ဝက်စွယ်ကွင်းပိတ်
~~~~~~~~~~~~~
စာရေးသူ=အဂ္ဂဇော်

အချိန်ကား ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်ခန့်ဖြစ်သည်။ ကရင်ပြည်နယ် ဖာပွန်မြို့အရှေ့တောင်ဘက်အနီးတွင် ဘွာဒိုကျေးရွာတည်ရှိသည်။ ထိုကျေးရွာတစ်ဝိုက်ဒေသများမှာ တောင်ကုန်းတောင်တန်းများပေါများပြီး သစ်တောကြီးများဖြင့်အုပ်ဆိုင်းနေသည့်ဒေသဖြစ်သည်။

ကဲဒိုက ဘွာဒိုရွာနှင့်အတော်လှမ်းသည့် တောင်ကုန်းကလေးပေါ်တွင် နေထိုင်သည့်ဒေသခံမုဆိုးတစ်ယောက်ဖြစ်သည်။ ယခုလည်း ဘွာဒိုအနောက်ဘက် တောင်တန်းကြီးပေါ်ရှိ တောအုပ်ကြီးအတွင်းတွင် ပြေးလွှားနေလျှက်ရှိသည်။

လက်တစ်ဖက်က တစ်လုံးထိုး လက်လုပ်ရိုင်ဖယ်သေနတ်တစ်လက်ကိုကိုင်တွယ်ရင်း မြန်နိုင်သမျှ မြန်အောင်ပြေးနေမိသည်။ သူပြေးနေရသည်ကလဲ အကြောင်းရှိသည်။ သူ့အရှေ့တွင် တောဝက်များခပ်သွက်သွက်ပြေးလွှားနေသည်ကို မြင်တွေ့လိုက်ရသည့်အတွက်ဖြစ်သည်။ တောဝက်များမှာ အနံ့ခံကောင်းသော်လည်း သူက ခပ်ခွာခွာမှပြေးလိုက်နေသည်မို့ သူ့အားရိပ်မိပုံမရပေ။ တောဝက်များကို ဝက်တောင်းကြီးတစ်ကောင်က ဦးဆောင်နေသည်ကိုတွေ့ရသည်။ ထိုဝက်တောင်းကြီးနောက်မှ အခြားဝက်ထီးများနှင့် ဝက်မများက ပြေးလိုက်နေကြသလို ဝက်သားပေါက်ငယ်ကလေးများမှာတော့ အုပ်စုအနောက်ပိုင်းမှ ခပ်သွက်သွက်ပြေးလိုက်နေကြသည်။
ဝက်အုပ်က သူတို့သွားရာလမ်းတစ်လျှောက်ရှိ သစ်ပင်ငယ်များ၊ ချုံနွယ်ပင်များကို တဖြောင်းဖြောင်းနှင့် တိုက်ခတ်သွားကြရာ အနောက်က ကဲဒိုပြေးလိုက်နေသည့် အသံများကိုပင် မကြားနိုင်ကြပေ။ နောက်ဆုံးတော့ ဝက်အုပ်က ရပ်တန့်လိုက်သည်။ အလွန်ကြီးမားသည့် ဝါးရုံကြီးတစ်ခုအနီးတွင် ရပ်တန့်လိုက်ပြီး အကြီးအကဲဝက်နှင့် ဝက်ထီးများက ဝါးရုံကိုလှည့်ပတ်ကြည့်ကြသည်။ ထို့နောက် သူတို့၏ခြေထောက်များဖြင့် ဝါးရုံဘေးနားရှိမြေပြင်ကို ကုတ်ဖဲ့ကာ ခွာရာပေးကြသည်။ ထိုသို့ပြုလုပ်ရခြင်းမှာ သူတို့စားကျက်ကို မှတ်သားသည့်သဘောဖြစ်သည်။ ထို့နောက် ဝက်ထီးများက တစီစီနှင့်အော်ဟစ်လိုက်ရာ ဝက်မများနှင့် ဝက်ကလေးများက ဝါးရုံကြီးမှထွက်နေသည့် မျှစ်စို့ကြီးများ နှင့် ဝါးပင်ငယ်များကို ချိုးဖဲ့စားသောက်ကြသည်။

ကဲဒိုအလွန်ပျော်ရွှင်သွားမိသည်။ ယနေ့တော့ ဝက်ထမ်းပြီးပြန်မည်ဟု ဆုံးဖြတ်လိုက်ကာ ထိုဝါးရုံအား အကွက်အကွင်းကောင်းကောင်းမြင်တွေ့နိုင်သည့် တောင်စောင်းပေါ်သို့ အသာကလေး တွားသွားကာ တက်ခဲ့သည်။ မြက်ပင်၊ ပိန်းပင်များကို အကာအကွယ်ယူလျှက် တောင်စောင်းကလေးပေါ်သို့တက်လာခဲ့သည်။ တောင်စောင်းပေါ်ရောက်သည့်အခါ အောက်ဘက်ဝါးရုံတွင် အစာစားသောက်နေသည့် တောဝက်များကိုအတိုင်းသားမြင်နေရသည်။

“ဟန်ကျပြီဟေ့၊ နည်းတဲ့အကောင်ကြီးတွေမဟုတ်ဘူးကွာ၊ ငါဒီလိုမှန်းသိရင် ငါ့ယောက်ဖကို အဖော်ခေါ်လာခဲ့ပါတယ်”

ကဲဒိုက စိတ်ထဲမှတွေးပြီး သေနတ်ကို တောဝက်အုပ်ဆီသို့ သေချာထိုးချိန်လိုက်သည်။

(၂)

သူ့သေနတ်မှာ လုပ်သေနတ်ဖြစ်သော်လည်း ခေတ်မီသည့်သေနတ်တစ်လက်ဟုဆိုရမည်ဖြစ်သည်။ ထိုဒေသတွင် လက်နက်ကိုင်များပေါ်များသလို သေနတ်များ၊ ကျည်များမှာလည်း ပေါများသည်။ အထူးသဖြင့် သူတို့ကိုင်ဆောင်သည့် လုပ်သေနတ်များမှာ အထူးပေါများသည်။ သူကိုင်သည့်သေနတ်မှာ တစ်လုံးထိုး ဘို့အက်ရှင် ရိုင်ဖယ်သေနတ်ဖြစ်ပြီး မှန်ပြောင်းကလေးတစ်ခုတပ်ဆင်ထားလေရာ အနီးကပ်ချိန်ရွယ်ရန်အတွက် အလွန်အဆင်ပြေလှသည်။

သေနတ်ကျည်အိမ်အတွင်း ကျည်ဆန်တစ်တောင့်ထည့်ပြီးသားဖြစ်သည်မို့ သေနတ်မောင်းကိုအသာဆွဲတင်လိုက်သည်။ အမဲဆီများဖြင့်ချောမွေ့နေအောင်ပွတ်ထားသည်မို့ သေနတ်amမာင်းတက်သွားသော်လည်း အသံမထွက်ဘဲတိတ်ဆိတ်နေသည်။ ထို့နောက် တောဝက်အုပ်ကိုသေနတ်ဖြင့်ထိုးချိန်လိုက်ပြီး သေနတ်အပေါ်တွင်တပ်ထားသည့် မှန်ပြောင်းကလေးမှတဆင့် မိမိပစ်မည့်သားကောင်ကို သေသေချာချာ ရွေးချယ်လိုက်သည်။

တောဝက်အုပ်က မျှစ်များ၊ ဝါးများကို ချိုးဖဲ့နေသဖြင့် တဖြောင်းဖြောင်းအသံမြည်ကာ ဆူညံနေသည်။ ကဲဒိုက ပစ်ခတ်မည့်အကောင်ကို အသေအချာချိန်ရွယ်ရင်း လိုက်ရှာရာ နောက်ဆုံးတွင် ဝက်တောင်းကြီးတစ်ကကောင်ကို အသေအချာချိန်လိုက်သည်။

“ဟာ၊ ဝက်စွယ်ကွင်းပိတ်ကြီးပါလား”

ကဲဒိုရေရွတ်လိုက်မိသည်။ ဝက်တောင်းကြီး၏ နှာခေါင်းအောက်မှ တိုးထွက်နေသည့်ဝက်စွယ်ကြီးမှာ ကော့လန်နေပြီး အစွယ်ထိပ်ဖျားမှာ တစ်ဖန်ပြန်လည်ပြီး ပါးစပ်အောက်သို့တိုးဝင်သွားရာ ကြည့်လိုက်လျှင် ဝက်စွယ်ကောက်မှာ ဝလုံးပုံစံဖြစ်နေသည်။ ထိုသို့ဝက်စွယ်မျိုးကို ဝက်စွယ်ကွင်းပိတ်ဟုခေါ်တတ်ပြီး ဝက်စွယ်ချည်းပင် ဈေးကောင်းအလွန်ရတတ်သည်။

ကဲဒိုလည်းပျော်ရွှင်သွားပြီး ထိုဝက်ကြီး၏ လက်ပြင်နေရာကိုချိန်ရွယ်လိုက်သည်။ ဦးခေါင်းကိုပစ်ခတ်ချင်သော်လည်း ဝက်စွယ်ပဲ့သွားမည်စိုးသဖြင့် နှလုံးနေရာကိုထိုးချိန်လိုက်ခြင်းဖြစ်သည်။ ပစ်ကွင်းကောင်းကောင်းရထားသဖြင့် ကဲဒိုက တစ်ချက်ပြုံးလိုက်ပြီး သေနတ်ခလုပ်မောင်းကို ညှစ်ချလိုက်သည်။

“ချောက်”

ကျည်ပွင့်မထွက်ဘဲ ကျည်ရိုက်တံက ကျည်အိမ်၏ဖင်ကို အရှိန်ဖြင့်သွားရိုက်သံကိုသာ ကြားလိုက်ရသည်။ ကဲဒိုလည်း ထူးဆန်းသွားပြီး နောက်တစ်ချက်မောင်းတင်လိုက်ကာ ပြန်လည်ချိန်ရွယ်လျှက် ဒုတိယအကြိမ်ပစ်ခတ်လိုက်သည်။

“ချောက်”

သေနတ်မှာ ကျည်မထွက်ပေ။ ကဲဒိုလည်း စိတ်တိုသွားမိသည်။

“ဖိုးထီးကျည်ဆံတွေက မီးမကူးတာများလား”

စိတ်ထဲတွေးလိုက်ပြီး သေနတ်မောင်းကိုဆွဲလိုက်ကာ ကျည်အိမ်အတွင်းမှကျည်ဆံကိုထုတ်လိုက်သည်။ ထို့နောက် ခါးတွင်ပတ်ထားသည့် ခါးပတ်အိတ်ထဲမှ ကျည်ဆန်တစ်ခုကိုထုတ်ယူလိုက်ကာ ကျည်အိမ်အတွင်းသို့ထည့်ပြီး မောင်းပြန်တင်လိုက်သည်။

“ချောက်”

ဘယ်နှကြိမ် ကြိုးစားကြိုးစား သေနတ်က ကျည်မထွက်ပေ။ ဝက်များက သူတို့ဖာသာဆူညံနေသဖြင့် သူ့သေနတ်မောင်းဖြုတ်သံကို မကြားသောကြောင့်သာ တော်သေးသည်။

“တောက် ဘာဖြစ်တာလဲကွာ၊ သေနတ်ကဖြစ်တာလား၊ ကျည်ကဖြစ်တာလား”

ခဏကြာသည့်အခါ တောဝက်အုပ်မှာ တောအသွင်းသို့ ပြန်လည်ပြေးဝင်သွားသည်။ ကဲဒိုလည်း စိတ်ဆိုးပြီး ဆက်မလိုက်တော့ပေ။ ကျည်ဆန်ထည့်ပြီး မောင်းတင်ထားသည့်သေနတ်အား စိတ်ပေါက်ပေါက်ဖြင့် မိုးပေါ်သို့ထောင်ဖောက်လိုက်သည်။

“ဒိန်း”

သေနတ်သံက ကျယ်လောင်စွာထွက်ပေါ်လာသည်။ တောအုပ်အတွင်း သားကောင်များ၊ ငှက်များမှာ လန့်ပြီးထွက်ပြေးကုန်ကြသည်။ ကဲဒိုလည်း အလွန်အံ့ဩနေမိသည်။ ထို့ကြောင့် ခုနက ပစ်မရသည့်ကျည်ဆန်တစ်ခုကို ပြန်ကောက်ယူလိုက်ပြီး ကျည်အိမ်ထဲထည့်ကာ အနီးရှိသစ်ကိုင်းတစ်ခုကိုပစ်ထည့်လိုက်သည်။

“ဒိန်း”

ကျည်ဆန်ထွက်သွားပြီး သစ်ကိုင်းကိုထိသွားကာ သစ်ကိုင်းမှာကျိုးကျသွားသည်။ ကဲဒိုတစ်ယောက် မျက်လုံးပြူးသွားရပြီဖြစ်သည်။

“ဒါ၊ ဒါဆို ခုနက ဝက်စွယ်ကွင်းပိတ်ကြီးကြောင့်များလား”

ထိုနေ့တော့ ကဲဒိုလက်ဗလာနှင့် အိမ်ကိုပြန်ခဲ့ရသည်။

(၃)

အိမ်ရောက်တော့ မိန်းမက တဗြစ်တောက်တောက်လုပ်သည်။ အမဲမရဘဲ ကျည်ဆန်ကုန်သွားခြင်းကြောင့်ဖြစ်သည်။ ကဲဒိုတို့မှာ အိမ်၏စီးပွားရေးအတွက် ကွမ်းသီးခြံများ တနိုင်တပိုင်စိုက်ပျိုးထားသောကြောင့် စားဖို့ကတော့မပူရပေ။ ကဲဒိုက မုဆိုးမျိုးရိုးဖြစ်သည်။ အဘိုးဖြစ်သူကလည်း မုဆိုးဖြစ်ပြီး၊ အဖေဖြစ်သူမှာလည်း မုဆိုးတစ်ယောက်ဖြစ်သည်။ သို့သော်အဖေဖြစ်သူမှာ တောလည်ရင်း လက်နက်ကိုင်များနှင့်တွေ့ကာ လူမှားပစ်ခတ်ခံရပြီး သူငယ်ငယ်ကပင်သေဆုံးသွားလေရာ အမဲလိုက်သည့်မုဆိုးပညာရပ်များကို အဘိုးထံမှသာ သင်ယူခဲ့ရသည်။ အိမ်ထောင်ကျပြီးသွားတော့ ဇနီးဖြစ်သူက အမဲလိုက်ခြင်းကို အားမပေးသဖြင့် စိုက်ပျိုးရေးဘက်သို့ ဦးတည်ခဲ့ရပြန်သည်။ ဘွာဒိုတောင်ဘက်ရှိ တောင်ကုန်းကလေးများတွင် ကွမ်းသီးပင်များစိုက်ပျိုးထားပြီး ထိုတောင်ကုန်းကလေးပေါ်တွင်ပင် အိမ်ဆောက်ကာ ဇနီးနှင့်အတူနေထိုင်သည်။ ဇနီးသည်၏ မောင်၊ ယောက်ဖဖြစ်သူလည်း သူတို့နှင့်အတူနေသည်။

ဆိုင်အတွင်းကိုဝင်လိုက်တော့ ဆိုင်မှာမီးအလင်းရောင်ခပ်မှိန်မှိန်ထွန်းထားသည်။ ထိုဆိုင်ကလေးမှာ ကုန်အစုံရသည့်ဆိုင်ဖြစ်ပြီး အရက်မျိုးစုံလဲရသည်။ ဆိုင်ဘေးတွင် အဖီဆွဲထားပြီး ခုံကလေးများချထားသဖြင့် ညနေဆိုလျှင် အရက်သမားများ ဝိုင်းဖွဲ့သည့်နေရာဖြစ်သည်။

