကြီးနှင့်
သူ့အား ပြူးကြည့်နေသော
အင်္ကျီအပေါ်အနက် ထမီအနက်ဝတ်ထားသော
ကြောက်စရာ မိန်းမကြီးကို တွေ့လိုက်သည်။

“နင်က ငါ့ကို ခဲနဲ့ ပစ်မလို့ ဟုတ်လား ”

“ခင်ဗျားကို မပစ်ပါဘူး …လင်းတကြီးကို ပစ်မှာ”

“အဲဒီလင်းတဟာ ငါပဲ ”

“စွပ် ”

ကြောက်စရာ အမျိုးသမီး၏ ချွန်ထက်သော လက်များက
တင်ဇော်၏ ဝမ်းဗိုက်အတွင်း ဝင်သွားတော့သည်။
တင်ဇော်ဆိုသော လူငယ်လေး ဝမ်းဗိုက်ပေါက်ထွက်ပြီး
နေရာမှာပင် ပွဲချင်းပြီး သေသွားတော့သည်။
ခင်မှုံတို့ တဲအနီးမှာ ထူးဆန်းစွာ သေဆုံးနေသော
တင်ဇော်သတင်းကို ကြားပြီး ခင်မှုံ ထိတ်ထိတ်လန့်လန့်
ဖြစ်သွားသည်။

ခင်မှုံရှေ့က လင်းတကြီးတစ်ကောင် ဖြတ်ပျံသွားသည်ကို
တွေ့လိုက်သည်။ ထို့နောက်ပိုင်း ခင်မှုံတစ်ယောက်
မည့်သူကိုမှ စကားမပြောတော့။ မိခင် မိခင်ကိုလည်း
စကားမပြော၊ တစ်နေ့လုံး ငူငူငိုင်ငိုင် ထိုင်နေသည်

XXXXX

ထိုရက်ပိုင်းအတွင်း အထက်အညာမှ ဆရာကြီးတစ်ယောက်နှင့်
တပည့်တစ်ယောက်တို့ လှည်းဆိပ်ရွာသို့ ရောက်လာကြသည်။
အချိန်က မှောင်စပြုပြီ။ ဆရာကြီးအသက်က ခြောက်ဆယ်ကျော်
ခုနှစ်ဆယ်ရှိပြီး အသားဖြူဖြူ ခပ်ဝဝပုံမျိုးရှိသည်။

သီလသမာဓိနှင့် ပြည့်စုံသူ ဖြစ်ကြောင်း မြင်ယုံနှင့်
သိနိုင်သည်။ ဆရာကြီးက အထက်လမ်းပညာကို
အဆင့်မြင့်စွာ တတ်ထားသူ ဖြစ်သည်။ ဆရာကြီး၏
နောက်လိုက်တပည့်က အသက်လေးဆယ်ခန့်သာ
ရှိသေးသည်။ ဤလှည်းဆိပ်ရွာမှ ာ ဆရာကြီး၏
တပည့်ဖြစ်သူနှင့် အသိတစ်ယောက်ရှိသည်ဟု
ဆိုသည်။ ဆရာကြီးတပည့်က တင်ဖေဆိုသူ
ဖြစ်သည်။ သူ၏မိတ်ဆွေက ကိုမောင်ဖြူဆိုသူ
ဖြစ်သည်။

ကိုမောင်ဖြူက လှည်းဆိပ်ရွာမှ လူပျိုကြီးဖြစ်သည်။
လွန်ခဲ့သော သုံးနှစ်ခန့်က မိခင် သေဆုံးသွား၍
အိမ်ထောင်မပြုဘဲ တစ်ယောက်တည်း နေခဲ့သည်။

ဖခင်က သူငယ်စဉ်က သေဆုံးသွားခဲ့ပြီဖြစ်သည်။
ဆရာတပည့်နှစ်ယောက် ကိုမောင်ဖြူအိမ်ကို
မေးမြန်းစုံစမ်းရောက်လာသည်။

“ဟာ ကိုတင်ဖေပါလား …ခင်ဗျား ကျုပ်အိမ်ကို
ဘယ်သူညွှန်ပေးလိုက်တာလဲ ”

“ဒီလိုပဲ မေးစမ်းပြီး ရောက်လာရတာပေါ့ ”

“ကဲ လာ …အိမ်ပေါ်လာကြပါ။ ပြီးမှ စကားပြောကြတာပေါ့”

“ကိုဖြူ ဒါ က ျုပ်ရဲ့ ဆရာကြီးပဲ၊ အထက်ဂိုဏ်းတော်ကြီးက
ဆရာတစ်ယောက် ဆိုပါတော့ ”

” ကျတော်လည်း ဆရာကြီးကို မြင်ကတည်းက
အဆင့်မြင့် ဆရာကြီးတစ်ယောက်ဆိုတာ သိပါတယ်
ရေနွေးတွေ အဆင်သင့်ရှိပါတယ် ဆရာကြီး ”

ဆရာကြီးအား ဖျာခင်းပေးပြီး နေရာထိုင်ခင်း
ပြင်ဆင်ပေးသည်။ ကိုဖြူက အတွင်းခန်းထဲ
ဝင်သွားသည်။ ပြန်ထွက်လာတော့ လက်ထဲမှာ
လက်ဖက်သုတ်ပန်းကန် ပါလာသည်။

“ဆရာကြီးနဲ့ ကိုတင်ဖေတို့ကို ခရီးရောက်မဆိုက်
ပြောရဦးမယ်၊ အခု ရက်ပိုင်းတွေမှာ ရွာမှာရော
ရွာနီးချုပ်စပ်မှာပါ ထူးခြားမှုတွေ ဆက်တိုက်
ဖြစ်နေတယ် ”

“ကျုပ်တို့ လာတာလဲ ဒီကိစ္စနဲ့ ဆိုင်တယ် ”

“ကဲ ပြောပြပါဦး၊ ခင်ဗျားတို့ရွာရဲ့ ထူးခြားချက် ”

“ရွာထဲကို ဘယ်ကမှန်းမသိတဲ့ အမျိုးသမီး သုံးလေးယောက်လည်း
ရောက်ရော ရွာက မိန်းကလေးတစ်ယောက် ပျောက်သွားတယ် ”

“အဲဒီ မိန်းကလေးက အပျို၊ ရွာမှာ အချောအလှတစ်ယောက်
မဟုတ်လား ”

“ဟုတ်တယ်ဗျ၊ ပြီးတော့ ရွာဝန်းကျင်မှာလည်း
လင်းတတွေ တွေ့နေရတယ်။ သင်္ချိုင်းပေါ်လည်း
မီးလုံးတွေ တွေ့လာရတယ် …နောက်ပြီး ရှိသေးတယ်၊
ခင်မှုံဆိုတဲ့ ချောချောလှလှ ကောင်မလေးရဲ့ ရည်းစား
ကောင်လေး လင်းတတွေကို ခဲနဲ့ ပစ်မလို့ ရုတ်တရက်
ဗိုက်ပွင့်ပြီး သေသွားတယ်၊ အဲဒီခင်မှုံက စကားမပြောတော့ဘူး ”

“အင်း …အဲဒါစုန်းမတွေ ။ ထမီခြုံ လင်းတဖြစ် စုန်းမတွေ။
ဒီစုန်းမတွေရှိတဲ့နေရာမှာ သူတို့ရဲ့ အရှင်သခင်လင်…
ကဝေကောင် ရှိတယ် …ကဝေကောင်က မိန်းမတွေ
တစ်ယောက်ပြီးတစ်ယောက် ယူတယ်…ယူထားတဲ့
မိန်းမတွေကို စုန်းအတတ်သင်ပေးပြီး သူ့ရဲ့
ကိုယ်ရံတော်အဖြစ် ထားတယ် …ဒီရွာက
ပျောက်သွားတဲ့ မိန်းကလေးကိုလည်း သူ့မယားတွေက
သူ့လင်အတွက် ညှုိ့ယူပြီး ခေါ်သွားတာပဲ ”

“သူယူတဲ့ မိန်းမတွေက မများဘူးလား ”

“အချို့ကဝေကြီးဆို မိန်းမဆယ်ယောက်လောက်ရှိတယ် ”

“ဒါဆို ခင်မှုံလေးအတွက်လည်း စိုးရိမ်ရတာပေါ့
သူတဲပေါ်မှာ လင်းတတွေ ရောက်လာပြီး သူလည်း
စကားမပြောဘဲ အမြဲငိုင်နေတယ်တဲ့”

“အေး…အဲဒီမိန်းကလေးကိုလည်း စုန်းမတွေက
လာညှို့ထားတာ၊ ဒီရက်ပိုင်းအတွင်း သူလင်ဆီ
ခေါ်သွားကြလိမ့်မယ် ”

“ဆရာကြီး ဒီကိစ္စတွေ မဖြစ်အောင် ရှင်းလင်းပေးလို့
မရဘူးလား ”

“ခင်ဗျားက အကူအညီတောင်းတာ နောက်ကျနေပြီ
ကျုပ်ဆရာကြီးက ဒီကဝေကောင်ကို ရှင်းပစ်ဖို့ အထက်က
ခိုင်းစေချက်နဲ့ ဒီရွာကို ရောက်လာတာ ”

“ဟင် အဝေးမှာနေတဲ့ ခင်ဗျားတို့က ဒီရွာမှာ
ကဝေရှိတာ သိလား ”

“သိတာပေါ့ ဒီကဝေက နှယ်နှယ်ရရ မဟုတ်ဘူး၊
အထက်အညာ ကြခတ်တောရွာသားတွေကို
စိစိညက်ညက်ဖြစ်အောင် သတ်ဖြတ်နှိပ်စက်ပြီး
ပျောက်သွားတာ …ဒီရွာမှာ လျှို့ဝှက်ပြီး လာနေ
ထိုင်တာ အထက်ဆရာကြီးတွေ သိသွားလို့
အပြစ်ပေး နှိမ်နင်းပစ်ဖို့ ဆရာကြီးကို တာဝန်
ပေးလိုက်တာ ”

“ဒါကြောင့် ဆရာကြီးနဲ့ ခင်ဗျားတို့ ဒီရွာကို
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာကိုး
ဘယ်တော့လောက် အလုပ်စလုပ်ကြမှာလဲ ”

“ကြာကြာဆိုင်းလို့ မဖြစ်ဘူး၊ မနက်ဖြန်ညနေပိုင်း
သူ့ဝန်းကျင်အနီး အရောက်သွားပြီး စီစဉ်စရာ
စီစဉ်မယ်။ မမှောင်ခင် လုပ်ငန်း အပြီးသတ်မယ် ”

“မင်းရဲ့မိတ်ဆွေကိုလည်း ဆရာကြီးတို့ ခေါ်သွားရမယ် ”

“ရွာနဲ့ ကဝေစံအိမ်ကနီးတော့ ရွာသားတွေ
ရောက်မလာအောင် စောင့်ရှောက်ပေးရမယ်”

“ဘယ်နားမှာ နေရမယ်ဆိုတာကတော့
ဟိုရောက်မှပဲ အခြေအနေကြည့်စီစဉ်မယ် ”

“ဟုတ်ကဲ့ အခုလို လိုက်ခွင့်ပေးတဲ့အတွက် ဝမ်းသာပါတယ်

“လိုက်တာတော့ ဟုတ်ပြီကွဲ့ …ဘာမြင်မြင် မကြောက်
မလန့် နေနိုင်ရမယ် ၊ ရှိတဲ့နေရာက မပြောင်းမရွှေ့
မလှုပ်မရှား နေနိုင်ရမယ်၊ ဒီကိစ္စကို ဒီအချိန်က စပြီး
ဆရာတို့ သုံးယောက်လွဲပြီး ဘယ်သူမှ မသိစေရဘူး ”

“စိတ်ချပါ ဆရာကြီး၊ ကျနော် ဘယ်သူ့မှ မပြောပါဘူး ”

“ဒါနဲ့ ဆရာကြီးတို့နဲ့ စကားကောင်းနေလိုက်တာ
စားရေး သောက်ရေး စီစဉ်လိုက်ဦးမယ် ”

“နေ…နေ…၊ ရွာကို ဘယ်အချိန်မှ ရောက်မှန်းမသိလို့
လမ်းက တွေ့တဲ့ထမင်းဆိုင်မှာ ဝင်စားခဲ့ပြီးပြီ။
နောက်ရက်မှ စားတာပေါ့ …ဆရာကြီးက
သက်သတ်လွတ်ပဲ စားတယ် ”

