အောင်မြတ်သာနှင့်အင်းပိုင်ကြီးဘထွန်း
++++++++++++++++++++++++++++
“ကိုထွန်းကြည် စပါးရိတ်တာမြန်မြန်ရိတ်ပါ ခလောက်အင်းဖွင့်ပွဲအမှီသွားရဦးမယ်”

“မိန်းမကလဲ ငါလဲမြန်မြန်လုပ်နေတာပဲ အချိန်ရှိပါသေးတယ် ဖြေးဖြေးပေါ့ဟာ”

“ရှင်ကဘာသိလို့လဲ အရောက်နောက်ကျရင် ခလောက်အင်းထဲက ငါးတွေသူများဖမ်းလို့ကုန်ပီတော့် အဲဒီအချိန်ကျုပ်တို့အတွက် ငါးသလဲထိုးလေးတွေပဲကျန်‌မယ် ဟွင့်”

မိန်းမဖြစ်သူ ရီစိန်ရဲ့ ဗြစ်တောက်ဗြစ်တောက်ပြောတဲ့စကားကြောင့် ကိုထွန်းကြည် စပါးကိုခပ်မြန်မြန်ရိတ်နေလိုက်တယ်။

“ကိုထွန်းကြည် ပလိုင်းတွေ ကွန်တွေသေချာစစ်ဦး ပေါက်တာပြဲတာတွေယူခဲ့နေဦးမယ်”

“နင်ကလဲ တစ်ချိန်လုံး ပိကျိပိကျိနဲ့ နားငြီးလာပြီ ငါ့အလုပ်ငါသိပါတယ် နင်မရှည်ပါနဲ့”

ကိုထွန်းကြည်ရဲ့ ဒေါသထွက်တဲ့လေသံကိုကြားတော့ မရီစိန်က

“ကျုပ်က စေတနာနဲ့ပြောတာပါတော် ဆရာလုပ်တာမဟုတ်ပါဘူး”

“စေတနာတွေ ‌ဗေတနာတွေလုပ်မနေနဲ့ အားလုံးပြီးပြီ သွားကြမယ်”

လင်မယားနှစ်ယောက် ပလိုင်းကိုယ်စီ ကွန်ကိုယ်စီလွယ်ကာ ခလောက်အင်းရှိရာဘက်ကို ထွက်လာခဲ့လိုက်တယ်။

ခလောက်အင်းဆိုတာက ကိုထွန်းကြည်တို့နယ်တစ်ဝိုက်မှာ မသိတဲ့သူရှားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခလောက်အင်းလောက် ငါးထွက်တဲ့အင်းမရှိလို့ပဲ။

ဒါကြောင့် အင်းလေလံဆွဲတဲ့သူတွေက ခလောက်အင်းကိုရဖို့အတွက် သူ့ထက်ငါအပြိုင် လေလံဆွဲတတ်ကြတယ်။

ဒီနေ့က ခလောက်အင်းဖွင့်ပွဲလေ အင်းဖွင့်ပွဲပြီးနောက်နေ့မှာ လေလံဆွဲမှာဖြစ်လို့ ဒီနေ့က ရပ်ရွာဓလေ့အရ ရွာနီးချုပ်စပ်က ငါးဖမ်းဝါသနာရှိတဲ့သူတွေ ဟင်းစားရှာသူတွေကိုအခမဲ့ ပေးဖမ်းထားတာပဲဖြစ်တယ်။

ကန်သင်းရိုးတွေထဲကနေဖြတ်လျောက်ပြီး ခလောက်အင်းရှိရာသို့ခပ်သုတ်သုတ်လျောက်နေတဲ့အချိန်

” နောင်ကြီးတို့ ဗျို့နောင်ကြီး”

မလှမ်းမကမ်းကနေ လှမ်းခေါ်တဲ့အသံကြောင့် ကိုထွန်းကြည် ရပ်ကြည့်လိုက်တယ်။

“ကျုပ်ကိုခေါ်တာလားဗျ”

“ဟုတ်တယ်ဗျ ကျုပ်တို့က ခလောက်အင်းကိုသွားမလို့ လမ်းမသိလို့ ဒီကနောင်ကြီးတို့များ လမ်းသိမလားလို့ လှမ်းမေးတာပါ”

အရပ်မြင့်မြင့် ခပ်ချောချောကောင်လေးတစ်ယောက်ရဲ့ ကြည်လင်ပြတ်သားတဲ့အသံကြောင့် မရီစိန်က

” အဆင်သင့်လိုက်တာကွယ် အမတို့က ခလောက်အင်းကိုသွားကြမလို့ လမ်းကြုံလိုက်ခဲ့ပါလား အေဖာ်လဲရတာပေါ့”

“အဲဒါဆိုကျေးဇူးပါပဲဗျာ သက်ခိုင်နဲ့တောက်ရက ပစ္စည်းတွေကူသယ်ပေးလိုက်ကြပါဦး”

သုံးယောက်ထဲမှာ ဥပဓိရုပ်ကောင်းကောင်းနဲ့ လူငယ်ရဲ့စကားအဆုံးမှာတော့ ဘေးမှာပါလာတဲ့ လူငယ်တွေက ကွန်တွေ ပလိုင်းတွေကို ဝိုင်းလွယ်ပေးလိုက်ကြတယ်။

” အော် မိတ်ဆက်ပေးရဦးမယ် ဒါက ကျုပ်ယောကျၤားကိုထွန်းကြည်တဲ့ အမနာမည်ကတော့ မရီစိန်လို့ခေါ်တယ် ဒီကမောင်လေးတွေနာမည်ကရော”

မရီစိန်ရဲ့စကားကိုကြားတော့ သက်ခိုင်က
“ဒါက ကျုပ်တို့ဆရာ အောင်မြတ်သာတဲ့ ဒီဘက်ဘေးမှာရှိတာကတော့ တောက်ရလို့ခေါ်တယ် ကျုပ်နာမည်ကတော့ သက်ခိုင်တဲ့”

“ဒါနဲ့ မောင်လေးတို့က ခလောက်အင်းကို ဘာကိစ္စနဲ့သွားကြမှာလဲ”

မရီစိန်ရဲ့စကားကြောင့် တောက်ရက တောင်ကြည့်မြောက်ကြည့်လုပ်ပြီး

“ကျုပ်တို့က အလုပ်ကိစ္စနဲ့ ခရီးထွက်လာရင်း ဒီနယ်တစ်ဝိုက်မှာ ခလောက်အင်းကနာမည်ကြီးတော့ ရောက်ဖူးချင်လို့ပါ”

တောက်ရစကားကိုကြားတော့ ကိုထွန်းကြည်က
“ဒါဆိုအတော်ပဲ ဒီနေ့က ခလောက်အင်းဖွင့်ပွဲလေ အကိုတို့ကခလောက်အင်းမှာ ငါးဖမ်းဖို့ သွားနေကြတာ”

” အင်းထဲမှာ လူတိုင်းငါးဖမ်းလို့ရလို့လား အင်းပိုင်ရှင်တွေက ဘာမှမပြောဘူးလား”

“တစ်နှစ်မှာတစ်ရက်ပဲဖမ်းလို့ရတာ ဒီနေ့ပြီးရင် ဖမ်းမရတော့ဘူး ဒါကြောင့် ဒီနေ့က ခလောက်အင်းမှာအစီဆုံးပဲ နောက်ရက်တွေ ပိုင်ရှင်အခွင့်မရပဲဝင်ဖမ်းလို့ကတော့ အသေဆိုးနဲ့သေရမယ်သာမှတ်”

ကိုထွန်းကြည်ရဲ့ အားပါးတရပြောတဲ့စကားကြောင့်

“ကိုထွန်းကြည် ဧည့်သည်တွေကို ဘာတွေလျောက်ပြောနေတာလဲ လူငယ်လေးတွေလန့်သွားပါဦးမယ်”

မရီစိန်ရဲ့စကားကြောင့် သက်ခိုင်က တစ်ချက်ရယ်လိုက်ပြီး
“ရပါတယ်အစ်မ ကျုပ်တို့ကလူငယ်ဆိုပေမယ့် ဒါမျိုးတွေယုံကြည်ပါတယ် အချိန်ရသေးတယ်ဆိုရင် ခလောက်အင်းအကြောင်းကိုပြောပြပါလား ”

“အချိန်ကတော့ မရတော့ဘူး နောက်ကွမ်းတစ်ရာညက်လောက်ဆိုရင် ခလောက်အင်းကိုရောက်ပြီ ဟိုမှာတွေ့လား ကန်သင်းရိုးပေါ်မှာ ပလိုင်ကိုယ်စီနဲ့လူတွေ သူတို့လဲအမတို့လိုပဲ ငါးဖမ်းဖို့သွားနေကြတာ”

အောင်မြတ်သာတို့လဲ မရီစိန်တို့လင်မယားအနောက်ကနေလိုက်ရင်း သိပ်မကြာခင်ခလောက်အင်းထဲကို ရောက်လာခဲ့တယ်။

“ကိုထွန်းကြည် ကျုပ်မပြောဘူးလား လူတွေအများကြီးရောက်နေကြပြီ ငါးတွေများကုန်တော့မလားမသိပါဘူး”

“ဟဲ့ ရီစိန် ဧည့်သည်တွေရှိနေလို့ ငါမပြောသေးတာနော် ဟင်း ညီလေးတို့လဲ လိုက်ပြီးလေ့လာလိုက်ဦး အကိုတို့ ငါးသွားဖမ်းလိုက်ဦးမယ် နောက်မှဆုံမယ်နော်”

အောင်မြတ်သာတို့ကိုနှုတ်ဆက်ပြီး ထွက်သွားတဲ့ ကိုထွန်းကြည်တို့လင်မယားကိုလက်ပြနှုတ်ဆက်လိုက်ပြီး ခလောက်အင်းဘေးမှာ အလေ့ကျပေါက်နေတဲ့ ကုက္ကိုပင်အောက်မှာဝင်ထိုင်လိုက်ပြီး

” သက်ခိုင် ဟိုမှာ ဝါးနဲ့လုပ်ထားတဲ့ စင်သေးသေးလေးတွေ့လား အဲဒါ အင်းပိုင်ကြီးကို ကျွေးဖို့လုပ်ထားတာပဲ ”

“လူတွေအရမ်းများတယ်နော်ဆရာ ကျွန်တော်တို့အစီအစဉ်ကိုဘယ်တော့စမလဲ ”

သက်ခိုင်ရဲ့အမေးကို အောင်မြတ်သာချက်ချင်းမဖြေသေးပဲ ခလောက်အင်းထဲကို ကြည့်နေလိုက်တယ်။