ဘီယာတစ်လုံးဝယ်လိုက်ပြီး ဆိုင်အတွင်း ဟိုဟိုဒီဒီကြည့်လိုက်ရာ သူရှာနေသည့်သူကိုတွေ့သွားသည်။ ထိုသူထိုင်နေသည့် ခုံသို့သွားကာ ဝင်ထိုင်လိုက်သည်။ ထိုသူကတော့ အသက်ခုနစ်ဆယ်ခန့်ရှိပြီဖြစ်သည့် ဘိုးစေးသောပင်ဖြစ်သည်။

“အတီး(ဦးလေး) ၊ ရောက်နေတာနဲ့အတော်ပဲဗျာ”

“အေးကွာ ကဲဒို၊ လာထိုင်”

“အတီး ကိုဒီမှာမတွေ့ရင် အိမ်ကိုလာမလို့ပဲဗျ”

“မင်းက ငါ့ကိုဘာလို့တွေ့ချင်တာလဲကွ”

ဘိုးစေးသောက အရက်ဖြူတစ်လုံးကို ရေရောပြီး သောက်နေခြင်းဖြစ်သည်။ ဘီယာပုလင်းကိုင်လာသော ကဲဒိုကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

“မင်းဆီမှာ အမြည်းပါမလာဘူးလားကွ”

ကဲဒိုက ခေါင်းခါပြသည်။

“မင်းကွာ၊ ငါကတော့ဖြင့် မုဆိုးလာပြီဆိုတော့ အသားလေးဘာလေးများ အမြည်းပါလာမလားလို့”

“အမြည်းနေနေသာသာဗျာ၊ ကျုပ်တောင်အသားမစားရတာကြာပြီဗျ၊ ဒီနေ့တောင် အိမ်မှာကြက်ဥနဲ့စားလာရတာ”

အဘိုးကြီးက ရယ်မောလိုက်သည်။

“ဒါနဲ့ ကျုပ်အဘိုးကိုမေးစရာရှိလို့ဗျ၊ ဒီနေ့တောထဲမှာ ဝက်တောင်းကြီးတစ်ကောင်တွေ့ခဲ့တယ်”

အဘိုးကြီးကပြုံးလိုက်ပြီး

“ဘာလဲ ဝက်မာန်စွယ်ထုတ်မလို့လား”

“ဝက်မာန်စွယ်က ကျုပ်တို့ထုတ်နေကြပဲမဟုတ်လား၊ ဈေးကောင်းလည်းသိပ်မရပါဘူးဗျာ၊ အခုကတော့ ဝက်စွယ်ကွင်းကြီးဗျ”

အဘိုးကြီးက ထူးဆန်းသွားသည်။

“ထူးဆန်းလိုက်တာ၊ မင်းတကယ်ပြောတာလားကွ”

“တကယ်ပေါ့ဗျ၊ ပိုပြီးထူးဆန်းတာက ဒီဝက်တောင်းကြီးကို ကျုပ်ပစ်တာ ကျည်ငါးတောင့်တိတိဗျာ၊ တစ်ချက်မှမထွက်ဘူး”

“ဟုတ်ပါ့မလားကွာ၊ ဖိုးထီးဆီက ကျည်တွေက အင်တွေလည်းပါတယ်၊ တစ်ခါတစ်လေ မီးမကူးဘူးမဟုတ်လား”

“မဟုတ်ဘူးဗျ၊ ဝက်ကြီးထွက်သွားတော့ တခြားကိုပစ်တာကျတော့ ကျည်ကထွက်တယ်ဗျာ”

အဘိုးကြီးက ပြုံးလိုက်သည်။

“ဒါဆိုရင်တော့ ဟုတ်ပြီဟေ့၊ မင်းပြောတဲ့အတိုင်းဆို အစွမ်းရှိတဲ့ ဝက်စွယ်ကွင်းကြီးဖြစ်မယ်ကွ”

“အဲဒါကြောင့် ဒီကောင်ကြီးကို ဘယ်လိုလှဲသိပ်ရမလဲဆိုတာ အဘိုးကိုလာတိုင်ပင်တာ”

အဘိုးကြီးက ခေါင်းညိတ်လိုက်ပြီး ပလတ်စတစ်ခွက်ထဲမှ အရက်ကိုတစ်ကျိုက်မော့ချလိုက်သည်။

“ဝက်စွယ်ကွင်းတိုင်းက စွမ်းတာတော့မဟုတ်ဘူးကွ၊ ဒါပေမယ့် တကယ်စွမ်းတယ်ဆိုရင်လည်း တစ်ကွင်းထဲရောင်းပြီး သူဌေးဖြစ်နိုင်တယ်ကွ၊ ဝက်စွယ်ကွင်းပိတ်မှာ ထူးဆန်းတဲ့အစွမ်းတွေရှိတယ်၊ မီးမကူးဘူး၊ ကျည်မထွက်ဘူး၊ အဲဒီအစွယ်ရှိတဲ့အကောင်ကို ဘယ်လိုမှရန်ပြုလို့မရဘူးကွ၊ ဓါးမတိုးဘူး၊ လှံနဲ့ထိုးရင် လှံခွေသွားတယ်ကွ”

ကဲဒိုလည်း အတော်ထူးဆန်းသွားသည်။ ဝက်စွယ်ကွင်းပိတ်အကြောင်းကို အဘိုးပြောဖူးသည်ကိုသာ တစ်ခါကြားဖူးပြီး တစ်ခါမှ မမြင်ဖူးပေ။ အဘိုးကြီးကဆက်ပြီး

“မင်းပြောတဲ့အကောင်ကြီးကို တစ်ခါမှမမြင်ဖူးပါဘူးကွာ”

“ဟုတ်တယ်ဗျ၊ ကျုပ်လည်း တစ်ပတ်တစ်ခါလောက်တောလိုက်နေကျ၊ အခုမှပဲမြင်ဖူးတာ၊ ဒီကောင်ကြီးတွေ တောပြောင်းလာတာဖြစ်မယ်ဗျ”

အဘိုးကြီးက ခေါင်းညိတ်လိုက်သည်။

“ကဲ၊ ဒါဆိုကျုပ်တို့ ဒီကောင်ကြီးကို ဘယ်လိုဖမ်းကြမလဲ”

အဘိုးကြီးက ပြုံးလိုက်ပြီး

“ဟဲ၊ ဟဲ ငါ့မှာနည်းလမ်းရှိပါတယ်ကွာ၊ မင်းဒီကောင်ကြီးကိုရရင် ငါ့ကိုဘယ်လောက်ပေးမလဲ”

“၃၀ ပေးမယ်ဗျာ”

ကဲဒိုက လက်သုံးချောင်းထောင်ပြလိုက်သည်။

“နည်းတယ်၊ ငါ့နည်းနဲ့လည်းဖမ်းသေးတယ်၊ မင်းကလည်း ကပ်စေးနှဲလိုက်တာ”

“ဒါဆိုတစ်ယောက်တစ်ဝက်ဗျာ၊ ဟုတ်ပြီလား”

အဘိုးကြီးက ခေါင်းညိတ်လိုက်သည်။

(၃)

နောက်နေ့ အဘိုးကြီးစေးသောနှင့် တောတိုးခဲ့ကြသည်။ အဘိုးကြီးကတော့ သေနတ်မယူဘဲ မှန်ပြောင်းတစ်ခုသာ လည်ပင်းတွင်ချိတ်ဆွဲလာခဲ့သည်။ သူတို့တောတိုးရင်း လျှိုမြှောင်ကလေးတစ်ခုအတွင်းရောက်သောအခါ ဝါးကျိုးသံများ တဖြောင်းဖြောင်းနှင့်ကြားရသည်။ သူတို့နှစ်ဦးလည်း တောင်စောင်းပေါ်သို့တက်ကြည့်သည့်အခါ ဝါးရုံကြီးအနီးတွင် တောဝက်အုပ်ကိုတွေ့ရသည်။

“ဟိုတစ်ကောင်ပဲ အဘိုး”

အဘိုးကြီးက မှန်ပြောင်းနှင့်ကြည့်သည်။

“အေးကွ၊ ဒါပေမယ့် စိတ်မကောင်းစရာက ညာဘက်က အစွယ်ပဲ အကွင်းဖြစ်နေတာ၊ ဘယ်ဘက်က အစွယ်ကတော့ တစ်ခုခုနဲ့ထိုးမိသလားမသိဘူးကွ၊ ပဲ့နေတယ်”

“အို၊ ဘာပဲဖြစ်ဖြစ်ဗျာ၊ ရတော့လည်း တစ်ယောက်တစ်ဝက်ပေါ့”

“ဒီကောင်ကြီးက လက်နက်ပြီးတယ်ဆိုတော့ ငါတို့ပစ်လို့မရဘူး၊ ဒီတော့ တခြားနည်းနဲ့လုပ်မှရမှာကွ”

“ကိုင်းထောင်မှာလား၊ ထောင်ချောက်ဆင်မှာလား”

“မင်းကလည်းကွာ၊ ဒီအရွယ်ကြီးကို ဘယ်လိုလုပ်နိုင်မှာလဲ၊ ငါပြောမယ် သူတို့ဒီနားက ဝါးရုံတွေကို ဒီတစ်ရက်တည်းနဲ့စားလို့ကုန်မှာမဟုတ်ဘူးကွ၊ ဒီတော့ နေရာကိုမှတ်ထားပြီး နေ့လည်ကျရင် ငါတို့ပြန်လာကြမယ်”

သူတို့ထိုနေရာကိုမှတ်သားပြီးနောက် နေ့လည်ရောက်တော့ ရွာပြန်လာခဲ့သည်။ ရွာမှ လူငယ်သုံးယောက်ခန့်ခေါ်လာပြီးတော့ ထိုနေရာသို့လာသည့်လမ်းတွင် ကြီးမားသည့်တွင်းကြီးတစ်ခုတူးသည်။ တွင်းမှာ ဆယ်ပေပတ်လည်ခန့်ရှိမည်ဖြစ်ပြီး ခြောက်ပေခန့်နက်သည်။

“ကျုပ်သိပြီအဘိုး၊ ပြီးရင်တွင်းထဲမှာ ဝါးချွန်တွေချထားမယ်မဟုတ်လား”

“မင်းကလည်းကွာ၊ ဓါးတောင်ပြီးတာ မင်းဝါးချွန်လောက်က တိုးမလားကွ၊ ဘာမှမထည့်ဘူး”

ထို့နောက် အနီးရှိဝါးများခုတ်ပြီး ထိုတွင်းကိုဖုံးနိုင်လောက်သည့် ဝါးတံခါးကြီးတစ်ချပ်လုပ်သည်။ အလားတူ နှီးများဖြင့် တွင်းဖုံးနိုင်သည့် ဆန်ကာကွက်ကိုရက်လုပ်ကာ ထိုတွင်းအပေါ်မှ ဖုံးအုပ်လိုက်သည်။ ပြီးနောက် မုဆိုးနည်းလမ်းဖြင့် ထိုနေရာကို သစ်ရွက်များဖြင့်ပြန်လည်ဖုံးအုပ်ကာ ခြေရာလက်ရာမပျက် ပြန်ဖန်တီးရသည်။
အဘိုးကြီးလုပ်နေသည်ကို ကဲဒိုက နားမလည်နိုင်သဖြင့် ကြည့်သာနေရသည်။ ထိုညတော့သူတို့အိမ်မပြန်တော့ဘဲ ရွာမှလူများကိုသာ မုန့်ဖိုးပေးပြိးပြန်လွှတ်လိုက်ရသည်။ ကဲဒိုကတော့ ဝါးဖြင့်ပြုလုပ်သည့် တံခါးကြီးကို ကိုင်ထားရသည်။ သူတို့တစ်ညလုံး တောအုပ်အတွင်းဖြတ်သန်းရလေသည်။

နောက်တစ်နေ့မိုးလင်းပြီးသည့်အခါ တောတိုးသံများကြားရသည်။ တောဝက်များမှာ တောအုပ်အတွင်းပြေးလွှားနေကြသည်။ တောဝက်များမှာ အစာရှာချိန်တွင် ပြေးလွှားနေတတ်ပြီး အစာစားပြီးချိန်တွင်တော့ အေးအေးလူလူသွားလာတတ်ကြသည်။ ယခုလည်း အစာအလွန်စာနေပုံရသည်။ တောအုပ်အတွင်း တဝုန်းဝုန်းနှင့်ပြေးလွှားလာသည်။
သူတို့ဆင်ထားသည့် တွင်းနားအရောက်တွင် တောဝက်တောင်းကြီးက ရပ်တန့်သွားသည်။ ထို့နောက် မြေပြင်ကိုနမ်းပြီး တစ်ခုခုကိုအနံ့ခံနေပုံရသည်။ ကဲဒိုမှာ တောဝက်ကြီးပြန်လှည့်ထွက်သွားမည်ကိုစိုးရိမ်နေရသည်။ ပြန်လှည့်ထွက်သွားပါက သူတို့ထောင်ချောက်အလကားဖြစ်ပြီ။

သို့သော် တောဝက်ကြီးက ခဏကြာသည့်အခါ ပြန်လည်ခေါင်းမော့လာပြီး အော်ဟစ်လိုက်သည်။ ထို့နောက် သူကိုယ်တိုင်ဦးဆောင်ကာ ဝါးရုံကြီးဆီသို့ပြေးလွှားလိုက်သည်။

“ဝုန်း”

တွင်းအပေါ်တွင်ခင်းထားသည့် နှီးဆန်ကာကိုနင်းမိကာ တွင်းထဲသို့ ဝက်တောင်းကြီးပြုတ်ကျသွားလေသည်။ ဝက်များမှာ ဆူဆူညံညံအော်ဟစ်ကြလေသည်။

“ဟေ့ကဲဒို၊ ဝက်တစ်ကောင်လောက်တော့ ပစ်လိုက်စမ်းကွာ”

ကဲဒိုက ဝက်မတစ်ကောင်ကို ပစ်ခတ်လိုက်သည်။ ခေါင်းကိုထိမှန်ပြီး ဝက်မမှာ သွေးရူးသွေးတန်းနှင့်ပြေးလွှားပြီး လဲကျသွားလေသည်။ ထိုတော့မှ ကျန်သည့်ဝက်များမှာ ကစဉ့်ကလျားဖြင့် ပြေးကုန်ကြသည်။

“လာဟေ့၊ အဖုံးသွားအုပ်ရအောင်”

အဘိုးကြီးက ပြောလိုက်ပြီး ကဲဒိုနှင့်နှစ်ယောက် ဝါးဖုံးကြီးကိုယူကာ တွင်းအနားသို့တိုးခဲ့သည်။ ဝက်ကြီးက တွင်းထဲကျနေပြီး ပြန်ကုပ်တက်ရန်လုပ်သော်လည်း မတက်နိုင်ပေ။ အဘိုးကြီးက တွင်းပေါ်မှနေပြီး ဝက်ကြီးကိုငုံ့ကြည့်သည်။ ဝက်ကြီးက သူတို့ကိုရန်လုပ်နေသည်။

“ကဲ၊ ဒီကောင်ကြီးကိုဘယ်လိုသတ်ကြမလဲ အဘိုး”

“မလိုပါဘူးကွာ၊ သူ့ကိုလက်နက်တွေမတိုးပေမယ့်၊ အစာငတ်ရင်တော့ သေနိုင်ပါတယ်ကွ၊ ဒီတော့တွင်းကိုအဖုံးနဲ့အုပ်ထားစို့၊ နောက်ဆယ်ရက်လောက်အထိ သူတောင့်ခံနိုင်ပါ့မလားကွာ၊ ဟား၊ ဟား”

တွင်းအဖုံးကိုသေချာအုပ်ပြီး ဝါးချွန်များဖြင့်မြေပေါ်သို့ထိုးစိုက်ကာ သေသေချာချာဖုံးအုပ်ခဲ့သည်။

