အောင်မြတ်သာနှင့်အကဲစမ်းသောပညာရှင်များ

#စာရေးဆရာ-ဇေယန(ရာမည)

လောင်စာအားကောင်းတဲ့ ထင်းရှူးသားကိုထည့်ထားတာကြောင့် မီးပုံကြီးက အရှိန်အဟုန်ကောင်းစွာ တောက်လောင်နေခဲ့တယ်။ မီးပုံရဲ့ဘေးပတ်ပတ်လည်မှာတော့ အညာစောင်ကြမ်းတွေကို ခြုံပီးထိုင်နေကြတဲ့ လူလေးယောက်ရှိနေခဲ့တယ်။

” မယ်စံက အခုထိမလာသေးဘူးလား… အချိန်လဲကြည့်ဦး”

” သေချာပြောထားရဲ့သားနဲ့ ဘာလို့နောက်ကျနေလဲမသိပါဘူး”

မီးပုံဘေးမှာထိုင်နေကြတဲ့သူတွေရဲ့ ကြွက်စိကြွက်စိစကားကြောင့် အညာချည်စောင်အနက်ကိုခေါင်းမြှီးခြုံထားတဲ့ မိန်းမအိုကြီးက ညာဘက်လက်ကိုထုတ်ကာ ဝှေ့ယမ်းလိုက်ချိန် သေလုဆဲဆဲဖြစ်နေတဲ့ မီးပုံကနေ
လူတစ်ရပ်ခန့်ရှိတဲ့ မီးတောက်တစ်ခု ဟုန်းခနဲထတောက်လာခဲ့တယ်။

” မယ်စံ… မယ်စံ… ဒင်းက ငါ့ကိုတောင်လှည့်ဖျားသွားခဲ့တာကိုး”

” အမေကြီး… မယ်စံ ဘာဖြစ်လို့လဲ”

” နင်တို့သိချင်ရင် ဒီမှာကြည့်”

မိန်းမအိုကြီးက အရေပြားတွေတွန့်လိပ်နေတဲ့ လက်ညိုးနဲ့ မီးတောက်ကိုကွင်းပြလိုက်ရာ အဟုန်ညီးညီးတောက်လောင်နေတဲ့ မီးပုံထဲမှာ မယ်စံရဲ့ပုံရိပ်ထွက်ပေါ်လာခဲ့တယ်။ သူ့ဘေးမှာတော့ သာမန်အရပ်သားတစ်ယောက်က ရယ်မောရွှင်မြူးနေတဲ့ဟန်နဲ့ စကားတွေပြောနေတာကိုလဲမြင်တွေ့လိုက်ရတယ်။

” ဒင်း ဒင်းက လူစိမ်းယောင်္ကျားတစ်ယောက်နဲ့ ပျော်မွေ့နေပါလား…. အမေကြီးရဲ့ အခွင့်ရေးပေးမှုကို အသုံးချသွားတာ”

” သေချာတာပေါ့ … မယ်ဘွားရယ်… ငါတို့အားလုံးကို ပမာမခန့်လုပ်သွားတာ”

” အားလုံးတိတ်စမ်း…. ဒီည နယ်မြေခွဲဝေပေးဖို့ကိစ္စကို ငါဆုံးဖြတ်ပေးမယ်.. မယ်ဘွားက ဖုန်းဆိုးကုန်းနဲ့ လေသာကုန်းနှစ်နယ်ကိုတာ၀န်ယူလိုက်… ငဆောင်းက ထန်ခြောက်ကုန်းနယ်ကိုယူ… မယ်လွန်းက ဘုရားငုတ်တိုနယ်ကိုယူ… … ဒီနယ်တွေထဲမှာဖြစ်တဲ့ကိစ္စတွေအကုန် နေ့စဉ်ငါ့ဆီကိုအကြောင်းပြန်ရမယ် ကြားလား”

မိန်းမအိုကြီးရဲ့စကားကြောင့် မီးပုံဘေးမှာထိုင်နေကြတဲ့သူတွေဆီကနေ ” ဟုတ်ကဲ့အမေကြီး”ဆိုတဲ့ အသံတွေသံပြိုင်ထွက်ပေါ်လာခဲ့တယ်။

” အမေကြီး…. မယ်စံကိစ္စ ဘယ်လိုလုပ်မလဲ…”

” နင်တို့စိတ်ပူစရာမလိုဘူး… ငါဆိုတဲ့မိန်းမက သစ္စာဖောက်သွားတဲ့ သူကို အရှင်ထားတာမြင်ဖူးလို့လား… မယ်စံကိစ္စ ငါလုပ်လိုက်မယ်… နင်တို့လဲ ကိုယ့်‌ေနရာကိုယ် ပြန်ကြတော့”

မိန်းမအိုကြီးရဲ့စကားအဆုံးမှာ ထိုင်နေတဲ့လူလေးယောက်က မတ်တပ်ထရပ်ပြီး အရိုအသေပေးကာ သက်ဆိုင်ရာအရပ်အသီးသီးကိုထွက်ခွာသွားခဲ့ကြတယ်။

” မယ်စံ… မယ်စံ… နင်ငါ့လက်ကလွတ်ရိုးလား ဟားဟားဟား”

ခြောက်ကပ်ကပ်ရယ်သံကြောင့် အနီးနားမှာအိပ်တန်းတက်နေကြတဲ့ ကျီးတစ်အုပ်လန့်နိုးလာပြီး တအာအာ အော်မြည်နေခဲ့ကြတယ်။

ကျီးပြိုသံကြောင့် မီးပုံဘေးမှာထိုင်နေတဲ့ မိန်းမအိုကြီးက ပိန်လှီနေတဲ့ခန္ဓာကိုယ်ကိုအားယူကာ ထရပ်လိုက်ပြီး တအာ‌အာအော်ကာ ပျံသန်းနေတဲ့ ကျီးအုပ်ကိုလက်ညိုးထိုးပြီး ခြေထောက်ကိုဆောင့်ချလိုက်ရာ ပျံနေတဲ့ကျီးတွေအကုန် မြေပေါ်ကိုပြုတ်ကျပြီး သေဆုံးကုန်တယ်။

မိန်းမအိုကြီးက ဒီအဖြစ်ကိုမြင်တော့ ပါးရည်တွေတွ့န်အောင်ပြုံးလိုက်ပြီး

” ငါအိုပေမယ့် ငါပညာတွေက ထက်မြက်နေသေးပါလား” လို့ရေရွတ်ကာ မှောင်မဲနေတဲ့ လမ်းထဲကို တရွေ့ရွေ့တိုး၀င်ကာထွက်သွားခဲ့တယ်။
+++++++

မီးရောင်မှိန်ပြပြထွက်နေတဲ့ လယ်စောင့်တဲတစ်ခုတွင်းမှာတော့ မိန်းမတစ်ယောက်ရဲ့ ရယ်သံက ခပ်ညှင်းညှင်းထွက်ပေါ်နေခဲ့တယ်။

” ကိုမင်းမောင်က မယ်စံကို ဘာလို့ချစ်ခဲ့တာလဲ”

” မယ်စံကိုဘာလို့ချစ်လဲမေးရင် ကို့မှာအဖြေမရှိဘူး… ကိုက မယ်စံဖြစ်နေလို့ကိုချစ်တာ”

” ခစ်ခစ်… ဒီလိုစကားတွေနဲ့ မယ်စံအသည်းကိုခြွေချခဲ့တာမဟုတ်လား”

” ဟား မဟုတ်ရပါဘူးမယ်စံရယ်… ကိုက မယ်စံအနားမှာရှိရင် ဘယ်လိုနေရနေရ နေမယ့်သူပါ”

မယ်စံက တိုး၀င်ထားတဲ့ရင်ခွင်ပိုင်ရှင်ရဲ့ မျက်နှာကိုမော့ကြည့်ပြီး သဘောကျစွာပြုံးနေလိုက်တယ်။

” ဖလပ် ဖလပ် ဖလပ်…. ”

လယ်စောင့်တဲရဲ့ တံဆက်မြိတ်ခေါင်မိုးကို လာရိုက်ခတ်တဲ့လေကြောင့် ရင်ခွင်ထဲမှာခေါင်းလေးမှီထားတဲ့ မယ်သံက ဆတ်ခနဲထလိုက်ပြီး ကျူထရံပေါက်ကနေ အပြင်ကိုလှမ်းကြည့်လိုက်တယ်။

” မယ်စံ… ဘာဖြစ်လို့လဲ… ”

” ကို … ဒီမှာခဏနေဦး…. ဘာသံပဲကြားကြား အပြင်ကိုလုံး၀မထွက်လာနဲ့နော်… မယ်စံပြောတာကြားလား”

” အင်း အင်းပါ မယ်စံရယ်… ကို မထွက်ကြည့်ပါဘူး”

” ခဏလေးစောင့်နော် မယ်စံပြန်လာခဲ့မယ်”

ပြေကျနေတဲ့ဆံပင်ကို တစ်ပတ်လျှိုထုံးပြီး တဲအပြင်ထွက်သွားတဲ့မယ်စံက တံဆက်မြိတ်အောက်ရောက်တော့ ကျန်ခဲ့တဲ့ချစ်ရသူကို သမင်လည်ပြန်လှည့်ကြည့်ပာ ပြုံးပြပြီး ခပ်လှမ်းလှမ်းမှာရှိတဲ့ ကုက္ကိုပင်ဘက်ကိုထွက်လာခဲ့လိုက်တယ်။

” သူတို့လိုက်လာကြတာများလား…. ငါသူတို့နယ်မြေကနေလွတ်အောင်ထွက်လာပြီးပြီလေ… မဖြစ်နိုင်ပါဘူး”

မယ်စံက တစ်ယောက်ထဲ ခေါင်းညိမ့်ခေါင်းခါလုပ်ကာပြောရင်း အမျိုးအမည်မသိတဲ့ စက်တစ်ခုလာတဲ့ဘက်ကို ခပ်သုတ်သုတ်ထွက်လာခဲ့တယ်။ ကုက္ကိုပင်ရဲ့မလှမ်းမကမ်းကိုရောက်လို့ကြည့်လိုက်တော့ ထင်းမီးဖိုတစ်ခုရဲ့ဘေးမှာ စကားထိုင်ပြောနေကြတဲ့ လူသုံးယောက်ကိုမြင်တွေ့လိုက်ရတယ်။

” ငါခံစားမိတဲ့အရာက ဒီလူတွေဆီကနေ ထွက်လာတာများလား…. သူတို့ကဘယ်သူတွေပါလိမ့်”

မယ်စံက အမှောင်ထုကိုအားယူပြီး အနားကိုတိုးကပ်လာတဲ့အချိန် မမြင်နိုင်တဲ့တွန်းကန်အားတစ်ခုက ရင်၀ကိုလာရိုက်နေတာခံစားမိခဲ့တယ်။

” ဒီလူတွေဆီကနေ ဘာလို့အားကောင်းတဲ့ စက်တွေထွက်နေရတာလဲ… သူတို့က ဘယ်ကနေ ရောက်လာကြပါလိမ့်”

မယ်စံက ဝိုင်းစက်နေတဲ့ မျက်လုံးအိမ်ကိုမှေးပြီးစဉ်းစားနေတဲ့အချိန်

” ဟိတ် ကုက္ကိုပင်အောက်မှာ ဘယ်သူလဲ… ထွက်လာစမ်း” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

မယ်စံလဲအသံကြားတာနဲ့ လှည့်ပြန်ဖို့အလုပ်…

” သင့်ကိုကျုပ်တို့ကရန်မူမယ့်သူတွေမဟုတ်တာမို့ စိတ်ချလက်ချသာလာခဲ့ပါ… ” ဆိုတဲ့လေသံခပ်အေးအေးကိုကြားလိုက်ရတယ်။

အဲဒီတော့မှ မယ်စံလဲ ပုန်းနေရာကနေ ထွက်လာပြီး မီးဖိုထားတဲ့နေရာကို မျက်နှာထားတင်းတင်းနဲ့ လျောက်လာခဲ့လိုက်တယ်။

” ညကြီးသန်းခေါင် မိန်းကလေးတစ်ယောက်ထဲ ဘာလို့ပုန်းလျှိူးကွယ်လျှိုးလုပ်နေတာလဲ”

ယောဂီ၀တ်စုံခပ်နွမ်းနွမ်း၀တ်ထားတဲ့ လူရဲ့စကားကြောင့် မျက်နှာကိုအသေချာကြည့်လိုက်ရာ အသက်ရွယ်မတိမ်းမယိမ်းလောက်ပဲရှိမယ်လို့ တွေးထင်မိခဲ့တယ်။

” ငါ့ဘာသာ ဘာလုပ်လုပ်ပေါ့… နင်တို့နဲ့ဘာဆိုင်လဲ”

” ဒီမယ် အမိ… ကျုပ်တို့ကို ဘာလို့ရန်လိုနေတာလဲ… သင် ဒီအနီးနားကိုလာတဲ့ချိန်ထဲက ကျုပ်တို့ကိုလာသတိပေးတဲ့သူတွေရှိတယ်… သင်ဘယ်လိုလူလဲဆိုတာ ကျုပ်တို့သိနေတာမို့ ပုံမှန်အတိုင်းပဲပြောစေချင်တယ်”

” နင်တို့သိနေမှတော့ ငါလဲဖုံးကွယ်မထားချင်ပါဘူး… ငါဒီကိုလာတာက ရန်ပြုမယ့်သူဆိုရင် သူတင်ကိုယ်တင် ယှဉ်မလို့ထွက်လာတာ…”

” ဒါဖြင့် ကျုပ်တို့က ရန်လိုတဲ့သူတွေမဟုတ်လို့ အမိ ကိုယ့်နေရာကိုယ်ပြန်လို့ရပါပြီ…”

” မဟုတ်ရင်လဲပြီးတာပဲ … ”

မယ်စံက ဘောက်ဆတ်ဆတ်ပြောပြီး လယ်ကွင်းတွေရှိတဲ့ဘက်ကိုထွက်သွားခဲ့တယ်။

” မောင်ကောင်း”

” ဗျာ ဆရာ”

” ဒီကလေးမကိုကြည့်ရတာ စိုးရိမ်စိတ်တွေများနေပုံပဲ.”

” ဟုတ်တယ်ဆရာ… ကျွန်တော်လဲ အဲလိုပဲထင်မိတယ်… ဒါနဲ့လေ ဆရာကျခံထားရတဲ့အပြစ်ဒဏ်ကို ဘယ်လိုပြန်လုပ်ဖို့ တွေးထားလဲ”

မောင်ကောင်းစကားကြောင့် အောင်မြတ်သာက ထူထဲလှတဲ့မျက်ခုံးနှစ်ဖက်ကို ပင့်တင်ပြီး
” ဒီအရာတွေက အဓိကမှမဟုတ်တာ… အပြစ်ခံရသည်ဖြစ်စေ မခံရသည်ဖြစ်စေ ကိုယ့်စိတ်ကိုဖြူစင်အောင်ထားဖို့ပဲအရေးကြီးတယ်၊ ပညာအခံမရှိတဲ့လူတစ်ယောက်တောင် သီလလုံရင် အထက်နတ်တွေကိုတောင် ခိုင်းစေနိုင်တယ်လေ”

” ဒါတော့ ဒါပေါ့ဆရာရယ်… ဒါပေမယ့် ဘာမဟုတ်တဲ့ကိစ္စနဲ့ ဒီလိုအပြစ်ခံရတာတော့ ဆရာအတွက် စိတ်မကောင်းဖြစ်မိတယ်”

မောင်ကောင်းစကားကို ခွန်းလှက ထောက်ခံတဲ့အနေနဲ့ ခပ်ပြုံးပြုံးမျက်နှာထားနဲ့ကြည့်ကာ ခေါင်းညိမ့်ပြလိုက်တယ်။

” မင်းတို့နှစ်ယောက်လုံးသိရမှာက အထက်ဆရာတွေက ဘယ်အရာမဆို မစိစစ်ပဲမလုပ်ကြဘူး… အခုလိုလုပ်တယ်ဆိုတာက ငါ့အတွက် တာ၀န်တစ်ခုရှိလို့လုပ်တယ်လို့ပဲမြင်မိတယ်”

” ဆရာကိုတော့ အကြွင်းမဲ့ယုံပါတယ်… ကျွန်တော်အသက်ပေးရမယ်ဆိုရင်တောင် မျက်တောင်တစ်ခဖက်မခတ်ပဲ ပေးလိုက်မှာ…”

” ဟုတ်တယ်ဆရာ… အကိုပြောတာ ကျွန်တော်လဲလက်ခံတယ်… ဆရာက ဘယ်လိုအခြေအနေရောက်နေပါစေ ကျွန်တော်တို့အတွက် တန်ဖိုးဖြတ်မရတဲ့ဆရာတစ်ယောက်ပါပဲ”

မောင်ကောင်းနဲ့ ခွန်းလှတို့ရဲ့စကားကြောင့် အောင်မြတ်သာက ကကြီးပုံနှုတ်ခမ်းပါးလေးကို တွန့်သွားအောင်ပြုံးလိုက်ပြီး နှစ်ယောက်လုံးရဲ့ပခုံးတွေကို ပုတ်ကာ