“ကဲ …စောစောက စကား ပြန်ဆက်ကြရအောင်…
ဘယ်သူမှ မသိစေချင်တာ ကိုယ်က
လက်ဦးမှုရရှိအောင်လို့ပဲ၊ ကဝေဆိုတာ
လူတွေကို ဒုက္ခပေးတဲ့ အမျိုးအစားသက်သက်ကွ။
သူတို့စိတ်နဲ့ မထင်ရင် လူတစ်ယောက်တင်မက
တစ်ရွာလုံးကိုပါ ဒုက္ခပေးတတ်တာ ။
လင်းတတွေက ရွာရဲ့အခြေအနေကို အကဲခတ်တာ၊
သူရဲ့ လင်အတွက် အနှောင့်အယှက်မရှိအောင်
ကင်းစောင့်ပေးနေတာ ။ သူတို့လင်ကို အနှောင့်အယှက်
ပေးမယ့် လူမှန်သမျှ အသက်စွန့်ပြီး တိုက်ခိုက်ကြတာ”

“ဒါဆို ကျနော်တို့ရွာကို ဒုက္ခပေးတော့မှာပေါ့၊
အခု လူငယ်တစ်ယောက် သေသွားပြီ။ မိန်းကလေး
တစ်ယောက် ပျောက်သွားပြီ။ နောက်တစ်ယောက်လည်း
စကားမပြောတော့ဘူး”

“အဲဒီမိန်းခလေးတွေကိုတော့ သတ်မပြစ်ပါဘူး
သူတို့ လင်အတွက် နောက်ထပ်မယား ရှာပေးတာ။
ကဝေလက်ထဲ မရောက်ခင် ၊ ကဝေမတွေက
သူတို့လက်အောက်မှာ ထားရင်း ဆေးတိုက်ကြတယ်
ကလေးမတွေက စုန်းမတွေ တိုက်တဲ့ ဆေးသောက်ပြီးရင်
သူတို့ဘယ်နေရာ၊ ဘယ်အရပ်လာတယ် …ဘယ်သူ့
သားသမီးဆိုတာအစ နောက်ပိုင်းကို ပြန်မသိတော့ဘူး ။
ပြီးတော့ ကဝေပညာတွေ သင်ပေးကြတယ်။
ကဝေကြီးကလည်း သူ့ပညာစက်တွေ ဝေမျှပေးပြီး
သင်ပေးလိမ့်မယ်၊ အဲဒီနောက်ပိုင်း ကဝေမယား
ဖြစ်ပြီး စုန်းမတစ်ယောက် ဖြစ်သွားလိမ့်မယ် ”

“ကလေးမတွေအတွက် အချိန်မီကောင်းပါရဲ့ ”

“ကဲ…ကဲ…ဘုရားရှိခိုးပြီး …အိပ်ကြကွဲ့…ဆရာကြီးလည်း
ပုတီးခဏစိပ်လိုက်ဦမယ် ”

သို့ဖြင့် ဆရာကြီးက အိပ်ခိုင်းလိုက်သဖြင့် ကိုဖြူနှင့်
ကိုတင်ဖေတို့ ဘုရားရှိခိုးပြီး ဆရာကြီးကို ရှိခိုးကာ
အိပ်ရာပြင်လိုက်တော့သည်။

ဆရာကြီးက ဘုရားစင်မှာ ဖယောင်းတိုင်မီးပူဇော်ပြီး
ပုတီးထိုင်စိပ်နေပါတော့သည်။

XXXXX

နေ့ နှစ်နာရီမထိုးခင်၊ ကိုဖြူတို့ အိမ်မှာ ဆရာတပည့်
သုံးယောက် ထွက်ခဲ့ကြသည်။

ဆေးဆရာကြီး ဦးစံကွန့်ပိုင် ဥယျာဉ်ခြံနှင့် ရွာက
သိပ်မဝေးလှ။ ရွာနှင့် သင်္ချိုင်းအလွန်မှာ ထိုဥယျာဉ်ခြံကြီးရှိသည်။
ဆရာကြီးက ထိုဥယျာဉ်ပိုင်ရှင် ဆေးဆရာကြီးဦးစံကွန့်သည်သာ
ကဝေကြီးဖြစ်နိုင်ကြောင်း ပြောပြသည်။

အခြေအနေကို အကဲခတ်ပြီး သင်္ချိုင်းအလွန်
ချုံတစ်ခုအတွင်းမှာ မောင်ဖြူကို နေရာချထားပေးသည်။

“မောင်ဖြူ ဒီချုံထဲကနေပြီး ပတ်ဝန်းကျင်ကို
ထောက်လှမ်းအကဲခတ်နေ၊ ငြိမ်ငြိမ်နေ၊ မင်းရှိနေတာသိရင်
ကဝေမတွေ ချက်ချင်း ရောက်လာလိမ့်မယ်
ဆရာကြီး မင်းအတွက် လုံခြုံတဲ့ စည်းချမန္တန်ရွတ်ပြီး
စည်းချပေးထားမယ် ဥယျာဉ်ဘက်ကို လယ်သမားတွေ
လာတာတွေ့ရင် ချုံထဲကနေ လှမ်းခေါ်ပြီးထား၊
ဘယ်သူမှ မလာစေနဲ့ … မင်း ကြောက်နေလား”

“မကြောက်ပါဘူးဆရာ၊ စိတ်ချလက်ချသွားပါ ”

“ကဲ မောင်တင်ဖေ၊ ဆရာကြီးတို့ သွားကြမယ် ”

ခဏကြာတော့ ဥယျာဉ်ခြံနီးသို့ ရောက်သွားကြသည်။
ချုံပုတ်တချုံအနီး နေခို၍ ဥယျာဉ်ခြံကို အကဲခတ်
လေ့လာနေလိုက်သည်။ သူတို့ ထိုင်၍မှ မကြာခင်
ကောင်းကင်မှာ လင်းတလေးကောင် လှည့်ပတ်ပျံသန်း
နေသည်ကို တွေ့လိုက်သည်။

“မောင်တင်ဖေ…ကဝေမတွေ ဆရာကြီးတို့ကို
လှည့်ပတ်ရှာနေကြတယ် ”

လင်းတများ ဆရာကြီးတို့ ရှိရာဘက်သို့ ပျံသန်းလာသည်ကို
တွေ့လိုက်သည်။

“သတိထား …ဆရာတို့ကို တွေ့သွားပုံရတယ် ”

“ဆရာ …လင်းတတွေ ပြန်လှည့်သွားပြီ ”

“ဟော …ဟော …အိမ်ကြီးထဲ ဝင်သွားကြပြီ”

“လာ ဥယျာဉ်ထဲရောက်အောင်သွားမယ် …သူတို့ကို
မတွေ့အောင် ရှောင်နေလို့ မဖြစ်ဘူး၊ ထိပ်တိုက်ရင်ဆိုင်ရမယ် ”

ဆရာကြီးနှင့် ကိုတင်ဖေလည်း ဥယျာဉ်ခြံထဲရောက်
သွားကြသည်။ သူတို့ပိုင်နက်ထဲ ရောက်သွားခဲ့ပြီ။
ခြံထဲရောက်ကာစပဲ ရှိသေးသည်။ အိမ်ကြီးအတွင်းမှ
အမျိုးသမီးလေးယောက် ထွက်လာသည်။

အားလုံး အပေါ်အောက် အနက်ရောင် တူညီဝတ်စုံများ
ဝတ်ထားကြသည်။ မိန်းမလေးယောက်လုံး အသက်
သုံးဆယ်ကျော် အရွယ်များ ဖြစ်သည်။ သူတို့လေးယောက်
ဆရာကြီးကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်နေကြသည်။

သူတို့လေးယောက်လုံး လက်ဝါးချင်းပွတ်ပြီး
ဆရာကြီးထံ ရုတ်တရက် လက်ဝါးဖြန့်ပြီး
တွန်းထည့်လိုက်သည်။

အလင်းတန်းလေးခုက ဆရာကြီးထံ ဝင်းခနဲ
ပြေးဝင်လာသည်။

ဆရာကြီးကလည်း ကဝေမတို့၏ အကြံကို သိသဖြင့်
အလင်းတန်းများ ပြေးအလာ ဆရာကြီးလက်ထဲက
ဆေးတော်နှင့် တန်ပြန်ပစ်လိုက်သည်။

“ဝုန်း …”

ကဝေမတွေ ပစ်လိုက်သော ပညာစက်နှင့် ဆရာကြီး၏
ဆေးတော်ထိချက်ကြောင့် ကျယ်လောင်သောအသံကြီး
ထွက်သွားပြီး ကဝေမတွေ နောက်သို့ ပစ်လဲကျကုန်သည်။

ကဝေမတွေ ဘာမှမလှုပ်ရှားနိုင်ခင် ဆရာကြီးက
လက်ဦးမှု ယူကာ သတ်ဖြတ်အင်းနှင့် ဆက်တိုက်
ပစ်သွင်းလိုက်သည်။ ကဝေမများ ဘာမှ ပြန်မလှုပ်ရှား
နိုင်ခင်မှာပင် သတ်ဖြတ်အင်း အစွမ်းကြောင့် …

“ဝုန်း ”

ဒုတိယအကြိမ် မြည်သံကြီး ထွက်ပေါ်လာကာ
ကဝေမလေးယောက် လဲနေရာမှ မထနိုင်တော့ဘဲ
ခန္ဓာကိုယ်များ မီးစွဲကာ တောက်လောင်ကုန်သည်။

“ဆရာကြီး ကဝေမလေးကောင် သေကုန်ပြီ
ကဝေကောင်ကို ဘယ်လိုလုပ်မှာလဲ …သူ
အပြင်ကိုရော …ထွက်လာပါ့မလား ”

“ထွက်လာပါလိမ့်မယ်…သူလိုကဝေမျိုးကို
ဘယ်သူကို့မှ မှုတဲ့အစားမျိုး မဟုတ်ဘူး
ခဏလေးစောင့် ”

“ဝေါင်း …ဝေါင်း …”

အိမ်ကြီးအတွင်းမှ ကျားဟိန်းသံကြီး ကြားလိုက်ရသဖြင့်
ဆရာကြီးက ဘေးလွယ်အိတ်အတွင်းသို့ လက်နှိုက်လိုက်သည်။
လက်ကို ပြန်နှုတ်လိုက်သည့်အခါမှတော့ လက်ထဲမှာ
ကျားဖြူရုပ်ကလေးတစ်ရုပ် ပါလာသည်။

ဆရာကြီးက ကျားဖြူလေးကို လက်ပေါ်တင်ပြီး
မန္တာန်မန်းမှုတ်လိုက်သည်။

ဆရာကြီး၏ လက်ထဲက ရိပ်ခနဲ အောက်သို့ ခုန်ဆင်းသွားသည်ကို
တွေ့လိုက်ပြီး အောက်ရောက်သည်နှင့် ကျားဖြူကြီးတစ်ကောင်
ဖြစ်သွားသည်။ အိမ်ကြီးအတွင်းသို့ လှစ်ခနဲ ပြေးဝင်သွားသည်။

“ဝေါင်း …ဝေါင်း …ဝေါင်း …”

အိမ်ကြီးထဲမှာ ကျားကြီးနှစ်ကောင် ဆုံတွေ့ပြီး
တိုက်ခိုက်နေကြပုံရသည်။

“ဝေါင်း …ဝေါင်း …ဝုန်း…ဝုန်း …ဝုန်း …”

“ဝေါင်း …ဝေါင်း …”

ကျားကြီးနှစ်ကောင် သည်းကြီးမည်းကြီး ကိုက်ဖြတ်နေပုံရသည်။
ခဏအကြာ အိမ်ကြီးအတွင်းမှ ကျားဖြူကြီးနှင့် ကျားဝါကြီး
နှစ်ကောင် လုံးထွေးပြီး ထွက်လာကြသည်။

ထို့နောက် တစ်ကောင်နှင့်တစ်ကောင် ကိုက်ဖဲ့နေရာမှ
လွတ်ထွတ်သွားသည်။ ထိုအခါ ဆရာကြီးက
လက်ဖြန့်လိုက်သည်။ ဆရာကြီး လက်ပေါ်သို့
ကျားဖြူကြီးအဖြစ်မှ ပြန်ပြောင်းရောက်ရှိလာသည်။

ဆရာကြီးရှေ့မှာတော့ ကျားဝါကြီးတစ်ကောင်က
မာန်စောင်းပြီး စိုက်ကြည့်နေသည်။

ပါးစပ်က တဟီးဟီး အော်နေသည်။

ထိုအချိန်မှပဲ ကျားအသွင်က လူအဖြစ် ပြန်ပြောင်း
သွားသလို ကဝေကြီးက ဆရာကြီးကို မထီလေးစားဟန်နှင့်
ကြည့်ပြီး …