တစ်အောင့်ကြာတော့

“ဒီည အင်းပိုင်ကြီးကို အစာကျွေးပြီးရင် လူတွေပြန်ကြလိမ့်မယ် အဲဒီအချိန် လုပ်ငန်းစမယ် ည၁၂မထိုးခင် အပြီးလုပ်ရမယ် ၁၂နာရီကျော်ရင် တစ်ခြားနေ့ရောက်ပြီဖြစ်တဲ့အတွက် ပိုင်ရှင်အသစ်ရဲ့ခွင့်ပြုချက်လိုလာမယ် သူတစ်ပါးပိုင်တဲ့အင်းထဲမှာ ငါတို့ရှိမနေသင့်ဘူး ဒါကြောင့် ကိစ္စမြန်မြန်ပြီးအောင်လုပ်ရမယ်”

အောင်မြတ်သာရဲ့စကားကိုကြားတော့ သက်ခိုင်နဲ့ တောက်ရက နားလည်တဲ့ပုံစံနဲ့ ခေါင်းညိမ့်ပြလိုက်တယ်။

“ဟူး ပူကလဲပူ လူကလဲများတော့ ငါးဖမ်းလ့်ုအဆင်မပြေပါဘူးကွာ ဟေ့ကောင် ဘသန်း မင်းရော အခြေအနေကောင်းလား”

ခမောက်နဲ့မျက်နှာကိုယပ်ခပ်ရင်း ကုက္ကိုပင်အောက်ကိုဝင်လာတဲ့ အသက်လတ်ပိုင်းလူက အနောက်မှာပါလာတဲ့ သူကိုလှမ်းမေးလိုက်တော့

” အဆင်ပြေတယ်လို့လဲမဟုတ်ပါဘူး တစ်ရက်နှစ်ရက်စာတော့ ရတာပေါ့ အရင်ကလို အများကြီးမရတော့ဘူး”

“ဟေ့ကောင်ဘသန်း ဒီအချိန်က လူများတော့ ငါးတွေပုန်းနေတာဖြစ်မယ် ငါတို့ညဘက် လာခိုးဖမ်းမလား”

“ဟာကွာ မကြံကောင်းမစည်ရာ မင်းမှာအသက်ပိုပါလို့လား ခလောက်အင်းအကြောင်း မင်းမသိသေးဘူးထင်တယ်”

ခမောက်ဆောင်းထားတဲ့လူနှစ်ယောက် ပြောနေတဲ့စကားတွေကို အောင်မြတ်သာတို့ နားစွင့်နေလိုက်ကြတယ်။

” ကြားတာတော့ကြားဖူးတယ် ဒါပေမယ့် ကိုယ်တိုင်မကြုံဖူးတော့မယုံလို့”

“ရုတ်ရုတ်တော့မလုပ်နဲ့ငါ့ကောင် မင်းလိုကောင်မပြောနဲ့ ခလောက်အင်းထဲမှာ ရတနာသေတ္တာရှိတယ်ဆိုပြီး သိုက်လာတူးတဲ့ ဆရာ့ဆရာတွေတောင် အသက်မပါပဲပြန်ကြရတာကွ ဒီအင်းပိုင်ကြီးက အရမ်းကြမ်းတယ် သူကလူဘဝတုန်းက ဓါးမြလဲလုပ်ဖူးတယ်ပြောတယ်”

“သူ့အကြောင်းပြောပြစမ်းပါလား ငါက ခလောက်အင်းအကြောင်း သိပ်မသိသေးဘူး”

“မောလို့လာထိုင်နေပါတယ်ဆိုမှ မင်းကိုပြောပြရဦးမယ် ငါလဲမင်းကိုခေါ်လာမိတာ ဝဋ်ကြွေးပဲ”

“သူငယ်ချင်းရယ် မင်းပြောပြမှငါသိမှာပေါ့ လုပ်ပါ”

“အေး အေး အရှည်ကြီးတော့ မပြောနိုင်ဘူး အတိုချုံးပြောပြမယ် အရင်က ဒီနေရာမှာ ရွာတစ်ရွာရှိခဲ့တယ် ခလောက်ရွာတဲ့ လူဆိုးလူမိုက်ပေါများတဲ့ရွာဆိုလဲမမှားဘူး ထစ်ခနဲရှိရင် ခလောက်ရွာသားတွေပဲ အဲဒီထဲမှာ ဘထွန်းဆိုတဲ့လူက အဆိုးဆုံးပဲ အရင်ကဒီခလောက်အင်းဆိုတာ ပိုင်ရှင်မရှိသေးဘူး ကြုံတဲ့သူဖမ်းပဲ ငါးတွေပေါချက်ဆိုတာ ကွန်တစ်ချက်ပစ်ရင် သုံးရက်လောက် ထွက်ရှာစရာမလိုဘူး အဲဒီမှာ ဘထွန်းရဲ့ကွန်ပစ်တဲ့လက်ဆကို မှီတဲ့သူမရှိဘူး ဘထွန်းကွန်ပစ်ပီဟေ့ဆိုရင် အနားမှာဝိုင်းလုပ်ပေးချင်ကြတဲ့သူတွေမနည်းမနောပဲ ဘာလို့ဆိုတော့ ကိုယ့်ဘာသာကွန်ပစ်ရင် သုံးရက်စာလောက်ပဲရတာ ဘထွန်းကွန်ပစ်တာကူညီရင် ဝိုင်းလုပ်တဲ့သူတွေတောင် တစ်ပတ်စာကအသာလေး ”

ပြောနေရင်းအသံတစ်ချက်တိတ်သွားလို့ သက်ခိုင်လှမ်းကြည့်လိုက်ဝောာ့ ပလိုင်းထဲက ရေနွေးဘူးလေးကိုထုတ်သောက်နေတာမြင်လိုက်ရတယ်။

” အေး ဘထွန်းကလဲ လူ့ဂွစာ စိတ်မထင်ရင် မထင်သလို ပေါက်ကရလျောက်လုပ်တဲ့ကောင် တစ်နေ့မှာ ဘထွန်းရွာကပျောက်သွားတယ် လုံးဝအဆက်သွယ်မရတော့ဘူး သုံးနှစ်လောက်နေတော့ ပြန်ရောက်လာတယ် မျက်နှာမှာလဲ ပြတ်ရာရှရာတွေနဲ့ ဘာဖြစ်တာလဲဆိုတာ ဘယ်သူမှမမေးရဲဘူး သူ့အစ်မတွေမေးရင်တောင် ငါကိုင်ဆဲတာ ဒါပေမယ့် သတင်းကထွက်လာတာပဲ တကယ်တော့ဘထွန်းက ဓါးမြလုပ်ခဲ့တာဆိုတာပဲ အဲဒီအချိန်ထဲက ဘထွန်း ဒီအင်းနားမှာ တဲထိုးပြီး အရက်ဖိုးလိုရင် ငါးထပစ်တယ် ပိုက်ဆံရှိရင် အရက်သောက်တယ် တစ်နေ့မှာတော့ ဘထွန်းထပ်ပျောက်သွားပြန်ရော လူတွေလဲ အမှုမဲ့အမှတ်မဲ့နေနေတာပေါ့ လေးရက်လောက်ကြာမှ ခလောက်အင်းထဲက ပေါ်လာတာ ပေါ်လာတော့ပုတ်ပွနေပြီ ”

“အမူးလွန်ပြီး ရေထဲကျသေတာလား ”

“မဟုတ်ဘူး အဲဒီနေ့က သူသောက်မယ့်အရက်ပုလင်းကအရက်တွေ အပြည့်ရှိနေသေးတယ် တစ်ချို့လူတွေပြောတာက အင်းပိုင်ကြီးက သူ့ကိုလူစားထိုးလိုက်တာတဲ့ ”

“ဟုတ်ပါ့မလား နောက်တော့ရော ဘာဆက်ဖြစ်သေးလဲ”

“‌သူသေပြီး တစ်‌လလောက်အကြာမှာ ရွာထဲက လူက်ုဝင်ပူးပြီး ခလောက်အင်းထဲမှာ သူနေတယ်လို့ပြောတယ် ငါးဖမ်းတဲ့သူတွေ သူ့အတွက် ကြက်ကြော်နဲ့အရက်လာပေးရင် ငါးများများရအောင်လုပ်ပေးမယ်တဲ့ သူ့ကိုမဆက်သပဲ ခိုးဖမ်းရင် ဘထွန်းအကြောင်းသိမယ်ဆိုပြီး ကြိမ်းဝါးတာ ရွာထဲမှာယုံတဲ့သူတွေရှိသလို မယုံတဲ့သူတွေကလဲ ရှိတာပေါ့ မယုံတဲ့သူတွေ ငါးခိုးဖမ်းတယ် နောက်နေ့မကူးဘူး အင်းထဲအလောင်းသွားကောက်ရတယ် ထူးဆန်းတာက သေသူတွေအားလုံးရဲ့ ဂုတ်မှာ အစွယ်ရာလိုလို သွားရာလိုလို အပေါက်တွေ ရှိနေတာပဲ အဲဒီထဲကစပြီး အင်းပိုင်ကြီးဘထွန်းဆိုပြီး ဖြစ်လာတာ ဟိုမှာမြင်ရတဲ့ တဲလေးတွေက ညနေဝင်ရီတရောကျရင် သူ့ကိုပသဖို့ လုပ်ထားတဲ့ဟာတွေ ”

“မင်းပြောမှပဲ ကြက်သီးတွေတောင်ထလာတယ် ငါခုနကပြောခဲ့တာတွေ ပြန်တောင်းပြန်လိုက်ဦးမယ်”

ပြောရင်းဆိုရင်းထွက်သွားတဲ့ လူနှစ်ယောက်ကိုကြည့်ပြီး သက်ခိုင်က တောက်ရကိုမော့ငေါ့ပြလိုက်တယ်။ အောင်မြတ်သာကတော့ မျက်လုံး မှိတ်ပြီးကုက္ကိုပင်ကိုမှီကာ ထိုင်နေရင်း

” မင်းတို့သိချင်နေတဲ့ အရာကိုသိလိုက်ရတော့ ကျေနပ်သွားပြီမဟုတ်လား”

အောင်မြတ်သာစကားကိုကြားတော့ တောက်ရက ရယ်ကျဲကျဲလုပ်ပြီး

” ဒါပေါ့ဆရာရယ် ဒီလိုသိရတာက ကျွန်တော်တို့ကိစ္စအတွက် အထောက်အကူရတာပေါ့”

လူတွေပြာပန်းခတ်မျှ လှုပ်ရှားသွားလာနေရင်ကနေ ညနေစောင်းတော့ ပြန်တဲ့သူတွေကပြန် မပြန်သေးပဲ စားတော်ဆက်ပွဲကြည့်မဲ့သူတွေကလဲ ဟိုစနားတစ်စု ဒီနားတစ်စု ထိုင်ကာ စကားဖောင်ဖွဲ့ပြောနေကြတယ်။

“ဟေး ညီလေးတို့ မပြန်သေးဘူးလား”

လှမ်းခေါ်သံကြားလို့ကြည့်လိုက်တော့ မနက်က လင်မယားကိုတွေ့လိုက်ရတယ်။

“မပြန်သေးဘူး နောင်ကြီးရေ ခဏနေ ဟိုဘက်ကိုခရီးဆက်ထွက်မှာဆိုတော့ စားတော်ဆက်ပွဲ အမှီကြည့်သွားလိုက်ဦးမယ်”