” မင်းတို့က ငါ့အတွက် စိတ်ပူနေကြတာကိုး… ငါ့မှာအရင်က မင်းတို့လို တပည့်နှစ်ယောက်ရှိခဲ့ဖူးတယ်… အဲဒီထဲကတစ်ယောက်ကိုတော့ မောင်ကောင်း သိမယ်လို့ထင်တယ်”

” ဟင်… ကျွန်တော်သိတယ်ဟုတ်လား”

” မင်းကို ပညာနှုတ်အင်းနဲ့ ဆုံးမခဲ့တဲ့သူ… မြွေတွေကိုလိုသလိုစေခိုင်းနိုင်တဲ့သူလေ”

” ဗျာ… အဲဒီလူကြီးက ဆရာ တပည့်ဟုတ်လား”

” သူလဲ မင်းတို့လိုပဲ ငါ့အနောက်ကနေ လိုက်ပြီး လူတွေကိုကူညီခဲ့ကြတယ်…”

” သူ့နာမည်က ဘယ်သူလဲဆရာ… ကျွန်တော် အဲဒီဆရာကြီးကြောင့် မာနတွေချိုးနှိမ်ပြီးနေဖြစ်ခဲ့တာ”

” သူ့နာမည်က တောက်ရလို့ခေါ်တယ်…”

(မောင်ကောင်းကြုံခဲ့တဲ့အကြောင်းပြန်ပြောပြထားတဲ့၀တ္တုနာမည်က တတိယလက်ရုံး၀တ္တုဖြစ်ပါတယ်)

” အကိုက ကံကောင်းတာပဲ… ဆရာရဲ့လက်ရင်းတပည့်တွေနဲ့ကြုံခဲ့ရတာပေါ့”

” အဲဒီတုန်းက ငါ့ကိုငါစွမ်းလှပီထင်တာ… တောက်ရဆိုတဲ့ဆရာနဲ့တွေ့မှ ငါကကလေးဖြစ်သွားတာ ဟားဟား”

မောင်ကောင်းက သူ့အဖြစ်ကိုပြန်ပြောပြီး ဟက်ဟက်ပက်ပက်ရယ်မောလိုက်တဲ့ချိန် နားထဲမှာလေတိုးသံလိုလို လေချွန်သံလိုလို စူးရှတဲ့အသံတစ်ခုကိုကြားလိုက်ရတယ်။

” ဆရာ… ကြားလိုက်လား…”

မောင်ကောင်းစကားကြောင့် အောင်မြတ်သာက ငြိမ်ငြိမ်နေရန်လက်ကာပြပြီး ဘေးဘီကို လှည့်ပတ်ကြည့်ကာ အကဲခတ်နေခဲ့တယ်။

” ဆရာလေးတို့ မီးမြန်မြန်ငြိမ်းကြတော့… ကုန်းလေးကုန်းရဲ့ပညာသည်အဖွားကြီး ဒီထဲကို၀င်လာနေပြီ”

ကုက္ကိုပင်ပေါ်ကနေ ထွက်လာတဲ့အသံကြောင့် ခွန်းလှက မီးပုံကိုအနားမှာရှိတဲ့ မြေကြီးတွေနဲ့ဖုံးအုပ်ပြီး ငြိမ်းသက်လိုက်တယ်။

မကြာခင် စကောဝိုင်းသာသာရှိတဲ့ မီးလုံးနှစ်လုံးက လေဟာပြင်ကနေ ဖြတ်သွားတာကိုမြင်တွေ့လိုက်ရတယ်။

” ဆရာ…. ဒီကိစ္စက ဟိုကောင်မလေးနဲ့များသက်‌ဆိုင်နေမလား”

” ဆက်စပ်တွေးကြည့်မယ်ဆိုရင် မောင်ကောင်းပြောတာ ဖြစ်နိုင်တယ်… အခြေအနေသိရအောင် လိုက်ကြည့်ကြစို့”

အောင်မြတ်သာတို့လဲ မတ်တပ်ထရပ်ပြီး မီးလုံးနှစ်လုံး သွားတဲ့ဘက်ကို လိုက်ခဲ့ကြတယ်။ အတန်ကြာသွားပြီးတဲ့အချိန်မှာတော့ လယ်စောင့်တဲတစ်ခုရဲ့ရှေ့မှာ စက်ရောင်အချို့ ပြိုးခနဲပျက်ခနဲ ထွက်နေခဲ့တယ်။

” မယ်စံ… မယ်စံ ညဉ်းက ငါ့ထက် လင်ကိုပိုချစ်နေတာကိုး ဟီးဟီး”

ချည်စောင်ကြမ်းကို ခေါင်းမြှီးခြုံထားတဲ့ မိန်းမအိုကြီးက သူ့ရှေ့မှာ ဒူးထောက်နေတဲ့ မယ်စံကို လက်ညိုးငေါက်ငေါက်ထိုးပြီး ကြိမ်းမောင်းနေခဲ့တယ်။

” အမေကြီး မယ်စံကိုသတ်မယ်ဆိုလဲ သေရဲတယ်… ဒါပေမယ့် ကိုမင်းနောင်ကိုတော့ လွှတ်ပေးပါလို့ တောင်းဆိုပါတယ်”

” သေရတော့မယ်အချိန်တောင် လင်ကိုစိတ်ပူနေသေးတဲ့ ကောင်မပါလား… ငါ့ကိုသစ္စာဖောက်တဲ့ နင့်ကိုရော နင့်လင်ကိုပါ ဒီတိုင်းမထားဘူးဟေ့”

မိန်းမအိုကြီးက မာန်ပါပါနဲ့ ရေရွတ်ပြီး ပိန်လှီနေတဲ့ လက်ကိုမြောက်တင်ကာ ဦးခေါင်းကိုရိုက်ချဖို့လုပ်တဲ့အချိန်

” ကိုယ်တွင်းကိုယ်ပမှာရှိတဲ့ စက်တွေအကုန်ပြတ်စမ်း” ဆိုတဲ့အသံနဲ့အတူ အမှောင်ထုထဲကနေ လူသုံးယောက် ထွက်လာတာမြင်လိုက်ရတယ်။

” ငညွန့် … ဒီလူတွေက ဘယ်ကနေရောက်လာတာလဲ”

” ကျုပ်လဲမသိဘူး… သူတို့ပညာကြည့်ရတာတော့ အဆင့်နိမ့်ထဲကမဟုတ်ဘူး… နောက်ပြီး ဒီနယ်က အခြားသူရဲ့ပိုင်နက်ဆိုတော့ ပြဿနာအရှည်မဖြစ်အောင်နေတာကောင်းမယ်ထင်တယ်”

မိန်းမအိုကြီးက ငညွန့်ရဲ့စကားကြောင့် ဒူးထောက်ထိုင်နေတဲ့ မယ်စံရဲ့မျက်နှာကို မျက်ထောင့်နီနဲ့စိုက်ကြည့်ပြီး စုန်းတောက်စားကာ ပျံထွက်သွားခဲ့တယ်။

အောင်မြတ်သာတို့လဲ ပါးစပ်ထဲကနေ သွေးတွေစီးကျနေတဲ့ မယ်စံကို လယ်စောင့်တဲထဲကို ခေါ်သွားတဲ့အချိန် တဲထဲမှာ လူတစ်ယောက် သတိလစ်မေ့မျောနေတာကိုမြင်လိုက်ရတယ်။

” ကျွန်မကိုကူညီလို့ ကျေးဇူးတင်ပါတယ်… ဒါပေမယ့် ရှင်တို့အတွက်ကတော့ အန္တရာယ်ရှိနေတာမို့ ဒီနယ်ကနေ အမြန်ဆုံးထွက်သွားကြပါ”

” အဲဒီကိစ္စတွေအသာထားပါ… ခုနက မိန်းမအိုကြီးက ဘယ်သူလဲ… မင်းကိုဘာကြောင့် သတ်ချင်နေရတာလဲ”

” မယ်စံက သူ့ရဲ့တပည့်မတစ်ဦးပါ… သူရဲ့ တပည့်ရင်းတွေထက် ပို‌အရေးပေးခဲ့သလို နယ်မြေအပိုင်းတွေကိုပါ ခွဲဝေပေးဖို့ လျာထားပေးခြင်းခံခဲ့ရတယ်။ ဒါပေမယ့် အမေကြီးက ကိုမင်းနောင်နဲ့ ရည်ငံနေတာကို သဘောမကျဘူး… မယ်စံအနေနဲ့ သူ့ကိုရွေးချယ်ရင် ကိုမင်းနောင်ကို လက်လွှတ်ရမှာမို့ ကိုယ်ချစ်တဲ့သူကိုရွေးချယ်ပြီး ဒီကိုထွက်ပြေးလာခဲ့တာပါ”

” ဒီကိစ္စတွေကို သူသိနေတာလား”

” ကိုမင်းနောင်က မယ်စံကို သာမန်မိန်းကလေးတစ်ယောက်လို့ပဲ ထင်နေတာ… အခုလဲ အမေကြီးတို့လာတာသိတာနဲ့ အိပ်မွေ့ချပြီး ထွက်ရင်ဆိုင်ခဲ့ပေမယ့် မယ်စံ ပညာနဲ့အမေကြီးကို မယှဉ်နိုင်ခဲ့ဘူး”

မယ်စံက နှုတ်ခမ်းဖျားမှာ စီးကျနေတဲ့ သွေးစတွေကို လက်ခုံနဲ့သုတ်လိုက်ပြီး ‌အိပ်ပျော်နေတဲ့သူကို ငေးကြည့်နေခဲ့တယ်။

” ဒါဆို သူက ဘာလို့ထွက်ပြေးသွားတာလဲ”

” မယ်စံတို့လောကမှာလဲ သူ့နယ်နဲ့သူရှိတယ်… ဒီနယ်မြေက အမေကြီးပိုင်တဲ့နယ်မြေမဟုတ်တဲ့အတွက် ပြဿနာမကြီးအောင် ရှောင်ထွက်သွားတဲ့ သဘောပဲ… ဒါပေမယ့် အမေကြီးက မယ်စံကို ရေဆုံးမြေဆုံးလိုက်ရှာပြီး သတ်မယ်ဆိုတာတော့သိတယ်”

” ဒီလိုဆို ဘယ်လိုလုပ် စိတ်အေးလက်အေး နေနိုင်တော့မှာလဲ.. ဟင်း”

အောင်မြတ်သာက သက်ပြင်းရှည်တစ်ချက်ကို ချလိုက်ပြီးတဲ့နောက်မှာတော့

” မင်းအနေနဲ့ ရွေးချယ်စရာ တစ်ခုတော့ရှိတယ်…”

” ဘာကိုရွေးချယ်ရမှာလဲ ပြောပါဦး”

” မင်းတတ်မြောက်ထားတဲ့ ပညာတွေနဲ့ အခြားသူတွေကို ဒုက္ခမပေးပါဘူးဆိုတဲ့ ကတိပေးရင် မင်းတို့နှစ်ယောက်ကို ဘယ်သူမှ မနှောက်ယှက်နိုင်အောင် ကူညီပေးမယ်”

” အဲလိုကတိပေးရင် ယခင်က လုပ်ခဲ့ဖူးတဲ့အရာတွေ အကုန်ပျက်ပြယ်မှာလား”

” ဟုတ်တယ်… အရင်ကကိစ္စတွေအကုန်ပျောက်ကွယ်သွားလိမ့်မယ်”

အောင်မြတ်သာစကားကိုကြားတော့ မယ်စံက အဖြေမပေးပဲ အိပ်ပျော်နေတဲ့ ကိုမင်းနောင်ရဲ့ မျက်နှာကို အတန်ကြာစိုက်ကြည့်နေခဲ့ပြီးမှ

” မယ်စံ စဉ်းစားပါရစေဦး… ”

” ဒါကတော့ မင်းရဲ့သဘောပါ… ကျုပ်တို့လဲ မျက်စိရှေ့မြင်တွေ့နေရတာကို မရှောင်ဖယ်နိုင်တာနဲ့ ဒီအရှုပ်ထဲ၀င်ပါမိကုန်ပြီ”

အောင်မြတ်သာက ‌မယ်စံမျက်လုံးကိုစိုက်ကြည့်ပြီးပြောလိုက်ရာ ချက်ချင်းမျက်နှာလွှဲသွားတာကိုမြင်လိုက်ရတယ်။

” ကျုပ်တို့လဲ ကူညီနိုင်တာ ကူညီပေးပြီးပြီမို့ ပြန်လိုက်ပါဦးမယ်… မနက်အရုဏ်မတက်ခင်အချိန်ထိ မင်းစဉ်းစားဖို့အချိန်ရပါတယ်” လို့ပြောပြီး ကုက္ကိုပင်အောက်ကိုပြန်လာခဲ့ကြတယ်။
+++++++

မီးစာနည်းနေတဲ့ မီးဖိုထဲကို ထင်းချောင်းတွေထည့်နေတဲ့ ခွန်းလှက ငြိမ်သက်စွာထိုင်နေတဲ့ အောင်မြတ်သာကို လှမ်းကြည့်လိုက်တယ်။

” မအိပ်သေးဘူးလား ခွန်းလှ”

” မအိပ်သေးပါဘူးဆရာ… အိပ်လို့လဲမပျော်တာနဲ့ ဟိုဟိုဒီဒီလျောက်လုပ်နေတာ”

ခွန်းလှအသံကြောင့် သစ်ရွက်တွေခင်းကာ ကျောဆန့်နေတဲ့ မောင်ကောင်းပါ ထထိုင်လိုက်ပြီး

” ဆရာ့ကိုမေးစရာလေးရှိသေးတယ်”

” ဘာမေးချင်လို့လဲ ပြောပါဦး”

” ဆရာက ပညာလျော့အပြစ်ဒဏ်ခံရတယ်လို့သာပြောတာ… ကျွန်တော်အမြင်တော့ ခုထိ ပညာကမလျော့သေးသလိုပဲ”

” ဘာကြောင့် မင်းကအဲလိုထင်ရတာလဲ”

” မိန်းမအိုကြီးကို ဆရာဟန့်တားလိုက်တုန်းက သုံးတဲ့အာဏာစက်ကိုကြည့်ပြီးပြောတာပါ…”

” ပြစ်ဒဏ်ခံရတယ်ဆိုတာ ပညာအားလုံးပျောက်ဆုံးတာမှမဟုတ်တာ… အချို့အချို့သော ပညာရပ်တွေကိုမမှတ်မိအောင် မှတ်ဉာဏ်ထဲကနေ ထုတ်ပစ်လိုက်တာပဲရှိတာ”

” ဘယ်လိုပဲဖြစ်ဖြစ် ဆရာပညာတွေက တုနှိုင်းလို့မရပါဘူးလေ… ဟုတ်တယ်မလား ခွန်းလှ”

” သိပ်ဟုတ်တာပေါ့… ဆရာရဲ့ အကြည့်နဲ့တင် သာမန်ပညာသည်တွေ ဒူးတုန်အောင်ကြောက်လန့်နေရတယ်လေ… ခုနက မယ်စံဆိုတဲ့ မိန်းကလေးကိုပဲကြည့်… ဆရာအကြည့်တွေကိုမခံနိုင်လို့ မျက်နှာလွှဲလွှဲပစ်တာ သတိထားမိတယ်”

” ဒီကိစ္စတွေထက် မယ်စံဆိုတဲ့ကောင်မလေးကိုပဲ စိတ်ပူတာ… မိန်းမအိုကြီးက ဒီတိုင်းလွှတ်ထားမှာ မဟုတ်ဘူး”

” ဒါကတော့ သူ့ကံပေါ့ဆရာရယ်… ကျွန်တော်တို့လဲ လုပ်ပေးနိုင်သလောက် လုပ်ပေးမယ်ပြောခဲ့တာပဲ…သူလက်မခံမှတော့ သူ့ရွေးချယ်မှုအတိုင်းဆက်လျောက်ပါစေ”

မောင်ကောင်းက အနားမှာရှိတဲ့ သစ်ကိုင်းခြောက်တစ်ခုကို မီးဖိုထဲပစ်ထည့်လိုက်ရာ သစ်ကိုင်းခြောက်က မီးပုံထဲမကျပဲ လေပေါ်မှာ ဝှေ့ယမ်းနေတာကိုမြင်လိုက်ရတယ်။

” ဟင်… ဘာတုန်းဟ… ”

ခွန်းလှရော မောင်ကောင်းပါ မီးပုံအလယ်တည့်တည့်မှာ လှုပ်ရှားနေတဲ့ သစ်ကိုင်းခြောက်ကို အံ့ဩစွာကြည့်နေတဲ့အချိန်

” ဟိုကောင်မလေး စနောက်မနေနဲ့… ထွက်လာခဲ့တော့” ဆိုတဲ့ အောင်မြတ်သာရဲ့အသံကိုကြားလိုက်ရတယ်။

” မယ်စံက စလိုက်တာပါရှင်… “ဆိုတဲ့အသံနဲ့အတူ အမှောင်ထုထဲကနေ ထွက်လာတဲ့ မယ်စံကိုမြင်တွေ့လိုက်ရတယ်။

” တစ်ယောက်ထဲလား… မင်းနောင်ဆိုတဲ့ကောင်လေးရော မပါလာဘူးလား”