“ဆရာစုတ် …မင်းက ၊ ငါ့အလုပ်ကို လာနှောင့်ယှက်နေတယ်
ဒီနေရာက အသက်နဲ့ ခန္ဓာမြဲပြီး ပြန်မသွားစေရဘူး ”

ကဝေကောင်၏ ပါးစပ်အတွင်းက အရောင်တလက်လက်
ထွက်လာပြီး ဆရာကြီးထံသို့ အလင်းရောင်ကြီး
ပြေးဝင်လာသည်။ ဆရာကြီးလည်း ထိုသို့
ဖြစ်မည်ကို ကြိုတင်သိထားသဖြင့်၊ လက်ထဲမှာ
အသင့်ကိုင်ထားသော အင်းတစ်ချပ်ဖြင့်
ကဝေမီးစက်အတွင်း ပစ်သွင်းလိုက်သည်။

“ဝုန်း ”

မိုးကြိုးပစ်လိုက်သကဲ့သို့ အသံကြီး ထွက်လာပြီး
အခိုးအငွေ့များဖြင့် ဖုံးလွှမ်းလို့သွားသည်။

မီးခိုးတွေ ကြားထဲက ကဝေကြီး ထလာသည်။

ရုတ်တရက် လက်ဆန့်ပြီး ဆရာကြီးထံ
မီးစက်ကွင်း လွှတ်လိုက်သည်။ မီးအလင်းရောင်က
ဆရာကြီးထံ မရောက်၊ သူ့အနီးမှာပင် ရပ်တန့်သွားသည်။
ဆရာကြီး ပစ်လွှတ်လိုက်သော ပညာမျက်အင်းတော်ကြီး
အစွမ်းက ထိရောက်လှသည်။

ကဝေကြီးမျက်နှာ တစ်ချက်ပျက်သွားသည်။

“ကဝေကောင် မင်းမှာ ဘာပညာစက်မှ မရှိတော့ဘူး၊ မင်းမှ
ဘာအစွမ်းအစမှ မရှိတော့ဘူး ၊ မင်းရဲ့ အစေအပါး
မင်းမယားတွေလည်း သေကုန်ပြီ ”

“ဟဲ့ …မလောက်လေးမလောက်စား ပညာလေးနဲ့
ငါ့ကို နိုင်မယ်တဲ့လား၊ မင်းကို ငါက ဘာကြောင့်
ကြောက်ရမှာလဲ၊ ငါရဲ့ ပညာတွေ လုံးဝမစွန့်လွှတ်နိုင်ဘူး၊
မင်းလက်အောက်မှာ အရှုံးပေးမယ့်အစား ၊
ငါ့ကိုငါ သတ်သေပစ်လိုက်မယ် ”

ကဝေကောင်က အိမ်ထဲ ပြန်ပြေးဝင်ရန်
ခြေလှမ်းပြင်လိုက်သည်။

“ဟေ့ ကဝေကောင် မင်း ဘယ်ပြေးမလို့လဲ၊
မင်းတို့လို ဆန်ကုန်မြေလေးကောင်တွေကို
လူ့လောကမှာ ထားလို့မဖြစ်ဘူး၊ ငရဲပြည်ကို
တစ်ခါတည်း ပို့ပေးမယ် ”

ဆရာကြီးက လွယ်အိတ်ထဲမှ နှိုက်ယူထားသော
ကဝေသတ်ဖြတ်အင်းတော်ကြီးနှင့် ကဝေကြီး၏
နောက်ကျောကို လှမ်းပစ်လိုက်သည်။

“ဝုန်း ”

အလင်းရောင်မျိုးစုံ ဖြာထွက်သွားပြီး ကဝေကြီး
တစ်ကိုယ်လုံး လောင်မီးကျသကဲ့သို့ ဖြစ်ကာ
တဝုန်းဝုန်း လောင်ရင်း ပြာကျသွားပါတော့သည်။

ခဏမျှ စောင့်ကြည့်နေပြီးမှ ဆရာကြီးက …

“ကဲ …မောင်တင်ဖေ …အိမ်ကြီးထဲ ဝင်ကြီးစမ်း။
ရွာက ခေါ်ထားတဲ့ မိန်းကလေးတွေ ရှိသေးလား
ကဝေပဲ ဖြစ်သွားပြီလား သွားကြည့်စမ်း
မိန်းကလေးတွေ တွေ့ရင် မျက်နှာကို ဒီနတ်ရေစင်နဲ့
တောက်လိုက် ပြီးရင် ဆရာ့ဆီ ခေါ်လာခဲ့။
အခြားဘယ်သူတွေ ရှိသေးလဲ၊ နည်းနည်းပါးပါး
လေ့လာအကဲခတ် ခဲ့”

တင်ဖေတစ်ယောက် အိမ်ကြီးထဲ ဝင်သွားသည်။
အခန်းတစ်ခန်း နှစ်ခန်းခန့် ရှာဖွေလိုက်သည့်အခါမှာ
အခန်းအတွင်းမှာ ငေးငေးငိုင်ငိုင် ထိုင်နေသော
မိန်းကလေးကို တွေ့လိုက်သည်။

တင်ဖေတစ်ယောက် အခန်းထဲ ဝင်လာသော်လည်း
စိုးရိမ်ကြောက်လန့်ဟန်မပြ။ သို့ကြောင့် တင်ဖေက
နတ်ရေစင်ပုလင်းဖွင့်ပြီး ရေအနည်းငယ်နှင့် မျက်နှာကို
တောက်လိုက်သည်။

နတ်ရေစင်ထိသွားသည်နှင့် အိပ်ရာမှ လန့်နိုးသကဲ့သို့
ဖြစ်ပြီး စိတ်နှင့် ခန္ဓာ အသိကပ်သွားတော့သည်။

“ကျမ ဘယ်ရောက်နေတာလဲ ”

“လာ အပြင်ထွက်ခဲ့၊ မင်းဘယ်သူ့ကိုမှ ကြောက်လန့်စရာ
မလိုတော့ဘူး၊ အပြင်ရောက်မှ ရှင်းပြမယ်၊ လာ မြန်မြန် ”

တင်ဖေက ရှေ့ကထွက်ပြီး၊ မိန်းကလေးက
နောက်က အမြန်လျှောက်လိုက်လာခဲ့သည်။
ဆရာကြီးထံရောက်တော့ ဆရာကြီးပါးစပ်က
မန်းမှုတ်ပြီး အမိန့်ပြန်လိုက်သည်။

“ငါဆရာအမိန့် မိန်းကလေးမှာ ကပ်ငြိနေတဲ့
ပယောဂမှန်သမျှ ကင်းစင်ပပျောက်ပြီး
မူလအတိုင်း ပြန်ဖြစ်စေ ”

“ကဲ မောင်တင်ဖေ၊ ဒီကလေးမလေးကို
သူတို့ရွာသားမောင်ဖြူ လက်ကို အပ်ပြီး
သူ့အိမ်ကို ပြန်ပို့ခိုင်းလိုက် ”

မိန်းကလေးလည်း အသိစိတ် ပုံမှန်ဖြစ်လာပြီး
ကိုတင်ဖေခေါ်ရာနောက်မှ လိုက်သွားသည်။

ကိုဖြူလည်း ကိုတင်ဖေတို့ကို တွေ့သဖြင့် ချုံအတွင်းမှ
ထွက်လိုက်သည်။ ကိုတင်ဖေက မိန်းကလေးအား
ကိုမောင်ဖြူထံ အပ်လိုက်သည်။

“ကဲ ကိုဖြူ …ဒီကလေးမလေး …အတော်ကံကောင်းသွားတယ်
ခင်ဗျား သူ့မိဘတွေဆီ ခေါ်သွားပြီး အပ်လိုက်ပါ ”

“ဒါဆို အေးလှဆိုတဲ့ ပထမဆုံးပျောက်သွားတဲ့
ကလေးမလေးက သေသွားပြီပေါ့ ဟုတ်လား ”

“ဒါ ခင်ဗျားပြောတဲ့ အေးလှ မဟုတ်ဘူးလား ”

“သူက ခင်မှုံ စကားမပြောဘဲ ငူငူငိုင်ငိုင်ဖြစ်နေတယ်ဆိုတဲ့
မိန်းကလေးက သူပဲ ”

ထိုစဉ် ဆရာကြီးက အနီးသို့ ရောက်လာသည်။

“မောင်တင်ဖေ မင်း အခန်းတွေအနှံ့ သေသေချာချာ ကြည့်ခဲ့လား၊
မင်းတို့ ရွာသူတွေက ဒီရက်ပိုင်းလေးနဲ့ ကဝေမတစ်ယောက်
လိုတော့ အစွမ်းထက်မြက်ဦးမယ် မထင်ဘူး။ ပညာဝေမျှတုန်းပဲ
ဖြစ်မယ် ။ ဆရာ့ ဆန္ဒအတိုင်းဆိုရင်…နောက်တစ်ခေါက်
သွားရှာစေချင်သေးတယ် ဒီမိန်းကလေးကို
မင်း ဘယ်က တွေ့ခဲ့တာလဲ ”

“အောက်ထပ် အခန်းတစ်ခုထဲကပါ ”

“အပေါ်ထပ်ကို တက်မရှာခဲ့ဘူးလား ”

“မရှာမိဘူး ဆရာကြီး၊ ကိုဖြူပြောတာက
အေးလှကို ကဝေမတွေ ခေါ်သွားတာပဲ သိထားတာ”

“အေး ခုနမိန်းကလေးက ဒီမနက်ပိုင်းမှ
ညှို့ပြီး ခေါ်လိုက်တာဖြစ်မယ် ။ ဒါကြောင့်
မောင်ဖြူ မသိလိုက်တာ ။ ဆရာ သေသေချာချာ
မှာလိုက်တာပဲ၊ အခန်းတိုင်းရှာခဲ့ရမှာ ကဲ
အပေါ်ထပ်ကို တစ်ခေါက်သွားရှာလိုက်ပါဦး”

“ဒါဆို ကျနော် သွားလိုက်ပါ့မယ် ”

“ဆရာကြီး ခင်မှုံကို ကြည့်ထားပေးလို့
ရမယ်ဆိုရင် ကျနော်ပါ လိုက်သွားပေးပါ့မယ် ”

အချိန်က ညနေငါးနာရီခန့်ရှိပြီး သင်္ချိုင်းကုန်းနှင့်
နီးသဖြင့် မိန်းခလေးကို တစ်ယောက်တည်း
ပြန်လွှတ်၍ မဖြစ်။

“ကဲ …ကဲ …မောင်တင်ဖေနဲ့ မောင်ဖြူတို့ အိမ်ထဲ
အမြန် သွားကြည့်ကြ၊ တွေ့ရင် ရေစင်နဲ့ မျက်နှာကို
တောက်လိုက် ပါးစပ်က အထက်ဆရာကြီးများအမိန့်နဲ့
မူလအတိုင်း ပြန်ဖြစ်စေလို့ ပြောပြီး ဒီကို ပြန်ခေါ်ခဲ့ကြ
သွားကြတော့ ”

ကိုတင်ဖေတို့လည်း ကဝေကြီး၏ နှစ်ထပ်အိမ်ကြီးဆီသို့
တစ်ခေါက်ပြန်သွားကြသည်။

တိုက်ကြီးအပေါ်ထပ်သို့ ရောက်ခဲ့သည်။
နှစ်ယောက်ခွဲပြီး အခန်းများအတွင်း ရှာကြသည်။

အပေါ်ထပ်ရှိ ကဝေမကြီး၏ ခန်းနားလှသော
အိပ်ခန်းဘေးမှာ သော့ခတ်ထားသော
အခန်းတစ်ခန်းကို တွေ့လိုက်သည်။

သော့ကို အပြင်က ရိုက်ဖျက်လိုက်သည်။

သူတို့ တွေ့လိုက်ရသည်က ကုတင်ပေါ်မှာ
ကွေးကွေးလေး အိပ်ပျော်နေသော အေးလှဆိုသည့်
မိန်းကလေး ဖြစ်နေသည်။ ကိုဖြူက အေးလှအား
လှုပ်နိုးလိုက်သည်။ ကိုတင်ဖေက အေးလှ
နိုးလာသည်နှင့် မျက်နှာကို နတ်ရေစင်ဖြင့်
တောက်လိုက်သည်။

ဆရာကြီးမှာလိုက်သည့်အတိုင်း အမိန့်ပြန်လိုက်သည်။

အေးလှလည်း အိပ်မက်က လန့်နိုးသူတစ်ယောက်ကဲ့သို့
ကုတင်ပေါ်မှ ထလာသည်။

“လာ …အချိန်မရှိဘူး အပြင်မှာ ဆရာကြီး ရှိတယ်
သွားကြမယ် ”