“မင်းနဲ့ငါနဲ့ တစ်ယောက်တစ်ဝက်နော်”

“စိတ်ချ၊ အစွယ်ရောင်းရရင် အတီးနဲ့ကျုပ်နဲ့ တစ်ယောက်တစ်ဝက်ဗျာ”

ထိုနောက်ပိုင်းတော့ ဝက်ကြီးကျနေသည့် တွင်းကိုကင်းစောင့်ရတော့သည်။ သူများတွေလာဖော်မှာကိုစိုးရိမ်ရသည်။ ထို့အပြင် အခြားသားကောင်များရောက်လာမှာကိုလည်း စိုးရိမ်ရပြန်သည်။ သစ်ပင်တစ်ပင်ပေါ်တွင်ထိုင်ရင်း နေ့နေ့ညည သေနတ်ကိုင်ကာစောင့်နေရသည်။ ယောက်ဖဖြစ်သူကပါ လာပြီး တောထဲမှာပင် ချက်ပြုတ်စားရသည်။ ဝက်တောင်းကြီးမှာ ညညဆိုလျှင် အော်ဟစ်နေတတ်သေးသည်။ သူ့ဖာသာ အစာငတ်ပြီးသေဆုံးသွားသည်ကို စောင့်နေရသည်ကို ကဲဒိုစိတ်မရှည်ပေ၊ သို့သော် တခြားနည်းလမ်းကလည်းမရှိပြီ။

လဝက်ကျော် ကြာမှသာ ဝက်တောင်းကြီးသေဆုံးသွားသည်။ ကဲဒိုတို့မှာ တောအတွင်းတွင်သာ နေထိုင်ရသဖြင့် လူရိုင်းရုပ်ပေါက်နေပြီဖြစ်သည်။ ဝက်ကြီးမှာလည်း ပိန်လှီနေရာ အသားပင်စားစရာမရှိတော့ပေ။ နောက်တော့ ကဲဒိုက ဝက်စွယ်ကိုဖြတ်ယူကာ သမီးယောက်ဖနှစ်ယောက် ပြုံးရွှင်စွာနှင့် အိမ်ပြန်လာခဲ့သည်။

“အတီးရေ၊ ရခဲ့ပြီ”

သူတို့တီးတိုးသာပြောဆိုရသည်။ တစ်ရွာလုံးသိသွားလျှင် မသမာသူများက သူတို့ကိုသတ်ပြီး ဝက်စွယ်ကိုယူမည်ကို စိုးရိမ်ရသည်။ အဘိုးကြီးနှင့်အတူတူ သူတို့အိမ်နောက်ဘက်တွင် မီးပုံကြီးတစ်ပုံဖိုလိုက်သည်။ ထင်းအားကောင်းလှသဖြင့်မီးပုံကြီးမှာ မီးညွှန့်များ ရဲရဲနီတက်နေလေသည်။ အဘိုးကြီးက ဝက်စွယ်ကွင်းပိတ်ကိုကိုင်ပြီး မီးပုံအတွင်းသို့ပစ်ထည့်လိုက်သည်။

မကြာပါ၊ မီးပုံမှာ သူ့အလိုလိုမီးညွန့်ကျိုးကျသွားပြီး ထင်းချောင်းများမှာလည်း မီးသွေးအဖြစ်ပြောင်းလဲသွားကာ မီးငြိမ်းသွားလေသည်။ ကဲဒိုလည်း တစ်ခါမှ မမြင်တွေ့ဖူးသဖြင့် အလွန်အံ့ဩနေမိသည်။

(၅)

“ကိုကျော်ညွှန့်၊ ဗျို့ ကိုကျော်ညွန့်”

ခေါ်သံကြားသဖြင့် ကိုကျော်ညွန့်က အိမ်ရှေ့ထွက်လာရာ သူ့ငယ်သူငယ်ချင်း စောရော်နယ်နှင့် အသားဖြူဖြူ ယိုးဒယားတစ်ယောက်ကိုတွေ့သည်။

“ဘယ်သွားမလို့တုန်း ရော်နယ်ရ”

“ဘွာဒိုဘက်မှာ ဝက်စွယ်ကွင်းပိတ်အစစ်တွေ့ထားလို့၊ ကိုကျော်ညွှန့်လိုက်ခဲ့မလားလို့ အဖော်ခေါ်တာ”

ကိုကျော်ညွှန့်က ဖာပွန်တွင်နေထိုင်သူဖြစ်ရာ ဘွာဒိုမှာ သူတို့နှင့်မနီးမဝေးကလေးဖြစ်သည်။ ထို့အပြင် ဝက်စွယ်ကွင်းပိတ်အကြောင်းလည်း သိချင်သဖြင့် လိုက်သွားရန်ဆုံးဖြတ်လိုက်သည်။ ရော်နယ်က ကားတစ်စီးကိုမောင်းပြီး ယိုးဒယားလူမျိုးနှင့်အတူ လိုက်ပါလာခဲ့သည်။

“ဒါက ကျုပ်ဘော့စ်ဗျ၊ သူက အဲဒီလို ထူးဆန်းတဲ့အရာတွေဆိုရင် သိပ်စိတ်ဝင်စားတာ၊ နောက်ပြီးတော့ ယိုးဒယားတွေက ဒီလိုအစွမ်းတွေကိုလည်း ယုံတယ်မဟုတ်လား”

ထို့နောက် ရော်နယ်က သူနှင့်ဗမာလိုပြောလိုက်၊ ယိုးဒယားနှင့် ကွိကွိကွကွပြောလိုက်နှင့် မောင်းနှင်လာခဲ့ကြသည်။ ဘွာဒိုပင်မရောက်ဘဲ ကားလမ်းပေါက်သည့် တံခွန်တိုင်ရွာသို့ရောက်သည့်အခါ ရွာထဲသို့ချိုးဝင်ခဲ့သည်။

ရွာအပြင်ဘက်ကျသည့် အိမ်တစ်အိမ်ရှေ့တွင် ကားကိုရပ်လိုက်သည့်အခါ အိမ်ထဲမှ ဆံပင်ညှင်းသိုးသိုး ဗလတောင့်တောင့်နှင့်လူတစ်ယောက်ထွက်လာသည်။ ထိုသူကတော့ ကဲဒိုပင်ဖြစ်သည်။

“ခင်ဗျားဟာ စစ်လားမစစ်လားသိရအောင်၊ ကျုပ်တို့ကိုယ်တိုင်စမ်းမယ်”

ကဲဒိုကလည်းခေါင်းညိတ်လိုက်သည်။ သူတို့အိမ်နောက်ဖေးဘက်တွင် မီးဖိုဖိုလိုက်ပြီး ထိုမီးဖိုထဲသို့ ဝက်စွယ်ကွင်းကို ပစ်ထည့်လိုက်သည့်အခါ မီးဖိုငြိမ်းသွားလေသည်။ ရော်နယ်နှင့် ယိုးဒယားမှာ စကားတွေပြောဆိုနေလေသည်။

“ဝက်စွယ်ကွင်းပိတ်အစစ်က သေနတ်ပြီးတယ်လို့ကြားတယ်၊ ခင်ဗျားစမ်းပြမလား”

ကဲဒိုက ပြုံးလိုက်ပြီး ဝက်စွယ်ကိုလက်တွင်ကိုင်ကာ အိမ်နောက်ဖေးခပ်လှမ်းလှမ်းသို့လျှောက်သွားသည်။

“ခင်ဗျားတို့မှာ သေနတ်ပါတယ်မဟုတ်လား၊ ထုတ်ပစ်စမ်းဗျာ”

ကိုကျော်ညွန့်တို့ အံ့ဩသွားမိသည်။ ရော်နယ်က သူ့ကျောပိုးအိတ်ကိုဖွင့်လိုက်ပြီး ခေတ်မီပစ္စတိုသေနတ်အတိုကလေးတစ်လက်ကိုထုတ်လိုက်သည်။

“ဟာ၊ ဟေ့လူဖြစ်ပါ့မလားဗျာ၊ တော်fကြာခင်ဗျားဝက်စွယ်ကွင်းက မစွမ်းရင် ခင်ဗျားသေသွားမှာ”

ကိုကျော်ညွန့်က စိုးရိမ်သဖြင့်ပြောသော်လည်း ကဲဒိုကတော့ စိတ်ချရန်တွင်တွင်ပြောဆိုနေသည်မို့ နောက်ဆုံး ပစ်ခတ်ရန်အတွက် ဆုံးဖြတ်လိုက်သည်။ ယိုးဒယားက သေနတ်ကိုဆွဲယူလိုက်ပြီး ကဲဒိုကိုထိုးချိန်လိုက်ကာ ခလုပ်ကိုညှစ်လိုက်သည်။

သေနတ်က တချက်ချက်အသံသာထွက်ပြီး ကျည်မထွက်ပေ။

“ဘယ်လိုလဲ၊ ယုံပြီလားဗျ၊ ကဲ တခြားနေရာကို ပစ်ကြည့်စမ်းပါအုံး”

ယိုးဒယားက ကဲဒိုနံဘေး ဆယ်ပေခန့်အကွာကို သေနတ်နှင့်ပစ်ခတ်ရာ ကျည်ထွက်ပြီး အနောက်ကသစ်ပင်ကိုထိမှန်လေသည်။ ယိုဒယားမှာ ကျေနပ်သွားပြီး ခေါင်းညိတ်လေသည်။

“ကဲ ခင်ဗျားဘယ်လောက်ခေါ်မလဲ”

“ကျုပ်လည်း ဗိုက်နာနေတာဆိုတော့ သိန်းတစ်ရာပဲပေးဗျာ”

ရော်နယ်က ယိုးဒယားကို ဘာသာပြန်ပေးတော့ ယိုးဒယားက ခေါင်းညိတ်သည်။ သူတို့ကားအနောက်ဘက်တွင် တင်လာသည့်ခရီးဆောင်အိတ်ထဲမှ ပိုက်ဆံများကိုထုတ်ပြီးပေးချေလိုက်လေသည်။ ကိုကျော်ညွန့်ကတော့ ကဲဒိုထံကိုသွားပြီး အစွယ်ရလာပုံကိုမေးမြန်းသည်။

“ဒါနဲ့ ခင်ဗျားဗျာ သိန်းသုံးရာလောက် တောင်းတာမဟုတ်ဘူး”

“တော်ပြီဗျာ၊ ကျုပ်ဒီတစ်ခါတော့ ဝက်စွယ်ကိုမရောင်းလို့မရတော့ဘူးဗျ၊ ကျုပ်ဆီမှာ အရင်က ဒီဈေးပေးပြီးဝယ်တဲ့သူရှိပေမယ့် ကျုပ်ကတိုးတောင်းရင် သူတို့မပေးနိုင်လို့ ပွဲပျက်ပေါင်းများပြီဗျ၊ အခုဆို ဝယ်လက်လာနိုးနဲ့စောင့်လိုက်ရတာ တစ်နှစ်လောက်ရှိတော့မယ်”

“ဒါနဲ့နေပါအုံး၊ ခင်ဗျားက ဘာလို့မရောင်းမဖြစ်တာလဲ”

“ဒီဝက်စွယ်အိမ်ကိုရောက်ကတည်းက အိမ်မှာသိသိသာသာစီးပွားကျသွားတယ်ဗျာ၊ ကျုပ်တို့လင်မယားလဲ ကွဲသွားတယ်၊ အိမ်တွေ၊ ခြံတွေကိုရတဲ့ဈေးနဲ့ရောင်းချပြီးတဲ့အပြင် အခုတောင် သိန်းနှစ်ဆယ်လောက် အကြွေးတင်နေတာဗျာ”

အိမ်ပြန်လမ်းတွင်တော့ ကိုကျော်ညွန့်တစ်ယောက် တွေဝေနေမိသည်။ သူ့ခေါင်းထဲတွင်တော့ သူတစ်ချိန်က ဆရာတော်တစ်ပါးမိန့်ဖူးသည့် စကားတစ်ချို့ကိုပြန်ကြားယောင်နေမိသည်။

“ဝက်စွယ်ကွင်းပိတ်က အစွမ်းထက်တယ်ဆိုပေမယ့် အိမ်မှာထားရင် အိမ်ခိုက်တယ်၊ စီးပွားတိတ်တယ်၊ မိသားစုအချင်းချင်း ခိုက်ရန်ဖြစ်ပွားတတ်တယ်၊ ဒီလို ပစစြည်းတွေက ထူးဆန်းတဲ့အစွမ်းတွေရှိတတ်တာမှန်ပေမယ့်၊ တစ်ဖက်မှာလည်း ဆိုးကျိုးတွေရှိတတ်တယ် ဒကာကြီးရဲ့”

“ဒါဆိုရင် သူများတွေဈေးကောင်းပေးဝယ်ကြာတာ ဘာလို့ပါလဲဘုရား”

“ဒီလို ဂမ္ဘီရပစ္စည်းတွေဆိုတာ ဒီအတိုင်းမဆောင်ကောင်းဘူး၊ တတ်ကျွမ်းနားလည်တဲ့သူနဲ့ပြသပြီးတော့ ဆေးအဆောင်တွေစီရင်ရတယ်၊ များသောအားဖြင့်ကတော့ ရုပ်တုထုပြီးတော့ ဂမ္ဘီရအစီအရင်တွေ ဆောင်ရွက်ကြလေ့ရှိတယ်ကွဲ့”

ယခုတော့ ကိုကျော်ညွန့်တစ်ယောက် ဝက်စွယ်ကွင်းပိတ်ကိုလည်း ကိုယ်တိုင်မြင်ခဲ့ဖူးပြီ၊ ဝက်စွယ်ကွင်းပိတ်အစွမ်းကိုလည်း မျက်ဝါးထင်ထင်မြင်ခဲ့ရပြီ၊ ထိုမျှသာမကသေး ဝက်စွယ်ကွင်းပိတ်၏ ဆိုးကျိုးကြောင့် ဘဝပျက်သွားရသည့် ကဲဒိုကိုလည်း ကိုယ်တိုင်တွေ့ခဲ့ရပြီဖြစ်သည်။

ရော်နယ်ကတော့ သူ့အိမ်ရှေ့တွင် သူ့ကိုချပေးခဲ့ပြီး မုန့်ဖိုးငွေသုံးသောင်းပေးသွားလေသည်။ ထိုကတည်းက ရော်နယ်နှင့်မတွေ့ဖြစ်တော့ပေ။

ငါးနှစ်ခန့်ကြာပြီးသည့်အခါ ဖာပွန်မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ရော်နယ်နှင့်ပြန်ဆုံသည်။ ထိုအခါ ထိုယိုးဒယားသူဌေးအကြောင်းကို မေးမြန်းကြည့်ဖြစ်သည်။ ထိုသူဌေးမှာ လွန်ခဲ့သည့်လေးနှစ်ခန့်ကပင် လုပ်ငန်းအရှုံးပေါ်ပြီး တရားစွဲခံရကာ ထောင်ကျသွားကြောင်းနှင့်လုပ်ငန်းပျက်သွားသဖြင့် ရော်နယ်လည်း အခြားအလုပ်ပြောင်းသွားခဲ့ရကြောင်းပြောကြားလေသည်။

ကိုကျော်ညွန့်ကတော့ သက်ပြင်းတစ်ချက်ချမိသည်။ ထိုသို့ဖြစ်သွားခြင်းမှာ ဝက်စွယ်ကွင်းပိတ်၏ ဆိုးကျိုးကြောင့်လားဆိုတာတော့ ကိုကျော်ညွန့်လဲ တပ်အပ်မပြောနိုင်ပေ။

ပြီးပါပြီ။
စာဖတ်သူများတစ်ဦးတစ်ယောက်ချင်းဆီအား အစဉ်လေးစားလျှက်ရွင်လန်းချမ်းမြေ့ကြပါစေ

#ညမဖတ်ရ

Zawgyi(version)

ဝက္စြယ္ကြင္းပိတ္
~~~~~~~~~~~~~
စာေရးသူ=အဂၢေဇာ္