” မယ်စံသူ့ကို လယ်စောင့်တဲထဲမှာပဲ ထားခဲ့လိုက်တယ်…”

” အင်း… မင်းရော ဘယ်လိုလုပ်ဖို့ ဆုံးဖြတ်ထားလဲ”

” မယ်စံက မွေးရာပါပညာတတ်တဲ့သူမို့ ဒီပညာတွေကို စွန့်လွှတ်ရမှာ နှမျောနေမိတယ်… ဒါပေမယ့် မယ်စံကတိပေးနိုင်တာက ဒီပညာရပ်တွေနဲ့ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုတာပဲ… ပညာကိုတော့ ဆုံးခန်းတိုင် မစွန့်လွှတ်ချင်ဘူး”

” ဟူး… မင်းက ကျုပ်တို့ကို အရှုပ်ထဲဆွဲထည့်တော့မယ့်ပုံပဲ”

” ဆရာထင်သလိုမဟုတ်ပါဘူး… မယ်စံက အမေကြီးအပေါ် ထိခိုက်အောင်လဲမလုပ်ချင်သလို ကိုမင်းနောင်ကိုလဲမစွန့်လွှတ်ချင်ဘူး… ဆရာတို့ကို အကူညီတောင်းချင်တာက အမေကြီးကို နားချပေးဖို့ပါပဲ”

” ကျုပ်တို့ကလဲ ၀င်ပါပြီးပြီမို့ အဆုံးထိလျောက်ရတော့မှာပေါ့… အဲဒီမိန်းမအိုကြီးနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေမပြောခင် မင်းအနေနဲ့ သစ္စာရေသောက်ရလိမ့်မယ်”

” အခုသောက်ဆိုသောက်ပါ့မယ်ဆရာရယ်… ဆရာတို့ကိုလဲ တကယ်ကျေးဇူးတင်မိပါတယ်”

အောင်မြတ်သာတို့လဲ မယ်စံကို မည်သူကိုမှ တတ်မြောက်ထားတဲ့ပညာရပ်နဲ့ ဒုက္ခမပေးပါဘူးဆိုတဲ့ကတိကိုတောင်းခံကာ သစ္စာရေတိုက်ခဲ့ကြတယ်။ သစ္စာရေတိုက်ပြီးတာနဲ့ နှစ်ယောက်လုံးရဲ့ အသက်နဲ့ခန္ဓာကိုအပ်နှင်းခိုင်းပြီး အခြားသူတွေ နှောက်ယှက်လို့မရအောင် အဆောင်လက်ဖွဲ့တစ်ခုစီပေးအပ်ခဲ့တယ်။

“မင်းတို့အနေနဲ့ ဒီအဆောင်လက်ဖွဲ့ကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့တော့လိုမယ်”

” စိတ်ချပါဆရာ… မယ်စံတို့ သေချာဆောင်ထားပါ့မယ်.. ဒါနဲ့ ဆရာတို့ကဘယ်ကိုခရီးဆက်ကြမလို့လဲ”

” ရွှေဘုံမြင့်ရွာဘက်ကိုသွားကြမှာပါ”

” ဟင် ဒါဆို ကုန်းလေးကုန်းဘက်ကနေ ဖြတ်ရမှာပေါ့”

” ကုန်းလေးကုန်းဆိုတာက….ဘာကိုပြောတာလဲ”

” ဆရာတို့ ရွှေဘုံမြင့်ရွာကိုသွားတဲ့လမ်းမှာ ကုန်းလေးကုန်းနဲ့ထိစပ်နေတဲ့ ခလောက်ရွာဆိုတာရှိတယ်။ အဲဒီနယ်မြေက အမေကြီးရဲ့ပိုင်နက်ပဲ… ဆရာတို့ သူတို့နယ်ထဲကိုခြေချတာနဲ့ သူကသိနေမှာ”

မယ်စံစကားကြောင့် အောင်မြတ်သာက ခပ်ယဲ့ယဲ့လေးပြုံးလိုက်ပြီး

” ဒီလိုဆိုတော့လဲ ၀င်ပြီးနှုတ်ဆက်လိုက်တာပေါ့ဗျာ… အရမ်းကြီးလဲစိတ်ပူမနေပါနဲ့”

” ဆရာတို့အနေနဲ့ သူ့နယ်ထဲရောက်ပီဆိုရင် အစစအရာရာသတိရှိဖို့လိုမယ်… အမေကြီးမှာ တပည့်တပန်းအများကြီးရှိပေမယ့် မယ်ဘွား၊ မယ်လွန်းနဲ့ ငဆောင်းဆိုတဲ့တပည့်သုံးယောက်ကိုပိုသတိထားပါ… အဲဒီထဲက မယ်ဘွားဆိုတဲ့မိန်းမက ဉာဏ်နီဉာဏ်နက် အရမ်းများတယ်ဆရာ”

” ခုလိုသိရတော့ ပိုပြီးသတိထားလို့ရတာပေါ့… ကဲ… အချိန်လဲလင့်နေပြီမို့ ကျုပ်တို့လဲနားလိုက်ဦးမယ်…”

” စကားကောင်းနေတာနဲ့ အချိန်ကိုတောင်သတိမထားမိဘူး… ဒါဖြင့် ကျွန်မကိုခွင့်ပြုပါဦး”

မယ်စံက အောင်မြတ်သာတို့ကိုနှုတ်ဆက်ပြီး လယ်စောင့်တဲဘက်ကို ပြန်ထွက်သွားခဲ့တယ်။
++++++++

” အကြော်စုံပူပူလေးတွေရမယ်နော်… ဘူးသီးကြော်.. ပဲကပ်ကြော်.. ကြက်သွန်ကြော်တွေရမယ်… ၀ယ်ကြဦးမလားရှင့်”

အကြော်ဗန်းကိုခေါင်းပေါ်တင်ပြီး အသံဆာဆာနဲ့အော်ဟစ်နေတဲ့ ဈေးသည်က လမ်းလျောက်လာတဲ့ အောင်မြတ်သာတို့ကိုမြင်တော့ ချိုသာတဲ့မျက်နှာထားနဲ့ကြည့်ပြီး

” အကိုလေးတို့ အကြော်အားပေးပါဦး…”

” တစ်ခုဘယ်လောက်လဲအစ်မ”

” တစ်ခုမှ ၂၀ပဲကျပါတယ်ရှင့်… ”

” ဒါဆို ငါးခုပေးဗျာ… ”

မောင်ကောင်းက အကြော်ငါးခုအတွက် ငွေ၁၀၀ကိုအိတ်ကပ်ထဲကနေ နှိုက်ယူပြီးကမ်းပေးလိုက်တဲ့အချိန် အောင်မြတ်သာက မသိမသာလေးပြုံးနေခဲ့တယ်။ ဒါကိုမြင်တဲ့ခွန်းလှက အကြော်သည်ထွက်သွားတာနဲ့

” ဆရာ ပြုံးနေတဲ့ပုံထောက်ရင်တော့ ကိစ္စတစ်ခုခုရှိမယ်ထင်တယ်”

” ခွန်းလှက ငါ့ကိုအမြဲတမ်းသတိထားနေတာလား”

” ဟား မဟုတ်ရပါဘူးဆရာရယ်.. အမှတ်မထင် ကြည့်မိသွားတာပါဗျာ”

မောင်ကောင်းက အကြော်ထုပ်ထဲကန ကြွပ်ရွနေတဲ့ကြက်သွန်ကြော်တစ်ခုကိုထုတ်ယူလိုက်ပြီး အောင်မြတ်သာကိုကမ်းပေးလိုက်တယ်။

” ဒီရွာကတော့ ၀င်တာနဲ့ အကဲစမ်းပြီထင်ပါတယ်”

” သူလမ်းလျောက်လာထဲက ကျွန်တော်ရိပ်မိတယ်… ဒါကြောင့် သေချာအောင် အကြော်၀ယ်တဲ့ဟန်လုပ်လိုက်တာပဲ”

” ဒီမိန်းမက ဘယ်သူဖြစ်လဲ မယ်ဘွားလား… မယ်လွန်းလား”

” ဘယ်သူဖြစ်ဖြစ်ပါကွာ… မကြာခင်အကုန်လုံးနဲ့ ဆုံရမှာမို့ တွေ့တဲ့ခါ နာမည်မေးကြည့်ရတာပေါ့”

မောင်ကောင်းက ခွန်းလှကို စနောက်လိုက်ပြီး အကြော်ကိုလက်နဲ့သပ်ကာ ‌နှစ်ခြမ်းဆွဲဖြဲလိုက်တဲ့ချိန် အထဲကနေ ဇီးသီးလုံးခန့်ရှိတဲ့ ဆံပင်ချည်ထွေးတစ်ခုထွက်လာခဲ့တယ်။

” ကျန်တဲ့အကြော်တွေထဲလဲကြည့်ဦး”

မောင်ကောင်းလဲ ကျန်တဲ့အကြော်တွေကိုထပ်ကြည့်လိုက်ရာ အလားတူ ဆံပင်ချည်ထွေးတွေထွက်လာခဲ့တယ်။

” မယ်စံပြောတဲ့အတိုင်း သူတို့က ငါတို့ကို စောင့်ကြည့်နေကြတာပဲ”

” ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ…ဆရာ”

” မသိချင်‌ယောင်ဆောင်ပြီး သွားကြတာပေါ့… ”

အောင်မြတ်သာတို့လဲ ရွာလမ်းမအတိုင်း ထွက်လာခဲ့ရာ ဝါးခြမ်းတွေနဲ့ကာရံထားတဲ့ခြံရှေ့ကိုရောက်တဲ့အချိန် မြေကြီးပေါ်မှာလူတစ်ယောက် လူးလိမ့်အော်ဟစ်နေတာကိုမြင်လိုက်ရတယ်။

” အမလေး… ငါ့ဗိုက်ထဲ ဆူးနဲ့ထိုးသလို ဖြစ်နေပါလား… လုပ်ကြပါဦး”

” မောင်လှ …. မောင်လှ သတိထားဦးလေ… ဘာဖြစ်တာလဲ”

အနီးနားကလူတွေက လူးလိမ့်နေတဲ့သူကိုတွဲထူဖို့လုပ်တဲ့အချိန်

” ငါလှုပ်လို့မရဘူး… လှုပ်တာနဲ့ ‌ပိုအောင့်တယ်… အား ကျွတ် ကျွတ်”

မျက်စိရှေ့မှာမြင်နေရတာကြောင့် အောင်မြတ်သာတို့ ရှေ့ကိုမဆက်သွားနိုင်တော့ပဲ လူနာအနားကိုသွားကာ ဗိုက်ကိုလက်နဲ့အုပ်လိုက်တဲ့ချိန်မှာတော့ နာကျင်နေတဲ့သူက လူကောင်းပကတိပြန်ဖြစ်သွားခဲ့တယ်။

” ချက်ချင်းပြန်ကောင်းသွားပါလား…. ထူးဆန်းလိုက်တာ…”

” မိတ်ဆွေ မလှုပ်နဲ့ဦး… ဒီတိုင်းငြိမ်ငြိမ်လေးနေ…”

အောင်မြတ်သာက အုပ်ထားတဲ့လက်ကို ပြန်ရုတ်လိုက်ရာ ခုနကလို ပြန်အောင့်တက်လာခဲ့တယ်။

” ဟင်း… ဒီမိန်းမတွေတော့ ငါတို့ကို ထွက်သွားလို့မရအောင်လုပ်နေပီ” လို့ရေရွတ်ကာ ဝေဒနာခံစားနေရတဲ့ လူရဲ့၀မ်းဗိုက်ကို လက်နဲ့ဖိကိုင်ပြီး အနားမှာရှိတဲ့ခြံ၀င်းထဲက ကွပ်ပြစ်ပေါ်မှာလဲလျောင်းစေခဲ့တယ်။

” သူ ဘာဖြစ်တာလဲဆရာ… ”

” ဗိုက်ထဲမှာရှိတဲ့လေကြောင့်ဖြစ်တာပါ… သိပ်လဲစိတ်ပူမနေပါနဲ့…”

အောင်မြတ်သာက ဖိထားတဲ့လက်ကို မဖယ်သေးပဲ ၀မ်းဗိုက်ထဲမှာရှိတဲ့ အရာကို ဖြေးဖြေးချင်းသပ်ချနေခဲ့တယ်။

” ဆရာ… ဗိုက်ထဲမှာ အလုံးတစ်လုံး ရွေ့နေသလိုပဲ… ဆရာလက်သွားတဲ့နောက်ကိုလိုက်နေတာ ခံစားမိနေတယ်”

” စိတ်အေးအေးထားပါ…. မကြာခင်သက်သာသွားပါလိမ့်မယ်”

အောင်မြတ်သာလဲ ဗိုက်တစ်ပြင်လုံးကို လက်ဝါးနဲ့ သပ်ချပြီး ရွေ့လျားနေတဲ့အရာတွေကို ‌ချက်နားမှာ စုစေခဲ့တယ်။ အားလုံးတစ်နေရာထဲမှာ စုပြီဆိုတာနဲ့ ဖတ်ခနဲဆွဲယူပြီး လေထဲကိုပစ်ထုတ်လိုက်တယ်။

အဲဒီလိုသုံးခါ‌တိတိပြုလုပ်ပြီးချိန်မှာတော့ ဝေဒနာခံစားနေရတဲ့သူက နဂိုအတိုင်းပြန်ဖြစ်သွားတာကြောင့် သူ့ကိုယ်သူမယုံနိုင်ဖြစ်ပြီး ဗိုက်ကိုလက်နဲ့ထိုးကာစမ်းသပ်နေခဲ့တယ်။

” ဆရာတို့ကအတော်စွမ်းတာပဲ…. ကျုပ်ဒီလိုဖြစ်နေတာ သုံးလလောက်ရှိပြီ… ဆေးတွေလဲစုံအောင်သောက်ပေမယ့် အရှင်းမပျောက်ခဲ့ဘူး.. အခုကျမှ ဘာဆေးမှ မသောက်ပဲပျောက်သွားတာဗျာ..”

” ဒီလိုဝေဒနာက အမြဲတမ်းဖြစ်နေတာလား”

” ဟုတ်တယ်ဆရာ… ဒီမှာကရွာဆိုတော့ နည်းနည်းဖြစ်တာနဲ့ ဆရာဆောင်းဆီပဲပြေးရတာ”

” ဆရာဆောင်း ဟုတ်လား”

” ဟုတ်တယ်လေဆရာ… သူက ဆေးပညာနည်းနည်းတတ်တော့ သာမန်ဖျားတာနာတာလောက်‌ဆို သူ့ဆီပဲ သွားကြတာ… သူ့ဆေးကလဲ ကောင်းတယ်ဆရာရဲ့… တစ်ခွက်‌သောက်တာနဲ့သက်သာသွားရော…ဒါမယ့် နည်းနည်းကြာလာရင် ခုလိုထပ်ဖြစ်တာပဲ”

” ဆရာဆောင်းဆိုတဲ့သူက ဘယ်မှာနေလဲဆိုတာပြောပါလား”

” သူက အရှေ့လမ်းချိုးထိပ်မှာနေတာ… အိမ်ရှေ့မှာ တိုင်းရင်းဆေးမျိုးစုံရသည်ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတယ်”

” ဒါဖြင့် ကျုပ်တို့ ဆရာဆောင်းဆီသွားပြီး နှုတ်ဆက်လိုက်ပါ့မယ်… အော် အစားအသောက်လဲသတိထားဦး ထပ်ဖြစ်နေဦးမယ်”

” ဟုတ်ကဲ့ပါဗျ… လေစာတွေမစားမိအောင် သတိထားပါ့မယ်”

အောင်မြတ်သာတို့လဲ မောင်လှ လမ်းညွှန်တဲ့အတိုင်း လျောက်လာခဲ့ရာ တိုင်းရင်းဆေးရောင်းတဲ့အိမ်ရှေ့ကိုရောက်လာခဲ့တယ်။

” ကိုယ့်ဆရာတွေရောက်လာကြပီကိုး… လာကြ လာကြ” ဆိုတဲ့အသံနဲ့အတူ အသက်ငါးဆယ်အရွယ်လူကြီးတစ်ယောက်ထွက်လာခဲ့တယ်။

” ကျုပ်တို့ရောက်လာမယ်ဆိုတာ ကြိုသိနေတာများလား”

” ဟက်ဟက်… ကြိုသိလို့ ခုလိုပြင်ဆင်ထားတာပေါ့… ဒီအချိန်က လူသွားလူလာများတာကြောင့် အိမ်ထဲကို၀င်တာပိုကောင်းမယ်ထင်တယ်”

လေသံက ချက်ချင်းပြောင်းလဲသွားတာကြောင့် အောင်မြတ်သာတို့လဲ အလိုက်သင့်စွာနဲ့ အိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။

အိမ်ပေါ်ကိုရောက်တဲ့ချိန်မှာတော့ အသက်၈၀အရွယ် မိန်းမကြီးတစ်ယောက်နဲ့အတူ အခြားမိန်းမနှစ်ယောက်ကိုမြင်လိုက်ရတယ်။

” အကြော်ရောင်းတဲ့မိန်းမပါလား”

မောင်ကောင်းစကားသံကြောင့် ထိုင်နေတဲ့သူတွေအကုန် ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး အကြော်သည်မိန်းမကြီးက