မကြာခင်မှာပင် ဆရာကြီးနှင့် ခင်မှုံတို့ အနီးသို့
ပြန်ရောက်လာကြသည်။

ဆရာကြီးကလည်း ခင်မှုံနှင့် အေးလှတို့ကို
မန်းမှုတ် ရွတ်ဖတ်ပေးနေသည်။

“ကဲ…ဘာမှ မဖြစ်တော့ဘူး၊ စိတ်ချလက်ချသာ
နေကြပေတော့ ”

ထို့နောက်တော့ …ဆရာကြီးအား မောင်ဖြူ၏အိမ်သို့
ပြန်ပို့လိုက်ပြီးမောင်ဖြူနှင့်တင်ဖေတို့နှစ်ဦးက
မိန်းကလေးနှစ်ယောက်၏ မိဘများအိမ်သို့ လိုက်ပို့ပေးသည်။

စိတ်ပူနေကြသော မိဘဆွေမျိုးသားချင်းများလည်း
ဝမ်းသာပျော်ရွှင်သွားကြသည်။

ထိုည ကိုမောင်ဖြူနှင့် ကိုတင်ဖေတို့အား ကျွေးမွေးပြုစု
နေသဖြင့် တော်တော်နှင့် အိမ်ပြန်မရောက်ကြ။
နောက်နေ့ မိုးလင်းသည်နှင့် အေးလှမိဘများနှင့်
ခင်မှုံမိဘများ ရွာလူကြီးများ ဆရာကြီးကို
ကန်တော့ရန် ရောက်လာကြသည်။

ဆရာကြီးလည်း ရွာသူရွာသားများ၏ အကန်တော့ကို
ခံယူ၍ ရွာသားများ ကျေနပ်အောင် တစ်ရက်ခန့်
နေပြီး နောက်ရက်မှာ ထိုရွာမှ ပြန်ခဲ့တော့သည်။

ဆရာ ဧကန်မင်း ရေးသည် ကျတ်တစ္ဆေများနဲ့ မဖဲဝါ
စာအုပ်မှ စာဖတ်သူကို လက်ခ ပြန်လည်ဝေမျှကူးပေးထားသည်။

ပြီးပါပြီ

Credit

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ

Zawgyi(version)

ကေဝတိုက္ပြဲ (စ/ဆုံး)
ေရးသားသူ…ဆရာဧကန္မင္း

လွည္းဆိပ္႐ြာ အိမ္ေျခသုံးရာေက်ာ္သာရွိေသာ
႐ြာငယ္တစ္႐ြာ ျဖစ္သည္။႐ြာ၏ အေရွ႕ဘက္တြင္
ေပငါးဆယ္ခန့္မွ် ျမင့္ေသာ ကုန္းကမူကမ္းရိုးတန္း
တစ္ခု ရွိေနသည္။ အရွည္က ေပသုံးရာမွ်ရွိၿပီး အနံက
ေပႏွစ္ရာနီးပါး က်ယ္သည္။ ထိုကုန္းကမူမ်ားေပၚမွာ
သရက္၊ ပိန္နဲ၊ ပိေတာက္၊ ငွက္ေပ်ာ၊ ကုကၠို၊ မရမ္း
စေသာ အပင္ႀကီးမ်ား စိုက္ပ်ိဳးထားျခင္းေၾကာင့္
ဥယ်ာဥ္ၿခံတစ္ခုႏွယ္ စိမ္းစိမ္းစိုစို ရွိေနသည္။

ၿခံအတြင္းမွာ အဂၤလိပ္ေခတ္က ဗိုလ္တဲတစ္လုံး
ရွိခဲ့သည္။ ထိုၿခံႀကီး၏ မူလပိုင္ရွင္က လွည္းဆိပ္႐ြာမွ
ေျမပိုင္ရွင္ ဦးလူေမာင္ ျဖစ္သည္။

သို႔ေပမယ့္ လြန္ခဲ့ေသာ သုံးႏွစ္ခန့္က ေဆးဆရာႀကီး
တစ္ေယာက္က ထိုဥယ်ာဥ္ၿခံႀကီးကို ေစ်းေကာင္းေပး၍
ဝယ္ခဲ့သည္။ ၿခံႀကီးအတြင္းရွိ ဗိုလ္တဲကိုလည္း
အုတ္ခံပ်ဥ္ေထာင္ ႏွစ္ထပ္အိမ္အျဖစ္ ျပန္လည္ျပင္ဆင္
ေဆာက္လိုက္သည္။ ဥယ်ာဥ္ၿခံႀကီးကိုလည္း
ၿခံခတ္လိုက္သည္။

ဤမွ် အကုန္အက်ခံနိုင္ေသာ ေဆးဆရာႀကီး
ဦးစံကြန့္က ႐ြာက လူမ်ားႏွင့္ အဆက္အဆံမရွိ။
အိမ္ျပင္ေဆာက္ၿပီးမွ လူမ်ားေရာက္လာၿပီး
ေနထိုင္ၾကရာ မိုးမက်ခင္ကမွ ေျပာင္းေ႐ႊ႕ေနထိုင္ျခင္း
ျဖစ္၍ တစ္ႏွစ္ပင္ မရွိေသးေပေခ်။

လွည္းဆိပ္႐ြာသားအားလုံးက လယ္သမားမ်ားျဖစ္သည္။
လွည္းဆိပ္႐ြာႏွင့္ ထိုဥယ်ာဥ္ၿခံက တစ္မိုင္ခြဲခန့္
ကြာေဝးသည္။ လွည္းဆိပ္႐ြာသခၤ်ိဳင္းက ထိုဥယ်ာဥ္ႏွင့္
႐ြာအၾကားမွာရွိသည္။ သခၤ်ိဳင္းက ႐ြာမွ မိုင္ဝက္ခန့္သာ
ေဝးသည္။ လွည္းဆိပ္႐ြာဝန္းက်င္၊ ဥယ်ာဥ္ၿခံဝန္းက်င္မွာ
လယ္ကြက္မ်ားသာ ရွိသည္။

ထိုလယ္ကြက္မ်ားကို လွည္းဆိပ္႐ြာသားတို႔ ပိုင္ဆိုင္ၾကသည္။
လွည္းဆိပ္႐ြာမွာေတာ့ ျမခင္၊ ေအးလွ၊ ခင္မႈံတို႔ သုံးေယာက္က
႐ြာ၏ ကြမ္းေတာင္ကိုင္ေလးမ်ား ျဖစ္သည္။

အသက္ကလည္း ဆယ့္ကိုးႏွစ္ဝန္းက်င္သာ
ရွိၾကေသးသည္။ တစ္ခုေတာ့ ေျပာစရာရွိသည္။
ျမခင္ ၊ ေအးလွတို႔က ႐ြာထဲမွာ ေနၿပီး ပိုက္ဆံ
အသင့္အတင့္ ရွိၾကသည္။ ခင္မႈံက လယ္ကြင္းထဲက
တဲမွာေနသည္။ ခင္မႈံမိဘမ်ားက မခ်မ္းသာ၊
လယ္ပိုင္မရွိ၍ ႏြေမိုးေဆာင္း အလုပ္ရွိသမွ်
မိဘတို႔ႏွင့္ အတူလုပ္ကိုင္ခဲ့သည္။

ခင္မႈံက ဆင္းရဲေပမယ့္ ႐ြာမွာေတာ့ ေကာင္းျခင္းမ်ားစြာႏွင့္
သတင္းေမႊးသူေလးျဖစ္သည္။ သို႔ေၾကာင့္ ခင္မႈံကို
႐ြာကာလသားမ်ားစြာက ပိုးပန္းၾကသည္။

သို႔ေၾကာင့္ ခင္မႈံကို ႐ြာကာလသားမ်ားစြာက ပိုးပန္းၾကသည္။
လယ္ကြင္းထဲသို႔ အလုပ္လာဆင္းၾကေသာ ႐ြာကာလသားမ်ားက
ခင္မႈံကို ျမင္ခ်င္၍ တဲအနီးသို႔ လာရစ္ဝဲၾကသည္။
သူအလုပ္ လုပ္ရာသို႔လည္း မၾကာခဏ ေရာက္လာတတ္သည္။

႐ြာသို႔ အေၾကာင္းကိစၥႏွင့္ သြားပါကလည္း ႐ြာမွ
ကာလသားမ်ား တေကာက္ေကာက္လိုက္၍
ပိုးပမ္းခ်စ္စကား ဆိုၾကသည္။ ခင္မႈံတစ္ေယာက္
ထိုကဲ့သို႔ ကာလသားမ်ား ပိုးပန္းၾကေသာ္လည္း
မေကာင္းသတင္း ထြက္မလာခဲ့။

သို႔ေသာ္ ထိုကာလသားမ်ားအထဲမွ တင္ေဇာ္ဆိုေသာ
လူငယ္ေလးတစ္ေယာက္ကိုေတာ့ ခင္မႈံ အေရးေပး
ဆက္ဆံခဲ့သည္။ ခ်စ္သူအျဖစ္ လက္မခံေသးေပမယ့္
စဥ္းစားပါဦးမည္ဟု ေျပာကာ အခ်ိန္ဆြဲထားခဲ့သည္။

႐ြာတြင္းမွာ ေနထိုင္ၾကေသာ ျမခင္ႏွင့္ေအးလွတို႔က စီးပြားေရး
ေျပလည္သျဖင့္ ပိုးပန္းခ်င္သူမ်ားက အရွိန္အဝါေၾကာင့္
အနီးအနား ကပ္မည္သူ မရွိခဲ့။ ယခု ရက္ပိုင္းအတြင္း
႐ြာတြင္းသို႔ အသက္ (၂၅) (၃၀)ခန့္ အမ်ိဳးသမီးသုံးေယာက္
ဝင္လာလိုက္၊ ႐ြာအႏွံ႕ေလွ်ာက္သြားလိုက္။ ႐ြာျပင္သြားလိုက္ႏွင့္
လူမ်ား ဂ႐ုစိုက္စရာ ျဖစ္လာသည္။

တစ္ေခါက္က ႏွစ္ေခါက္ျဖစ္လာေတာ့ ႐ြာသားမ်ား
သတိျပဳမိလာသည္။ မိန္းမသုံးေယာက္က လုံးႀကီးေပါက္လွ
႐ုပ္ရည္ေျပျပစ္မႈရွိသည္။ မည္သူ႕ကိုမွ မေမး၊ မည့္သည္အိမ္မွ
မဝင္သည့္အတြက္ အထူးအဆန္း ျဖစ္ေနျခင္းျဖစ္သည္။

႐ြာအတြင္းသို႔ မ်က္ႏွာစိမ္းအမ်ိဳးသမီးသုံးေယာက္
ဝင္ထြက္ေနျခင္းေၾကာင့္ လူေတြစိတ္ထဲ ထူးဆန္းေနသကဲ့သို႔
ရွိေနရာက ေနာက္ထပ္ ထူးဆန္းမႈတစ္ခု ရွိေသးသည္

႐ြာအေရွ႕ဘက္မွာ ရွိေသာ ေဆးဆရာႀကီး ဦးစံကြန့္၏
ဥယ်ာဥ္ၿခံႀကီးအေပၚပိုင္းမွာ ငွက္ႀကီးသုံးေလးေကာင္
ပ်ံဝဲေနတာကို ေတြ႕ရသည္ဟု ဆိုသည္။

ထိုငွက္ႀကီးေတြက လင္းတႀကီးေတြဟု ဆိုသည္။

ညေနပိုင္းမွ မိုးခ်ဳပ္စအခ်ိန္ထိ ပ်ံဝဲေနတတ္သည္ဟု ဆိုသည္။

ထိုေနာက္ေတာ့ ထိုေနရာမွေန၍
ေပ်ာက္သြားတတ္သည္။
လယ္လုပ္ရာ လယ္ကြင္းႏွင့္မေဝးသျဖင့္
လူေတြတစ္ေယာက္မဟုတ္ တစ္ေယာက္ကေတာ့
ျမင္ၾကသည္။ ခါတိုင္း ထိုငွက္မ်ားကို မေတြ႕ဘူးၾက၊
ယခုမွ ေတြ႕လာရျခင္းမွာ အသိုက္ရွာရန္
အစာရွာရန္ ေရာက္လာျခင္းဟုသာ သူတို႔
စိတ္ထဲ ေတြးထင္ထားၾကသည္။