“အေးအေး ဒါဆိုအကိုတို့ပြန်ပီနော် ပြန်ရမှာကတေးတော့ ဖမ်းလို့ရတဲ့ငါးတွေပုတ်သွားမှာစိုးတယ်”

အောင်မြတ်သာတို့လဲ ကိုထွန်းကြည်တို့လင်မယားကိုနှုတ်ဆက်ပြီး စားတော်ဆက်ပွဲပြင်ရာနေရာကိုထွက်လာခဲ့လိုက်တယ်။

” စားတော်ဆက်ပွဲ စတော့မယ်ဟေ့ လာကြ လာကြ”

ဘယ်သူအော်လို့အော်လိုက်မှန်းမသိတဲ့အသံကြောင့် ဟိုတစ်ကွက် ဒီတစ်ကွက်ထိုင်နေကြတဲ့ သူတွေရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။

စားတော်ဆက်ပွဲဆက်မယ့် အသက်ကြီးကြီးအမျိုးသမီးကြီးက

” အင်းပိုင်ကြီးအတွက် သားတော်သမီးတော်တွေက မမေ့မလျော့တဲ့စိတ်နဲ့ ဟောဒီစားကောင်းသောက်ဖွယ်တွေနဲ့ အရက်ပြင်းပြင်းက်ုဆက်သပါတယ် သုံးဆောင်တော်မူပါ သုံးဆောင်ပြီးတဲ့အခါမှာလဲ တပည့်သားသမီးတွေရဲ့ အကျိုးစီးပွားတိုးတက်အောင် ကြည့်ရှုစောင်‌မပေးတော်မူပါ မနက်ဖြန်အင်းလေလံပွဲမှာလည်း အနောက်အယှက်မရှိစေရန် ကူညီစောင်မပေးတော်မူပါ အင်းပိုင်ကြီးရဲ့ နောက်လိုက်များအတွက်ကိုလဲ အောက်ပွဲပြင်ထားပေးပါတယ် အင်းပိုင်ကြီးရဲ့အမှာစကားကို နှမတော်တို့အမြဲအလေးထားလျက်ပါ”

ပါးရေတွေတွန့်နေတဲ့အမယ်အိုရဲ့ စကားအဆုံးမှာတော့ အင်းတစ်လျောက် လင်ကွင်းတီးသံတွေ၊ ဒိုးပတ်သံတွေဆူညံသွားတယ်။ ဒီလိုအသံတွေကြားပြီဆိုရင် အင်းဖွင့်ပွဲပိတ်ပြီဆိုတာ ရွာနီးချုပ်စပ်ကလူတွေအကုန်သိကြသလို အင်းထဲမှာငါးဖမ်းနေတဲ့သူတွေကလည်း ရသမျှကိုယူကာ အပေါ်ပြန်တက်လာခဲ့ကြတယ်။

အလင်းရောင်က တစ်ဖြေးဖြေး မှိန်လျော့သွားတဲ့အချိန်မှာတော့ ခလောက်အင်းထဲမှာ လူသားဆိုလို့ အောင်မြတ်သာတို့သုံးယောက်ပဲကျန်ခဲ့တယ်။ စားတော်ဆက်ထားတဲ့ တဲအိမ်လေးထဲမှာ ထွန်းထားတဲ့ဖယောင်းတိုင်ရဲ့အလင်းရောင်မှအမ အရာအားလုံးက မှောင်မဲအတိ။

အဲဒီအချိန် အင်းထဲကနေ
“ဗွမ်း ဗွမ်း ဗွမ်း”ဆိုတဲ့အသံကိုကြားလိုက်ရတယ်။ အောင်မြတ်သာလဲ အသံကြားရာကိုကြည့်လိုက်တော့ ရေပေါ်ကနေလမ်းလျောက်လာနေတဲ့ အရိပ်မဲမဲတစ်ကောင်ကိုမြင်လိုက်တယ်။

အရိပ်မဲမဲကြီးက အင်းထဲကနေ မြေကြီးအစပ်ပေါ်ကိုတက်လာပြီး ဝါးတဲထဲမှာ ရှိနေတဲ့ အစားအသောက်တွေနဲ့အရက်တွေကို စောင့်ကြောင့်ထိုင်ကာ အားပါးတရစားပါလေရော။

အရိပ်မဲမဲကြီးစားနေတဲ့အချိန်မှာတော့ အင်းထဲကနေ နီရဲနေတဲ့ မျက်လုံးပေါင်းများစွာပေါ်လာခဲ့တယ်။ နီရဲနေတဲ့မျက်လုံးတွေက ညအမှောင်ထဲမှာ ပတ္တမြားတွေလို ရဲရဲတောက်နေတယ်။ ဝါးတဲအရှေ့မှာစားနေတဲ့ အကောင်ကြီးက စားလဲပြီးရော ဝါးတဲမှာထွန်းထားတဲ့‌ဖယောင်းတိုင်မီးကို သူ့ရဲ့လက်ဖဝါးကြီးနဲ့ရိုက်ချလိုက်တယ်။

ဖယောင်းတိုင်မီးမှိတ်တယ်ဆိုတာနဲ့ ရေထဲမှာကြည့်နေကြတဲ့ အကောင်တွေက အလုအယက်တိုးဝှေ့ကာ ဝါးတဲအောက်မှာချထားတဲ့ အစားအသောက်တွေကို တိုးကြိတ်စားပါလေရော။

အဲဒီအချိန် သက်ခိုင်က အောင်မြတ်သာကိုကြည့်လိုက်တော့ အောင်မြတ်သာက စားပါစေဦးဆိုတဲ့သဘောနဲ့လက်ကာပြလိုက်တယ်။

အင်းပိုင်ကြီးနဲ့သူ့တပည့်တွေ စားသောက်လို့ပြီးတော့မှ အောင်မြတ်သာက ကုက္ကိုပင်အနောက်ကနေ တစ်လှမ်းခြင်း ထွက်လာခဲ့လိုက်တယ်။

ညအမှောင်မှာ တစ်လှမ်းချင်းလျောက်လာနေတဲ့ အောင်မြတ်သာကိုမြင်တော့ အရိပ်မဲမဲနဲ့အအကောင်ကြီးက ဇတ်ခနဲမတ်တပ်ထရပ်လိုက်ပြီး
အောင်မြတ်သာရှိရာဘက်ကိုတိုးလာခဲ့တယ်။

သက်ခိုင်တို့လဲအနောက်ကနေအခြေအနေကြည့်နေရင်း လက်ထဲမှာ လေးကွက်အင်းတစ်ရွက်ကို လိုကာမယ်ကာကိုင်ထားလိုက်တယ်။

အရိပ်မဲမဲအကောင်ကြီးက အောင်မြတ်သာနဲ့ ဆယ်ပေလောက်အကွာမှာ တုန့်ခနဲရပ်သွားပြီး

” ဘယ်သူလဲကွ ငါ့နေရာကို ခွင့်မတောင်းပဲဝင်လာတာ”

ခြောက်ကပ်အက်ကွဲနေတဲ့ အသံဩဩကြီးက ညဘက်တိတ်ဆိတ်ချိန်ကိုဖောက်ထွက်လာခဲ့တယ်။

” သင်က အင်းပိုင်ကြီးဘထွန်းလား”

“ဟုတ်တယ် ကျုပ်က အင်းပိုင်ကြီးဘထွန်းပဲ ”

” ဒါဆို သင့်ဆီက အလှူခံစရာရှိပါတယ် ”

” ကျုပ်မှာဘာမှမရှိဘူး သင်တို့ကျုပ်ဆီက ဘာလိုချင်လို့လဲ”

“လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀လောက်က ဘုရားဌာပနာဖို့ ရည်စူးထားတဲ့ ရတနာသေတ္တာကို သင်လုယက်ခဲ့တာမှတ်မိသေးလား”

အောင်မြတ်သာရဲ့စကားကိုကြားတော့ အင်းပိုင်ကြီးလှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။

” သင်ဘယ်သူလဲ ဘာကြောင့် အတိတ်ကအဖြစ်တွေကိုသိနေရတာလဲ ”

“ကျုပ်ဘယ်သူလဲဆိုတာထက် သင့်ဆီကဘုရားဌာပနာတွေကို ဒုတိယအကြိမ်အလှူခံပါတယ်”

“ဟားဟားဟားဟား ပညာလေးမတောက်တစ်ခေါက်လောက်နဲ့ ငါ့ကိုလာစမ်းနေတဲ့ဆရာကောင် ဘထွန်းဘာကောင်လဲသိစေရမဟဲ့ ဒီသုံးကောင်ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင်လုပ်လိုက်ကြစမ်း”

အင်းပိုင်ကြီးရဲ့စကားအဆုံးမှာတော့ ဝါးတဲအောက်မှာစုပြုံနေတဲ့ နာနာဘာဝတွေက အောင်မြတ်သာတို့ဆီကို ပြေးဝင်လာခဲ့တယ်။

အနားရောက်ခါနီး လက်တစ်ကမ်းလဲရောက်ရော
” ဖုန်း ဖုန်း ဝုန်း ” ဆိုတဲ့အသံနဲ့အတူ အနောက်ကို လွင့်ထွက်သွားတယ်။

” မရဘူး အနားကပ်လို့မရဘူး အရှေ့မှာ တစ်ခုခုခံနေတယ် ”

နာနာဘာ‌ဝတွေထဲကနေ အော်သံထွက်လာတဲ့အချိန် အင်းပိုင်ကြီးက အရှေ့မှာစိုက်ထားတဲ့ ဝါးတဲကို့ဖြုတ်ကာ အောင်မြတ်သာတို့ကို လွှဲရိုက်ချလိုက်တယ်။

” ဖုန်း ဖြောင်း “ဆိုတဲ့အသံနဲ့အတူ ဝါးတဲတစ်ခုလုံး စိစိညက်ကြေမွသွားတယ်။

ဒါပေမယ့် အောင်မြတ်သာကတော့ ရပ်တဲ့နေရာကနေ မြူတစ်မှုန်မျှ မရွေ့သွားခဲ့ဘူး။ အင်းပိုင်ကြီးလည်း ဝါးတဲတစ်ခုလုံးကြေမွသွားပေမယ့် ရပ်နေရာကနေ မရွေ့တဲ့အောင်မြတ်သာကိုကြည့်ပြီး တုန်လှုပ်သွားတယ်။

အခြေအနေမဟန်မှန်းသိတာနဲ့ အင်းပိုင်ကြီးက အင်းထဲကိုဖြတ်ပြေးဖို့အလုပ် ခြေထောက်နှစ်ဖက်က ကြွမရတော့ပဲ မြေကြီးမှာကပ်နေခဲ့တယ်။

အင်းပိုင်ကြီးအရေးနိမ့်တာကိုသိတာနဲ့ အနောက်မှာရှိနေတဲ့ လက်အောက်ငယ်သားတွေက အင်းထဲကိုခုန်ချကာ ပျောက်ခြင်းမလှပျောက်သွားကြတယ်။