” ဧည့်သည်တွေက ကိုယ်နဲ့မဆိုင်တာဆို အရမ်းကူညီချင်ကြတာပဲနော်” လို့ခနဲ့တဲ့တဲ့ပြောကာ ဗြီတီတီလုပ်နေခဲ့တယ်။

” ဟဲ့ မယ်ဘွား… ဧည့်သည်တွေထိုင်ပါစေဦး… မတ်တပ်ရပ်ကြီးသေရင် ကြည့်မကောင်းဘူးလေ”

” ဟဲ့ ငဆောင်း … ဧည့်သည်တွေကို ဖျာခင်းပေးလိုက်”

အောင်မြတ်သာတို့လဲ ငဆောင်းဆိုတဲ့သူ ခင်းပေးတဲ့ ဖျာပေါ်မှာထိုင်လိုက်ပြီး မိန်းမအိုကြီးကိုကြည့်နေလိုက်တယ်။

” နင်တို့ငါ့ကိုကြည့်လို့ အကြည့်လွှဲသွားမယ်ထင်နေတာလား ကောင်စုတ်လေးတွေရဲ့ အဟီးအဟီး”

” အမေကြီးရဲ့ ပညာစွမ်းကို သိရှိထားပီးပီမို့ ဒီလိုပြန်ကြည့်ရဲတာကို အထူးဆန်းလို့မမြင်မိပါဘူး”

” ဟားဟား…. မင်းက ဥပဓိရုပ်ကောင်းသလောက် စကားအရာလဲလိမ်မာတာကိုး… ဒါနဲ့ မင်းတို့က သေမှာမကြောက်ကြဘူးလား”

အမယ်အိုကြီးစကားကြောင့် အောင်မြတ်သာက နှုတ်ခမ်းစွမ်းလေးကော့တက်အောင်ပြုံးလိုက်ပြီး

” လူဆိုတာသေမျိုးကြီးပဲမဟုတ်လား…အမေကြီးရာ”

” သေမျိုးဆိုတာတော့ဟုတ်ပေမယ့် မသေခင် နာကျင်ခံစားရတာကိုတော့ ဘယ်သူမှမကြိုက်ကြဘူးလေ… အဲ… နာကျင်မှုတွေထဲမှာလဲ အများကြီးရှိနေသေးတာမို့ ဘယ်လိုပုံစံမျိုးသဘောကျလဲ ဟီးဟီး”

” အမေကြီးက ကျုပ်တို့ကို သေအောင်သတ်ဖို့ထိ တွေးနေတာက ညက ကိစ္စကြောင့်လား”

” နင်တို့က ကိုယ့်အလုပ်မှကိုယ်မလုပ်ကြပဲကိုး… ငါဆိုတဲ့အဖွားကြီးကလဲ အဲလိုလူမျိုးဆိုသိပ်မုန်းတာ..”

” ဟင်း… ကျုပ်တို့ကလဲ ဒီထိရောက်လာပြီဆိုတော့ နောက်ပြန်လှည့်ဖို့မဖြစ်နိုင်တော့ဘူးလေ…. ဒီတော့ အမေကြီး ဘယ်လိုဖြစ်ချင်လဲဆိုတာ ပြောပါ”

” မင်းတပည့်တွေနဲ့ ငါ့တပည့်တွေ ပညာချင်းပြိုင်စေချင်တယ်… ငါတို့ရှုံးရင် နင်တို့စိတ်ကြိုက်လုပ်… နင်တို့ရှုံးရင်တော့ ငါတို့စိတ်ကြိုက်လုပ်မယ်”

” အမေကြီးက ဒီလိုဖြစ်ချင်တယ်ဆိုလဲ လုပ်ပေါ့ဗျာ… ”

အောင်မြတ်သာရဲ့ ခွင့်ပြုချက်ရတာနဲ့ မောင်ကောင်းနဲ့ ခွန်းလှက ရှေ့ထွက်ပြီး တပလ္လင်ခွေထိုင်ကာ မိမိကိုယ်ကိုစည်းချပြီး မေတ္တာကိုသာပွားများနေခဲ့တယ်။

မယ်ဘွားနဲ့ မယ်လွန်းကလဲ စိတ်အစွမ်းကိုအသုံးချကာ ပြိုးခနဲပျက်ခနဲအရောင်ရှိတဲ့စက်တွေထုတ်ကာ ပစ်လွှတ်လိုက်တယ်။ ဒါပေမယ့် စက်တွေက စည်းချထားတဲ့နေရာကိုရောက်တာနဲ့ မှန်နဲ့ထိတဲ့ နေရောင်လိုပြန်ကန်ထွက်ပြီး ဘေးကိုလွင့်စင်ကုန်တယ်။

ဒါကိုမြင်တဲ့ အမယ်အိုကြီးက အနားမှာရှိတဲ့ ထွေးခံနဲ့ကောက်ပေါက်ပြီး
” နင်တို့အစွမ်းစက ဒီလောက်ပဲရှိတာလား ကောင်မတွေရဲ့… ပြောတော့ဖြင့် လေကြီးမိုးကြီး ခုကျတော့ ယိုင်အောင်တောင်မလုပ်နိုင်ကြဘူး”

” အမေကြီးကစိတ်‌လောပြန်ပီ… မယ်ဘွားတို့က အခုမှစမှာပါ”

မယ်ဘွားနဲ့မယ်လွန်းက လက်နှစ်ဖက်ကို ပွတ်လိုက်ရာ အထဲကနေ နီညိုရောင်စက်တွေ တလက်လက်နဲ့ထွက်လာခဲ့တယ်။ ဒီတစ်ခါမှာတော့ စက်အားကပိုပြင်းလာတဲ့အတွက် ကာထားတဲ့စည်းကိုကျော်လွန်ဖို့လက်တစ်ကမ်းလိုထိဖြစ်လာခဲ့တယ်။

အဲဒီအချိန် ငဆောင်းက အနောက်ကနေ မောင်ကောင်းရဲ့ ငယ်ထိပ်ကို လက်ဝါးနဲ့ရိုက်ချဖို့ဟန်ပြင်လိုက်ရာ

” ဟိတ် .. ဒါဘာလုပ်တာလဲ” ဆိုတဲ့အသံနဲ့အတူ အောင်မြတ်သာရဲ့ ညာလက်ဝါးက လေထဲမှာဆတ်ခနဲရွေ့လျားသွားခဲ့တယ်။

” ဖြောင်း….”

” အင့်..”

” ဒုန်း”

ငဆောင်းက အောင်မြတ်သာရဲ့ ရိုက်ချက်ကြောင့် အိမ်တံခါး၀ထိလွင့်ထွက်သွားသလို မောင်ကောင်းနဲ့ ခွန်းလှတို့ကလဲ ငြိမ်နေရာကနေ ကြမ်းပြင်ကိုလက်ဝါးနဲ့ရိုက်ပြီး

” အင်းစောင့်၊ ဂိုဏ်းစောင့်တွေ အယုတ်တမာမတွေရဲ့ ဦးခေါင်းကို ကြိုးနဲ့ရစ်ပတ်ထားကြစမ်း” လို့ခပ်ကြမ်းကြမ်းအမိန့်ပေးလိုက်ရာ မယ်ဘွားနဲ့ မယ်လွန်းတို့နှစ်ဦး လျှာတန်းလန်းထွက်ပြီး လေပေါ်ကို မြောက်တက်သွားခဲ့တယ်။

တစ်ဖက်မှာလဲ အောင်မြတ်သာက ကလိမ်ကကျစ်ကျတဲ့ မိန်းမအိုကြီးကို မျက်တောင်မခတ်တမ်းစိုက်ကြည့်ကာ ဦးခေါင်းကိုဖြေးညှင်းစွာခါယမ်းလိုက်တယ်။

” သင်အမှားကြီးလုပ်မိပြီ … ကျုပ်တို့က သင်တို့ပညာကိုလေးစားလို့ယှဉ်ပြိုင်ခွင့်ပေးတာကို ကလိမ်ကကျစ်ကျတယ်ဆိုတော့ ကျုပ်တို့လဲ ငဲ့ညှာစရာမလိုတော့ဘူးပေါ့… ကဲ … အဖဆရာ‌တော်ကြီးကိုယ်တိုင် တည်ထောင်ခဲ့တဲ့ ဂိုဏ်းကိုစော်ကားခဲ့တဲ့အပြင် သမာသမတ်ကျကျမယှဉ်ပြိုင်ခဲ့တဲ့ ဒီငမိုက်သားတွေကို ကြမ်းပေ့ရမ်းပေ့ အင်းစောင့်တွေက အပြစ်ကို၀န်ခံလာတဲ့ထိ ဆုံးမစေ… ပညာသည်တွေရဲ့အချုပ် ရေယဉ်အမေကြီးလဲ သိစေမြင်စေကြားစေပြီး ပညာရပ်တွေကိုအသုံးပြုမရအောင် သိမ်းယူပေးပါ” လို့အမိန့်ပြန်လိုက်ရာ မိန်းမအိုကြီးအပါအ၀င်အခြားသူတွေပါ ငယ်သံပါအောင်အော်ပြီး လူးလိမ့်နေတာကိုမြင်လိုက်ရတယ်။

ထူးဆန်းတာက ကြောက်မက်ဖွယ်အသံတွေနဲ့အော်ဟစ်ရင်း လူးလိမ့်နေတဲ့အသံတွေက အိမ်တံဆက်မြိတ်အပြင်ကိုလုံး၀ထွက်မလာတာပဲ။

” ရေယဉ်အမေကြီးရဲ့ တပည့်သားသမီးဖြစ်တဲ့အတွက် အမေကြီးစိတ်တိုင်းကျ‌တဲ့အချိန်ထိ ဆုံးမအပြစ်ပေးပါ…ဂိုဏ်းစောင့်တွေအနေနဲ့ ရေယဉ်အမေကြီးငယ်သားတွေရောက်တာနဲ့ကိုယ့်ဌာနီအသီးသီးကိုပြန်ကြွကြပါ” လို့ပြောပြီး အိမ်ပေါ်ကနေဆင်းလာခဲ့လိုက်တယ်။

လတ်ဆတ်အေးမြတဲ့ လေနုအေးက အရှေ့ရပ်ကနေတိုက်ခတ်လာနေသလို နာကျင်စွာအော်ဟစ်သံသဲ့သဲ့က အိမ်ထဲကနေထွက်ပေါ်နေခဲ့တယ်။
++++

” ဆရာ… မယ်စံကို သစ္စာရေတိုက်တုန်းက သူ့ပညာတွေကို မစွန့်လွှတ်ပဲ နောက်နောင်မလုပ်တော့ပါဘူးဆိုတဲ့ ကတိပဲပေးခဲ့တာနော်”

လမ်းလျောက်နေရင်း အမှတ်မထင်မေးလိုက်တဲ့ ခွန်းလှစကားကြောင့် အောင်မြတ်သာက ခြေလှမ်းတွေကိုရပ်လိုက်ပြီး

” ဘာဖြစ်လို့လဲခွန်းလှ”

” ကျွန်တော်စဉ်းစားမိတာတစ်ခုရှိနေလို့ပါ.. ”

” ဘာစဉ်းစားမိလို့လဲပြောစမ်းပါဦး”

” မယ်စံက ကိုမင်းနောင်ကို တကယ်ချစ်တာကိုတော့ယုံပါတယ်… ကိုမင်းနောင်ကရော မယ်စံကို တကယ်ချစ်ပါ့မလား”

” မင်းကဘာလို့ အဲလိုတွေးတာလဲ…”

” ဆရာ စဉ်းစားကြည့်လေ… သူမေးတဲ့စကားထဲမှာ ပညာစွန့်ရင် အရင်လုပ်ထားတဲ့အရာတွေပျက်လားဆိုတဲ့စကားပါနေတယ်… ဆရာက ပျက်တယ်လို့ပြောတော့ သူကပညာမစွန့်ပဲ အခြားကတိကိုပဲပေးသွားတယ်လေ…. ကဲပါ ဆရာရယ် ကျွန်တော်ကပဲအတွေးများနေတာဖြစ်မှာပါ… ကျွန်တော်မပြောမိခဲ့ဖူးလို့သာ ထားလိုက်ပါတော့”လို့ပြောပြီး ခေါင်းကိုကုတ်ကာ ရှေ့ကနေ ခပ်သုတ်သုတ်လျောက်သွားခဲ့တယ်။

အောင်မြတ်သာတို့ရွှေဘုံမြင့်ရွာကိုလာရတဲ့ရည်ရွယ်ချက်ကိုတော့

” အောင်မြတ်သာနှင့် နတ်ဖွက်ပုရပိုက်”ဆိုတဲ့၀တ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

#မူရင်းရေးသားသောသူများနှင့်
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်မေတ္တာဖြင့်မျှဝေသည်။🙏🙏🙏

Zawgyi(version)

ေအာင္ျမတ္သာႏွင့္အကဲစမ္းေသာပညာရွင္မ်ား

#စာေရးဆရာ-ေဇယန(ရာမည)

ေလာင္စာအားေကာင္းတဲ့ ထင္းရႉးသားကိုထည့္ထားတာေၾကာင့္ မီးပုံႀကီးက အရွိန္အဟုန္ေကာင္းစြာ ေတာက္ေလာင္ေနခဲ့တယ္။ မီးပုံရဲ႕ေဘးပတ္ပတ္လည္မွာေတာ့ အညာေစာင္ၾကမ္းေတြကို ၿခဳံပီးထိုင္ေနၾကတဲ့ လူေလးေယာက္ရွိေနခဲ့တယ္။

” မယ္စံက အခုထိမလာေသးဘူးလား… အခ်ိန္လဲၾကည့္ဦး”

” ေသခ်ာေျပာထားရဲ႕သားနဲ႕ ဘာလို႔ေနာက္က်ေနလဲမသိပါဘူး”

မီးပုံေဘးမွာထိုင္ေနၾကတဲ့သူေတြရဲ႕ ႂကြက္စိႂကြက္စိစကားေၾကာင့္ အညာခ်ည္ေစာင္အနက္ကိုေခါင္းျမႇီးၿခဳံထားတဲ့ မိန္းမအိုႀကီးက ညာဘက္လက္ကိုထုတ္ကာ ေဝွ႕ယမ္းလိုက္ခ်ိန္ ေသလုဆဲဆဲျဖစ္ေနတဲ့ မီးပုံကေန
လူတစ္ရပ္ခန႔္ရွိတဲ့ မီးေတာက္တစ္ခု ဟုန္းခနဲထေတာက္လာခဲ့တယ္။

” မယ္စံ… မယ္စံ… ဒင္းက ငါ့ကိုေတာင္လွည့္ဖ်ားသြားခဲ့တာကိုး”

” အေမႀကီး… မယ္စံ ဘာျဖစ္လို႔လဲ”

” နင္တို႔သိခ်င္ရင္ ဒီမွာၾကည့္”

မိန္းမအိုႀကီးက အေရျပားေတြတြန႔္လိပ္ေနတဲ့ လက္ညိုးနဲ႕ မီးေတာက္ကိုကြင္းျပလိုက္ရာ အဟုန္ညီးညီးေတာက္ေလာင္ေနတဲ့ မီးပုံထဲမွာ မယ္စံရဲ႕ပုံရိပ္ထြက္ေပၚလာခဲ့တယ္။ သူ႕ေဘးမွာေတာ့ သာမန္အရပ္သားတစ္ေယာက္က ရယ္ေမာ႐ႊင္ျမဴးေနတဲ့ဟန္နဲ႕ စကားေတြေျပာေနတာကိုလဲျမင္ေတြ႕လိုက္ရတယ္။

” ဒင္း ဒင္းက လူစိမ္းေယာကၤ်ားတစ္ေယာက္နဲ႕ ေပ်ာ္ေမြ႕ေနပါလား…. အေမႀကီးရဲ႕ အခြင့္ေရးေပးမႈကို အသုံးခ်သြားတာ”

” ေသခ်ာတာေပါ့ … မယ္ဘြားရယ္… ငါတို႔အားလုံးကို ပမာမခန႔္လုပ္သြားတာ”

” အားလုံးတိတ္စမ္း…. ဒီည နယ္ေျမခြဲေဝေပးဖို႔ကိစၥကို ငါဆုံးျဖတ္ေပးမယ္.. မယ္ဘြားက ဖုန္းဆိုးကုန္းနဲ႕ ေလသာကုန္းႏွစ္နယ္ကိုတာ၀န္ယူလိုက္… ငေဆာင္းက ထန္ေျခာက္ကုန္းနယ္ကိုယူ… မယ္လြန္းက ဘုရားငုတ္တိုနယ္ကိုယူ… … ဒီနယ္ေတြထဲမွာျဖစ္တဲ့ကိစၥေတြအကုန္ ေန႕စဥ္ငါ့ဆီကိုအေၾကာင္းျပန္ရမယ္ ၾကားလား”

မိန္းမအိုႀကီးရဲ႕စကားေၾကာင့္ မီးပုံေဘးမွာထိုင္ေနၾကတဲ့သူေတြဆီကေန ” ဟုတ္ကဲ့အေမႀကီး”ဆိုတဲ့ အသံေတြသံၿပိဳင္ထြက္ေပၚလာခဲ့တယ္။