ထို႔ေၾကာင့္ ငွက္ႀကီးမ်ားကို ေတြ႕ၾကေပမယ့္
အမွတ္တမဲ့သာ ေနခဲ့ၾကသည္။ ဥယ်ာဥ္ၿခံႏွင့္
တစ္မိုင္ခန့္ အကြာမွာ ႐ြာသခၤ်ိဳင္းရွိသျဖင့္
သခၤ်ိဳင္းအတြင္းက သစ္ပင္ႀကီးမ်ားမွာ
ငွက္ႀကီးမ်ား လာေရာက္ေနထိုင္ျခင္းဟုလည္း
မွတ္ယူၾကသည္။

႐ြာထဲသို႔ မိန္းမသုံးေယာက္ မၾကာမၾကာ
ေရာက္လာၿပီး ေနာက္ပိုင္း သုံးေခါက္ေျမာက္မွာ
႐ြာတြင္းက ကြမ္းေတာင္ကိုင္ ေအးလွတစ္ေယာက္
႐ြာထဲက အတူတူ ထြက္သြားသည္ကို ျမင္လိုက္သူ
ရွိသည္ဟု ဆိုသည္။

ထို႔ေနာက္ တစ္ရက္ ႏွစ္ရက္တိုင္ ႐ြာသို႔ ျပန္လာျခင္း
မရွိေတာ့။ အမ်ိဳးသမီးသုံးေယာက္ႏွင့္ ေအးလွတို႔
႐ြာအေရွ႕ဘက္ကို ထြက္သြားသည္သာ သိၿပီး
ဘယ္သို႔ သြားသည္ကိုလည္း ဘယ္သူမွမသိလိုက္ၾက။
မိဘမ်ားလည္း သမီးေပ်ာက္သည့္အတြက္
စိတ္ဆင္းရဲ ကိုယ္ဆင္းရဲ ျဖစ္ေနသည္။

ထို႔ျပင္ ထူးျခားခ်က္ေတြက ေလ်ာ့မသြားခဲ့၊
ညသန္းေခါင္ေရာက္လွ်င္ သခၤ်ိဳင္းကုန္းအေပၚမွေန၍
ဥယ်ာဥ္ၿခံဘက္ဆီသို႔ မီးလုံးႀကီးေလးလုံး ဝဲပ်ံသြားေနသည္ကို
႐ြာသားတို႔က ေတြ႕ေနရသည္။ ေအးလွေပ်ာက္သြားၿပီး
သုံးရက္ခန့္အၾကာ ခင္မႈံတို႔ တဲအေပၚ လင္းတတစ္ေကာင္
ပ်ံဝဲေနသည္ကို ေတြ႕ရသည္။

ထိုအခ်ိန္ ခင္မႈံတို႔ ရွိရာသို႔ ပိုးပန္းရန္ ေရာက္လာေသာ
တင္ေဇာ္တစ္ေယာက္ ခင္မႈံတို႔ တဲအနီးက သစ္ပင္ေပၚမွာ
နားေနေသာ လင္းတကို ျမင္၍ ခဲလုံးႏွင့္ပစ္လိုက္သည္။
ခဲလုံးက လင္းတကို တည့္တည့္မွန္သြားသည္။
အားမပါသျဖင့္ လင္းတငွက္ႀကီး အထိမနာ၍
မလႈပ္မရွား ရွိေနေလသည္။ထို႔ေၾကာင့္
ခပ္ျပင္းျပင္းထပ္ပစ္ရန္ ခဲႀကီးႀကီးကို ကုန္း၍
ရွာေဖြေနသည္။ ခဲလုံးရသည္ႏွင့္ ခါးကိုဆန့္၍
ပစ္ရန္ အားယူလိုက္သည္။

သူ႕ေနာက္မွ လူတစ္ေယာက္က ပစ္မည့္လက္ကို
ဖမ္းဆြဲလိုက္ျခင္း ခံရသည္။

“ဘယ္သူလဲ လက္ကိုလႊတ္”

“ဟဲ့ေကာင္ ငါဘယ္သူမွတ္လဲ လွည့္ၾကည့္လိုက္စမ္း ”

ခပ္မာမာအသံေၾကာင့္ လွည့္ၾကည့္လိုက္သည္။

“ဟင္ခင္ခင္ဗ်ာဘယ္သူ ”

ဆံပင္ဖားလ်ားခ်လ်က္ မ်က္လုံးနီနီရဲရဲႀကီးႏွင့္
သူ႕အား ျပဴးၾကည့္ေနေသာ
အကၤ်ီအေပၚအနက္ ထမီအနက္ဝတ္ထားေသာ
ေၾကာက္စရာ မိန္းမႀကီးကို ေတြ႕လိုက္သည္။

“နင္က ငါ့ကို ခဲနဲ႕ ပစ္မလို႔ ဟုတ္လား ”

“ခင္ဗ်ားကို မပစ္ပါဘူး လင္းတႀကီးကို ပစ္မွာ”

“အဲဒီလင္းတဟာ ငါပဲ ”

“စြပ္ ”

ေၾကာက္စရာ အမ်ိဳးသမီး၏ ခြၽန္ထက္ေသာ လက္မ်ားက
တင္ေဇာ္၏ ဝမ္းဗိုက္အတြင္း ဝင္သြားေတာ့သည္။
တင္ေဇာ္ဆိုေသာ လူငယ္ေလး ဝမ္းဗိုက္ေပါက္ထြက္ၿပီး
ေနရာမွာပင္ ပြဲခ်င္းၿပီး ေသသြားေတာ့သည္။
ခင္မႈံတို႔ တဲအနီးမွာ ထူးဆန္းစြာ ေသဆုံးေနေသာ
တင္ေဇာ္သတင္းကို ၾကားၿပီး ခင္မႈံ ထိတ္ထိတ္လန့္လန့္
ျဖစ္သြားသည္။

ခင္မႈံေရွ႕က လင္းတႀကီးတစ္ေကာင္ ျဖတ္ပ်ံသြားသည္ကို
ေတြ႕လိုက္သည္။ ထို႔ေနာက္ပိုင္း ခင္မႈံတစ္ေယာက္
မည့္သူကိုမွ စကားမေျပာေတာ့။ မိခင္ မိခင္ကိုလည္း
စကားမေျပာ၊ တစ္ေန႕လုံး ငူငူငိုင္ငိုင္ ထိုင္ေနသည္

XXXXX

ထိုရက္ပိုင္းအတြင္း အထက္အညာမွ ဆရာႀကီးတစ္ေယာက္ႏွင့္
တပည့္တစ္ေယာက္တို႔ လွည္းဆိပ္႐ြာသို႔ ေရာက္လာၾကသည္။
အခ်ိန္က ေမွာင္စျပဳၿပီ။ ဆရာႀကီးအသက္က ေျခာက္ဆယ္ေက်ာ္
ခုႏွစ္ဆယ္ရွိၿပီး အသားျဖဴျဖဴ ခပ္ဝဝပုံမ်ိဳးရွိသည္။

သီလသမာဓိႏွင့္ ျပည့္စုံသူ ျဖစ္ေၾကာင္း ျမင္ယုံႏွင့္
သိနိုင္သည္။ ဆရာႀကီးက အထက္လမ္းပညာကို
အဆင့္ျမင့္စြာ တတ္ထားသူ ျဖစ္သည္။ ဆရာႀကီး၏
ေနာက္လိုက္တပည့္က အသက္ေလးဆယ္ခန့္သာ
ရွိေသးသည္။ ဤလွည္းဆိပ္႐ြာမွ ာ ဆရာႀကီး၏
တပည့္ျဖစ္သူႏွင့္ အသိတစ္ေယာက္ရွိသည္ဟု
ဆိုသည္။ ဆရာႀကီးတပည့္က တင္ေဖဆိုသူ
ျဖစ္သည္။ သူ၏မိတ္ေဆြက ကိုေမာင္ျဖဴဆိုသူ
ျဖစ္သည္။

ကိုေမာင္ျဖဴက လွည္းဆိပ္႐ြာမွ လူပ်ိဳႀကီးျဖစ္သည္။
လြန္ခဲ့ေသာ သုံးႏွစ္ခန့္က မိခင္ ေသဆုံးသြား၍
အိမ္ေထာင္မျပဳဘဲ တစ္ေယာက္တည္း ေနခဲ့သည္။

ဖခင္က သူငယ္စဥ္က ေသဆုံးသြားခဲ့ၿပီျဖစ္သည္။
ဆရာတပည့္ႏွစ္ေယာက္ ကိုေမာင္ျဖဴအိမ္ကို
ေမးျမန္းစုံစမ္းေရာက္လာသည္။

“ဟာ ကိုတင္ေဖပါလား ခင္ဗ်ား က်ဳပ္အိမ္ကို
ဘယ္သူၫႊန္ေပးလိုက္တာလဲ ”

“ဒီလိုပဲ ေမးစမ္းၿပီး ေရာက္လာရတာေပါ့ ”

“ကဲ လာ အိမ္ေပၚလာၾကပါ။ ၿပီးမွ စကားေျပာၾကတာေပါ့”

“ကိုျဖဴ ဒါ က ျုပ်ရဲ့ ဆရာႀကီးပဲ၊ အထက္ဂိုဏ္းေတာ္ႀကီးက
ဆရာတစ္ေယာက္ ဆိုပါေတာ့ ”

” က်ေတာ္လည္း ဆရာႀကီးကို ျမင္ကတည္းက
အဆင့္ျမင့္ ဆရာႀကီးတစ္ေယာက္ဆိုတာ သိပါတယ္
ေရႏြေးေတြ အဆင္သင့္ရွိပါတယ္ ဆရာႀကီး ”

ဆရာႀကီးအား ဖ်ာခင္းေပးၿပီး ေနရာထိုင္ခင္း
ျပင္ဆင္ေပးသည္။ ကိုျဖဴက အတြင္းခန္းထဲ
ဝင္သြားသည္။ ျပန္ထြက္လာေတာ့ လက္ထဲမွာ
လက္ဖက္သုတ္ပန္းကန္ ပါလာသည္။

“ဆရာႀကီးနဲ႕ ကိုတင္ေဖတို႔ကို ခရီးေရာက္မဆိုက္
ေျပာရဦးမယ္၊ အခု ရက္ပိုင္းေတြမွာ ႐ြာမွာေရာ
႐ြာနီးခ်ဳပ္စပ္မွာပါ ထူးျခားမႈေတြ ဆက္တိုက္
ျဖစ္ေနတယ္ ”

“က်ဳပ္တို႔ လာတာလဲ ဒီကိစၥနဲ႕ ဆိုင္တယ္ ”

“ကဲ ေျပာျပပါဦး၊ ခင္ဗ်ားတို႔႐ြာရဲ႕ ထူးျခားခ်က္ ”

“႐ြာထဲကို ဘယ္ကမွန္းမသိတဲ့ အမ်ိဳးသမီး သုံးေလးေယာက္လည္း
ေရာက္ေရာ ႐ြာက မိန္းကေလးတစ္ေယာက္ ေပ်ာက္သြားတယ္ ”

“အဲဒီ မိန္းကေလးက အပ်ိဳ၊ ႐ြာမွာ အေခ်ာအလွတစ္ေယာက္
မဟုတ္လား ”

“ဟုတ္တယ္ဗ်၊ ၿပီးေတာ့ ႐ြာဝန္းက်င္မွာလည္း
လင္းတေတြ ေတြ႕ေနရတယ္။ သခၤ်ိဳင္းေပၚလည္း
မီးလုံးေတြ ေတြ႕လာရတယ္ ေနာက္ၿပီး ရွိေသးတယ္၊
ခင္မႈံဆိုတဲ့ ေခ်ာေခ်ာလွလွ ေကာင္မေလးရဲ႕ ရည္းစား
ေကာင္ေလး လင္းတေတြကို ခဲနဲ႕ ပစ္မလို႔ ႐ုတ္တရက္
ဗိုက္ပြင့္ၿပီး ေသသြားတယ္၊ အဲဒီခင္မႈံက စကားမေျပာေတာ့ဘူး ”

“အင္း အဲဒါစုန္းမေတြ ။ ထမီၿခဳံ လင္းတျဖစ္ စုန္းမေတြ။
ဒီစုန္းမေတြရွိတဲ့ေနရာမွာ သူတို႔ရဲ႕ အရွင္သခင္လင္
ကေဝေကာင္ ရွိတယ္ ကေဝေကာင္က မိန္းမေတြ
တစ္ေယာက္ၿပီးတစ္ေယာက္ ယူတယ္ယူထားတဲ့
မိန္းမေတြကို စုန္းအတတ္သင္ေပးၿပီး သူ႕ရဲ႕
ကိုယ္ရံေတာ္အျဖစ္ ထားတယ္ ဒီ႐ြာက
ေပ်ာက္သြားတဲ့ မိန္းကေလးကိုလည္း သူ႕မယားေတြက
သူ႕လင္အတြက္ ညှုိ့ယူပြီး ေခၚသြားတာပဲ ”