အဲဒီအချိန်ကျမှ အောင်မြတ်သာက တစ်လှမ်းချင်းလျောက်လာပြီး

“သင့်ဒီနေရာမှာဆက်နေမယ်ဆိုရင် ဌာပနာပစ္စည်းတွေကိုပြန်ပေးပါ မပေးဘူးဆိုရင် သင့်ကို ဒီနေရာကနေဖယ်ရှားဖို့ကျုပ်လုပ်ရလိမ့်မယ်”

“ငါ့မှာအဲဒီပစ္စည်းအကုန်မရှိဘူး ရတနာပစ္စည်းတွေရဲ့တစ်ချို့တစ်ဝက်ပဲရှိတယ် လိုချင်ရင် အင်းအလယ်မှာထောင်ထားတဲ့ သစ်လုံးထဲမှာသွားယူ”

အင်းပိုင်ကြီးရဲ့စကားကိုကြားတော့ အောင်မြတ်သာက

“သင်ကျုပ်ကိုလိမ်ညာခဲ့ရင် သင်ခန္ဓာကိုယ်တစ်ခုလုံးလောင်မီးကျပါစေလို့ ကျိန်ဆိုရဲပါသလား”

“ကျုပ်သင့်ကိုမယှဉ်နိုင်ဘူး ဒါကြောင့် ကျုပ်မလိမ်ဘူး ကျိန်ဆိုတယ် ကျုပ်လိမ်လည်ခဲ့ပါက ပြာအတိလောင်မီးကျပါစေ”

“ကောင်းပြီ ဒါဆို ကျန်တဲ့ရတနာပစ္စည်းတွေက ဘယ်မှာရှိနေလဲ”

” ကျန်တဲ့ပစ္စည်းတွေက ရေတွင်းပျက်တစ်ခုထဲမှာ အရင်ကသိမ်းထားခဲ့တယ် နောက်ပိုင်းမြေကြောရွေ့လျားပြီး ရတနာတွေက ဗန္ဓိသေကဘီလူးသိုက်ပိုင်တဲ့အထဲရောက်သွားလို့ သူတို့သိမ်းယူလိုက်တယ်”

” ဒါဆို အဲဒီဘီလူးသိုက်ကို ဘယ်ကနေသွားရမလဲသက်သိပါသလား”

” အဲဒါတော့ ကျုပ်မသိဘူး ဒီအင်းရဲ့အနောက်တောင်ဘက်မှာ သန်လျက်တစ်ခုလို အငူထွက်နေတဲ့ တောင်တစ်ခုရှိတယ် အဲဒီတောင်ကြောရဲ့တစ်နေရာမှာရှိတယ်လို့ပဲသိတယ် ကျုပ်သိတာဒါအကုန်ပဲ ကျုပ်ကိုလွှတ်ပေးပါ”

အင်းပိုင်ကြီးရဲ့စကားကိုကြားတော့ အောင်မြတ်သာက
“သင့်ကိုဒီအတိုင်းလွှတ်ပေးလိုက်ရင် သင်အရင်လိုဆိုးမိုက်နေဦးမှာပဲ ဒါကြောင့် သင့်ဆီကနေ ကတိတစ်ခုတောင်းရပါလိမ့်မယ် သင့်အင်းထဲ ခွင့်မတောင်းပဲဝင်ရောက်လာတဲ့သူတွေကို မသတ်ပဲ ကြောက်လန့်ရုံသာခြောက်လှန့်ပါ့မယ်ဆိုတဲ့ကတိကိုပေးပါ သင်မပေးနိုင်ဘူးဆိုရင် သင့်ကို အပြစ်ထပ်ပေးရလိမ့်မယ်”

” ကျုပ်ကိုမထီလေးစားလုပ်တဲ့သူတွေကို ခွင့်လွှတ်ရင် ရောင့်တက်လာကြမှာပေါ့ ကျုပ်ကိုလေးစားမှုဘယ်ရှိပါ့တော့မလဲ”

” သင်က လူတကာရဲ့ရိုသေမှုကို အကြောက်တရားနဲ့ထိန်းချုပ်မယ်ဆိုရင်သင်မှားလိမ့်မယ် လူတွေကသင့်ကိုစိတ်ရင်းနဲ့ ရိုသေလေးစားတာကိုရအောင်ယူပါ အကြောက်အလန့်နဲ့မယူပါနဲ့ ဒါဆိုရင် သင်လိုချင်တဲ့ လေးစားကိုးကွယ်မှုတွေရပါလိမ့်မယ် ”

အင်းပိုင်ကြီးလည်း အောင်မြတ်သာရဲ့စကားကိုကြားတော့ ခေါင်းငိုက်စိုက်ကျသွားပြီး လက်အုပ်ချီကာ

“ကျုပ်မှားသွားပြီ သင့်ရဲ့ဆုံးမစကားတွေက တန်ဖိုးရှိလှပါတယ် ကျုပ်ရဲ့လောဘစိတ်ကြောင့် အခုလိုဘဝမျိုးရောက်နေရတာကိုမေ့ပြီး ဒီဘဝမှာသာယာနေခဲ့တယ် အင်းအလယ်တိုင်မှာထည့်ထားတဲ့ ရတနာပစ္စည်းတွေကို သင့်ကိုလှုပါတယ် ရတနာပစ္စည်းတွေကိုဌာပနာပြီးရင် ကျုပ်အတွက် အမျှတန်းဝေပေးပါ”

“အသင်စိတ်ချပါ သင့်နာမည်ကိုခေါ်ပြီး အမျှတန်းဝေပေးပါ့မယ် သင်ဝဋ်ကြွေးမကုန်သေးသရွေ့ဒီအင်းကိုစောင့်ရှောက်ပြီး ရွာသူရွာသားတွေရဲ့ စာဝတ်နေရေးကို ကူညီပေးပါ”

အောင်မြတ်သာရဲ့စကားအဆုံးမှာတော့ အင်းပိုင်ကြီးကိုချုပ်ထားတဲ့ အရာတွေအကုန်ဖြေလျော့သွားတယ်။

အင်းပိုင်ကြီးလဲ အင်းအလယ်မှာစိုက်ထားတဲ့ ကျွန်းတိုင်ထဲကနေ လုံချည်စုတ်နဲ့ထုတ်ထားတဲ့ အထုပ်တစ်ခုကိုအောင်မြတ်သာလက်ထဲအပ်ပြီး
ဌာပနာပြန်ထည့်ပေးဖို့ထပ်တလဲလဲတောင်းဆိုခဲ့တယ်။

အောင်မြတ်သာတို့လဲ အင်းပိုင်ကြီးကိုဆုံးမခဲ့ပြီး နောက်ပိုင်း ညတွင်းချင်းပြန်ထွက်ခဲ့ကြတယ်။
ဒီတစ်ခေါက်ခရီးစဉ်ကတော့ သန်လျက်တောင်ကိုပဲဖြစ်ပါတယ်။

သန်လျက်တောင်မှာရှိနေတဲ့ ဗန္ဓိသေကဘီလူးသိုက်ထဲက ဌာပနာပစ္စည်းတွေကိုဘယ်ပုံဘယ်နည်းနဲ့ပြန်ယူမလဲဆိုတာကိုတော့

အောင်မြတ်သာနှင့်ဗန္ဓိသေကဘီလူးသိုက်ဆိုတဲ့ ဝတ္တုလေးမှာစောင့်မျှော်ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Zawgyi(version)

ေအာင္ျမတ္သာႏွင့္အင္းပိုင္ႀကီးဘထြန္း
++++++++++++++++++++++++++++
“ကိုထြန္းၾကည္ စပါးရိတ္တာျမန္ျမန္ရိတ္ပါ ခေလာက္အင္းဖြင့္ပြဲအမွီသြားရဦးမယ္”

“မိန္းမကလဲ ငါလဲျမန္ျမန္လုပ္ေနတာပဲ အခ်ိန္ရွိပါေသးတယ္ ေျဖးေျဖးေပါ့ဟာ”

“ရွင္ကဘာသိလို႔လဲ အေရာက္ေနာက္က်ရင္ ခေလာက္အင္းထဲက ငါးေတြသူမ်ားဖမ္းလို႔ကုန္ပီေတာ့္ အဲဒီအခ်ိန္က်ဳပ္တို႔အတြက္ ငါးသလဲထိုးေလးေတြပဲက်န္မယ္ ဟြင့္”

မိန္းမျဖစ္သူ ရီစိန္ရဲ႕ ျဗစ္ေတာက္ျဗစ္ေတာက္ေျပာတဲ့စကားေၾကာင့္ ကိုထြန္းၾကည္ စပါးကိုခပ္ျမန္ျမန္ရိတ္ေနလိုက္တယ္။

“ကိုထြန္းၾကည္ ပလိုင္းေတြ ကြန္ေတြေသခ်ာစစ္ဦး ေပါက္တာၿပဲတာေတြယူခဲ့ေနဦးမယ္”

“နင္ကလဲ တစ္ခ်ိန္လုံး ပိက်ိပိက်ိနဲ႕ နားၿငီးလာၿပီ ငါ့အလုပ္ငါသိပါတယ္ နင္မရွည္ပါနဲ႕”

ကိုထြန္းၾကည္ရဲ႕ ေဒါသထြက္တဲ့ေလသံကိုၾကားေတာ့ မရီစိန္က

“က်ဳပ္က ေစတနာနဲ႕ေျပာတာပါေတာ္ ဆရာလုပ္တာမဟုတ္ပါဘူး”

“ေစတနာေတြ ေဗတနာေတြလုပ္မေနနဲ႕ အားလုံးၿပီးၿပီ သြားၾကမယ္”

လင္မယားႏွစ္ေယာက္ ပလိုင္းကိုယ္စီ ကြန္ကိုယ္စီလြယ္ကာ ခေလာက္အင္းရွိရာဘက္ကို ထြက္လာခဲ့လိုက္တယ္။

ခေလာက္အင္းဆိုတာက ကိုထြန္းၾကည္တို႔နယ္တစ္ဝိုက္မွာ မသိတဲ့သူရွားတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ခေလာက္အင္းေလာက္ ငါးထြက္တဲ့အင္းမရွိလို႔ပဲ။

ဒါေၾကာင့္ အင္းေလလံဆြဲတဲ့သူေတြက ခေလာက္အင္းကိုရဖို႔အတြက္ သူ႕ထက္ငါအၿပိဳင္ ေလလံဆြဲတတ္ၾကတယ္။

ဒီေန႕က ခေလာက္အင္းဖြင့္ပြဲေလ အင္းဖြင့္ပြဲၿပီးေနာက္ေန႕မွာ ေလလံဆြဲမွာျဖစ္လို႔ ဒီေန႕က ရပ္႐ြာဓေလ့အရ ႐ြာနီးခ်ဳပ္စပ္က ငါးဖမ္းဝါသနာရွိတဲ့သူေတြ ဟင္းစားရွာသူေတြကိုအခမဲ့ ေပးဖမ္းထားတာပဲျဖစ္တယ္။