အခ်ိန္ကား ခရစ္ႏွစ္ ၂၀၀၀ ျပည့္ႏွစ္ဝန္းက်င္ခန႔္ျဖစ္သည္။ ကရင္ျပည္နယ္ ဖာပြန္ၿမိဳ႕အေရွ႕ေတာင္ဘက္အနီးတြင္ ဘြာဒိုေက်း႐ြာတည္ရွိသည္။ ထိုေက်း႐ြာတစ္ဝိုက္ေဒသမ်ားမွာ ေတာင္ကုန္းေတာင္တန္းမ်ားေပါမ်ားၿပီး သစ္ေတာႀကီးမ်ားျဖင့္အုပ္ဆိုင္းေနသည့္ေဒသျဖစ္သည္။

ကဲဒိုက ဘြာဒို႐ြာႏွင့္အေတာ္လွမ္းသည့္ ေတာင္ကုန္းကေလးေပၚတြင္ ေနထိုင္သည့္ေဒသခံမုဆိုးတစ္ေယာက္ျဖစ္သည္။ ယခုလည္း ဘြာဒိုအေနာက္ဘက္ ေတာင္တန္းႀကီးေပၚရွိ ေတာအုပ္ႀကီးအတြင္းတြင္ ေျပးလႊားေနလွ်က္ရွိသည္။