“သူယူတဲ့ မိန္းမေတြက မမ်ားဘူးလား ”

“အခ်ိဳ႕ကေဝႀကီးဆို မိန္းမဆယ္ေယာက္ေလာက္ရွိတယ္ ”

“ဒါဆို ခင္မႈံေလးအတြက္လည္း စိုးရိမ္ရတာေပါ့
သူတဲေပၚမွာ လင္းတေတြ ေရာက္လာၿပီး သူလည္း
စကားမေျပာဘဲ အၿမဲငိုင္ေနတယ္တဲ့”

“ေအးအဲဒီမိန္းကေလးကိုလည္း စုန္းမေတြက
လာညွို႔ထားတာ၊ ဒီရက္ပိုင္းအတြင္း သူလင္ဆီ
ေခၚသြားၾကလိမ့္မယ္ ”

“ဆရာႀကီး ဒီကိစၥေတြ မျဖစ္ေအာင္ ရွင္းလင္းေပးလို႔
မရဘူးလား ”

“ခင္ဗ်ားက အကူအညီေတာင္းတာ ေနာက္က်ေနၿပီ
က်ဳပ္ဆရာႀကီးက ဒီကေဝေကာင္ကို ရွင္းပစ္ဖို႔ အထက္က
ခိုင္းေစခ်က္နဲ႕ ဒီ႐ြာကို ေရာက္လာတာ ”

“ဟင္ အေဝးမွာေနတဲ့ ခင္ဗ်ားတို႔က ဒီ႐ြာမွာ
ကေဝရွိတာ သိလား ”

“သိတာေပါ့ ဒီကေဝက ႏွယ္ႏွယ္ရရ မဟုတ္ဘူး၊
အထက္အညာ ၾကခတ္ေတာ႐ြာသားေတြကို
စိစိညက္ညက္ျဖစ္ေအာင္ သတ္ျဖတ္ႏွိပ္စက္ၿပီး
ေပ်ာက္သြားတာ ဒီ႐ြာမွာ လွ်ို႔ဝွက္ၿပီး လာေန
ထိုင္တာ အထက္ဆရာႀကီးေတြ သိသြားလို႔
အျပစ္ေပး ႏွိမ္နင္းပစ္ဖို႔ ဆရာႀကီးကို တာဝန္
ေပးလိုက္တာ ”

“ဒါေၾကာင့္ ဆရာႀကီးနဲ႕ ခင္ဗ်ားတို႔ ဒီ႐ြာကို
ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္လာတာကိုး
ဘယ္ေတာ့ေလာက္ အလုပ္စလုပ္ၾကမွာလဲ ”

“ၾကာၾကာဆိုင္းလို႔ မျဖစ္ဘူး၊ မနက္ျဖန္ညေနပိုင္း
သူ႕ဝန္းက်င္အနီး အေရာက္သြားၿပီး စီစဥ္စရာ
စီစဥ္မယ္။ မေမွာင္ခင္ လုပ္ငန္း အၿပီးသတ္မယ္ ”

“မင္းရဲ႕မိတ္ေဆြကိုလည္း ဆရာႀကီးတို႔ ေခၚသြားရမယ္ ”

“႐ြာနဲ႕ ကေဝစံအိမ္ကနီးေတာ့ ႐ြာသားေတြ
ေရာက္မလာေအာင္ ေစာင့္ေရွာက္ေပးရမယ္”

“ဘယ္နားမွာ ေနရမယ္ဆိုတာကေတာ့
ဟိုေရာက္မွပဲ အေျခအေနၾကည့္စီစဥ္မယ္ ”

“ဟုတ္ကဲ့ အခုလို လိုက္ခြင့္ေပးတဲ့အတြက္ ဝမ္းသာပါတယ္

“လိုက္တာေတာ့ ဟုတ္ၿပီကြဲ႕ ဘာျမင္ျမင္ မေၾကာက္
မလန့္ ေနနိုင္ရမယ္ ၊ ရွိတဲ့ေနရာက မေျပာင္းမေ႐ႊ႕
မလႈပ္မရွား ေနနိုင္ရမယ္၊ ဒီကိစၥကို ဒီအခ်ိန္က စၿပီး
ဆရာတို႔ သုံးေယာက္လြဲၿပီး ဘယ္သူမွ မသိေစရဘူး ”

“စိတ္ခ်ပါ ဆရာႀကီး၊ က်ေနာ္ ဘယ္သူ႕မွ မေျပာပါဘူး ”

“ဒါနဲ႕ ဆရာႀကီးတို႔နဲ႕ စကားေကာင္းေနလိုက္တာ
စားေရး ေသာက္ေရး စီစဥ္လိုက္ဦးမယ္ ”

“ေနေန၊ ႐ြာကို ဘယ္အခ်ိန္မွ ေရာက္မွန္းမသိလို႔
လမ္းက ေတြ႕တဲ့ထမင္းဆိုင္မွာ ဝင္စားခဲ့ၿပီးၿပီ။
ေနာက္ရက္မွ စားတာေပါ့ ဆရာႀကီးက
သက္သတ္လြတ္ပဲ စားတယ္ ”

“ကဲ ေစာေစာက စကား ျပန္ဆက္ၾကရေအာင္
ဘယ္သူမွ မသိေစခ်င္တာ ကိုယ္က
လက္ဦးမႈရရွိေအာင္လို႔ပဲ၊ ကေဝဆိုတာ
လူေတြကို ဒုကၡေပးတဲ့ အမ်ိဳးအစားသက္သက္ကြ။
သူတို႔စိတ္နဲ႕ မထင္ရင္ လူတစ္ေယာက္တင္မက
တစ္႐ြာလုံးကိုပါ ဒုကၡေပးတတ္တာ ။
လင္းတေတြက ႐ြာရဲ႕အေျခအေနကို အကဲခတ္တာ၊
သူရဲ႕ လင္အတြက္ အႏွောင့္အယွက္မရွိေအာင္
ကင္းေစာင့္ေပးေနတာ ။ သူတို႔လင္ကို အႏွောင့္အယွက္
ေပးမယ့္ လူမွန္သမွ် အသက္စြန့္ၿပီး တိုက္ခိုက္ၾကတာ”

“ဒါဆို က်ေနာ္တို႔႐ြာကို ဒုကၡေပးေတာ့မွာေပါ့၊
အခု လူငယ္တစ္ေယာက္ ေသသြားၿပီ။ မိန္းကေလး
တစ္ေယာက္ ေပ်ာက္သြားၿပီ။ ေနာက္တစ္ေယာက္လည္း
စကားမေျပာေတာ့ဘူး”

“အဲဒီမိန္းခေလးေတြကိုေတာ့ သတ္မျပစ္ပါဘူး
သူတို႔ လင္အတြက္ ေနာက္ထပ္မယား ရွာေပးတာ။
ကေဝလက္ထဲ မေရာက္ခင္ ၊ ကေဝမေတြက
သူတို႔လက္ေအာက္မွာ ထားရင္း ေဆးတိုက္ၾကတယ္
ကေလးမေတြက စုန္းမေတြ တိုက္တဲ့ ေဆးေသာက္ၿပီးရင္
သူတို႔ဘယ္ေနရာ၊ ဘယ္အရပ္လာတယ္ ဘယ္သူ႕
သားသမီးဆိုတာအစ ေနာက္ပိုင္းကို ျပန္မသိေတာ့ဘူး ။
ၿပီးေတာ့ ကေဝပညာေတြ သင္ေပးၾကတယ္။
ကေဝႀကီးကလည္း သူ႕ပညာစက္ေတြ ေဝမွ်ေပးၿပီး
သင္ေပးလိမ့္မယ္၊ အဲဒီေနာက္ပိုင္း ကေဝမယား
ျဖစ္ၿပီး စုန္းမတစ္ေယာက္ ျဖစ္သြားလိမ့္မယ္ ”

“ကေလးမေတြအတြက္ အခ်ိန္မီေကာင္းပါရဲ႕ ”

“ကဲကဲဘုရားရွိခိုးၿပီး အိပ္ၾကကြဲ႕ဆရာႀကီးလည္း
ပုတီးခဏစိပ္လိုက္ဦမယ္ ”

သို႔ျဖင့္ ဆရာႀကီးက အိပ္ခိုင္းလိုက္သျဖင့္ ကိုျဖဴႏွင့္
ကိုတင္ေဖတို႔ ဘုရားရွိခိုးၿပီး ဆရာႀကီးကို ရွိခိုးကာ
အိပ္ရာျပင္လိုက္ေတာ့သည္။

ဆရာႀကီးက ဘုရားစင္မွာ ဖေယာင္းတိုင္မီးပူေဇာ္ၿပီး
ပုတီးထိုင္စိပ္ေနပါေတာ့သည္။

XXXXX

ေန႕ ႏွစ္နာရီမထိုးခင္၊ ကိုျဖဴတို႔ အိမ္မွာ ဆရာတပည့္
သုံးေယာက္ ထြက္ခဲ့ၾကသည္။

ေဆးဆရာႀကီး ဦးစံကြန့္ပိုင္ ဥယ်ာဥ္ၿခံႏွင့္ ႐ြာက
သိပ္မေဝးလွ။ ႐ြာႏွင့္ သခၤ်ိဳင္းအလြန္မွာ ထိုဥယ်ာဥ္ၿခံႀကီးရွိသည္။
ဆရာႀကီးက ထိုဥယ်ာဥ္ပိုင္ရွင္ ေဆးဆရာႀကီးဦးစံကြန့္သည္သာ
ကေဝႀကီးျဖစ္နိုင္ေၾကာင္း ေျပာျပသည္။

အေျခအေနကို အကဲခတ္ၿပီး သခၤ်ိဳင္းအလြန္
ခ်ဳံတစ္ခုအတြင္းမွာ ေမာင္ျဖဴကို ေနရာခ်ထားေပးသည္။

“ေမာင္ျဖဴ ဒီခ်ဳံထဲကေနၿပီး ပတ္ဝန္းက်င္ကို
ေထာက္လွမ္းအကဲခတ္ေန၊ ၿငိမ္ၿငိမ္ေန၊ မင္းရွိေနတာသိရင္
ကေဝမေတြ ခ်က္ခ်င္း ေရာက္လာလိမ့္မယ္
ဆရာႀကီး မင္းအတြက္ လုံၿခဳံတဲ့ စည္းခ်မႏၱန္႐ြတ္ၿပီး
စည္းခ်ေပးထားမယ္ ဥယ်ာဥ္ဘက္ကို လယ္သမားေတြ
လာတာေတြ႕ရင္ ခ်ဳံထဲကေန လွမ္းေခၚၿပီးထား၊
ဘယ္သူမွ မလာေစနဲ႕ မင္း ေၾကာက္ေနလား”

“မေၾကာက္ပါဘူးဆရာ၊ စိတ္ခ်လက္ခ်သြားပါ ”

“ကဲ ေမာင္တင္ေဖ၊ ဆရာႀကီးတို႔ သြားၾကမယ္ ”

ခဏၾကာေတာ့ ဥယ်ာဥ္ၿခံနီးသို႔ ေရာက္သြားၾကသည္။
ခ်ဳံပုတ္တခ်ဳံအနီး ေနခို၍ ဥယ်ာဥ္ၿခံကို အကဲခတ္
ေလ့လာေနလိုက္သည္။ သူတို႔ ထိုင္၍မွ မၾကာခင္
ေကာင္းကင္မွာ လင္းတေလးေကာင္ လွည့္ပတ္ပ်ံသန္း
ေနသည္ကို ေတြ႕လိုက္သည္။

“ေမာင္တင္ေဖကေဝမေတြ ဆရာႀကီးတို႔ကို
လွည့္ပတ္ရွာေနၾကတယ္ ”

လင္းတမ်ား ဆရာႀကီးတို႔ ရွိရာဘက္သို႔ ပ်ံသန္းလာသည္ကို
ေတြ႕လိုက္သည္။

“သတိထား ဆရာတို႔ကို ေတြ႕သြားပုံရတယ္ ”

“ဆရာ လင္းတေတြ ျပန္လွည့္သြားၿပီ ”

“ေဟာ ေဟာ အိမ္ႀကီးထဲ ဝင္သြားၾကၿပီ”

“လာ ဥယ်ာဥ္ထဲေရာက္ေအာင္သြားမယ္ သူတို႔ကို
မေတြ႕ေအာင္ ေရွာင္ေနလို႔ မျဖစ္ဘူး၊ ထိပ္တိုက္ရင္ဆိုင္ရမယ္ ”