ကန္သင္းရိုးေတြထဲကေနျဖတ္ေလ်ာက္ၿပီး ခေလာက္အင္းရွိရာသို႔ခပ္သုတ္သုတ္ေလ်ာက္ေနတဲ့အခ်ိန္

” ေနာင္ႀကီးတို႔ ဗ်ိဳ႕ေနာင္ႀကီး”

မလွမ္းမကမ္းကေန လွမ္းေခၚတဲ့အသံေၾကာင့္ ကိုထြန္းၾကည္ ရပ္ၾကည့္လိုက္တယ္။

“က်ဳပ္ကိုေခၚတာလားဗ်”

“ဟုတ္တယ္ဗ် က်ဳပ္တို႔က ခေလာက္အင္းကိုသြားမလို႔ လမ္းမသိလို႔ ဒီကေနာင္ႀကီးတို႔မ်ား လမ္းသိမလားလို႔ လွမ္းေမးတာပါ”

အရပ္ျမင့္ျမင့္ ခပ္ေခ်ာေခ်ာေကာင္ေလးတစ္ေယာက္ရဲ႕ ၾကည္လင္ျပတ္သားတဲ့အသံေၾကာင့္ မရီစိန္က

” အဆင္သင့္လိုက္တာကြယ္ အမတို႔က ခေလာက္အင္းကိုသြားၾကမလို႔ လမ္းႀကဳံလိုက္ခဲ့ပါလား ေအဖာ္လဲရတာေပါ့”

“အဲဒါဆိုေက်းဇူးပါပဲဗ်ာ သက္ခိုင္နဲ႕ေတာက္ရက ပစၥည္းေတြကူသယ္ေပးလိုက္ၾကပါဦး”

သုံးေယာက္ထဲမွာ ဥပဓိ႐ုပ္ေကာင္းေကာင္းနဲ႕ လူငယ္ရဲ႕စကားအဆုံးမွာေတာ့ ေဘးမွာပါလာတဲ့ လူငယ္ေတြက ကြန္ေတြ ပလိုင္းေတြကို ဝိုင္းလြယ္ေပးလိုက္ၾကတယ္။

” ေအာ္ မိတ္ဆက္ေပးရဦးမယ္ ဒါက ကျုပ်ယောကျၤားကိုထွန်းကြည်တဲ့ အမနာမည္ကေတာ့ မရီစိန္လို႔ေခၚတယ္ ဒီကေမာင္ေလးေတြနာမည္ကေရာ”

မရီစိန္ရဲ႕စကားကိုၾကားေတာ့ သက္ခိုင္က
“ဒါက က်ဳပ္တို႔ဆရာ ေအာင္ျမတ္သာတဲ့ ဒီဘက္ေဘးမွာရွိတာကေတာ့ ေတာက္ရလို႔ေခၚတယ္ က်ဳပ္နာမည္ကေတာ့ သက္ခိုင္တဲ့”

“ဒါနဲ႕ ေမာင္ေလးတို႔က ခေလာက္အင္းကို ဘာကိစၥနဲ႕သြားၾကမွာလဲ”

မရီစိန္ရဲ႕စကားေၾကာင့္ ေတာက္ရက ေတာင္ၾကည့္ေျမာက္ၾကည့္လုပ္ၿပီး

“က်ဳပ္တို႔က အလုပ္ကိစၥနဲ႕ ခရီးထြက္လာရင္း ဒီနယ္တစ္ဝိုက္မွာ ခေလာက္အင္းကနာမည္ႀကီးေတာ့ ေရာက္ဖူးခ်င္လို႔ပါ”

ေတာက္ရစကားကိုၾကားေတာ့ ကိုထြန္းၾကည္က
“ဒါဆိုအေတာ္ပဲ ဒီေန႕က ခေလာက္အင္းဖြင့္ပြဲေလ အကိုတို႔ကခေလာက္အင္းမွာ ငါးဖမ္းဖို႔ သြားေနၾကတာ”

” အင္းထဲမွာ လူတိုင္းငါးဖမ္းလို႔ရလို႔လား အင္းပိုင္ရွင္ေတြက ဘာမွမေျပာဘူးလား”

“တစ္ႏွစ္မွာတစ္ရက္ပဲဖမ္းလို႔ရတာ ဒီေန႕ၿပီးရင္ ဖမ္းမရေတာ့ဘူး ဒါေၾကာင့္ ဒီေန႕က ခေလာက္အင္းမွာအစီဆုံးပဲ ေနာက္ရက္ေတြ ပိုင္ရွင္အခြင့္မရပဲဝင္ဖမ္းလို႔ကေတာ့ အေသဆိုးနဲ႕ေသရမယ္သာမွတ္”

ကိုထြန္းၾကည္ရဲ႕ အားပါးတရေျပာတဲ့စကားေၾကာင့္

“ကိုထြန္းၾကည္ ဧည့္သည္ေတြကို ဘာေတြေလ်ာက္ေျပာေနတာလဲ လူငယ္ေလးေတြလန့္သြားပါဦးမယ္”

မရီစိန္ရဲ႕စကားေၾကာင့္ သက္ခိုင္က တစ္ခ်က္ရယ္လိုက္ၿပီး
“ရပါတယ္အစ္မ က်ဳပ္တို႔ကလူငယ္ဆိုေပမယ့္ ဒါမ်ိဳးေတြယုံၾကည္ပါတယ္ အခ်ိန္ရေသးတယ္ဆိုရင္ ခေလာက္အင္းအေၾကာင္းကိုေျပာျပပါလား ”

“အခ်ိန္ကေတာ့ မရေတာ့ဘူး ေနာက္ကြမ္းတစ္ရာညက္ေလာက္ဆိုရင္ ခေလာက္အင္းကိုေရာက္ၿပီ ဟိုမွာေတြ႕လား ကန္သင္းရိုးေပၚမွာ ပလိုင္ကိုယ္စီနဲ႕လူေတြ သူတို႔လဲအမတို႔လိုပဲ ငါးဖမ္းဖို႔သြားေနၾကတာ”

ေအာင္ျမတ္သာတို႔လဲ မရီစိန္တို႔လင္မယားအေနာက္ကေနလိုက္ရင္း သိပ္မၾကာခင္ခေလာက္အင္းထဲကို ေရာက္လာခဲ့တယ္။

“ကိုထြန္းၾကည္ က်ဳပ္မေျပာဘူးလား လူေတြအမ်ားႀကီးေရာက္ေနၾကၿပီ ငါးေတြမ်ားကုန္ေတာ့မလားမသိပါဘူး”

“ဟဲ့ ရီစိန္ ဧည့္သည္ေတြရွိေနလို႔ ငါမေျပာေသးတာေနာ္ ဟင္း ညီေလးတို႔လဲ လိုက္ၿပီးေလ့လာလိုက္ဦး အကိုတို႔ ငါးသြားဖမ္းလိုက္ဦးမယ္ ေနာက္မွဆုံမယ္ေနာ္”

ေအာင္ျမတ္သာတို႔ကိုႏႈတ္ဆက္ၿပီး ထြက္သြားတဲ့ ကိုထြန္းၾကည္တို႔လင္မယားကိုလက္ျပႏႈတ္ဆက္လိုက္ၿပီး ခေလာက္အင္းေဘးမွာ အေလ့က်ေပါက္ေနတဲ့ ကုကၠိုပင္ေအာက္မွာဝင္ထိုင္လိုက္ၿပီး

” သက္ခိုင္ ဟိုမွာ ဝါးနဲ႕လုပ္ထားတဲ့ စင္ေသးေသးေလးေတြ႕လား အဲဒါ အင္းပိုင္ႀကီးကို ေကြၽးဖို႔လုပ္ထားတာပဲ ”

“လူေတြအရမ္းမ်ားတယ္ေနာ္ဆရာ ကြၽန္ေတာ္တို႔အစီအစဥ္ကိုဘယ္ေတာ့စမလဲ ”

သက္ခိုင္ရဲ႕အေမးကို ေအာင္ျမတ္သာခ်က္ခ်င္းမေျဖေသးပဲ ခေလာက္အင္းထဲကို ၾကည့္ေနလိုက္တယ္။

တစ္ေအာင့္ၾကာေတာ့

“ဒီည အင္းပိုင္ႀကီးကို အစာေကြၽးၿပီးရင္ လူေတြျပန္ၾကလိမ့္မယ္ အဲဒီအခ်ိန္ လုပ္ငန္းစမယ္ ည၁၂မထိုးခင္ အၿပီးလုပ္ရမယ္ ၁၂နာရီေက်ာ္ရင္ တစ္ျခားေန႕ေရာက္ၿပီျဖစ္တဲ့အတြက္ ပိုင္ရွင္အသစ္ရဲ႕ခြင့္ျပဳခ်က္လိုလာမယ္ သူတစ္ပါးပိုင္တဲ့အင္းထဲမွာ ငါတို႔ရွိမေနသင့္ဘူး ဒါေၾကာင့္ ကိစၥျမန္ျမန္ၿပီးေအာင္လုပ္ရမယ္”

ေအာင္ျမတ္သာရဲ႕စကားကိုၾကားေတာ့ သက္ခိုင္နဲ႕ ေတာက္ရက နားလည္တဲ့ပုံစံနဲ႕ ေခါင္းညိမ့္ျပလိုက္တယ္။

“ဟူး ပူကလဲပူ လူကလဲမ်ားေတာ့ ငါးဖမ္းလ့္ုအဆင္မေျပပါဘူးကြာ ေဟ့ေကာင္ ဘသန္း မင္းေရာ အေျခအေနေကာင္းလား”

ခေမာက္နဲ႕မ်က္ႏွာကိုယပ္ခပ္ရင္း ကုကၠိုပင္ေအာက္ကိုဝင္လာတဲ့ အသက္လတ္ပိုင္းလူက အေနာက္မွာပါလာတဲ့ သူကိုလွမ္းေမးလိုက္ေတာ့

” အဆင္ေျပတယ္လို႔လဲမဟုတ္ပါဘူး တစ္ရက္ႏွစ္ရက္စာေတာ့ ရတာေပါ့ အရင္ကလို အမ်ားႀကီးမရေတာ့ဘူး”

“ေဟ့ေကာင္ဘသန္း ဒီအခ်ိန္က လူမ်ားေတာ့ ငါးေတြပုန္းေနတာျဖစ္မယ္ ငါတို႔ညဘက္ လာခိုးဖမ္းမလား”

“ဟာကြာ မႀကံေကာင္းမစည္ရာ မင္းမွာအသက္ပိုပါလို႔လား ခေလာက္အင္းအေၾကာင္း မင္းမသိေသးဘူးထင္တယ္”

ခေမာက္ေဆာင္းထားတဲ့လူႏွစ္ေယာက္ ေျပာေနတဲ့စကားေတြကို ေအာင္ျမတ္သာတို႔ နားစြင့္ေနလိုက္ၾကတယ္။

” ၾကားတာေတာ့ၾကားဖူးတယ္ ဒါေပမယ့္ ကိုယ္တိုင္မႀကဳံဖူးေတာ့မယုံလို႔”