လက္တစ္ဖက္က တစ္လုံးထိုး လက္လုပ္ရိုင္ဖယ္ေသနတ္တစ္လက္ကိုကိုင္တြယ္ရင္း ျမန္နိုင္သမွ် ျမန္ေအာင္ေျပးေနမိသည္။ သူေျပးေနရသည္ကလဲ အေၾကာင္းရွိသည္။ သူ႕အေရွ႕တြင္ ေတာဝက္မ်ားခပ္သြက္သြက္ေျပးလႊားေနသည္ကို ျမင္ေတြ႕လိုက္ရသည့္အတြက္ျဖစ္သည္။ ေတာဝက္မ်ားမွာ အနံ႕ခံေကာင္းေသာ္လည္း သူက ခပ္ခြာခြာမွေျပးလိုက္ေနသည္မို႔ သူ႕အားရိပ္မိပုံမရေပ။ ေတာဝက္မ်ားကို ဝက္ေတာင္းႀကီးတစ္ေကာင္က ဦးေဆာင္ေနသည္ကိုေတြ႕ရသည္။ ထိုဝက္ေတာင္းႀကီးေနာက္မွ အျခားဝက္ထီးမ်ားႏွင့္ ဝက္မမ်ားက ေျပးလိုက္ေနၾကသလို ဝက္သားေပါက္ငယ္ကေလးမ်ားမွာေတာ့ အုပ္စုအေနာက္ပိုင္းမွ ခပ္သြက္သြက္ေျပးလိုက္ေနၾကသည္။
ဝက္အုပ္က သူတို႔သြားရာလမ္းတစ္ေလွ်ာက္ရွိ သစ္ပင္ငယ္မ်ား၊ ခ်ဳံႏြယ္ပင္မ်ားကို တေျဖာင္းေျဖာင္းႏွင့္ တိုက္ခတ္သြားၾကရာ အေနာက္က ကဲဒိုေျပးလိုက္ေနသည့္ အသံမ်ားကိုပင္ မၾကားနိုင္ၾကေပ။ ေနာက္ဆုံးေတာ့ ဝက္အုပ္က ရပ္တန႔္လိုက္သည္။ အလြန္ႀကီးမားသည့္ ဝါး႐ုံႀကီးတစ္ခုအနီးတြင္ ရပ္တန႔္လိုက္ၿပီး အႀကီးအကဲဝက္ႏွင့္ ဝက္ထီးမ်ားက ဝါး႐ုံကိုလွည့္ပတ္ၾကည့္ၾကသည္။ ထို႔ေနာက္ သူတို႔၏ေျခေထာက္မ်ားျဖင့္ ဝါး႐ုံေဘးနားရွိေျမျပင္ကို ကုတ္ဖဲ့ကာ ခြာရာေပးၾကသည္။ ထိုသို႔ျပဳလုပ္ရျခင္းမွာ သူတို႔စားက်က္ကို မွတ္သားသည့္သေဘာျဖစ္သည္။ ထို႔ေနာက္ ဝက္ထီးမ်ားက တစီစီႏွင့္ေအာ္ဟစ္လိုက္ရာ ဝက္မမ်ားႏွင့္ ဝက္ကေလးမ်ားက ဝါး႐ုံႀကီးမွထြက္ေနသည့္ မွ်စ္စို႔ႀကီးမ်ား ႏွင့္ ဝါးပင္ငယ္မ်ားကို ခ်ိဳးဖဲ့စားေသာက္ၾကသည္။