” အေမႀကီး…. မယ္စံကိစၥ ဘယ္လိုလုပ္မလဲ…”

” နင္တို႔စိတ္ပူစရာမလိုဘူး… ငါဆိုတဲ့မိန္းမက သစၥာေဖာက္သြားတဲ့ သူကို အရွင္ထားတာျမင္ဖူးလို႔လား… မယ္စံကိစၥ ငါလုပ္လိုက္မယ္… နင္တို႔လဲ ကိုယ့္ေနရာကိုယ် ျပန္ၾကေတာ့”

မိန္းမအိုႀကီးရဲ႕စကားအဆုံးမွာ ထိုင္ေနတဲ့လူေလးေယာက္က မတ္တပ္ထရပ္ၿပီး အရိုအေသေပးကာ သက္ဆိုင္ရာအရပ္အသီးသီးကိုထြက္ခြာသြားခဲ့ၾကတယ္။

” မယ္စံ… မယ္စံ… နင္ငါ့လက္ကလြတ္ရိုးလား ဟားဟားဟား”

ေျခာက္ကပ္ကပ္ရယ္သံေၾကာင့္ အနီးနားမွာအိပ္တန္းတက္ေနၾကတဲ့ က်ီးတစ္အုပ္လန့္နိုးလာၿပီး တအာအာ ေအာ္ျမည္ေနခဲ့ၾကတယ္။

က်ီးၿပိဳသံေၾကာင့္ မီးပုံေဘးမွာထိုင္ေနတဲ့ မိန္းမအိုႀကီးက ပိန္လွီေနတဲ့ခႏၶာကိုယ္ကိုအားယူကာ ထရပ္လိုက္ၿပီး တအာအာေအာ္ကာ ပ်ံသန္းေနတဲ့ က်ီးအုပ္ကိုလက္ညိုးထိုးၿပီး ေျခေထာက္ကိုေဆာင့္ခ်လိဳက္ရာ ပ်ံေနတဲ့က်ီးေတြအကုန္ ေျမေပၚကိုျပဳတ္က်ၿပီး ေသဆုံးကုန္တယ္။

မိန္းမအိုႀကီးက ဒီအျဖစ္ကိုျမင္ေတာ့ ပါးရည္ေတြတြ႕န္ေအာင္ၿပဳံးလိုက္ၿပီး

” ငါအိုေပမယ့္ ငါပညာေတြက ထက္ျမက္ေနေသးပါလား” လို႔ေရ႐ြတ္ကာ ေမွာင္မဲေနတဲ့ လမ္းထဲကို တေ႐ြ႕ေ႐ြ႕တိုး၀င္ကာထြက္သြားခဲ့တယ္။
+++++++

မီးေရာင္မွိန္ျပျပထြက္ေနတဲ့ လယ္ေစာင့္တဲတစ္ခုတြင္းမွာေတာ့ မိန္းမတစ္ေယာက္ရဲ႕ ရယ္သံက ခပ္ညွင္းညွင္းထြက္ေပၚေနခဲ့တယ္။

” ကိုမင္းေမာင္က မယ္စံကို ဘာလို႔ခ်စ္ခဲ့တာလဲ”

” မယ္စံကိုဘာလို႔ခ်စ္လဲေမးရင္ ကို႔မွာအေျဖမရွိဘူး… ကိုက မယ္စံျဖစ္ေနလို႔ကိုခ်စ္တာ”

” ခစ္ခစ္… ဒီလိုစကားေတြနဲ႕ မယ္စံအသည္းကိုေႁခြခ်ခဲ့တာမဟုတ္လား”

” ဟား မဟုတ္ရပါဘူးမယ္စံရယ္… ကိုက မယ္စံအနားမွာရွိရင္ ဘယ္လိုေနရေနရ ေနမယ့္သူပါ”

မယ္စံက တိုး၀င္ထားတဲ့ရင္ခြင္ပိုင္ရွင္ရဲ႕ မ်က္ႏွာကိုေမာ့ၾကည့္ၿပီး သေဘာက်စြာၿပဳံးေနလိုက္တယ္။

” ဖလပ္ ဖလပ္ ဖလပ္…. ”

လယ္ေစာင့္တဲရဲ႕ တံဆက္ၿမိတ္ေခါင္မိုးကို လာရိုက္ခတ္တဲ့ေလေၾကာင့္ ရင္ခြင္ထဲမွာေခါင္းေလးမွီထားတဲ့ မယ္သံက ဆတ္ခနဲထလိုက္ၿပီး က်ဴထရံေပါက္ကေန အျပင္ကိုလွမ္းၾကည့္လိုက္တယ္။

” မယ္စံ… ဘာျဖစ္လို႔လဲ… ”

” ကို … ဒီမွာခဏေနဦး…. ဘာသံပဲၾကားၾကား အျပင္ကိုလုံး၀မထြက္လာနဲ႕ေနာ္… မယ္စံေျပာတာၾကားလား”

” အင္း အင္းပါ မယ္စံရယ္… ကို မထြက္ၾကည့္ပါဘူး”

” ခဏေလးေစာင့္ေနာ္ မယ္စံျပန္လာခဲ့မယ္”

ေျပက်ေနတဲ့ဆံပင္ကို တစ္ပတ္လွ်ိုထုံးၿပီး တဲအျပင္ထြက္သြားတဲ့မယ္စံက တံဆက္ၿမိတ္ေအာက္ေရာက္ေတာ့ က်န္ခဲ့တဲ့ခ်စ္ရသူကို သမင္လည္ျပန္လွည့္ၾကည့္ပာ ၿပဳံးျပၿပီး ခပ္လွမ္းလွမ္းမွာရွိတဲ့ ကုကၠိုပင္ဘက္ကိုထြက္လာခဲ့လိုက္တယ္။

” သူတို႔လိုက္လာၾကတာမ်ားလား…. ငါသူတို႔နယ္ေျမကေနလြတ္ေအာင္ထြက္လာၿပီးၿပီေလ… မျဖစ္နိုင္ပါဘူး”

မယ္စံက တစ္ေယာက္ထဲ ေခါင္းညိမ့္ေခါင္းခါလုပ္ကာေျပာရင္း အမ်ိဳးအမည္မသိတဲ့ စက္တစ္ခုလာတဲ့ဘက္ကို ခပ္သုတ္သုတ္ထြက္လာခဲ့တယ္။ ကုကၠိုပင္ရဲ႕မလွမ္းမကမ္းကိုေရာက္လို႔ၾကည့္လိုက္ေတာ့ ထင္းမီးဖိုတစ္ခုရဲ႕ေဘးမွာ စကားထိုင္ေျပာေနၾကတဲ့ လူသုံးေယာက္ကိုျမင္ေတြ႕လိုက္ရတယ္။

” ငါခံစားမိတဲ့အရာက ဒီလူေတြဆီကေန ထြက္လာတာမ်ားလား…. သူတို႔ကဘယ္သူေတြပါလိမ့္”

မယ္စံက အေမွာင္ထုကိုအားယူၿပီး အနားကိုတိုးကပ္လာတဲ့အခ်ိန္ မျမင္နိုင္တဲ့တြန္းကန္အားတစ္ခုက ရင္၀ကိုလာရိုက္ေနတာခံစားမိခဲ့တယ္။

” ဒီလူေတြဆီကေန ဘာလို႔အားေကာင္းတဲ့ စက္ေတြထြက္ေနရတာလဲ… သူတို႔က ဘယ္ကေန ေရာက္လာၾကပါလိမ့္”

မယ္စံက ဝိုင္းစက္ေနတဲ့ မ်က္လုံးအိမ္ကိုေမွးၿပီးစဥ္းစားေနတဲ့အခ်ိန္

” ဟိတ္ ကုကၠိုပင္ေအာက္မွာ ဘယ္သူလဲ… ထြက္လာစမ္း” ဆိုတဲ့အသံကိုၾကားလိုက္ရတယ္။

မယ္စံလဲအသံၾကားတာနဲ႕ လွည့္ျပန္ဖို႔အလုပ္…

” သင့္ကိုက်ဳပ္တို႔ကရန္မူမယ့္သူေတြမဟုတ္တာမို႔ စိတ္ခ်လက္ခ်သာလာခဲ့ပါ… ” ဆိုတဲ့ေလသံခပ္ေအးေအးကိုၾကားလိုက္ရတယ္။

အဲဒီေတာ့မွ မယ္စံလဲ ပုန္းေနရာကေန ထြက္လာၿပီး မီးဖိုထားတဲ့ေနရာကို မ်က္ႏွာထားတင္းတင္းနဲ႕ ေလ်ာက္လာခဲ့လိုက္တယ္။

” ညႀကီးသန္းေခါင္ မိန္းကေလးတစ္ေယာက္ထဲ ဘာလို႔ပုန္းလွ်ိူးကြယ္လွ်ိုးလုပ္ေနတာလဲ”

ေယာဂီ၀တ္စုံခပ္ႏြမ္းႏြမ္း၀တ္ထားတဲ့ လူရဲ႕စကားေၾကာင့္ မ်က္ႏွာကိုအေသခ်ာၾကည့္လိုက္ရာ အသက္႐ြယ္မတိမ္းမယိမ္းေလာက္ပဲရွိမယ္လို႔ ေတြးထင္မိခဲ့တယ္။

” ငါ့ဘာသာ ဘာလုပ္လုပ္ေပါ့… နင္တို႔နဲ႕ဘာဆိုင္လဲ”

” ဒီမယ္ အမိ… က်ဳပ္တို႔ကို ဘာလို႔ရန္လိုေနတာလဲ… သင္ ဒီအနီးနားကိုလာတဲ့ခ်ိန္ထဲက က်ဳပ္တို႔ကိုလာသတိေပးတဲ့သူေတြရွိတယ္… သင္ဘယ္လိုလူလဲဆိုတာ က်ဳပ္တို႔သိေနတာမို႔ ပုံမွန္အတိုင္းပဲေျပာေစခ်င္တယ္”

” နင္တို႔သိေနမွေတာ့ ငါလဲဖုံးကြယ္မထားခ်င္ပါဘူး… ငါဒီကိုလာတာက ရန္ျပဳမယ့္သူဆိုရင္ သူတင္ကိုယ္တင္ ယွဥ္မလို႔ထြက္လာတာ…”

” ဒါျဖင့္ က်ဳပ္တို႔က ရန္လိုတဲ့သူေတြမဟုတ္လို႔ အမိ ကိုယ့္ေနရာကိုယ္ျပန္လို႔ရပါၿပီ…”

” မဟုတ္ရင္လဲၿပီးတာပဲ … ”

မယ္စံက ေဘာက္ဆတ္ဆတ္ေျပာၿပီး လယ္ကြင္းေတြရွိတဲ့ဘက္ကိုထြက္သြားခဲ့တယ္။

” ေမာင္ေကာင္း”

” ဗ်ာ ဆရာ”

” ဒီကေလးမကိုၾကည့္ရတာ စိုးရိမ္စိတ္ေတြမ်ားေနပုံပဲ.”

” ဟုတ္တယ္ဆရာ… ကြၽန္ေတာ္လဲ အဲလိုပဲထင္မိတယ္… ဒါနဲ႕ေလ ဆရာက်ခံထားရတဲ့အျပစ္ဒဏ္ကို ဘယ္လိုျပန္လုပ္ဖို႔ ေတြးထားလဲ”

ေမာင္ေကာင္းစကားေၾကာင့္ ေအာင္ျမတ္သာက ထူထဲလွတဲ့မ်က္ခုံးႏွစ္ဖက္ကို ပင့္တင္ၿပီး
” ဒီအရာေတြက အဓိကမွမဟုတ္တာ… အျပစ္ခံရသည္ျဖစ္ေစ မခံရသည္ျဖစ္ေစ ကိုယ့္စိတ္ကိုျဖဴစင္ေအာင္ထားဖို႔ပဲအေရးႀကီးတယ္၊ ပညာအခံမရွိတဲ့လူတစ္ေယာက္ေတာင္ သီလလုံရင္ အထက္နတ္ေတြကိုေတာင္ ခိုင္းေစနိုင္တယ္ေလ”

” ဒါေတာ့ ဒါေပါ့ဆရာရယ္… ဒါေပမယ့္ ဘာမဟုတ္တဲ့ကိစၥနဲ႕ ဒီလိုအျပစ္ခံရတာေတာ့ ဆရာအတြက္ စိတ္မေကာင္းျဖစ္မိတယ္”

ေမာင္ေကာင္းစကားကို ခြန္းလွက ေထာက္ခံတဲ့အေနနဲ႕ ခပ္ၿပဳံးၿပဳံးမ်က္ႏွာထားနဲ႕ၾကည့္ကာ ေခါင္းညိမ့္ျပလိုက္တယ္။

” မင္းတို႔ႏွစ္ေယာက္လုံးသိရမွာက အထက္ဆရာေတြက ဘယ္အရာမဆို မစိစစ္ပဲမလုပ္ၾကဘူး… အခုလိုလုပ္တယ္ဆိုတာက ငါ့အတြက္ တာ၀န္တစ္ခုရွိလို႔လုပ္တယ္လို႔ပဲျမင္မိတယ္”

” ဆရာကိုေတာ့ အႂကြင္းမဲ့ယုံပါတယ္… ကြၽန္ေတာ္အသက္ေပးရမယ္ဆိုရင္ေတာင္ မ်က္ေတာင္တစ္ခဖက္မခတ္ပဲ ေပးလိုက္မွာ…”

” ဟုတ္တယ္ဆရာ… အကိုေျပာတာ ကြၽန္ေတာ္လဲလက္ခံတယ္… ဆရာက ဘယ္လိုအေျခအေနေရာက္ေနပါေစ ကြၽန္ေတာ္တို႔အတြက္ တန္ဖိုးျဖတ္မရတဲ့ဆရာတစ္ေယာက္ပါပဲ”

ေမာင္ေကာင္းနဲ႕ ခြန္းလွတို႔ရဲ႕စကားေၾကာင့္ ေအာင္ျမတ္သာက ကႀကီးပုံႏႈတ္ခမ္းပါးေလးကို တြန႔္သြားေအာင္ၿပဳံးလိုက္ၿပီး ႏွစ္ေယာက္လုံးရဲ႕ပခုံးေတြကို ပုတ္ကာ

” မင္းတို႔က ငါ့အတြက္ စိတ္ပူေနၾကတာကိုး… ငါ့မွာအရင္က မင္းတို႔လို တပည့္ႏွစ္ေယာက္ရွိခဲ့ဖူးတယ္… အဲဒီထဲကတစ္ေယာက္ကိုေတာ့ ေမာင္ေကာင္း သိမယ္လို႔ထင္တယ္”

” ဟင္… ကြၽန္ေတာ္သိတယ္ဟုတ္လား”

” မင္းကို ပညာႏႈတ္အင္းနဲ႕ ဆုံးမခဲ့တဲ့သူ… ေႁမြေတြကိုလိုသလိုေစခိုင္းနိုင္တဲ့သူေလ”

” ဗ်ာ… အဲဒီလူႀကီးက ဆရာ တပည့္ဟုတ္လား”

” သူလဲ မင္းတို႔လိုပဲ ငါ့အေနာက္ကေန လိုက္ၿပီး လူေတြကိုကူညီခဲ့ၾကတယ္…”

” သူ႕နာမည္က ဘယ္သူလဲဆရာ… ကြၽန္ေတာ္ အဲဒီဆရာႀကီးေၾကာင့္ မာနေတြခ်ိဳးႏွိမ္ၿပီးေနျဖစ္ခဲ့တာ”

” သူ႕နာမည္က ေတာက္ရလို႔ေခၚတယ္…”

(ေမာင္ေကာင္းႀကဳံခဲ့တဲ့အေၾကာင္းျပန္ေျပာျပထားတဲ့၀တၱဳနာမည္က တတိယလက္႐ုံး၀တၱဳျဖစ္ပါတယ္)

” အကိုက ကံေကာင္းတာပဲ… ဆရာရဲ႕လက္ရင္းတပည့္ေတြနဲ႕ႀကဳံခဲ့ရတာေပါ့”

” အဲဒီတုန္းက ငါ့ကိုငါစြမ္းလွပီထင္တာ… ေတာက္ရဆိုတဲ့ဆရာနဲ႕ေတြ႕မွ ငါကကေလးျဖစ္သြားတာ ဟားဟား”

ေမာင္ေကာင္းက သူ႕အျဖစ္ကိုျပန္ေျပာၿပီး ဟက္ဟက္ပက္ပက္ရယ္ေမာလိုက္တဲ့ခ်ိန္ နားထဲမွာေလတိုးသံလိုလို ေလခြၽန္သံလိုလို စူးရွတဲ့အသံတစ္ခုကိုၾကားလိုက္ရတယ္။

” ဆရာ… ၾကားလိုက္လား…”

ေမာင္ေကာင္းစကားေၾကာင့္ ေအာင္ျမတ္သာက ၿငိမ္ၿငိမ္ေနရန္လက္ကာျပၿပီး ေဘးဘီကို လွည့္ပတ္ၾကည့္ကာ အကဲခတ္ေနခဲ့တယ္။

” ဆရာေလးတို႔ မီးျမန္ျမန္ၿငိမ္းၾကေတာ့… ကုန္းေလးကုန္းရဲ႕ပညာသည္အဖြားႀကီး ဒီထဲကို၀င္လာေနၿပီ”