“႐ုတ္႐ုတ္ေတာ့မလုပ္နဲ႕ငါ့ေကာင္ မင္းလိုေကာင္မေျပာနဲ႕ ခေလာက္အင္းထဲမွာ ရတနာေသတၱာရွိတယ္ဆိုၿပီး သိုက္လာတူးတဲ့ ဆရာ့ဆရာေတြေတာင္ အသက္မပါပဲျပန္ၾကရတာကြ ဒီအင္းပိုင္ႀကီးက အရမ္းၾကမ္းတယ္ သူကလူဘဝတုန္းက ဓါးျမလဲလုပ္ဖူးတယ္ေျပာတယ္”

“သူ႕အေၾကာင္းေျပာျပစမ္းပါလား ငါက ခေလာက္အင္းအေၾကာင္း သိပ္မသိေသးဘူး”

“ေမာလို႔လာထိုင္ေနပါတယ္ဆိုမွ မင္းကိုေျပာျပရဦးမယ္ ငါလဲမင္းကိုေခၚလာမိတာ ဝဋ္ေႂကြးပဲ”

“သူငယ္ခ်င္းရယ္ မင္းေျပာျပမွငါသိမွာေပါ့ လုပ္ပါ”

“ေအး ေအး အရွည္ႀကီးေတာ့ မေျပာနိုင္ဘူး အတိုခ်ဳံးေျပာျပမယ္ အရင္က ဒီေနရာမွာ ႐ြာတစ္႐ြာရွိခဲ့တယ္ ခေလာက္႐ြာတဲ့ လူဆိုးလူမိုက္ေပါမ်ားတဲ့႐ြာဆိုလဲမမွားဘူး ထစ္ခနဲရွိရင္ ခေလာက္႐ြာသားေတြပဲ အဲဒီထဲမွာ ဘထြန္းဆိုတဲ့လူက အဆိုးဆုံးပဲ အရင္ကဒီခေလာက္အင္းဆိုတာ ပိုင္ရွင္မရွိေသးဘူး ႀကဳံတဲ့သူဖမ္းပဲ ငါးေတြေပါခ်က္ဆိုတာ ကြန္တစ္ခ်က္ပစ္ရင္ သုံးရက္ေလာက္ ထြက္ရွာစရာမလိုဘူး အဲဒီမွာ ဘထြန္းရဲ႕ကြန္ပစ္တဲ့လက္ဆကို မွီတဲ့သူမရွိဘူး ဘထြန္းကြန္ပစ္ပီေဟ့ဆိုရင္ အနားမွာဝိုင္းလုပ္ေပးခ်င္ၾကတဲ့သူေတြမနည္းမေနာပဲ ဘာလို႔ဆိုေတာ့ ကိုယ့္ဘာသာကြန္ပစ္ရင္ သုံးရက္စာေလာက္ပဲရတာ ဘထြန္းကြန္ပစ္တာကူညီရင္ ဝိုင္းလုပ္တဲ့သူေတြေတာင္ တစ္ပတ္စာကအသာေလး ”

ေျပာေနရင္းအသံတစ္ခ်က္တိတ္သြားလို႔ သက်ခိုင်လှမ်းကြည့်လိုက်ဝောာ့ ပလိုင္းထဲက ေရႏြေးဘူးေလးကိုထုတ္ေသာက္ေနတာျမင္လိုက္ရတယ္။

” ေအး ဘထြန္းကလဲ လူ႕ဂြစာ စိတ္မထင္ရင္ မထင္သလို ေပါက္ကရေလ်ာက္လုပ္တဲ့ေကာင္ တစ္ေန႕မွာ ဘထြန္း႐ြာကေပ်ာက္သြားတယ္ လုံးဝအဆက္သြယ္မရေတာ့ဘူး သုံးႏွစ္ေလာက္ေနေတာ့ ျပန္ေရာက္လာတယ္ မ်က္ႏွာမွာလဲ ျပတ္ရာရွရာေတြနဲ႕ ဘာျဖစ္တာလဲဆိုတာ ဘယ္သူမွမေမးရဲဘူး သူ႕အစ္မေတြေမးရင္ေတာင္ ငါကိုင္ဆဲတာ ဒါေပမယ့္ သတင္းကထြက္လာတာပဲ တကယ္ေတာ့ဘထြန္းက ဓါးျမလုပ္ခဲ့တာဆိုတာပဲ အဲဒီအခ်ိန္ထဲက ဘထြန္း ဒီအင္းနားမွာ တဲထိုးၿပီး အရက္ဖိုးလိုရင္ ငါးထပစ္တယ္ ပိုက္ဆံရွိရင္ အရက္ေသာက္တယ္ တစ္ေန႕မွာေတာ့ ဘထြန္းထပ္ေပ်ာက္သြားျပန္ေရာ လူေတြလဲ အမႈမဲ့အမွတ္မဲ့ေနေနတာေပါ့ ေလးရက္ေလာက္ၾကာမွ ခေလာက္အင္းထဲက ေပၚလာတာ ေပၚလာေတာ့ပုတ္ပြေနၿပီ ”

“အမူးလြန္ၿပီး ေရထဲက်ေသတာလား ”

“မဟုတ္ဘူး အဲဒီေန႕က သူေသာက္မယ့္အရက္ပုလင္းကအရက္ေတြ အျပည့္ရွိေနေသးတယ္ တစ္ခ်ိဳ႕လူေတြေျပာတာက အင္းပိုင္ႀကီးက သူ႕ကိုလူစားထိုးလိုက္တာတဲ့ ”

“ဟုတ္ပါ့မလား ေနာက္ေတာ့ေရာ ဘာဆက္ျဖစ္ေသးလဲ”

“သူေသၿပီး တစ္လေလာက္အၾကာမွာ ႐ြာထဲက လူက်ုဝင်ပူးပြီး ခေလာက္အင္းထဲမွာ သူေနတယ္လို႔ေျပာတယ္ ငါးဖမ္းတဲ့သူေတြ သူ႕အတြက္ ၾကက္ေၾကာ္နဲ႕အရက္လာေပးရင္ ငါးမ်ားမ်ားရေအာင္လုပ္ေပးမယ္တဲ့ သူ႕ကိုမဆက္သပဲ ခိုးဖမ္းရင္ ဘထြန္းအေၾကာင္းသိမယ္ဆိုၿပီး ႀကိမ္းဝါးတာ ႐ြာထဲမွာယုံတဲ့သူေတြရွိသလို မယုံတဲ့သူေတြကလဲ ရွိတာေပါ့ မယုံတဲ့သူေတြ ငါးခိုးဖမ္းတယ္ ေနာက္ေန႕မကူးဘူး အင္းထဲအေလာင္းသြားေကာက္ရတယ္ ထူးဆန္းတာက ေသသူေတြအားလုံးရဲ႕ ဂုတ္မွာ အစြယ္ရာလိုလို သြားရာလိုလို အေပါက္ေတြ ရွိေနတာပဲ အဲဒီထဲကစၿပီး အင္းပိုင္ႀကီးဘထြန္းဆိုၿပီး ျဖစ္လာတာ ဟိုမွာျမင္ရတဲ့ တဲေလးေတြက ညေနဝင္ရီတေရာက်ရင္ သူ႕ကိုပသဖို႔ လုပ္ထားတဲ့ဟာေတြ ”

“မင္းေျပာမွပဲ ၾကက္သီးေတြေတာင္ထလာတယ္ ငါခုနကေျပာခဲ့တာေတြ ျပန္ေတာင္းျပန္လိုက္ဦးမယ္”

ေျပာရင္းဆိုရင္းထြက္သြားတဲ့ လူႏွစ္ေယာက္ကိုၾကည့္ၿပီး သက္ခိုင္က ေတာက္ရကိုေမာ့ေငါ့ျပလိုက္တယ္။ ေအာင္ျမတ္သာကေတာ့ မ်က္လုံး မွိတ္ၿပီးကုကၠိုပင္ကိုမွီကာ ထိုင္ေနရင္း

” မင္းတို႔သိခ်င္ေနတဲ့ အရာကိုသိလိုက္ရေတာ့ ေက်နပ္သြားၿပီမဟုတ္လား”

ေအာင္ျမတ္သာစကားကိုၾကားေတာ့ ေတာက္ရက ရယ္က်ဲက်ဲလုပ္ၿပီး

” ဒါေပါ့ဆရာရယ္ ဒီလိုသိရတာက ကြၽန္ေတာ္တို႔ကိစၥအတြက္ အေထာက္အကူရတာေပါ့”

လူေတြျပာပန္းခတ္မွ် လႈပ္ရွားသြားလာေနရင္ကေန ညေနေစာင္းေတာ့ ျပန္တဲ့သူေတြကျပန္ မျပန္ေသးပဲ စားေတာ္ဆက္ပြဲၾကည့္မဲ့သူေတြကလဲ ဟိုစနားတစ္စု ဒီနားတစ္စု ထိုင္ကာ စကားေဖာင္ဖြဲ႕ေျပာေနၾကတယ္။

“ေဟး ညီေလးတို႔ မျပန္ေသးဘူးလား”

လွမ္းေခၚသံၾကားလို႔ၾကည့္လိုက္ေတာ့ မနက္က လင္မယားကိုေတြ႕လိုက္ရတယ္။

“မျပန္ေသးဘူး ေနာင္ႀကီးေရ ခဏေန ဟိုဘက္ကိုခရီးဆက္ထြက္မွာဆိုေတာ့ စားေတာ္ဆက္ပြဲ အမွီၾကည့္သြားလိုက္ဦးမယ္”

“ေအးေအး ဒါဆိုအကိုတို႔ျပန္ပီေနာ္ ျပန္ရမွာကေတးေတာ့ ဖမ္းလို႔ရတဲ့ငါးေတြပုတ္သြားမွာစိုးတယ္”

ေအာင္ျမတ္သာတို႔လဲ ကိုထြန္းၾကည္တို႔လင္မယားကိုႏႈတ္ဆက္ၿပီး စားေတာ္ဆက္ပြဲျပင္ရာေနရာကိုထြက္လာခဲ့လိုက္တယ္။

” စားေတာ္ဆက္ပြဲ စေတာ့မယ္ေဟ့ လာၾက လာၾက”

ဘယ္သူေအာ္လို႔ေအာ္လိုက္မွန္းမသိတဲ့အသံေၾကာင့္ ဟိုတစ္ကြက္ ဒီတစ္ကြက္ထိုင္ေနၾကတဲ့ သူေတြ႐ုတ္႐ုတ္သဲသဲျဖစ္ကုန္တယ္။