ကဲဒိုအလြန္ေပ်ာ္႐ႊင္သြားမိသည္။ ယေန႕ေတာ့ ဝက္ထမ္းၿပီးျပန္မည္ဟု ဆုံးျဖတ္လိုက္ကာ ထိုဝါး႐ုံအား အကြက္အကြင္းေကာင္းေကာင္းျမင္ေတြ႕နိုင္သည့္ ေတာင္ေစာင္းေပၚသို႔ အသာကေလး တြားသြားကာ တက္ခဲ့သည္။ ျမက္ပင္၊ ပိန္းပင္မ်ားကို အကာအကြယ္ယူလွ်က္ ေတာင္ေစာင္းကေလးေပၚသို႔တက္လာခဲ့သည္။ ေတာင္ေစာင္းေပၚေရာက္သည့္အခါ ေအာက္ဘက္ဝါး႐ုံတြင္ အစာစားေသာက္ေနသည့္ ေတာဝက္မ်ားကိုအတိုင္းသားျမင္ေနရသည္။

“ဟန္က်ၿပီေဟ့၊ နည္းတဲ့အေကာင္ႀကီးေတြမဟုတ္ဘူးကြာ၊ ငါဒီလိုမွန္းသိရင္ ငါ့ေယာက္ဖကို အေဖာ္ေခၚလာခဲ့ပါတယ္”

ကဲဒိုက စိတ္ထဲမွေတြးၿပီး ေသနတ္ကို ေတာဝက္အုပ္ဆီသို႔ ေသခ်ာထိုးခ်ိန္လိုက္သည္။

(၂)

သူ႕ေသနတ္မွာ လုပ္ေသနတ္ျဖစ္ေသာ္လည္း ေခတ္မီသည့္ေသနတ္တစ္လက္ဟုဆိုရမည္ျဖစ္သည္။ ထိုေဒသတြင္ လက္နက္ကိုင္မ်ားေပၚမ်ားသလို ေသနတ္မ်ား၊ က်ည္မ်ားမွာလည္း ေပါမ်ားသည္။ အထူးသျဖင့္ သူတို႔ကိုင္ေဆာင္သည့္ လုပ္ေသနတ္မ်ားမွာ အထူးေပါမ်ားသည္။ သူကိုင္သည့္ေသနတ္မွာ တစ္လုံးထိုး ဘို႔အက္ရွင္ ရိုင္ဖယ္ေသနတ္ျဖစ္ၿပီး မွန္ေျပာင္းကေလးတစ္ခုတပ္ဆင္ထားေလရာ အနီးကပ္ခ်ိန္႐ြယ္ရန္အတြက္ အလြန္အဆင္ေျပလွသည္။

ေသနတ္က်ည္အိမ္အတြင္း က်ည္ဆန္တစ္ေတာင့္ထည့္ၿပီးသားျဖစ္သည္မို႔ ေသနတ္ေမာင္းကိုအသာဆြဲတင္လိုက္သည္။ အမဲဆီမ်ားျဖင့္ေခ်ာေမြ႕ေနေအာင္ပြတ္ထားသည္မို႔ ေသနတ္amမာင္းတက္သြားေသာ္လည္း အသံမထြက္ဘဲတိတ္ဆိတ္ေနသည္။ ထို႔ေနာက္ ေတာဝက္အုပ္ကိုေသနတ္ျဖင့္ထိုးခ်ိန္လိုက္ၿပီး ေသနတ္အေပၚတြင္တပ္ထားသည့္ မွန္ေျပာင္းကေလးမွတဆင့္ မိမိပစ္မည့္သားေကာင္ကို ေသေသခ်ာခ်ာ ေ႐ြးခ်ယ္လိုက္သည္။

ေတာဝက္အုပ္က မွ်စ္မ်ား၊ ဝါးမ်ားကို ခ်ိဳးဖဲ့ေနသျဖင့္ တေျဖာင္းေျဖာင္းအသံျမည္ကာ ဆူညံေနသည္။ ကဲဒိုက ပစ္ခတ္မည့္အေကာင္ကို အေသအခ်ာခ်ိန္႐ြယ္ရင္း လိုက္ရွာရာ ေနာက္ဆုံးတြင္ ဝက္ေတာင္းႀကီးတစ္ကေကာင္ကို အေသအခ်ာခ်ိန္လိုက္သည္။

“ဟာ၊ ဝက္စြယ္ကြင္းပိတ္ႀကီးပါလား”

ကဲဒိုေရ႐ြတ္လိုက္မိသည္။ ဝက္ေတာင္းႀကီး၏ ႏွာေခါင္းေအာက္မွ တိုးထြက္ေနသည့္ဝက္စြယ္ႀကီးမွာ ေကာ့လန္ေနၿပီး အစြယ္ထိပ္ဖ်ားမွာ တစ္ဖန္ျပန္လည္ၿပီး ပါးစပ္ေအာက္သို႔တိုးဝင္သြားရာ ၾကည့္လိုက္လွ်င္ ဝက္စြယ္ေကာက္မွာ ဝလုံးပုံစံျဖစ္ေနသည္။ ထိုသို႔ဝက္စြယ္မ်ိဳးကို ဝက္စြယ္ကြင္းပိတ္ဟုေခၚတတ္ၿပီး ဝက္စြယ္ခ်ည္းပင္ ေဈးေကာင္းအလြန္ရတတ္သည္။

ကဲဒိုလည္းေပ်ာ္႐ႊင္သြားၿပီး ထိုဝက္ႀကီး၏ လက္ျပင္ေနရာကိုခ်ိန္႐ြယ္လိုက္သည္။ ဦးေခါင္းကိုပစ္ခတ္ခ်င္ေသာ္လည္း ဝက္စြယ္ပဲ့သြားမည္စိုးသျဖင့္ ႏွလုံးေနရာကိုထိုးခ်ိန္လိုက္ျခင္းျဖစ္သည္။ ပစ္ကြင္းေကာင္းေကာင္းရထားသျဖင့္ ကဲဒိုက တစ္ခ်က္ၿပဳံးလိုက္ၿပီး ေသနတ္ခလုပ္ေမာင္းကို ညွစ္ခ်လိဳက္သည္။

“ေခ်ာက္”

က်ည္ပြင့္မထြက္ဘဲ က်ည္ရိုက္တံက က်ည္အိမ္၏ဖင္ကို အရွိန္ျဖင့္သြားရိုက္သံကိုသာ ၾကားလိုက္ရသည္။ ကဲဒိုလည္း ထူးဆန္းသြားၿပီး ေနာက္တစ္ခ်က္ေမာင္းတင္လိုက္ကာ ျပန္လည္ခ်ိန္႐ြယ္လွ်က္ ဒုတိယအႀကိမ္ပစ္ခတ္လိုက္သည္။

“ေခ်ာက္”

ေသနတ္မွာ က်ည္မထြက္ေပ။ ကဲဒိုလည္း စိတ္တိုသြားမိသည္။

“ဖိုးထီးက်ည္ဆံေတြက မီးမကူးတာမ်ားလား”