ကုကၠိုပင္ေပၚကေန ထြက္လာတဲ့အသံေၾကာင့္ ခြန္းလွက မီးပုံကိုအနားမွာရွိတဲ့ ေျမႀကီးေတြနဲ႕ဖုံးအုပ္ၿပီး ၿငိမ္းသက္လိုက္တယ္။

မၾကာခင္ စေကာဝိုင္းသာသာရွိတဲ့ မီးလုံးႏွစ္လုံးက ေလဟာျပင္ကေန ျဖတ္သြားတာကိုျမင္ေတြ႕လိုက္ရတယ္။

” ဆရာ…. ဒီကိစၥက ဟိုေကာင္မေလးနဲ႕မ်ားသက္ဆိုင္ေနမလား”

” ဆက္စပ္ေတြးၾကည့္မယ္ဆိုရင္ ေမာင္ေကာင္းေျပာတာ ျဖစ္နိုင္တယ္… အေျခအေနသိရေအာင္ လိုက္ၾကည့္ၾကစို႔”

ေအာင္ျမတ္သာတို႔လဲ မတ္တပ္ထရပ္ၿပီး မီးလုံးႏွစ္လုံး သြားတဲ့ဘက္ကို လိုက္ခဲ့ၾကတယ္။ အတန္ၾကာသြားၿပီးတဲ့အခ်ိန္မွာေတာ့ လယ္ေစာင့္တဲတစ္ခုရဲ႕ေရွ႕မွာ စက္ေရာင္အခ်ိဳ႕ ၿပိဳးခနဲပ်က္ခနဲ ထြက္ေနခဲ့တယ္။

” မယ္စံ… မယ္စံ ညဥ္းက ငါ့ထက္ လင္ကိုပိုခ်စ္ေနတာကိုး ဟီးဟီး”

ခ်ည္ေစာင္ၾကမ္းကို ေခါင္းျမႇီးၿခဳံထားတဲ့ မိန္းမအိုႀကီးက သူ႕ေရွ႕မွာ ဒူးေထာက္ေနတဲ့ မယ္စံကို လက္ညိုးေငါက္ေငါက္ထိုးၿပီး ႀကိမ္းေမာင္းေနခဲ့တယ္။

” အေမႀကီး မယ္စံကိုသတ္မယ္ဆိုလဲ ေသရဲတယ္… ဒါေပမယ့္ ကိုမင္းေနာင္ကိုေတာ့ လႊတ္ေပးပါလို႔ ေတာင္းဆိုပါတယ္”

” ေသရေတာ့မယ္အခ်ိန္ေတာင္ လင္ကိုစိတ္ပူေနေသးတဲ့ ေကာင္မပါလား… ငါ့ကိုသစၥာေဖာက္တဲ့ နင့္ကိုေရာ နင့္လင္ကိုပါ ဒီတိုင္းမထားဘူးေဟ့”

မိန္းမအိုႀကီးက မာန္ပါပါနဲ႕ ေရ႐ြတ္ၿပီး ပိန္လွီေနတဲ့ လက္ကိုေျမာက္တင္ကာ ဦးေခါင္းကိုရိုက္ခ်ဖိဳ႕လုပ္တဲ့အခ်ိန္

” ကိုယ္တြင္းကိုယ္ပမွာရွိတဲ့ စက္ေတြအကုန္ျပတ္စမ္း” ဆိုတဲ့အသံနဲ႕အတူ အေမွာင္ထုထဲကေန လူသုံးေယာက္ ထြက္လာတာျမင္လိုက္ရတယ္။

” ငၫြန႔္ … ဒီလူေတြက ဘယ္ကေနေရာက္လာတာလဲ”

” က်ဳပ္လဲမသိဘူး… သူတို႔ပညာၾကည့္ရတာေတာ့ အဆင့္နိမ့္ထဲကမဟုတ္ဘူး… ေနာက္ၿပီး ဒီနယ္က အျခားသူရဲ႕ပိုင္နက္ဆိုေတာ့ ျပႆနာအရွည္မျဖစ္ေအာင္ေနတာေကာင္းမယ္ထင္တယ္”

မိန္းမအိုႀကီးက ငၫြန႔္ရဲ႕စကားေၾကာင့္ ဒူးေထာက္ထိုင္ေနတဲ့ မယ္စံရဲ႕မ်က္ႏွာကို မ်က္ေထာင့္နီနဲ႕စိုက္ၾကည့္ၿပီး စုန္းေတာက္စားကာ ပ်ံထြက္သြားခဲ့တယ္။

ေအာင္ျမတ္သာတို႔လဲ ပါးစပ္ထဲကေန ေသြးေတြစီးက်ေနတဲ့ မယ္စံကို လယ္ေစာင့္တဲထဲကို ေခၚသြားတဲ့အခ်ိန္ တဲထဲမွာ လူတစ္ေယာက္ သတိလစ္ေမ့ေမ်ာေနတာကိုျမင္လိုက္ရတယ္။

” ကြၽန္မကိုကူညီလို႔ ေက်းဇူးတင္ပါတယ္… ဒါေပမယ့္ ရွင္တို႔အတြက္ကေတာ့ အႏၱရာယ္ရွိေနတာမို႔ ဒီနယ္ကေန အျမန္ဆုံးထြက္သြားၾကပါ”

” အဲဒီကိစၥေတြအသာထားပါ… ခုနက မိန္းမအိုႀကီးက ဘယ္သူလဲ… မင္းကိုဘာေၾကာင့္ သတ္ခ်င္ေနရတာလဲ”

” မယ္စံက သူ႕ရဲ႕တပည့္မတစ္ဦးပါ… သူရဲ႕ တပည့္ရင္းေတြထက္ ပိုအေရးေပးခဲ့သလို နယ္ေျမအပိုင္းေတြကိုပါ ခြဲေဝေပးဖို႔ လ်ာထားေပးျခင္းခံခဲ့ရတယ္။ ဒါေပမယ့္ အေမႀကီးက ကိုမင္းေနာင္နဲ႕ ရည္ငံေနတာကို သေဘာမက်ဘဴး… မယ္စံအေနနဲ႕ သူ႕ကိုေ႐ြးခ်ယ္ရင္ ကိုမင္းေနာင္ကို လက္လႊတ္ရမွာမို႔ ကိုယ္ခ်စ္တဲ့သူကိုေ႐ြးခ်ယ္ၿပီး ဒီကိုထြက္ေျပးလာခဲ့တာပါ”

” ဒီကိစၥေတြကို သူသိေနတာလား”

” ကိုမင္းေနာင္က မယ္စံကို သာမန္မိန္းကေလးတစ္ေယာက္လို႔ပဲ ထင္ေနတာ… အခုလဲ အေမႀကီးတို႔လာတာသိတာနဲ႕ အိပ္ေမြ႕ခ်ၿပီး ထြက္ရင္ဆိုင္ခဲ့ေပမယ့္ မယ္စံ ပညာနဲ႕အေမႀကီးကို မယွဥ္နိုင္ခဲ့ဘူး”

မယ္စံက ႏႈတ္ခမ္းဖ်ားမွာ စီးက်ေနတဲ့ ေသြးစေတြကို လက္ခုံနဲ႕သုတ္လိုက္ၿပီး အိပ္ေပ်ာ္ေနတဲ့သူကို ေငးၾကည့္ေနခဲ့တယ္။

” ဒါဆို သူက ဘာလို႔ထြက္ေျပးသြားတာလဲ”

” မယ္စံတို႔ေလာကမွာလဲ သူ႕နယ္နဲ႕သူရွိတယ္… ဒီနယ္ေျမက အေမႀကီးပိုင္တဲ့နယ္ေျမမဟုတ္တဲ့အတြက္ ျပႆနာမႀကီးေအာင္ ေရွာင္ထြက္သြားတဲ့ သေဘာပဲ… ဒါေပမယ့္ အေမႀကီးက မယ္စံကို ေရဆုံးေျမဆုံးလိုက္ရွာၿပီး သတ္မယ္ဆိုတာေတာ့သိတယ္”

” ဒီလိုဆို ဘယ္လိုလုပ္ စိတ္ေအးလက္ေအး ေနနိုင္ေတာ့မွာလဲ.. ဟင္း”

ေအာင္ျမတ္သာက သက္ျပင္းရွည္တစ္ခ်က္ကို ခ်လိဳက္ၿပီးတဲ့ေနာက္မွာေတာ့

” မင္းအေနနဲ႕ ေ႐ြးခ်ယ္စရာ တစ္ခုေတာ့ရွိတယ္…”

” ဘာကိုေ႐ြးခ်ယ္ရမွာလဲ ေျပာပါဦး”

” မင္းတတ္ေျမာက္ထားတဲ့ ပညာေတြနဲ႕ အျခားသူေတြကို ဒုကၡမေပးပါဘူးဆိုတဲ့ ကတိေပးရင္ မင္းတို႔ႏွစ္ေယာက္ကို ဘယ္သူမွ မႏွောက္ယွက္နိုင္ေအာင္ ကူညီေပးမယ္”

” အဲလိုကတိေပးရင္ ယခင္က လုပ္ခဲ့ဖူးတဲ့အရာေတြ အကုန္ပ်က္ျပယ္မွာလား”

” ဟုတ္တယ္… အရင္ကကိစၥေတြအကုန္ေပ်ာက္ကြယ္သြားလိမ့္မယ္”

ေအာင္ျမတ္သာစကားကိုၾကားေတာ့ မယ္စံက အေျဖမေပးပဲ အိပ္ေပ်ာ္ေနတဲ့ ကိုမင္းေနာင္ရဲ႕ မ်က္ႏွာကို အတန္ၾကာစိုက္ၾကည့္ေနခဲ့ၿပီးမွ

” မယ္စံ စဥ္းစားပါရေစဦး… ”

” ဒါကေတာ့ မင္းရဲ႕သေဘာပါ… က်ဳပ္တို႔လဲ မ်က္စိေရွ႕ျမင္ေတြ႕ေနရတာကို မေရွာင္ဖယ္နိုင္တာနဲ႕ ဒီအရႈပ္ထဲ၀င္ပါမိကုန္ၿပီ”

ေအာင္ျမတ္သာက မယ္စံမ်က္လုံးကိုစိုက္ၾကည့္ၿပီးေျပာလိုက္ရာ ခ်က္ခ်င္းမ်က္ႏွာလႊဲသြားတာကိုျမင္လိုက္ရတယ္။

” က်ဳပ္တို႔လဲ ကူညီနိုင္တာ ကူညီေပးၿပီးၿပီမို႔ ျပန္လိုက္ပါဦးမယ္… မနက္အ႐ုဏ္မတက္ခင္အခ်ိန္ထိ မင္းစဥ္းစားဖို႔အခ်ိန္ရပါတယ္” လို႔ေျပာၿပီး ကုကၠိုပင္ေအာက္ကိုျပန္လာခဲ့ၾကတယ္။
+++++++

မီးစာနည္းေနတဲ့ မီးဖိုထဲကို ထင္းေခ်ာင္းေတြထည့္ေနတဲ့ ခြန္းလွက ၿငိမ္သက္စြာထိုင္ေနတဲ့ ေအာင္ျမတ္သာကို လွမ္းၾကည့္လိုက္တယ္။

” မအိပ္ေသးဘူးလား ခြန္းလွ”

” မအိပ္ေသးပါဘူးဆရာ… အိပ္လို႔လဲမေပ်ာ္တာနဲ႕ ဟိုဟိုဒီဒီေလ်ာက္လုပ္ေနတာ”

ခြန္းလွအသံေၾကာင့္ သစ္႐ြက္ေတြခင္းကာ ေက်ာဆန႔္ေနတဲ့ ေမာင္ေကာင္းပါ ထထိုင္လိုက္ၿပီး

” ဆရာ့ကိုေမးစရာေလးရွိေသးတယ္”

” ဘာေမးခ်င္လို႔လဲ ေျပာပါဦး”

” ဆရာက ပညာေလ်ာ့အျပစ္ဒဏ္ခံရတယ္လို႔သာေျပာတာ… ကြၽန္ေတာ္အျမင္ေတာ့ ခုထိ ပညာကမေလ်ာ့ေသးသလိုပဲ”

” ဘာေၾကာင့္ မင္းကအဲလိုထင္ရတာလဲ”

” မိန္းမအိုႀကီးကို ဆရာဟန႔္တားလိုက္တုန္းက သုံးတဲ့အာဏာစက္ကိုၾကည့္ၿပီးေျပာတာပါ…”

” ျပစ္ဒဏ္ခံရတယ္ဆိုတာ ပညာအားလုံးေပ်ာက္ဆုံးတာမွမဟုတ္တာ… အခ်ိဳ႕အခ်ိဳ႕ေသာ ပညာရပ္ေတြကိုမမွတ္မိေအာင္ မွတ္ဉာဏ္ထဲကေန ထုတ္ပစ္လိုက္တာပဲရွိတာ”

” ဘယ္လိုပဲျဖစ္ျဖစ္ ဆရာပညာေတြက တုႏွိုင္းလို႔မရပါဘူးေလ… ဟုတ္တယ္မလား ခြန္းလွ”

” သိပ္ဟုတ္တာေပါ့… ဆရာရဲ႕ အၾကည့္နဲ႕တင္ သာမန္ပညာသည္ေတြ ဒူးတုန္ေအာင္ေၾကာက္လန႔္ေနရတယ္ေလ… ခုနက မယ္စံဆိုတဲ့ မိန္းကေလးကိုပဲၾကည့္… ဆရာအၾကည့္ေတြကိုမခံနိုင္လို႔ မ်က္ႏွာလႊဲလႊဲပစ္တာ သတိထားမိတယ္”

” ဒီကိစၥေတြထက္ မယ္စံဆိုတဲ့ေကာင္မေလးကိုပဲ စိတ္ပူတာ… မိန္းမအိုႀကီးက ဒီတိုင္းလႊတ္ထားမွာ မဟုတ္ဘူး”

” ဒါကေတာ့ သူ႕ကံေပါ့ဆရာရယ္… ကြၽန္ေတာ္တို႔လဲ လုပ္ေပးနိုင္သေလာက္ လုပ္ေပးမယ္ေျပာခဲ့တာပဲ…သူလက္မခံမွေတာ့ သူ႕ေ႐ြးခ်ယ္မႈအတိုင္းဆက္ေလ်ာက္ပါေစ”

ေမာင္ေကာင္းက အနားမွာရွိတဲ့ သစ္ကိုင္းေျခာက္တစ္ခုကို မီးဖိုထဲပစ္ထည့္လိုက္ရာ သစ္ကိုင္းေျခာက္က မီးပုံထဲမက်ပဲ ေလေပၚမွာ ေဝွ႕ယမ္းေနတာကိုျမင္လိုက္ရတယ္။

” ဟင္… ဘာတုန္းဟ… ”

ခြန္းလွေရာ ေမာင္ေကာင္းပါ မီးပုံအလယ္တည့္တည့္မွာ လႈပ္ရွားေနတဲ့ သစ္ကိုင္းေျခာက္ကို အံ့ဩစြာၾကည့္ေနတဲ့အခ်ိန္

” ဟိုေကာင္မေလး စေနာက္မေနနဲ႕… ထြက္လာခဲ့ေတာ့” ဆိုတဲ့ ေအာင္ျမတ္သာရဲ႕အသံကိုၾကားလိုက္ရတယ္။

” မယ္စံက စလိုက္တာပါရွင္… “ဆိုတဲ့အသံနဲ႕အတူ အေမွာင္ထုထဲကေန ထြက္လာတဲ့ မယ္စံကိုျမင္ေတြ႕လိုက္ရတယ္။

” တစ္ေယာက္ထဲလား… မင္းေနာင္ဆိုတဲ့ေကာင္ေလးေရာ မပါလာဘူးလား”

” မယ္စံသူ႕ကို လယ္ေစာင့္တဲထဲမွာပဲ ထားခဲ့လိုက္တယ္…”

” အင္း… မင္းေရာ ဘယ္လိုလုပ္ဖို႔ ဆုံးျဖတ္ထားလဲ”

” မယ္စံက ေမြးရာပါပညာတတ္တဲ့သူမို႔ ဒီပညာေတြကို စြန႔္လႊတ္ရမွာ ႏွေမ်ာေနမိတယ္… ဒါေပမယ့္ မယ္စံကတိေပးနိုင္တာက ဒီပညာရပ္ေတြနဲ႕ ဘယ္သူ႕ကိုမွ ဒုကၡမေပးဘူးဆိုတာပဲ… ပညာကိုေတာ့ ဆုံးခန္းတိုင္ မစြန႔္လႊတ္ခ်င္ဘူး”

” ဟူး… မင္းက က်ဳပ္တို႔ကို အရႈပ္ထဲဆြဲထည့္ေတာ့မယ့္ပုံပဲ”

” ဆရာထင္သလိုမဟုတ္ပါဘူး… မယ္စံက အေမႀကီးအေပၚ ထိခိုက္ေအာင္လဲမလုပ္ခ်င္သလို ကိုမင္းေနာင္ကိုလဲမစြန႔္လႊတ္ခ်င္ဘူး… ဆရာတို႔ကို အကူညီေတာင္းခ်င္တာက အေမႀကီးကို နားခ်ေပးဖို႔ပါပဲ”