စားေတာ္ဆက္ပြဲဆက္မယ့္ အသက္ႀကီးႀကီးအမ်ိဳးသမီးႀကီးက

” အင္းပိုင္ႀကီးအတြက္ သားေတာ္သမီးေတာ္ေတြက မေမ့မေလ်ာ့တဲ့စိတ္နဲ႕ ေဟာဒီစားေကာင္းေသာက္ဖြယ္ေတြနဲ႕ အရက်ပြင်းပြင်းက်ုဆက်သပါတယ် သုံးေဆာင္ေတာ္မူပါ သုံးေဆာင္ၿပီးတဲ့အခါမွာလဲ တပည့္သားသမီးေတြရဲ႕ အက်ိဳးစီးပြားတိုးတက္ေအာင္ ၾကည့္ရႈေစာင္မေပးေတာ္မူပါ မနက္ျဖန္အင္းေလလံပြဲမွာလည္း အေနာက္အယွက္မရွိေစရန္ ကူညီေစာင္မေပးေတာ္မူပါ အင္းပိုင္ႀကီးရဲ႕ ေနာက္လိုက္မ်ားအတြက္ကိုလဲ ေအာက္ပြဲျပင္ထားေပးပါတယ္ အင္းပိုင္ႀကီးရဲ႕အမွာစကားကို ႏွမေတာ္တို႔အၿမဲအေလးထားလ်က္ပါ”

ပါးေရေတြတြန့္ေနတဲ့အမယ္အိုရဲ႕ စကားအဆုံးမွာေတာ့ အင္းတစ္ေလ်ာက္ လင္ကြင္းတီးသံေတြ၊ ဒိုးပတ္သံေတြဆူညံသြားတယ္။ ဒီလိုအသံေတြၾကားၿပီဆိုရင္ အင္းဖြင့္ပြဲပိတ္ၿပီဆိုတာ ႐ြာနီးခ်ဳပ္စပ္ကလူေတြအကုန္သိၾကသလို အင္းထဲမွာငါးဖမ္းေနတဲ့သူေတြကလည္း ရသမွ်ကိုယူကာ အေပၚျပန္တက္လာခဲ့ၾကတယ္။

အလင္းေရာင္က တစ္ေျဖးေျဖး မွိန္ေလ်ာ့သြားတဲ့အခ်ိန္မွာေတာ့ ခေလာက္အင္းထဲမွာ လူသားဆိုလို႔ ေအာင္ျမတ္သာတို႔သုံးေယာက္ပဲက်န္ခဲ့တယ္။ စားေတာ္ဆက္ထားတဲ့ တဲအိမ္ေလးထဲမွာ ထြန္းထားတဲ့ဖေယာင္းတိုင္ရဲ႕အလင္းေရာင္မွအမ အရာအားလုံးက ေမွာင္မဲအတိ။

အဲဒီအခ်ိန္ အင္းထဲကေန
“ဗြမ္း ဗြမ္း ဗြမ္း”ဆိုတဲ့အသံကိုၾကားလိုက္ရတယ္။ ေအာင္ျမတ္သာလဲ အသံၾကားရာကိုၾကည့္လိုက္ေတာ့ ေရေပၚကေနလမ္းေလ်ာက္လာေနတဲ့ အရိပ္မဲမဲတစ္ေကာင္ကိုျမင္လိုက္တယ္။

အရိပ္မဲမဲႀကီးက အင္းထဲကေန ေျမႀကီးအစပ္ေပၚကိုတက္လာၿပီး ဝါးတဲထဲမွာ ရွိေနတဲ့ အစားအေသာက္ေတြနဲ႕အရက္ေတြကို ေစာင့္ေၾကာင့္ထိုင္ကာ အားပါးတရစားပါေလေရာ။

အရိပ္မဲမဲႀကီးစားေနတဲ့အခ်ိန္မွာေတာ့ အင္းထဲကေန နီရဲေနတဲ့ မ်က္လုံးေပါင္းမ်ားစြာေပၚလာခဲ့တယ္။ နီရဲေနတဲ့မ်က္လုံးေတြက ညအေမွာင္ထဲမွာ ပတၱျမားေတြလို ရဲရဲေတာက္ေနတယ္။ ဝါးတဲအေရွ႕မွာစားေနတဲ့ အေကာင္ႀကီးက စားလဲၿပီးေရာ ဝါးတဲမွာထြန္းထားတဲ့ဖေယာင္းတိုင္မီးကို သူ႕ရဲ႕လက္ဖဝါးႀကီးနဲ႕ရိုက္ခ်လိဳက္တယ္။

ဖေယာင္းတိုင္မီးမွိတ္တယ္ဆိုတာနဲ႕ ေရထဲမွာၾကည့္ေနၾကတဲ့ အေကာင္ေတြက အလုအယက္တိုးေဝွ႕ကာ ဝါးတဲေအာက္မွာခ်ထားတဲ့ အစားအေသာက္ေတြကို တိုးႀကိတ္စားပါေလေရာ။

အဲဒီအခ်ိန္ သက္ခိုင္က ေအာင္ျမတ္သာကိုၾကည့္လိုက္ေတာ့ ေအာင္ျမတ္သာက စားပါေစဦးဆိုတဲ့သေဘာနဲ႕လက္ကာျပလိုက္တယ္။

အင္းပိုင္ႀကီးနဲ႕သူ႕တပည့္ေတြ စားေသာက္လို႔ၿပီးေတာ့မွ ေအာင္ျမတ္သာက ကုကၠိုပင္အေနာက္ကေန တစ္လွမ္းျခင္း ထြက္လာခဲ့လိုက္တယ္။

ညအေမွာင္မွာ တစ္လွမ္းခ်င္းေလ်ာက္လာေနတဲ့ ေအာင္ျမတ္သာကိုျမင္ေတာ့ အရိပ္မဲမဲနဲ႕အအေကာင္ႀကီးက ဇတ္ခနဲမတ္တပ္ထရပ္လိုက္ၿပီး
ေအာင္ျမတ္သာရွိရာဘက္ကိုတိုးလာခဲ့တယ္။

သက္ခိုင္တို႔လဲအေနာက္ကေနအေျခအေနၾကည့္ေနရင္း လက္ထဲမွာ ေလးကြက္အင္းတစ္႐ြက္ကို လိုကာမယ္ကာကိုင္ထားလိုက္တယ္။

အရိပ္မဲမဲအေကာင္ႀကီးက ေအာင္ျမတ္သာနဲ႕ ဆယ္ေပေလာက္အကြာမွာ တုန့္ခနဲရပ္သြားၿပီး

” ဘယ္သူလဲကြ ငါ့ေနရာကို ခြင့္မေတာင္းပဲဝင္လာတာ”

ေျခာက္ကပ္အက္ကြဲေနတဲ့ အသံဩဩႀကီးက ညဘက္တိတ္ဆိတ္ခ်ိန္ကိုေဖာက္ထြက္လာခဲ့တယ္။

” သင္က အင္းပိုင္ႀကီးဘထြန္းလား”

“ဟုတ္တယ္ က်ဳပ္က အင္းပိုင္ႀကီးဘထြန္းပဲ ”

” ဒါဆို သင့္ဆီက အလႉခံစရာရွိပါတယ္ ”

” က်ဳပ္မွာဘာမွမရွိဘူး သင္တို႔က်ဳပ္ဆီက ဘာလိုခ်င္လို႔လဲ”

“လြန္ခဲ့တဲ့ႏွစ္ေပါင္း ၇၀ေလာက္က ဘုရားဌာပနာဖို႔ ရည္စူးထားတဲ့ ရတနာေသတၱာကို သင္လုယက္ခဲ့တာမွတ္မိေသးလား”

ေအာင္ျမတ္သာရဲ႕စကားကိုၾကားေတာ့ အင္းပိုင္ႀကီးလႈပ္လႈပ္ရွားရွားျဖစ္သြားတယ္။

” သင္ဘယ္သူလဲ ဘာေၾကာင့္ အတိတ္ကအျဖစ္ေတြကိုသိေနရတာလဲ ”

“က်ဳပ္ဘယ္သူလဲဆိုတာထက္ သင့္ဆီကဘုရားဌာပနာေတြကို ဒုတိယအႀကိမ္အလႉခံပါတယ္”

“ဟားဟားဟားဟား ပညာေလးမေတာက္တစ္ေခါက္ေလာက္နဲ႕ ငါ့ကိုလာစမ္းေနတဲ့ဆရာေကာင္ ဘထြန္းဘာေကာင္လဲသိေစရမဟဲ့ ဒီသုံးေကာင္ကို အစိတ္စိတ္အမႊာမႊာျဖစ္ေအာင္လုပ္လိုက္ၾကစမ္း”

အင္းပိုင္ႀကီးရဲ႕စကားအဆုံးမွာေတာ့ ဝါးတဲေအာက္မွာစုၿပဳံေနတဲ့ နာနာဘာဝေတြက ေအာင္ျမတ္သာတို႔ဆီကို ေျပးဝင္လာခဲ့တယ္။

အနားေရာက္ခါနီး လက္တစ္ကမ္းလဲေရာက္ေရာ
” ဖုန္း ဖုန္း ဝုန္း ” ဆိုတဲ့အသံနဲ႕အတူ အေနာက္ကို လြင့္ထြက္သြားတယ္။

” မရဘူး အနားကပ္လို႔မရဘူး အေရွ႕မွာ တစ္ခုခုခံေနတယ္ ”

နာနာဘာဝေတြထဲကေန ေအာ္သံထြက္လာတဲ့အခ်ိန္ အင္းပိုင္ႀကီးက အေရွ႕မွာစိုက္ထားတဲ့ ဝါးတဲကို႔ျဖဳတ္ကာ ေအာင္ျမတ္သာတို႔ကို လႊဲရိုက္ခ်လိဳက္တယ္။

” ဖုန္း ေျဖာင္း “ဆိုတဲ့အသံနဲ႕အတူ ဝါးတဲတစ္ခုလုံး စိစိညက္ေၾကမြသြားတယ္။

ဒါေပမယ့္ ေအာင္ျမတ္သာကေတာ့ ရပ္တဲ့ေနရာကေန ျမဴတစ္မႈန္မွ် မေ႐ြ႕သြားခဲ့ဘူး။ အင္းပိုင္ႀကီးလည္း ဝါးတဲတစ္ခုလုံးေၾကမြသြားေပမယ့္ ရပ္ေနရာကေန မေ႐ြ႕တဲ့ေအာင္ျမတ္သာကိုၾကည့္ၿပီး တုန္လႈပ္သြားတယ္။

အေျခအေနမဟန္မွန္းသိတာနဲ႕ အင္းပိုင္ႀကီးက အင္းထဲကိုျဖတ္ေျပးဖို႔အလုပ္ ေျခေထာက္ႏွစ္ဖက္က ႂကြမရေတာ့ပဲ ေျမႀကီးမွာကပ္ေနခဲ့တယ္။

အင္းပိုင္ႀကီးအေရးနိမ့္တာကိုသိတာနဲ႕ အေနာက္မွာရွိေနတဲ့ လက္ေအာက္ငယ္သားေတြက အင္းထဲကိုခုန္ခ်ကာ ေပ်ာက္ျခင္းမလွေပ်ာက္သြားၾကတယ္။