စိတ္ထဲေတြးလိုက္ၿပီး ေသနတ္ေမာင္းကိုဆြဲလိုက္ကာ က်ည္အိမ္အတြင္းမွက်ည္ဆံကိုထုတ္လိုက္သည္။ ထို႔ေနာက္ ခါးတြင္ပတ္ထားသည့္ ခါးပတ္အိတ္ထဲမွ က်ည္ဆန္တစ္ခုကိုထုတ္ယူလိုက္ကာ က်ည္အိမ္အတြင္းသို႔ထည့္ၿပီး ေမာင္းျပန္တင္လိုက္သည္။

“ေခ်ာက္”

ဘယ္ႏွႀကိမ္ ႀကိဳးစားႀကိဳးစား ေသနတ္က က်ည္မထြက္ေပ။ ဝက္မ်ားက သူတို႔ဖာသာဆူညံေနသျဖင့္ သူ႕ေသနတ္ေမာင္းျဖဳတ္သံကို မၾကားေသာေၾကာင့္သာ ေတာ္ေသးသည္။

“ေတာက္ ဘာျဖစ္တာလဲကြာ၊ ေသနတ္ကျဖစ္တာလား၊ က်ည္ကျဖစ္တာလား”

ခဏၾကာသည့္အခါ ေတာဝက္အုပ္မွာ ေတာအသြင္းသို႔ ျပန္လည္ေျပးဝင္သြားသည္။ ကဲဒိုလည္း စိတ္ဆိုးၿပီး ဆက္မလိုက္ေတာ့ေပ။ က်ည္ဆန္ထည့္ၿပီး ေမာင္းတင္ထားသည့္ေသနတ္အား စိတ္ေပါက္ေပါက္ျဖင့္ မိုးေပၚသို႔ေထာင္ေဖာက္လိုက္သည္။

“ဒိန္း”

ေသနတ္သံက က်ယ္ေလာင္စြာထြက္ေပၚလာသည္။ ေတာအုပ္အတြင္း သားေကာင္မ်ား၊ ငွက္မ်ားမွာ လန႔္ၿပီးထြက္ေျပးကုန္ၾကသည္။ ကဲဒိုလည္း အလြန္အံ့ဩေနမိသည္။ ထို႔ေၾကာင့္ ခုနက ပစ္မရသည့္က်ည္ဆန္တစ္ခုကို ျပန္ေကာက္ယူလိုက္ၿပီး က်ည္အိမ္ထဲထည့္ကာ အနီးရွိသစ္ကိုင္းတစ္ခုကိုပစ္ထည့္လိုက္သည္။

“ဒိန္း”

က်ည္ဆန္ထြက္သြားၿပီး သစ္ကိုင္းကိုထိသြားကာ သစ္ကိုင္းမွာက်ိဳးက်သြားသည္။ ကဲဒိုတစ္ေယာက္ မ်က္လုံးျပဴးသြားရၿပီျဖစ္သည္။

“ဒါ၊ ဒါဆို ခုနက ဝက္စြယ္ကြင္းပိတ္ႀကီးေၾကာင့္မ်ားလား”

ထိုေန႕ေတာ့ ကဲဒိုလက္ဗလာႏွင့္ အိမ္ကိုျပန္ခဲ့ရသည္။

(၃)

အိမ္ေရာက္ေတာ့ မိန္းမက တျဗစ္ေတာက္ေတာက္လုပ္သည္။ အမဲမရဘဲ က်ည္ဆန္ကုန္သြားျခင္းေၾကာင့္ျဖစ္သည္။ ကဲဒိုတို႔မွာ အိမ္၏စီးပြားေရးအတြက္ ကြမ္းသီးၿခံမ်ား တနိုင္တပိုင္စိုက္ပ်ိဳးထားေသာေၾကာင့္ စားဖို႔ကေတာ့မပူရေပ။ ကဲဒိုက မုဆိုးမ်ိဳးရိုးျဖစ္သည္။ အဘိုးျဖစ္သူကလည္း မုဆိုးျဖစ္ၿပီး၊ အေဖျဖစ္သူမွာလည္း မုဆိုးတစ္ေယာက္ျဖစ္သည္။ သို႔ေသာ္အေဖျဖစ္သူမွာ ေတာလည္ရင္း လက္နက္ကိုင္မ်ားႏွင့္ေတြ႕ကာ လူမွားပစ္ခတ္ခံရၿပီး သူငယ္ငယ္ကပင္ေသဆုံးသြားေလရာ အမဲလိုက္သည့္မုဆိုးပညာရပ္မ်ားကို အဘိုးထံမွသာ သင္ယူခဲ့ရသည္။ အိမ္ေထာင္က်ၿပီးသြားေတာ့ ဇနီးျဖစ္သူက အမဲလိုက္ျခင္းကို အားမေပးသျဖင့္ စိုက္ပ်ိဳးေရးဘက္သို႔ ဦးတည္ခဲ့ရျပန္သည္။ ဘြာဒိုေတာင္ဘက္ရွိ ေတာင္ကုန္းကေလးမ်ားတြင္ ကြမ္းသီးပင္မ်ားစိုက္ပ်ိဳးထားၿပီး ထိုေတာင္ကုန္းကေလးေပၚတြင္ပင္ အိမ္ေဆာက္ကာ ဇနီးႏွင့္အတူေနထိုင္သည္။ ဇနီးသည္၏ ေမာင္၊ ေယာက္ဖျဖစ္သူလည္း သူတို႔ႏွင့္အတူေနသည္။

ဆိုင္အတြင္းကိုဝင္လိုက္ေတာ့ ဆိုင္မွာမီးအလင္းေရာင္ခပ္မွိန္မွိန္ထြန္းထားသည္။ ထိုဆိုင္ကေလးမွာ ကုန္အစုံရသည့္ဆိုင္ျဖစ္ၿပီး အရက္မ်ိဳးစုံလဲရသည္။ ဆိုင္ေဘးတြင္ အဖီဆြဲထားၿပီး ခုံကေလးမ်ားခ်ထားသျဖင့္ ညေနဆိုလွ်င္ အရက္သမားမ်ား ဝိုင္းဖြဲ႕သည့္ေနရာျဖစ္သည္။

ဘီယာတစ္လုံးဝယ္လိုက္ၿပီး ဆိုင္အတြင္း ဟိုဟိုဒီဒီၾကည့္လိုက္ရာ သူရွာေနသည့္သူကိုေတြ႕သြားသည္။ ထိုသူထိုင္ေနသည့္ ခုံသို႔သြားကာ ဝင္ထိုင္လိုက္သည္။ ထိုသူကေတာ့ အသက္ခုနစ္ဆယ္ခန႔္ရွိၿပီျဖစ္သည့္ ဘိုးေစးေသာပင္ျဖစ္သည္။

“အတီး(ဦးေလး) ၊ ေရာက္ေနတာနဲ႕အေတာ္ပဲဗ်ာ”

“ေအးကြာ ကဲဒို၊ လာထိုင္”

“အတီး ကိုဒီမွာမေတြ႕ရင္ အိမ္ကိုလာမလို႔ပဲဗ်”

“မင္းက ငါ့ကိုဘာလို႔ေတြ႕ခ်င္တာလဲကြ”

ဘိုးေစးေသာက အရက္ျဖဴတစ္လုံးကို ေရေရာၿပီး ေသာက္ေနျခင္းျဖစ္သည္။ ဘီယာပုလင္းကိုင္လာေသာ ကဲဒိုကိုၾကည့္ၿပီး သက္ျပင္းတစ္ခ်က္ခ်လိဳက္သည္။

“မင္းဆီမွာ အျမည္းပါမလာဘူးလားကြ”

ကဲဒိုက ေခါင္းခါျပသည္။

“မင္းကြာ၊ ငါကေတာ့ျဖင့္ မုဆိုးလာၿပီဆိုေတာ့ အသားေလးဘာေလးမ်ား အျမည္းပါလာမလားလို႔”

“အျမည္းေနေနသာသာဗ်ာ၊ က်ဳပ္ေတာင္အသားမစားရတာၾကာၿပီဗ်၊ ဒီေန႕ေတာင္ အိမ္မွာၾကက္ဥနဲ႕စားလာရတာ”

အဘိုးႀကီးက ရယ္ေမာလိုက္သည္။

“ဒါနဲ႕ က်ဳပ္အဘိုးကိုေမးစရာရွိလို႔ဗ်၊ ဒီေန႕ေတာထဲမွာ ဝက္ေတာင္းႀကီးတစ္ေကာင္ေတြ႕ခဲ့တယ္”

အဘိုးႀကီးကၿပဳံးလိုက္ၿပီး

“ဘာလဲ ဝက္မာန္စြယ္ထုတ္မလို႔လား”

“ဝက္မာန္စြယ္က က်ဳပ္တို႔ထုတ္ေနၾကပဲမဟုတ္လား၊ ေဈးေကာင္းလည္းသိပ္မရပါဘူးဗ်ာ၊ အခုကေတာ့ ဝက္စြယ္ကြင္းႀကီးဗ်”

အဘိုးႀကီးက ထူးဆန္းသြားသည္။

“ထူးဆန္းလိုက္တာ၊ မင္းတကယ္ေျပာတာလားကြ”

“တကယ္ေပါ့ဗ်၊ ပိုၿပီးထူးဆန္းတာက ဒီဝက္ေတာင္းႀကီးကို က်ဳပ္ပစ္တာ က်ည္ငါးေတာင့္တိတိဗ်ာ၊ တစ္ခ်က္မွမထြက္ဘူး”

“ဟုတ္ပါ့မလားကြာ၊ ဖိုးထီးဆီက က်ည္ေတြက အင္ေတြလည္းပါတယ္၊ တစ္ခါတစ္ေလ မီးမကူးဘူးမဟုတ္လား”

“မဟုတ္ဘူးဗ်၊ ဝက္ႀကီးထြက္သြားေတာ့ တျခားကိုပစ္တာက်ေတာ့ က်ည္ကထြက္တယ္ဗ်ာ”

အဘိုးႀကီးက ၿပဳံးလိုက္သည္။

“ဒါဆိုရင္ေတာ့ ဟုတ္ၿပီေဟ့၊ မင္းေျပာတဲ့အတိုင္းဆို အစြမ္းရွိတဲ့ ဝက္စြယ္ကြင္းႀကီးျဖစ္မယ္ကြ”