” က်ဳပ္တို႔ကလဲ ၀င်ပါပြီးပြီမို့ အဆုံးထိေလ်ာက္ရေတာ့မွာေပါ့… အဲဒီမိန္းမအိုႀကီးနဲ႕ပတ္သတ္တဲ့ အေၾကာင္းအရာေတြမေျပာခင္ မင္းအေနနဲ႕ သစၥာေရေသာက္ရလိမ့္မယ္”

” အခုေသာက္ဆိုေသာက္ပါ့မယ္ဆရာရယ္… ဆရာတို႔ကိုလဲ တကယ္ေက်းဇူးတင္မိပါတယ္”

ေအာင္ျမတ္သာတို႔လဲ မယ္စံကို မည္သူကိုမွ တတ္ေျမာက္ထားတဲ့ပညာရပ္နဲ႕ ဒုကၡမေပးပါဘူးဆိုတဲ့ကတိကိုေတာင္းခံကာ သစၥာေရတိုက္ခဲ့ၾကတယ္။ သစၥာေရတိုက္ၿပီးတာနဲ႕ ႏွစ္ေယာက္လုံးရဲ႕ အသက္နဲ႕ခႏၶာကိုအပ္ႏွင္းခိုင္းၿပီး အျခားသူေတြ ႏွောက္ယွက္လို႔မရေအာင္ အေဆာင္လက္ဖြဲ႕တစ္ခုစီေပးအပ္ခဲ့တယ္။

“မင္းတို႔အေနနဲ႕ ဒီအေဆာင္လက္ဖြဲ႕ကို မေပ်ာက္ပ်က္ေအာင္ ထိန္းသိမ္းဖို႔ေတာ့လိုမယ္”

” စိတ္ခ်ပါဆရာ… မယ္စံတို႔ ေသခ်ာေဆာင္ထားပါ့မယ္.. ဒါနဲ႕ ဆရာတို႔ကဘယ္ကိုခရီးဆက္ၾကမလို႔လဲ”

” ေ႐ႊဘုံျမင့္႐ြာဘက္ကိုသြားၾကမွာပါ”

” ဟင္ ဒါဆို ကုန္းေလးကုန္းဘက္ကေန ျဖတ္ရမွာေပါ့”

” ကုန္းေလးကုန္းဆိုတာက….ဘာကိုေျပာတာလဲ”

” ဆရာတို႔ ေ႐ႊဘုံျမင့္႐ြာကိုသြားတဲ့လမ္းမွာ ကုန္းေလးကုန္းနဲ႕ထိစပ္ေနတဲ့ ခေလာက္႐ြာဆိုတာရွိတယ္။ အဲဒီနယ္ေျမက အေမႀကီးရဲ႕ပိုင္နက္ပဲ… ဆရာတို႔ သူတို႔နယ္ထဲကိုေျခခ်တာနဲ႕ သူကသိေနမွာ”

မယ္စံစကားေၾကာင့္ ေအာင္ျမတ္သာက ခပ္ယဲ့ယဲ့ေလးၿပဳံးလိုက္ၿပီး

” ဒီလိုဆိုေတာ့လဲ ၀င်ပြီးနှုတ်ဆက်လိုက်တာပေါ့ဗျာ… အရမ္းႀကီးလဲစိတ္ပူမေနပါနဲ႕”

” ဆရာတို႔အေနနဲ႕ သူ႕နယ္ထဲေရာက္ပီဆိုရင္ အစစအရာရာသတိရွိဖို႔လိုမယ္… အေမႀကီးမွာ တပည့္တပန္းအမ်ားႀကီးရွိေပမယ့္ မယ္ဘြား၊ မယ္လြန္းနဲ႕ ငေဆာင္းဆိုတဲ့တပည့္သုံးေယာက္ကိုပိုသတိထားပါ… အဲဒီထဲက မယ္ဘြားဆိုတဲ့မိန္းမက ဉာဏ္နီဉာဏ္နက္ အရမ္းမ်ားတယ္ဆရာ”

” ခုလိုသိရေတာ့ ပိုၿပီးသတိထားလို႔ရတာေပါ့… ကဲ… အခ်ိန္လဲလင့္ေနၿပီမို႔ က်ဳပ္တို႔လဲနားလိုက္ဦးမယ္…”

” စကားေကာင္းေနတာနဲ႕ အခ်ိန္ကိုေတာင္သတိမထားမိဘူး… ဒါျဖင့္ ကြၽန္မကိုခြင့္ျပဳပါဦး”

မယ္စံက ေအာင္ျမတ္သာတို႔ကိုႏႈတ္ဆက္ၿပီး လယ္ေစာင့္တဲဘက္ကို ျပန္ထြက္သြားခဲ့တယ္။
++++++++

” အေၾကာ္စုံပူပူေလးေတြရမယ္ေနာ္… ဘူးသီးေၾကာ္.. ပဲကပ္ေၾကာ္.. ၾကက္သြန္ေၾကာ္ေတြရမယ္… ၀ယ်ကြဦးမလားရှင့်”

အေၾကာ္ဗန္းကိုေခါင္းေပၚတင္ၿပီး အသံဆာဆာနဲ႕ေအာ္ဟစ္ေနတဲ့ ေဈးသည္က လမ္းေလ်ာက္လာတဲ့ ေအာင္ျမတ္သာတို႔ကိုျမင္ေတာ့ ခ်ိဳသာတဲ့မ်က္ႏွာထားနဲ႕ၾကည့္ၿပီး

” အကိုေလးတို႔ အေၾကာ္အားေပးပါဦး…”

” တစ္ခုဘယ္ေလာက္လဲအစ္မ”

” တစ္ခုမွ ၂၀ပဲက်ပါတယ္ရွင့္… ”

” ဒါဆို ငါးခုေပးဗ်ာ… ”

ေမာင္ေကာင္းက အေၾကာ္ငါးခုအတြက္ ေငြ၁၀၀ကိုအိတ္ကပ္ထဲကေန ႏွိုက္ယူၿပီးကမ္းေပးလိုက္တဲ့အခ်ိန္ ေအာင္ျမတ္သာက မသိမသာေလးၿပဳံးေနခဲ့တယ္။ ဒါကိုျမင္တဲ့ခြန္းလွက အေၾကာ္သည္ထြက္သြားတာနဲ႕

” ဆရာ ၿပဳံးေနတဲ့ပုံေထာက္ရင္ေတာ့ ကိစၥတစ္ခုခုရွိမယ္ထင္တယ္”

” ခြန္းလွက ငါ့ကိုအၿမဲတမ္းသတိထားေနတာလား”

” ဟား မဟုတ္ရပါဘူးဆရာရယ္.. အမွတ္မထင္ ၾကည့္မိသြားတာပါဗ်ာ”

ေမာင္ေကာင္းက အေၾကာ္ထုပ္ထဲကန ႂကြပ္႐ြေနတဲ့ၾကက္သြန္ေၾကာ္တစ္ခုကိုထုတ္ယူလိုက္ၿပီး ေအာင္ျမတ္သာကိုကမ္းေပးလိုက္တယ္။

” ဒီ႐ြာကေတာ့ ၀င်တာနဲ့ အကဲစမ္းၿပီထင္ပါတယ္”

” သူလမ္းေလ်ာက္လာထဲက ကြၽန္ေတာ္ရိပ္မိတယ္… ဒါေၾကာင့္ ေသခ်ာေအာင္ အေၾကာ္၀ယ္တဲ့ဟန္လုပ္လိုက္တာပဲ”

” ဒီမိန္းမက ဘယ္သူျဖစ္လဲ မယ္ဘြားလား… မယ္လြန္းလား”

” ဘယ္သူျဖစ္ျဖစ္ပါကြာ… မၾကာခင္အကုန္လုံးနဲ႕ ဆုံရမွာမို႔ ေတြ႕တဲ့ခါ နာမည္ေမးၾကည့္ရတာေပါ့”

ေမာင္ေကာင္းက ခြန္းလွကို စေနာက္လိုက္ၿပီး အေၾကာ္ကိုလက္နဲ႕သပ္ကာ ႏွစ္ျခမ္းဆြဲၿဖဲလိုက္တဲ့ခ်ိန္ အထဲကေန ဇီးသီးလုံးခန႔္ရွိတဲ့ ဆံပင္ခ်ည္ေထြးတစ္ခုထြက္လာခဲ့တယ္။

” က်န္တဲ့အေၾကာ္ေတြထဲလဲၾကည့္ဦး”

ေမာင္ေကာင္းလဲ က်န္တဲ့အေၾကာ္ေတြကိုထပ္ၾကည့္လိုက္ရာ အလားတူ ဆံပင္ခ်ည္ေထြးေတြထြက္လာခဲ့တယ္။

” မယ္စံေျပာတဲ့အတိုင္း သူတို႔က ငါတို႔ကို ေစာင့္ၾကည့္ေနၾကတာပဲ”

” ကြၽန္ေတာ္တို႔ ဘယ္လိုလုပ္ၾကမလဲ…ဆရာ”

” မသိခ်င္ေယာင္ေဆာင္ၿပီး သြားၾကတာေပါ့… ”

ေအာင္ျမတ္သာတို႔လဲ ႐ြာလမ္းမအတိုင္း ထြက္လာခဲ့ရာ ဝါးျခမ္းေတြနဲ႕ကာရံထားတဲ့ၿခံေရွ႕ကိုေရာက္တဲ့အခ်ိန္ ေျမႀကီးေပၚမွာလူတစ္ေယာက္ လူးလိမ့္ေအာ္ဟစ္ေနတာကိုျမင္လိုက္ရတယ္။

” အမေလး… ငါ့ဗိုက္ထဲ ဆူးနဲ႕ထိုးသလို ျဖစ္ေနပါလား… လုပ္ၾကပါဦး”

” ေမာင္လွ …. ေမာင္လွ သတိထားဦးေလ… ဘာျဖစ္တာလဲ”

အနီးနားကလူေတြက လူးလိမ့္ေနတဲ့သူကိုတြဲထူဖို႔လုပ္တဲ့အခ်ိန္

” ငါလႈပ္လို႔မရဘူး… လႈပ္တာနဲ႕ ပိုေအာင့္တယ္… အား ကြၽတ္ ကြၽတ္”

မ်က္စိေရွ႕မွာျမင္ေနရတာေၾကာင့္ ေအာင္ျမတ္သာတို႔ ေရွ႕ကိုမဆက္သြားနိုင္ေတာ့ပဲ လူနာအနားကိုသြားကာ ဗိုက္ကိုလက္နဲ႕အုပ္လိုက္တဲ့ခ်ိန္မွာေတာ့ နာက်င္ေနတဲ့သူက လူေကာင္းပကတိျပန္ျဖစ္သြားခဲ့တယ္။

” ခ်က္ခ်င္းျပန္ေကာင္းသြားပါလား…. ထူးဆန္းလိုက္တာ…”

” မိတ္ေဆြ မလႈပ္နဲ႕ဦး… ဒီတိုင္းၿငိမ္ၿငိမ္ေလးေန…”

ေအာင္ျမတ္သာက အုပ္ထားတဲ့လက္ကို ျပန္႐ုတ္လိုက္ရာ ခုနကလို ျပန္ေအာင့္တက္လာခဲ့တယ္။

” ဟင္း… ဒီမိန္းမေတြေတာ့ ငါတို႔ကို ထြက္သြားလို႔မရေအာင္လုပ္ေနပီ” လို႔ေရ႐ြတ္ကာ ေဝဒနာခံစားေနရတဲ့ လူရဲ႕၀မ္းဗိုက္ကို လက္နဲ႕ဖိကိုင္ၿပီး အနားမွာရွိတဲ့ၿခံ၀င္းထဲက ကြပ္ျပစ္ေပၚမွာလဲေလ်ာင္းေစခဲ့တယ္။

” သူ ဘာျဖစ္တာလဲဆရာ… ”

” ဗိုက္ထဲမွာရွိတဲ့ေလေၾကာင့္ျဖစ္တာပါ… သိပ္လဲစိတ္ပူမေနပါနဲ႕…”

ေအာင္ျမတ္သာက ဖိထားတဲ့လက္ကို မဖယ္ေသးပဲ ၀မ်းဗိုက်ထဲမှာရှိတဲ့ အရာကို ေျဖးေျဖးခ်င္းသပ္ခ်ေနခဲ့တယ္။

” ဆရာ… ဗိုက္ထဲမွာ အလုံးတစ္လုံး ေ႐ြ႕ေနသလိုပဲ… ဆရာလက္သြားတဲ့ေနာက္ကိုလိုက္ေနတာ ခံစားမိေနတယ္”

” စိတ္ေအးေအးထားပါ…. မၾကာခင္သက္သာသြားပါလိမ့္မယ္”

ေအာင္ျမတ္သာလဲ ဗိုက္တစ္ျပင္လုံးကို လက္ဝါးနဲ႕ သပ္ခ်ၿပီး ေ႐ြ႕လ်ားေနတဲ့အရာေတြကို ခ်က္နားမွာ စုေစခဲ့တယ္။ အားလုံးတစ္ေနရာထဲမွာ စုၿပီဆိုတာနဲ႕ ဖတ္ခနဲဆြဲယူၿပီး ေလထဲကိုပစ္ထုတ္လိုက္တယ္။

အဲဒီလိုသုံးခါတိတိျပဳလုပ္ၿပီးခ်ိန္မွာေတာ့ ေဝဒနာခံစားေနရတဲ့သူက နဂိုအတိုင္းျပန္ျဖစ္သြားတာေၾကာင့္ သူ႕ကိုယ္သူမယုံနိုင္ျဖစ္ၿပီး ဗိုက္ကိုလက္နဲ႕ထိုးကာစမ္းသပ္ေနခဲ့တယ္။

” ဆရာတို႔ကအေတာ္စြမ္းတာပဲ…. က်ဳပ္ဒီလိုျဖစ္ေနတာ သုံးလေလာက္ရွိၿပီ… ေဆးေတြလဲစုံေအာင္ေသာက္ေပမယ့္ အရွင္းမေပ်ာက္ခဲ့ဘူး.. အခုက်မွ ဘာေဆးမွ မေသာက္ပဲေပ်ာက္သြားတာဗ်ာ..”

” ဒီလိုေဝဒနာက အၿမဲတမ္းျဖစ္ေနတာလား”

” ဟုတ္တယ္ဆရာ… ဒီမွာက႐ြာဆိုေတာ့ နည္းနည္းျဖစ္တာနဲ႕ ဆရာေဆာင္းဆီပဲေျပးရတာ”

” ဆရာေဆာင္း ဟုတ္လား”

” ဟုတ္တယ္ေလဆရာ… သူက ေဆးပညာနည္းနည္းတတ္ေတာ့ သာမန္ဖ်ားတာနာတာေလာက္ဆို သူ႕ဆီပဲ သြားၾကတာ… သူ႕ေဆးကလဲ ေကာင္းတယ္ဆရာရဲ႕… တစ္ခြက္ေသာက္တာနဲ႕သက္သာသြားေရာ…ဒါမယ့္ နည္းနည္းၾကာလာရင္ ခုလိုထပ္ျဖစ္တာပဲ”

” ဆရာေဆာင္းဆိုတဲ့သူက ဘယ္မွာေနလဲဆိုတာေျပာပါလား”

” သူက အေရွ႕လမ္းခ်ိဳးထိပ္မွာေနတာ… အိမ္ေရွ႕မွာ တိုင္းရင္းေဆးမ်ိဳးစုံရသည္ဆိုတဲ့ ဆိုင္းဘုတ္ခ်ိတ္ထားတယ္”

” ဒါျဖင့္ က်ဳပ္တို႔ ဆရာေဆာင္းဆီသြားၿပီး ႏႈတ္ဆက္လိုက္ပါ့မယ္… ေအာ္ အစားအေသာက္လဲသတိထားဦး ထပ္ျဖစ္ေနဦးမယ္”

” ဟုတ္ကဲ့ပါဗ်… ေလစာေတြမစားမိေအာင္ သတိထားပါ့မယ္”

ေအာင္ျမတ္သာတို႔လဲ ေမာင္လွ လမ္းၫႊန္တဲ့အတိုင္း ေလ်ာက္လာခဲ့ရာ တိုင္းရင္းေဆးေရာင္းတဲ့အိမ္ေရွ႕ကိုေရာက္လာခဲ့တယ္။

” ကိုယ့္ဆရာေတြေရာက္လာၾကပီကိုး… လာၾက လာၾက” ဆိုတဲ့အသံနဲ႕အတူ အသက္ငါးဆယ္အ႐ြယ္လူႀကီးတစ္ေယာက္ထြက္လာခဲ့တယ္။

” က်ဳပ္တို႔ေရာက္လာမယ္ဆိုတာ ႀကိဳသိေနတာမ်ားလား”

” ဟက္ဟက္… ႀကိဳသိလို႔ ခုလိုျပင္ဆင္ထားတာေပါ့… ဒီအခ်ိန္က လူသြားလူလာမ်ားတာေၾကာင့္ အိမ္ထဲကို၀င္တာပိုေကာင္းမယ္ထင္တယ္”