ဆရာႀကီးႏွင့္ ကိုတင္ေဖလည္း ဥယ်ာဥ္ၿခံထဲေရာက္
သြားၾကသည္။ သူတို႔ပိုင္နက္ထဲ ေရာက္သြားခဲ့ၿပီ။
ၿခံထဲေရာက္ကာစပဲ ရွိေသးသည္။ အိမ္ႀကီးအတြင္းမွ
အမ်ိဳးသမီးေလးေယာက္ ထြက္လာသည္။

အားလုံး အေပၚေအာက္ အနက္ေရာင္ တူညီဝတ္စုံမ်ား
ဝတ္ထားၾကသည္။ မိန္းမေလးေယာက္လုံး အသက္
သုံးဆယ္ေက်ာ္ အ႐ြယ္မ်ား ျဖစ္သည္။ သူတို႔ေလးေယာက္
ဆရာႀကီးကို စိမ္းစိမ္းဝါးဝါးစိုက္ၾကည့္ေနၾကသည္။

သူတို႔ေလးေယာက္လုံး လက္ဝါးခ်င္းပြတ္ၿပီး
ဆရာႀကီးထံ ႐ုတ္တရက္ လက္ဝါးျဖန့္ၿပီး
တြန္းထည့္လိုက္သည္။

အလင္းတန္းေလးခုက ဆရာႀကီးထံ ဝင္းခနဲ
ေျပးဝင္လာသည္။

ဆရာႀကီးကလည္း ကေဝမတို႔၏ အႀကံကို သိသျဖင့္
အလင္းတန္းမ်ား ေျပးအလာ ဆရာႀကီးလက္ထဲက
ေဆးေတာ္ႏွင့္ တန္ျပန္ပစ္လိုက္သည္။

“ဝုန္း ”

ကေဝမေတြ ပစ္လိုက္ေသာ ပညာစက္ႏွင့္ ဆရာႀကီး၏
ေဆးေတာ္ထိခ်က္ေၾကာင့္ က်ယ္ေလာင္ေသာအသံႀကီး
ထြက္သြားၿပီး ကေဝမေတြ ေနာက္သို႔ ပစ္လဲက်ကဳန္သည္။

ကေဝမေတြ ဘာမွမလႈပ္ရွားနိုင္ခင္ ဆရာႀကီးက
လက္ဦးမႈ ယူကာ သတ္ျဖတ္အင္းႏွင့္ ဆက္တိုက္
ပစ္သြင္းလိုက္သည္။ ကေဝမမ်ား ဘာမွ ျပန္မလႈပ္ရွား
နိုင္ခင္မွာပင္ သတ္ျဖတ္အင္း အစြမ္းေၾကာင့္

“ဝုန္း ”

ဒုတိယအႀကိမ္ ျမည္သံႀကီး ထြက္ေပၚလာကာ
ကေဝမေလးေယာက္ လဲေနရာမွ မထနိုင္ေတာ့ဘဲ
ခႏၶာကိုယ္မ်ား မီးစြဲကာ ေတာက္ေလာင္ကုန္သည္။

“ဆရာႀကီး ကေဝမေလးေကာင္ ေသကုန္ၿပီ
ကေဝေကာင္ကို ဘယ္လိုလုပ္မွာလဲ သူ
အျပင္ကိုေရာ ထြက္လာပါ့မလား ”

“ထြက္လာပါလိမ့္မယ္သူလိုကေဝမ်ိဳးကို
ဘယ္သူကို႔မွ မႈတဲ့အစားမ်ိဳး မဟုတ္ဘူး
ခဏေလးေစာင့္ ”

“ေဝါင္း ေဝါင္း ”

အိမ္ႀကီးအတြင္းမွ က်ားဟိန္းသံႀကီး ၾကားလိုက္ရသျဖင့္
ဆရာႀကီးက ေဘးလြယ္အိတ္အတြင္းသို႔ လက္ႏွိုက္လိုက္သည္။
လက္ကို ျပန္ႏႈတ္လိုက္သည့္အခါမွေတာ့ လက္ထဲမွာ
က်ားျဖဴ႐ုပ္ကေလးတစ္႐ုပ္ ပါလာသည္။

ဆရာႀကီးက က်ားျဖဴေလးကို လက္ေပၚတင္ၿပီး
မႏၱာန္မန္းမႈတ္လိုက္သည္။

ဆရာႀကီး၏ လက္ထဲက ရိပ္ခနဲ ေအာက္သို႔ ခုန္ဆင္းသြားသည္ကို
ေတြ႕လိုက္ၿပီး ေအာက္ေရာက္သည္ႏွင့္ က်ားျဖဴႀကီးတစ္ေကာင္
ျဖစ္သြားသည္။ အိမ္ႀကီးအတြင္းသို႔ လွစ္ခနဲ ေျပးဝင္သြားသည္။

“ေဝါင္း ေဝါင္း ေဝါင္း ”

အိမ္ႀကီးထဲမွာ က်ားႀကီးႏွစ္ေကာင္ ဆုံေတြ႕ၿပီး
တိုက္ခိုက္ေနၾကပုံရသည္။

“ေဝါင္း ေဝါင္း ဝုန္းဝုန္း ဝုန္း ”

“ေဝါင္း ေဝါင္း ”

က်ားႀကီးႏွစ္ေကာင္ သည္းႀကီးမည္းႀကီး ကိုက္ျဖတ္ေနပုံရသည္။
ခဏအၾကာ အိမ္ႀကီးအတြင္းမွ က်ားျဖဴႀကီးႏွင့္ က်ားဝါႀကီး
ႏွစ္ေကာင္ လုံးေထြးၿပီး ထြက္လာၾကသည္။

ထို႔ေနာက္ တစ္ေကာင္ႏွင့္တစ္ေကာင္ ကိုက္ဖဲ့ေနရာမွ
လြတ္ထြတ္သြားသည္။ ထိုအခါ ဆရာႀကီးက
လက္ျဖန့္လိုက္သည္။ ဆရာႀကီး လက္ေပၚသို႔
က်ားျဖဴႀကီးအျဖစ္မွ ျပန္ေျပာင္းေရာက္ရွိလာသည္။

ဆရာႀကီးေရွ႕မွာေတာ့ က်ားဝါႀကီးတစ္ေကာင္က
မာန္ေစာင္းၿပီး စိုက္ၾကည့္ေနသည္။

ပါးစပ္က တဟီးဟီး ေအာ္ေနသည္။

ထိုအခ်ိန္မွပဲ က်ားအသြင္က လူအျဖစ္ ျပန္ေျပာင္း
သြားသလို ကေဝႀကီးက ဆရာႀကီးကို မထီေလးစားဟန္ႏွင့္
ၾကည့္ၿပီး

“ဆရာစုတ္ မင္းက ၊ ငါ့အလုပ္ကို လာႏွောင့္ယွက္ေနတယ္
ဒီေနရာက အသက္နဲ႕ ခႏၶာၿမဲၿပီး ျပန္မသြားေစရဘူး ”

ကေဝေကာင္၏ ပါးစပ္အတြင္းက အေရာင္တလက္လက္
ထြက္လာၿပီး ဆရာႀကီးထံသို႔ အလင္းေရာင္ႀကီး
ေျပးဝင္လာသည္။ ဆရာႀကီးလည္း ထိုသို႔
ျဖစ္မည္ကို ႀကိဳတင္သိထားသျဖင့္၊ လက္ထဲမွာ
အသင့္ကိုင္ထားေသာ အင္းတစ္ခ်ပ္ျဖင့္
ကေဝမီးစက္အတြင္း ပစ္သြင္းလိုက္သည္။

“ဝုန္း ”

မိုးႀကိဳးပစ္လိုက္သကဲ့သို႔ အသံႀကီး ထြက္လာၿပီး
အခိုးအေငြ႕မ်ားျဖင့္ ဖုံးလႊမ္းလို႔သြားသည္။

မီးခိုးေတြ ၾကားထဲက ကေဝႀကီး ထလာသည္။

႐ုတ္တရက္ လက္ဆန့္ၿပီး ဆရာႀကီးထံ
မီးစက္ကြင္း လႊတ္လိုက္သည္။ မီးအလင္းေရာင္က
ဆရာႀကီးထံ မေရာက္၊ သူ႕အနီးမွာပင္ ရပ္တန့္သြားသည္။
ဆရာႀကီး ပစ္လႊတ္လိုက္ေသာ ပညာမ်က္အင္းေတာ္ႀကီး
အစြမ္းက ထိေရာက္လွသည္။

ကေဝႀကီးမ်က္ႏွာ တစ္ခ်က္ပ်က္သြားသည္။

“ကေဝေကာင္ မင္းမွာ ဘာပညာစက္မွ မရွိေတာ့ဘူး၊ မင္းမွ
ဘာအစြမ္းအစမွ မရွိေတာ့ဘူး ၊ မင္းရဲ႕ အေစအပါး
မင္းမယားေတြလည္း ေသကုန္ၿပီ ”

“ဟဲ့ မေလာက္ေလးမေလာက္စား ပညာေလးနဲ႕
ငါ့ကို နိုင္မယ္တဲ့လား၊ မင္းကို ငါက ဘာေၾကာင့္
ေၾကာက္ရမွာလဲ၊ ငါရဲ႕ ပညာေတြ လုံးဝမစြန့္လႊတ္နိုင္ဘူး၊
မင္းလက္ေအာက္မွာ အရႈံးေပးမယ့္အစား ၊
ငါ့ကိုငါ သတ္ေသပစ္လိုက္မယ္ ”

ကေဝေကာင္က အိမ္ထဲ ျပန္ေျပးဝင္ရန္
ေျခလွမ္းျပင္လိုက္သည္။

“ေဟ့ ကေဝေကာင္ မင္း ဘယ္ေျပးမလို႔လဲ၊
မင္းတို႔လို ဆန္ကုန္ေျမေလးေကာင္ေတြကို
လူ႕ေလာကမွာ ထားလို႔မျဖစ္ဘူး၊ ငရဲျပည္ကို
တစ္ခါတည္း ပို႔ေပးမယ္ ”

ဆရာႀကီးက လြယ္အိတ္ထဲမွ ႏွိုက္ယူထားေသာ
ကေဝသတ္ျဖတ္အင္းေတာ္ႀကီးႏွင့္ ကေဝႀကီး၏
ေနာက္ေက်ာကို လွမ္းပစ္လိုက္သည္။

“ဝုန္း ”

အလင္းေရာင္မ်ိဳးစုံ ျဖာထြက္သြားၿပီး ကေဝႀကီး
တစ္ကိုယ္လုံး ေလာင္မီးက်သကဲ့သို႔ ျဖစ္ကာ
တဝုန္းဝုန္း ေလာင္ရင္း ျပာက်သြားပါေတာ့သည္။

ခဏမွ် ေစာင့္ၾကည့္ေနၿပီးမွ ဆရာႀကီးက

“ကဲ ေမာင္တင္ေဖ အိမ္ႀကီးထဲ ဝင္ႀကီးစမ္း။
႐ြာက ေခၚထားတဲ့ မိန္းကေလးေတြ ရွိေသးလား
ကေဝပဲ ျဖစ္သြားၿပီလား သြားၾကည့္စမ္း
မိန္းကေလးေတြ ေတြ႕ရင္ မ်က္ႏွာကို ဒီနတ္ေရစင္နဲ႕
ေတာက္လိုက္ ၿပီးရင္ ဆရာ့ဆီ ေခၚလာခဲ့။
အျခားဘယ္သူေတြ ရွိေသးလဲ၊ နည္းနည္းပါးပါး
ေလ့လာအကဲခတ္ ခဲ့”

တင္ေဖတစ္ေယာက္ အိမ္ႀကီးထဲ ဝင္သြားသည္။
အခန္းတစ္ခန္း ႏွစ္ခန္းခန့္ ရွာေဖြလိုက္သည့္အခါမွာ
အခန္းအတြင္းမွာ ေငးေငးငိုင္ငိုင္ ထိုင္ေနေသာ
မိန္းကေလးကို ေတြ႕လိုက္သည္။

တင္ေဖတစ္ေယာက္ အခန္းထဲ ဝင္လာေသာ္လည္း
စိုးရိမ္ေၾကာက္လန့္ဟန္မျပ။ သို႔ေၾကာင့္ တင္ေဖက
နတ္ေရစင္ပုလင္းဖြင့္ၿပီး ေရအနည္းငယ္ႏွင့္ မ်က္ႏွာကို
ေတာက္လိုက္သည္။