အဲဒီအခ်ိန္က်မွ ေအာင္ျမတ္သာက တစ္လွမ္းခ်င္းေလ်ာက္လာၿပီး

“သင့္ဒီေနရာမွာဆက္ေနမယ္ဆိုရင္ ဌာပနာပစၥည္းေတြကိုျပန္ေပးပါ မေပးဘူးဆိုရင္ သင့္ကို ဒီေနရာကေနဖယ္ရွားဖို႔က်ဳပ္လုပ္ရလိမ့္မယ္”

“ငါ့မွာအဲဒီပစၥည္းအကုန္မရွိဘူး ရတနာပစၥည္းေတြရဲ႕တစ္ခ်ိဳ႕တစ္ဝက္ပဲရွိတယ္ လိုခ်င္ရင္ အင္းအလယ္မွာေထာင္ထားတဲ့ သစ္လုံးထဲမွာသြားယူ”

အင္းပိုင္ႀကီးရဲ႕စကားကိုၾကားေတာ့ ေအာင္ျမတ္သာက

“သင္က်ဳပ္ကိုလိမ္ညာခဲ့ရင္ သင္ခႏၶာကိုယ္တစ္ခုလုံးေလာင္မီးက်ပါေစလို႔ က်ိန္ဆိုရဲပါသလား”

“က်ဳပ္သင့္ကိုမယွဥ္နိုင္ဘူး ဒါေၾကာင့္ က်ဳပ္မလိမ္ဘူး က်ိန္ဆိုတယ္ က်ဳပ္လိမ္လည္ခဲ့ပါက ျပာအတိေလာင္မီးက်ပါေစ”

“ေကာင္းၿပီ ဒါဆို က်န္တဲ့ရတနာပစၥည္းေတြက ဘယ္မွာရွိေနလဲ”

” က်န္တဲ့ပစၥည္းေတြက ေရတြင္းပ်က္တစ္ခုထဲမွာ အရင္ကသိမ္းထားခဲ့တယ္ ေနာက္ပိုင္းေျမေၾကာေ႐ြ႕လ်ားၿပီး ရတနာေတြက ဗႏၶိေသကဘီလူးသိုက္ပိုင္တဲ့အထဲေရာက္သြားလို႔ သူတို႔သိမ္းယူလိုက္တယ္”

” ဒါဆို အဲဒီဘီလူးသိုက္ကို ဘယ္ကေနသြားရမလဲသက္သိပါသလား”

” အဲဒါေတာ့ က်ဳပ္မသိဘူး ဒီအင္းရဲ႕အေနာက္ေတာင္ဘက္မွာ သန္လ်က္တစ္ခုလို အငူထြက္ေနတဲ့ ေတာင္တစ္ခုရွိတယ္ အဲဒီေတာင္ေၾကာရဲ႕တစ္ေနရာမွာရွိတယ္လို႔ပဲသိတယ္ က်ဳပ္သိတာဒါအကုန္ပဲ က်ဳပ္ကိုလႊတ္ေပးပါ”

အင္းပိုင္ႀကီးရဲ႕စကားကိုၾကားေတာ့ ေအာင္ျမတ္သာက
“သင့္ကိုဒီအတိုင္းလႊတ္ေပးလိုက္ရင္ သင္အရင္လိုဆိုးမိုက္ေနဦးမွာပဲ ဒါေၾကာင့္ သင့္ဆီကေန ကတိတစ္ခုေတာင္းရပါလိမ့္မယ္ သင့္အင္းထဲ ခြင့္မေတာင္းပဲဝင္ေရာက္လာတဲ့သူေတြကို မသတ္ပဲ ေၾကာက္လန့္႐ုံသာေျခာက္လွန့္ပါ့မယ္ဆိုတဲ့ကတိကိုေပးပါ သင္မေပးနိုင္ဘူးဆိုရင္ သင့္ကို အျပစ္ထပ္ေပးရလိမ့္မယ္”

” က်ဳပ္ကိုမထီေလးစားလုပ္တဲ့သူေတြကို ခြင့္လႊတ္ရင္ ေရာင့္တက္လာၾကမွာေပါ့ က်ဳပ္ကိုေလးစားမႈဘယ္ရွိပါ့ေတာ့မလဲ”

” သင္က လူတကာရဲ႕ရိုေသမႈကို အေၾကာက္တရားနဲ႕ထိန္းခ်ဳပ္မယ္ဆိုရင္သင္မွားလိမ့္မယ္ လူေတြကသင့္ကိုစိတ္ရင္းနဲ႕ ရိုေသေလးစားတာကိုရေအာင္ယူပါ အေၾကာက္အလန့္နဲ႕မယူပါနဲ႕ ဒါဆိုရင္ သင္လိုခ်င္တဲ့ ေလးစားကိုးကြယ္မႈေတြရပါလိမ့္မယ္ ”

အင္းပိုင္ႀကီးလည္း ေအာင္ျမတ္သာရဲ႕စကားကိုၾကားေတာ့ ေခါင္းငိုက္စိုက္က်သြားၿပီး လက္အုပ္ခ်ီကာ

“က်ဳပ္မွားသြားၿပီ သင့္ရဲ႕ဆုံးမစကားေတြက တန္ဖိုးရွိလွပါတယ္ က်ဳပ္ရဲ႕ေလာဘစိတ္ေၾကာင့္ အခုလိုဘဝမ်ိဳးေရာက္ေနရတာကိုေမ့ၿပီး ဒီဘဝမွာသာယာေနခဲ့တယ္ အင္းအလယ္တိုင္မွာထည့္ထားတဲ့ ရတနာပစၥည္းေတြကို သင့္ကိုလႈပါတယ္ ရတနာပစၥည္းေတြကိုဌာပနာၿပီးရင္ က်ဳပ္အတြက္ အမွ်တန္းေဝေပးပါ”

“အသင္စိတ္ခ်ပါ သင့္နာမည္ကိုေခၚၿပီး အမွ်တန္းေဝေပးပါ့မယ္ သင္ဝဋ္ေႂကြးမကုန္ေသးသေ႐ြ႕ဒီအင္းကိုေစာင့္ေရွာက္ၿပီး ႐ြာသူ႐ြာသားေတြရဲ႕ စာဝတ္ေနေရးကို ကူညီေပးပါ”

ေအာင္ျမတ္သာရဲ႕စကားအဆုံးမွာေတာ့ အင္းပိုင္ႀကီးကိုခ်ဳပ္ထားတဲ့ အရာေတြအကုန္ေျဖေလ်ာ့သြားတယ္။

အင္းပိုင္ႀကီးလဲ အင္းအလယ္မွာစိုက္ထားတဲ့ ကြၽန္းတိုင္ထဲကေန လုံခ်ည္စုတ္နဲ႕ထုတ္ထားတဲ့ အထုပ္တစ္ခုကိုေအာင္ျမတ္သာလက္ထဲအပ္ၿပီး
ဌာပနာျပန္ထည့္ေပးဖို႔ထပ္တလဲလဲေတာင္းဆိုခဲ့တယ္။

ေအာင္ျမတ္သာတို႔လဲ အင္းပိုင္ႀကီးကိုဆုံးမခဲ့ၿပီး ေနာက္ပိုင္း ညတြင္းခ်င္းျပန္ထြက္ခဲ့ၾကတယ္။
ဒီတစ္ေခါက္ခရီးစဥ္ကေတာ့ သန္လ်က္ေတာင္ကိုပဲျဖစ္ပါတယ္။

သန္လ်က္ေတာင္မွာရွိေနတဲ့ ဗႏၶိေသကဘီလူးသိုက္ထဲက ဌာပနာပစၥည္းေတြကိုဘယ္ပုံဘယ္နည္းနဲ႕ျပန္ယူမလဲဆိုတာကိုေတာ့

ေအာင္ျမတ္သာႏွင့္ဗႏၶိေသကဘီလူးသိုက္ဆိုတဲ့ ဝတၱဳေလးမွာေစာင့္ေမွ်ာ္ဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

| | 0 Comments| 12:24 pm


အောင်မြတ်သာနှင့်လူပျိုတော်နတ် အောင်မြတ်သာကိုယုံကြည်ကိုးကွယ်ခဲ့ကြတဲ့ မြေလတ်ရွာအကြောင်းကို ကိုယ်ပွားလမိုင်းဝတ္တုမှာ စာဖတ်သူတွေဖတ်ရှုခဲ့ပြီးဖြစ်ပါလိမ့်မယ်။ ကိုယ်ပွားလမိုင်းကိုအောင်မြတ်သာမောင်းထုတ်ပြီးတဲ့နောက်မှာတော့ မြေလတ်ရွာကိုမစွန့်ခွာ‌သွားပဲ သက်ခိုင်၊ တောက်ရတို့နဲ့အတူ ရွာထဲမှာသုံးလလောက်နေထိုင်သွားခဲ့ပါသေးတယ်။ ဘာကြောင့်နေထိုင်သွားလဲဆိုတာကိုတော့ အောက်မှာဇာတ်လမ်းသဘောမျိုးပြန်ရေးပြပါမယ်။ဒါပေမယ့် မြေလတ်ရွာသူရွာသားတွေက အောင်မြတ်သာကို သူတို့ကိုးကွယ်တဲ့ပုဂ္ဂိုလ်ဖြစ်မှန်းမသိခဲ့ကြဘူး။ ဘာကြောင့်မသိလဲဆိုတာကိုတော့ ဝတ္တုထဲဖော်ပြပေးသွားပါမယ်။ ဒီလိုနဲ့ အောင်မြတ်သာ၊ သက်ခိုင်နဲ့ တောက်ရတို့ကလည်း မြေလတ်ရွာလေးထဲကို ပြန်လည်ဝင်ရောက်လာခဲ့ကြပါတယ်။ ++++++++++ ရွာလမ်းကြီးတစ်လျောက် ဝင်လာကြတဲ့ သက်ခိုင်နဲ့တောက်ရအပြင် အခြားလူငယ်တစ်ယောက်ကိုပါမြင်လိုက်ကြရတဲ့အတွက် မြေလတ်ရွာသားတွေ ဝမ်းသာသွားကြတယ်။

| | 0 Comments| 2:23 am


အောင်မြတ်သာနှင့်ဇော်ဂနီငတိ ( စ / ဆုံး ) ########################### အောင်မြတ်သာနဲ့ တပည့်သက်ခိုင်တို့နှစ်ဦး ညောင်သာရွာဇရပ်မှာ မီးနေသည်အစိမ်းသေ မိန်းကလေးကို လွတ်ကျွတ်အောင် ဆောင်ရွက် ပေးခဲ့ပြီးနောက်ပိုင်း ညောင်သာရွာကနေ ထွက်ခွာခဲ့လိုက်သည် ။ . ဒီတစ်ခါတော့ သူတို့ရဲ့ခရီးစဉ်က မြန်မာပြည်အောက်ပိုင်း ရာမညတိုင်းဆီသို့ ခရီးတစ်ခေါက်ထွက်ခဲ့ကြတယ် ။ . ရထားတစ်တန် လှေတစ်တန်ဖြင့် လိုရာခရီးကို ခက်ခဲစွာရောက်လာခဲ့ကြတယ်