ေလသံက ခ်က္ခ်င္းေျပာင္းလဲသြားတာေၾကာင့္ ေအာင္ျမတ္သာတို႔လဲ အလိုက္သင့္စြာနဲ႕ အိမ္ေပၚကိုတက္လာခဲ့လိုက္တယ္။

အိမ္ေပၚကိုေရာက္တဲ့ခ်ိန္မွာေတာ့ အသက္၈၀အ႐ြယ္ မိန္းမႀကီးတစ္ေယာက္နဲ႕အတူ အျခားမိန္းမႏွစ္ေယာက္ကိုျမင္လိုက္ရတယ္။

” အေၾကာ္ေရာင္းတဲ့မိန္းမပါလား”

ေမာင္ေကာင္းစကားသံေၾကာင့္ ထိုင္ေနတဲ့သူေတြအကုန္ ဟက္ဟက္ပက္ပက္ရယ္လိုက္ၿပီး အေၾကာ္သည္မိန္းမႀကီးက

” ဧည့္သည္ေတြက ကိုယ္နဲ႕မဆိုင္တာဆို အရမ္းကူညီခ်င္ၾကတာပဲေနာ္” လို႔ခနဲ႕တဲ့တဲ့ေျပာကာ ၿဗီတီတီလုပ္ေနခဲ့တယ္။

” ဟဲ့ မယ္ဘြား… ဧည့္သည္ေတြထိုင္ပါေစဦး… မတ္တပ္ရပ္ႀကီးေသရင္ ၾကည့္မေကာင္းဘူးေလ”

” ဟဲ့ ငေဆာင္း … ဧည့္သည္ေတြကို ဖ်ာခင္းေပးလိုက္”

ေအာင္ျမတ္သာတို႔လဲ ငေဆာင္းဆိုတဲ့သူ ခင္းေပးတဲ့ ဖ်ာေပၚမွာထိုင္လိုက္ၿပီး မိန္းမအိုႀကီးကိုၾကည့္ေနလိုက္တယ္။

” နင္တို႔ငါ့ကိုၾကည့္လို႔ အၾကည့္လႊဲသြားမယ္ထင္ေနတာလား ေကာင္စုတ္ေလးေတြရဲ႕ အဟီးအဟီး”

” အေမႀကီးရဲ႕ ပညာစြမ္းကို သိရွိထားပီးပီမို႔ ဒီလိုျပန္ၾကည့္ရဲတာကို အထူးဆန္းလို႔မျမင္မိပါဘူး”

” ဟားဟား…. မင္းက ဥပဓိ႐ုပ္ေကာင္းသေလာက္ စကားအရာလဲလိမ္မာတာကိုး… ဒါနဲ႕ မင္းတို႔က ေသမွာမေၾကာက္ၾကဘူးလား”

အမယ္အိုႀကီးစကားေၾကာင့္ ေအာင္ျမတ္သာက ႏႈတ္ခမ္းစြမ္းေလးေကာ့တက္ေအာင္ၿပဳံးလိုက္ၿပီး

” လူဆိုတာေသမ်ိဳးႀကီးပဲမဟုတ္လား…အေမႀကီးရာ”

” ေသမ်ိဳးဆိုတာေတာ့ဟုတ္ေပမယ့္ မေသခင္ နာက်င္ခံစားရတာကိုေတာ့ ဘယ္သူမွမႀကိဳက္ၾကဘူးေလ… အဲ… နာက်င္မႈေတြထဲမွာလဲ အမ်ားႀကီးရွိေနေသးတာမို႔ ဘယ္လိုပုံစံမ်ိဳးသေဘာက်လဲ ဟီးဟီး”

” အေမႀကီးက က်ဳပ္တို႔ကို ေသေအာင္သတ္ဖို႔ထိ ေတြးေနတာက ညက ကိစၥေၾကာင့္လား”

” နင္တို႔က ကိုယ့္အလုပ္မွကိုယ္မလုပ္ၾကပဲကိုး… ငါဆိုတဲ့အဖြားႀကီးကလဲ အဲလိုလူမ်ိဳးဆိုသိပ္မုန္းတာ..”

” ဟင္း… က်ဳပ္တို႔ကလဲ ဒီထိေရာက္လာၿပီဆိုေတာ့ ေနာက္ျပန္လွည့္ဖို႔မျဖစ္နိုင္ေတာ့ဘူးေလ…. ဒီေတာ့ အေမႀကီး ဘယ္လိုျဖစ္ခ်င္လဲဆိုတာ ေျပာပါ”

” မင္းတပည့္ေတြနဲ႕ ငါ့တပည့္ေတြ ပညာခ်င္းၿပိဳင္ေစခ်င္တယ္… ငါတို႔ရႈံးရင္ နင္တို႔စိတ္ႀကိဳက္လုပ္… နင္တို႔ရႈံးရင္ေတာ့ ငါတို႔စိတ္ႀကိဳက္လုပ္မယ္”

” အေမႀကီးက ဒီလိုျဖစ္ခ်င္တယ္ဆိုလဲ လုပ္ေပါ့ဗ်ာ… ”

ေအာင္ျမတ္သာရဲ႕ ခြင့္ျပဳခ်က္ရတာနဲ႕ ေမာင္ေကာင္းနဲ႕ ခြန္းလွက ေရွ႕ထြက္ၿပီး တပလႅင္ေခြထိုင္ကာ မိမိကိုယ္ကိုစည္းခ်ၿပီး ေမတၱာကိုသာပြားမ်ားေနခဲ့တယ္။

မယ္ဘြားနဲ႕ မယ္လြန္းကလဲ စိတ္အစြမ္းကိုအသုံးခ်ကာ ၿပိဳးခနဲပ်က္ခနဲအေရာင္ရွိတဲ့စက္ေတြထုတ္ကာ ပစ္လႊတ္လိုက္တယ္။ ဒါေပမယ့္ စက္ေတြက စည္းခ်ထားတဲ့ေနရာကိုေရာက္တာနဲ႕ မွန္နဲ႕ထိတဲ့ ေနေရာင္လိုျပန္ကန္ထြက္ၿပီး ေဘးကိုလြင့္စင္ကုန္တယ္။

ဒါကိုျမင္တဲ့ အမယ္အိုႀကီးက အနားမွာရွိတဲ့ ေထြးခံနဲ႕ေကာက္ေပါက္ၿပီး
” နင္တို႔အစြမ္းစက ဒီေလာက္ပဲရွိတာလား ေကာင္မေတြရဲ႕… ေျပာေတာ့ျဖင့္ ေလႀကီးမိုးႀကီး ခုက်ေတာ့ ယိုင္ေအာင္ေတာင္မလုပ္နိုင္ၾကဘူး”

” အေမႀကီးကစိတ္ေလာျပန္ပီ… မယ္ဘြားတို႔က အခုမွစမွာပါ”

မယ္ဘြားနဲ႕မယ္လြန္းက လက္ႏွစ္ဖက္ကို ပြတ္လိုက္ရာ အထဲကေန နီညိုေရာင္စက္ေတြ တလက္လက္နဲ႕ထြက္လာခဲ့တယ္။ ဒီတစ္ခါမွာေတာ့ စက္အားကပိုျပင္းလာတဲ့အတြက္ ကာထားတဲ့စည္းကိုေက်ာ္လြန္ဖို႔လက္တစ္ကမ္းလိုထိျဖစ္လာခဲ့တယ္။

အဲဒီအခ်ိန္ ငေဆာင္းက အေနာက္ကေန ေမာင္ေကာင္းရဲ႕ ငယ္ထိပ္ကို လက္ဝါးနဲ႕ရိုက္ခ်ဖိဳ႕ဟန္ျပင္လိုက္ရာ

” ဟိတ္ .. ဒါဘာလုပ္တာလဲ” ဆိုတဲ့အသံနဲ႕အတူ ေအာင္ျမတ္သာရဲ႕ ညာလက္ဝါးက ေလထဲမွာဆတ္ခနဲေ႐ြ႕လ်ားသြားခဲ့တယ္။

” ေျဖာင္း….”

” အင့္..”

” ဒုန္း”

ငေဆာင္းက ေအာင္ျမတ္သာရဲ႕ ရိုက္ခ်က္ေၾကာင့္ အိမ္တံခါး၀ထိလြင့္ထြက္သြားသလို ေမာင္ေကာင္းနဲ႕ ခြန္းလွတို႔ကလဲ ၿငိမ္ေနရာကေန ၾကမ္းျပင္ကိုလက္ဝါးနဲ႕ရိုက္ၿပီး

” အင္းေစာင့္၊ ဂိုဏ္းေစာင့္ေတြ အယုတ္တမာမေတြရဲ႕ ဦးေခါင္းကို ႀကိဳးနဲ႕ရစ္ပတ္ထားၾကစမ္း” လို႔ခပ္ၾကမ္းၾကမ္းအမိန႔္ေပးလိုက္ရာ မယ္ဘြားနဲ႕ မယ္လြန္းတို႔ႏွစ္ဦး လွ်ာတန္းလန္းထြက္ၿပီး ေလေပၚကို ေျမာက္တက္သြားခဲ့တယ္။

တစ္ဖက္မွာလဲ ေအာင္ျမတ္သာက ကလိမ္ကက်စ္က်တဲ့ မိန္းမအိုႀကီးကို မ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ကာ ဦးေခါင္းကိုေျဖးညွင္းစြာခါယမ္းလိုက္တယ္။

” သင္အမွားႀကီးလုပ္မိၿပီ … က်ဳပ္တို႔က သင္တို႔ပညာကိုေလးစားလို႔ယွဥ္ၿပိဳင္ခြင့္ေပးတာကို ကလိမ္ကက်စ္က်တယ္ဆိုေတာ့ က်ဳပ္တို႔လဲ ငဲ့ညွာစရာမလိုေတာ့ဘူးေပါ့… ကဲ … အဖဆရာေတာ္ႀကီးကိုယ္တိုင္ တည္ေထာင္ခဲ့တဲ့ ဂိုဏ္းကိုေစာ္ကားခဲ့တဲ့အျပင္ သမာသမတ္က်က်မယွဥ္ၿပိဳင္ခဲ့တဲ့ ဒီငမိုက္သားေတြကို ၾကမ္းေပ့ရမ္းေပ့ အင္းေစာင့္ေတြက အျပစ္ကို၀န္ခံလာတဲ့ထိ ဆုံးမေစ… ပညာသည္ေတြရဲ႕အခ်ဳပ္ ေရယဥ္အေမႀကီးလဲ သိေစျမင္ေစၾကားေစၿပီး ပညာရပ္ေတြကိုအသုံးျပဳမရေအာင္ သိမ္းယူေပးပါ” လို႔အမိန႔္ျပန္လိုက္ရာ မိန္းမအိုႀကီးအပါအ၀င္အျခားသူေတြပါ ငယ္သံပါေအာင္ေအာ္ၿပီး လူးလိမ့္ေနတာကိုျမင္လိုက္ရတယ္။

ထူးဆန္းတာက ေၾကာက္မက္ဖြယ္အသံေတြနဲ႕ေအာ္ဟစ္ရင္း လူးလိမ့္ေနတဲ့အသံေတြက အိမ္တံဆက္ၿမိတ္အျပင္ကိုလုံး၀ထြက္မလာတာပဲ။

” ေရယဥ္အေမႀကီးရဲ႕ တပည့္သားသမီးျဖစ္တဲ့အတြက္ အေမႀကီးစိတ္တိုင္းက်တဲ့အခ်ိန္ထိ ဆုံးမအျပစ္ေပးပါ…ဂိုဏ္းေစာင့္ေတြအေနနဲ႕ ေရယဥ္အေမႀကီးငယ္သားေတြေရာက္တာနဲ႕ကိုယ့္ဌာနီအသီးသီးကိုျပန္ႂကြၾကပါ” လို႔ေျပာၿပီး အိမ္ေပၚကေနဆင္းလာခဲ့လိုက္တယ္။

လတ္ဆတ္ေအးျမတဲ့ ေလႏုေအးက အေရွ႕ရပ္ကေနတိုက္ခတ္လာေနသလို နာက်င္စြာေအာ္ဟစ္သံသဲ့သဲ့က အိမ္ထဲကေနထြက္ေပၚေနခဲ့တယ္။
++++

” ဆရာ… မယ္စံကို သစၥာေရတိုက္တုန္းက သူ႕ပညာေတြကို မစြန႔္လႊတ္ပဲ ေနာက္ေနာင္မလုပ္ေတာ့ပါဘူးဆိုတဲ့ ကတိပဲေပးခဲ့တာေနာ္”

လမ္းေလ်ာက္ေနရင္း အမွတ္မထင္ေမးလိုက္တဲ့ ခြန္းလွစကားေၾကာင့္ ေအာင္ျမတ္သာက ေျခလွမ္းေတြကိုရပ္လိုက္ၿပီး

” ဘာျဖစ္လို႔လဲခြန္းလွ”

” ကြၽန္ေတာ္စဥ္းစားမိတာတစ္ခုရွိေနလို႔ပါ.. ”

” ဘာစဥ္းစားမိလို႔လဲေျပာစမ္းပါဦး”

” မယ္စံက ကိုမင္းေနာင္ကို တကယ္ခ်စ္တာကိုေတာ့ယုံပါတယ္… ကိုမင္းေနာင္ကေရာ မယ္စံကို တကယ္ခ်စ္ပါ့မလား”

” မင္းကဘာလို႔ အဲလိုေတြးတာလဲ…”

” ဆရာ စဥ္းစားၾကည့္ေလ… သူေမးတဲ့စကားထဲမွာ ပညာစြန႔္ရင္ အရင္လုပ္ထားတဲ့အရာေတြပ်က္လားဆိုတဲ့စကားပါေနတယ္… ဆရာက ပ်က္တယ္လို႔ေျပာေတာ့ သူကပညာမစြန႔္ပဲ အျခားကတိကိုပဲေပးသြားတယ္ေလ…. ကဲပါ ဆရာရယ္ ကြၽန္ေတာ္ကပဲအေတြးမ်ားေနတာျဖစ္မွာပါ… ကြၽန္ေတာ္မေျပာမိခဲ့ဖူးလို႔သာ ထားလိုက္ပါေတာ့”လို႔ေျပာၿပီး ေခါင္းကိုကုတ္ကာ ေရွ႕ကေန ခပ္သုတ္သုတ္ေလ်ာက္သြားခဲ့တယ္။

ေအာင္ျမတ္သာတို႔ေ႐ႊဘုံျမင့္႐ြာကိုလာရတဲ့ရည္႐ြယ္ခ်က္ကိုေတာ့

” ေအာင္ျမတ္သာႏွင့္ နတ္ဖြက္ပုရပိုက္”ဆိုတဲ့၀တၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)

#မူရင္းေရးသားေသာသူမ်ားႏွင့္
စာေရးဆရာ-ေဇယန(ရာမည)အားေလးစားလ်က္ေမတၱာျဖင့္မွ်ေဝသည္။🙏🙏🙏

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

| | 0 Comments| 7:28 am


ကျားဆိုး °°°°°°°°°° #မှဝဇီ နံနက်လေးနာရီခန့် ဖြစ်သည်။ နန်းမောတောင်တန်းကြီးသည် နှင်းပင်လယ်အောက်တွင် အိပ်မောကျလျက် ရှိသေး၏။ ယင်းအချိန်မှာပင် ဝါးရုံပင်ကြီးများနှင့် သစ်ပင်ကြီးငယ်များ မိုး နေသည့် အိမ်ခြေနှစ်ဆယ်ခန့်ရှိသော ရွာစည်းရိုးနားသို့ နှင်းတောထဲမှ တချွတ်ချွတ် နင်းလျှောက်လာသော သတ္တဝါကြီးတစ်ကောင် တရွေ့ရွေ့ကပ်လာသည်။ ခြံစည်းရိုးသည် လက်ခုပ်တစ်ဖောင်ကျော်ကျော် မြင့်သည်။ သတ္တဝါကြီးသည် ခြံစည်းရိုးကို စူးစမ်းကာ လက် ဖြင့် ကုတ်ခြစ်လိုက်သည်။

| | 0 Comments| 12:45 pm


** သင်္ချိုင်းရွှေ့တဲ့နေ့ **(စ/ဆုံး) —————————- (ဖြစ်ရပ်မှန်) “ဘုရားရေ …သင်္ချိုင်းရွှေ့တာလည်း ရဲတာဝန်ပဲလားဟ…” လက်ထဲက စာရွက်နှစ်ရွက်ကိုကြည့်ပြီး စခန်းမှူးဦးခင်ကျော် စိတ်ပျက်လက်ပျက် ညည်းညူလိုက်တယ်… စာရွက်နှစ်ရွက်က သင်္ချိုင်းရွှေ့ရာမှာ ရွတ်ဖတ်အမိန့်ပြန်ရမယ့် အမိန့်စာရွက်နှစ်ရွက်။မကြာခင် အချိန်ကလေးကမှ သဲကုန်း မ.ဝ.တ ဥက္ကဋ္ဌ ဗိုလ်မှူးကိုယ်တိုင် သူ့လက်ထဲ ထည့်ပေးလိုက်တာပါ။ ပြီးတော့… “ကဲ…။စခန်းမှူးကြီးရေ ခင်ဗျားကိုပဲ တာဝန်ပေးလိုက်မယ်။ ကျုပ်တို့ အမ်းမမြို့ကို