နတ္ေရစင္ထိသြားသည္ႏွင့္ အိပ္ရာမွ လန့္နိုးသကဲ့သို႔
ျဖစ္ၿပီး စိတ္ႏွင့္ ခႏၶာ အသိကပ္သြားေတာ့သည္။

“က်မ ဘယ္ေရာက္ေနတာလဲ ”

“လာ အျပင္ထြက္ခဲ့၊ မင္းဘယ္သူ႕ကိုမွ ေၾကာက္လန့္စရာ
မလိုေတာ့ဘူး၊ အျပင္ေရာက္မွ ရွင္းျပမယ္၊ လာ ျမန္ျမန္ ”

တင္ေဖက ေရွ႕ကထြက္ၿပီး၊ မိန္းကေလးက
ေနာက္က အျမန္ေလွ်ာက္လိုက္လာခဲ့သည္။
ဆရာႀကီးထံေရာက္ေတာ့ ဆရာႀကီးပါးစပ္က
မန္းမႈတ္ၿပီး အမိန့္ျပန္လိုက္သည္။

“ငါဆရာအမိန့္ မိန္းကေလးမွာ ကပ္ၿငိေနတဲ့
ပေယာဂမွန္သမွ် ကင္းစင္ပေပ်ာက္ၿပီး
မူလအတိုင္း ျပန္ျဖစ္ေစ ”

“ကဲ ေမာင္တင္ေဖ၊ ဒီကေလးမေလးကို
သူတို႔႐ြာသားေမာင္ျဖဴ လက္ကို အပ္ၿပီး
သူ႕အိမ္ကို ျပန္ပို႔ခိုင္းလိုက္ ”

မိန္းကေလးလည္း အသိစိတ္ ပုံမွန္ျဖစ္လာၿပီး
ကိုတင္ေဖေခၚရာေနာက္မွ လိုက္သြားသည္။

ကိုျဖဴလည္း ကိုတင္ေဖတို႔ကို ေတြ႕သျဖင့္ ခ်ဳံအတြင္းမွ
ထြက္လိုက္သည္။ ကိုတင္ေဖက မိန္းကေလးအား
ကိုေမာင္ျဖဴထံ အပ္လိုက္သည္။

“ကဲ ကိုျဖဴ ဒီကေလးမေလး အေတာ္ကံေကာင္းသြားတယ္
ခင္ဗ်ား သူ႕မိဘေတြဆီ ေခၚသြားၿပီး အပ္လိုက္ပါ ”

“ဒါဆို ေအးလွဆိုတဲ့ ပထမဆုံးေပ်ာက္သြားတဲ့
ကေလးမေလးက ေသသြားၿပီေပါ့ ဟုတ္လား ”

“ဒါ ခင္ဗ်ားေျပာတဲ့ ေအးလွ မဟုတ္ဘူးလား ”

“သူက ခင္မႈံ စကားမေျပာဘဲ ငူငူငိုင္ငိုင္ျဖစ္ေနတယ္ဆိုတဲ့
မိန္းကေလးက သူပဲ ”

ထိုစဥ္ ဆရာႀကီးက အနီးသို႔ ေရာက္လာသည္။

“ေမာင္တင္ေဖ မင္း အခန္းေတြအႏွံ႕ ေသေသခ်ာခ်ာ ၾကည့္ခဲ့လား၊
မင္းတို႔ ႐ြာသူေတြက ဒီရက္ပိုင္းေလးနဲ႕ ကေဝမတစ္ေယာက္
လိုေတာ့ အစြမ္းထက္ျမက္ဦးမယ္ မထင္ဘူး။ ပညာေဝမွ်တုန္းပဲ
ျဖစ္မယ္ ။ ဆရာ့ ဆႏၵအတိုင္းဆိုရင္ေနာက္တစ္ေခါက္
သြားရွာေစခ်င္ေသးတယ္ ဒီမိန္းကေလးကို
မင္း ဘယ္က ေတြ႕ခဲ့တာလဲ ”

“ေအာက္ထပ္ အခန္းတစ္ခုထဲကပါ ”

“အေပၚထပ္ကို တက္မရွာခဲ့ဘူးလား ”

“မရွာမိဘူး ဆရာႀကီး၊ ကိုျဖဴေျပာတာက
ေအးလွကို ကေဝမေတြ ေခၚသြားတာပဲ သိထားတာ”

“ေအး ခုနမိန္းကေလးက ဒီမနက္ပိုင္းမွ
ညွို႔ၿပီး ေခၚလိုက္တာျဖစ္မယ္ ။ ဒါေၾကာင့္
ေမာင္ျဖဴ မသိလိုက္တာ ။ ဆရာ ေသေသခ်ာခ်ာ
မွာလိုက္တာပဲ၊ အခန္းတိုင္းရွာခဲ့ရမွာ ကဲ
အေပၚထပ္ကို တစ္ေခါက္သြားရွာလိုက္ပါဦး”

“ဒါဆို က်ေနာ္ သြားလိုက္ပါ့မယ္ ”

“ဆရာႀကီး ခင္မႈံကို ၾကည့္ထားေပးလို႔
ရမယ္ဆိုရင္ က်ေနာ္ပါ လိုက္သြားေပးပါ့မယ္ ”

အခ်ိန္က ညေနငါးနာရီခန့္ရွိၿပီး သခၤ်ိဳင္းကုန္းႏွင့္
နီးသျဖင့္ မိန္းခေလးကို တစ္ေယာက္တည္း
ျပန္လႊတ္၍ မျဖစ္။

“ကဲ ကဲ ေမာင္တင္ေဖနဲ႕ ေမာင္ျဖဴတို႔ အိမ္ထဲ
အျမန္ သြားၾကည့္ၾက၊ ေတြ႕ရင္ ေရစင္နဲ႕ မ်က္ႏွာကို
ေတာက္လိုက္ ပါးစပ္က အထက္ဆရာႀကီးမ်ားအမိန့္နဲ႕
မူလအတိုင္း ျပန္ျဖစ္ေစလို႔ ေျပာၿပီး ဒီကို ျပန္ေခၚခဲ့ၾက
သြားၾကေတာ့ ”

ကိုတင္ေဖတို႔လည္း ကေဝႀကီး၏ ႏွစ္ထပ္အိမ္ႀကီးဆီသို႔
တစ္ေခါက္ျပန္သြားၾကသည္။

တိုက္ႀကီးအေပၚထပ္သို႔ ေရာက္ခဲ့သည္။
ႏွစ္ေယာက္ခြဲၿပီး အခန္းမ်ားအတြင္း ရွာၾကသည္။

အေပၚထပ္ရွိ ကေဝမႀကီး၏ ခန္းနားလွေသာ
အိပ္ခန္းေဘးမွာ ေသာ့ခတ္ထားေသာ
အခန္းတစ္ခန္းကို ေတြ႕လိုက္သည္။

ေသာ့ကို အျပင္က ရိုက္ဖ်က္လိုက္သည္။

သူတို႔ ေတြ႕လိုက္ရသည္က ကုတင္ေပၚမွာ
ေကြးေကြးေလး အိပ္ေပ်ာ္ေနေသာ ေအးလွဆိုသည့္
မိန္းကေလး ျဖစ္ေနသည္။ ကိုျဖဴက ေအးလွအား
လႈပ္နိုးလိုက္သည္။ ကိုတင္ေဖက ေအးလွ
နိုးလာသည္ႏွင့္ မ်က္ႏွာကို နတ္ေရစင္ျဖင့္
ေတာက္လိုက္သည္။

ဆရာႀကီးမွာလိုက္သည့္အတိုင္း အမိန့္ျပန္လိုက္သည္။

ေအးလွလည္း အိပ္မက္က လန့္နိုးသူတစ္ေယာက္ကဲ့သို႔
ကုတင္ေပၚမွ ထလာသည္။

“လာ အခ်ိန္မရွိဘူး အျပင္မွာ ဆရာႀကီး ရွိတယ္
သြားၾကမယ္ ”

မၾကာခင္မွာပင္ ဆရာႀကီးႏွင့္ ခင္မႈံတို႔ အနီးသို႔
ျပန္ေရာက္လာၾကသည္။

ဆရာႀကီးကလည္း ခင္မႈံႏွင့္ ေအးလွတို႔ကို
မန္းမႈတ္ ႐ြတ္ဖတ္ေပးေနသည္။

“ကဲဘာမွ မျဖစ္ေတာ့ဘူး၊ စိတ္ခ်လက္ခ်သာ
ေနၾကေပေတာ့ ”

ထို႔ေနာက္ေတာ့ ဆရာႀကီးအား ေမာင္ျဖဴ၏အိမ္သို႔
ျပန္ပို႔လိုက္ၿပီးေမာင္ျဖဴႏွင့္တင္ေဖတို႔ႏွစ္ဦးက
မိန္းကေလးႏွစ္ေယာက္၏ မိဘမ်ားအိမ္သို႔ လိုက္ပို႔ေပးသည္။

စိတ္ပူေနၾကေသာ မိဘေဆြမ်ိဳးသားခ်င္းမ်ားလည္း
ဝမ္းသာေပ်ာ္႐ႊင္သြားၾကသည္။

ထိုည ကိုေမာင္ျဖဴႏွင့္ ကိုတင္ေဖတို႔အား ေကြၽးေမြးျပဳစု
ေနသျဖင့္ ေတာ္ေတာ္ႏွင့္ အိမ္ျပန္မေရာက္ၾက။
ေနာက္ေန႕ မိုးလင္းသည္ႏွင့္ ေအးလွမိဘမ်ားႏွင့္
ခင္မႈံမိဘမ်ား ႐ြာလူႀကီးမ်ား ဆရာႀကီးကို
ကန္ေတာ့ရန္ ေရာက္လာၾကသည္။

ဆရာႀကီးလည္း ႐ြာသူ႐ြာသားမ်ား၏ အကန္ေတာ့ကို
ခံယူ၍ ႐ြာသားမ်ား ေက်နပ္ေအာင္ တစ္ရက္ခန့္
ေနၿပီး ေနာက္ရက္မွာ ထို႐ြာမွ ျပန္ခဲ့ေတာ့သည္။

ဆရာ ဧကန္မင္း ေရးသည္ က်တ္တစ္ေဆမ်ားနဲ႕ မဖဲဝါ
စာအုပ္မွ စာဖတ္သူကို လက္ခ ျပန္လည္ေဝမွ်ကူးေပးထားသည္။

ၿပီးပါၿပီ

Credit

စာဖတ္သူမ်ား စိတ္႐ႊင္လန္းပါေစ

Leave a Reply

Your email address will not be published. Required fields are marked *

Related Post



အောင်မြတ်သာနှင့်ဆံဖြူ ကဝေမ (စ/ဆုံး) အရီးထွေး .. လုပ်ပါဦး သာဂိ ဘာဖြစ်လဲမသိဘူး ပါးစပ်ထဲကအမြုပ်တွေထွက်ပြီး မျက်ဖြူ စိုက်နေပီ။ ဘယ်လိုဖြစ်တာလဲဟယ် နေ့လည်ကတောင် အကောင်းကြီး မသိဘူး.ပါးစပ်ကလဲ အမွှေးစုတ်ဖွားနဲ့ကောင် ငါ့နားမလာနဲ့ဆိုပြီး.ကယောင်ကတမ်းတွေ အော်နေတယ် အေး အေး ငါလာခဲ့မယ်ဆိုပြီး သာဂိအိမ်ကို.ထွက်လာတော့. လူတွေအုံကျင်းနေတာပဲ …. လူတွေ ဖယ်ကြ ဖယ်ကြ… သာဂိကိုကြည့်တော့ တစ်စုံတစ်ခုကို ထိန့်လန့်နေသလိုလို



ဆယ့်နှစ်ကြိုး ကဝေ(စ/ဆုံး) ပြွန်တန်ဆာမြို့တောင်ဘက် မြို့နှင့် တစ်ဆက် တည်းရှိနေသော အိမ်ခြေနှစ်ထောင် ကျော်ရှိ သည့် ချောင်းရင်းရွာ။ ယခင်က ထိုရွာကြီးမှာ နေထိုင်ကြသော ရွာသားအားလုံးနီးပါး လယ် ယာလုပ်ငန်းဖြင့် အသက်မွေးမြူကြသည်။ နောက်ပိုင်းမှာတော့ ရွာရှိအိမ်ထောင်စု သုံးပုံ တစ်ပုံလောက် လယ်ယာအလုပ်ကို စွန့်လွှတ် ပြီး ခြံအလုပ်ကိုသာ အသက်မွေးဝမ်းကြောင်း ပြုကြသည်။ ခြံများက ကျယ်ဝန်းလှသည်ဖြစ် ၍