“အဲဒါေၾကာင့္ ဒီေကာင္ႀကီးကို ဘယ္လိုလွဲသိပ္ရမလဲဆိုတာ အဘိုးကိုလာတိုင္ပင္တာ”

အဘိုးႀကီးက ေခါင္းညိတ္လိုက္ၿပီး ပလတ္စတစ္ခြက္ထဲမွ အရက္ကိုတစ္က်ိဳက္ေမာ့ခ်လိဳက္သည္။

“ဝက္စြယ္ကြင္းတိုင္းက စြမ္းတာေတာ့မဟုတ္ဘူးကြ၊ ဒါေပမယ့္ တကယ္စြမ္းတယ္ဆိုရင္လည္း တစ္ကြင္းထဲေရာင္းၿပီး သူေဌးျဖစ္နိုင္တယ္ကြ၊ ဝက္စြယ္ကြင္းပိတ္မွာ ထူးဆန္းတဲ့အစြမ္းေတြရွိတယ္၊ မီးမကူးဘူး၊ က်ည္မထြက္ဘူး၊ အဲဒီအစြယ္ရွိတဲ့အေကာင္ကို ဘယ္လိုမွရန္ျပဳလို႔မရဘူးကြ၊ ဓါးမတိုးဘူး၊ လွံနဲ႕ထိုးရင္ လွံေခြသြားတယ္ကြ”

ကဲဒိုလည္း အေတာ္ထူးဆန္းသြားသည္။ ဝက္စြယ္ကြင္းပိတ္အေၾကာင္းကို အဘိုးေျပာဖူးသည္ကိုသာ တစ္ခါၾကားဖူးၿပီး တစ္ခါမွ မျမင္ဖူးေပ။ အဘိုးႀကီးကဆက္ၿပီး

“မင္းေျပာတဲ့အေကာင္ႀကီးကို တစ္ခါမွမျမင္ဖူးပါဘူးကြာ”

“ဟုတ္တယ္ဗ်၊ က်ဳပ္လည္း တစ္ပတ္တစ္ခါေလာက္ေတာလိုက္ေနက်၊ အခုမွပဲျမင္ဖူးတာ၊ ဒီေကာင္ႀကီးေတြ ေတာေျပာင္းလာတာျဖစ္မယ္ဗ်”

အဘိုးႀကီးက ေခါင္းညိတ္လိုက္သည္။

“ကဲ၊ ဒါဆိုက်ဳပ္တို႔ ဒီေကာင္ႀကီးကို ဘယ္လိုဖမ္းၾကမလဲ”

အဘိုးႀကီးက ၿပဳံးလိုက္ၿပီး

“ဟဲ၊ ဟဲ ငါ့မွာနည္းလမ္းရွိပါတယ္ကြာ၊ မင္းဒီေကာင္ႀကီးကိုရရင္ ငါ့ကိုဘယ္ေလာက္ေပးမလဲ”

“၃၀ ေပးမယ္ဗ်ာ”

ကဲဒိုက လက္သုံးေခ်ာင္းေထာင္ျပလိုက္သည္။

“နည္းတယ္၊ ငါ့နည္းနဲ႕လည္းဖမ္းေသးတယ္၊ မင္းကလည္း ကပ္ေစးႏွဲလိုက္တာ”

“ဒါဆိုတစ္ေယာက္တစ္ဝက္ဗ်ာ၊ ဟုတ္ၿပီလား”

အဘိုးႀကီးက ေခါင္းညိတ္လိုက္သည္။

(၃)

ေနာက္ေန႕ အဘိုးႀကီးေစးေသာႏွင့္ ေတာတိုးခဲ့ၾကသည္။ အဘိုးႀကီးကေတာ့ ေသနတ္မယူဘဲ မွန္ေျပာင္းတစ္ခုသာ လည္ပင္းတြင္ခ်ိတ္ဆြဲလာခဲ့သည္။ သူတို႔ေတာတိုးရင္း လွ်ိုျမႇောင္ကေလးတစ္ခုအတြင္းေရာက္ေသာအခါ ဝါးက်ိဳးသံမ်ား တေျဖာင္းေျဖာင္းႏွင့္ၾကားရသည္။ သူတို႔ႏွစ္ဦးလည္း ေတာင္ေစာင္းေပၚသို႔တက္ၾကည့္သည့္အခါ ဝါး႐ုံႀကီးအနီးတြင္ ေတာဝက္အုပ္ကိုေတြ႕ရသည္။

“ဟိုတစ္ေကာင္ပဲ အဘိုး”

အဘိုးႀကီးက မွန္ေျပာင္းႏွင့္ၾကည့္သည္။

“ေအးကြ၊ ဒါေပမယ့္ စိတ္မေကာင္းစရာက ညာဘက္က အစြယ္ပဲ အကြင္းျဖစ္ေနတာ၊ ဘယ္ဘက္က အစြယ္ကေတာ့ တစ္ခုခုနဲ႕ထိုးမိသလားမသိဘူးကြ၊ ပဲ့ေနတယ္”

“အို၊ ဘာပဲျဖစ္ျဖစ္ဗ်ာ၊ ရေတာ့လည္း တစ္ေယာက္တစ္ဝက္ေပါ့”

“ဒီေကာင္ႀကီးက လက္နက္ၿပီးတယ္ဆိုေတာ့ ငါတို႔ပစ္လို႔မရဘူး၊ ဒီေတာ့ တျခားနည္းနဲ႕လုပ္မွရမွာကြ”

“ကိုင္းေထာင္မွာလား၊ ေထာင္ေခ်ာက္ဆင္မွာလား”

“မင္းကလည္းကြာ၊ ဒီအ႐ြယ္ႀကီးကို ဘယ္လိုလုပ္နိုင္မွာလဲ၊ ငါေျပာမယ္ သူတို႔ဒီနားက ဝါး႐ုံေတြကို ဒီတစ္ရက္တည္းနဲ႕စားလို႔ကုန္မွာမဟုတ္ဘူးကြ၊ ဒီေတာ့ ေနရာကိုမွတ္ထားၿပီး ေန႕လည္က်ရင္ ငါတို႔ျပန္လာၾကမယ္”

သူတို႔ထိုေနရာကိုမွတ္သားၿပီးေနာက္ ေန႕လည္ေရာက္ေတာ့ ႐ြာျပန္လာခဲ့သည္။ ႐ြာမွ လူငယ္သုံးေယာက္ခန႔္ေခၚလာၿပီးေတာ့ ထိုေနရာသို႔လာသည့္လမ္းတြင္ ႀကီးမားသည့္တြင္းႀကီးတစ္ခုတူးသည္။ တြင္းမွာ ဆယ္ေပပတ္လည္ခန႔္ရွိမည္ျဖစ္ၿပီး ေျခာက္ေပခန႔္နက္သည္။

“က်ဳပ္သိၿပီအဘိုး၊ ၿပီးရင္တြင္းထဲမွာ ဝါးခြၽန္ေတြခ်ထားမယ္မဟုတ္လား”

“မင္းကလည္းကြာ၊ ဓါးေတာင္ၿပီးတာ မင္းဝါးခြၽန္ေလာက္က တိုးမလားကြ၊ ဘာမွမထည့္ဘူး”

ထို႔ေနာက္ အနီးရွိဝါးမ်ားခုတ္ၿပီး ထိုတြင္းကိုဖုံးနိုင္ေလာက္သည့္ ဝါးတံခါးႀကီးတစ္ခ်ပ္လုပ္သည္။ အလားတူ ႏွီးမ်ားျဖင့္ တြင္းဖုံးနိုင္သည့္ ဆန္ကာကြက္ကိုရက္လုပ္ကာ ထိုတြင္းအေပၚမွ ဖုံးအုပ္လိုက္သည္။ ၿပီးေနာက္ မုဆိုးနည္းလမ္းျဖင့္ ထိုေနရာကို သစ္႐ြက္မ်ားျဖင့္ျပန္လည္ဖုံးအုပ္ကာ ေျခရာလက္ရာမပ်က္ ျပန္ဖန္တီးရသည္။
အဘိုးႀကီးလုပ္ေနသည္ကို ကဲဒိုက နားမလည္နိုင္သျဖင့္ ၾကည့္သာေနရသည္။ ထိုညေတာ့သူတို႔အိမ္မျပန္ေတာ့ဘဲ ႐ြာမွလူမ်ားကိုသာ မုန႔္ဖိုးေပးၿပိးျပန္လႊတ္လိုက္ရသည္။ ကဲဒိုကေတာ့ ဝါးျဖင့္ျပဳလုပ္သည့္ တံခါးႀကီးကို ကိုင္ထားရသည္။ သူတို႔တစ္ညလုံး ေတာအုပ္အတြင္းျဖတ္သန္းရေလသည္။

ေနာက္တစ္ေန႕မိုးလင္းၿပီးသည့္အခါ ေတာတိုးသံမ်ားၾကားရသည္။ ေတာဝက္မ်ားမွာ ေတာအုပ္အတြင္းေျပးလႊားေနၾကသည္။ ေတာဝက္မ်ားမွာ အစာရွာခ်ိန္တြင္ ေျပးလႊားေနတတ္ၿပီး အစာစားၿပီးခ်ိန္တြင္ေတာ့ ေအးေအးလူလူသြားလာတတ္ၾကသည္။ ယခုလည္း အစာအလြန္စာေနပုံရသည္။ ေတာအုပ္အတြင္း တဝုန္းဝုန္းႏွင့္ေျပးလႊားလာသည္။
သူတို႔ဆင္ထားသည့္ တြင္းနားအေရာက္တြင္ ေတာဝက္ေတာင္းႀကီးက ရပ္တန႔္သြားသည္။ ထို႔ေနာက္ ေျမျပင္ကိုနမ္းၿပီး တစ္ခုခုကိုအနံ႕ခံေနပုံရသည္။ ကဲဒိုမွာ ေတာဝက္ႀကီးျပန္လွည့္ထြက္သြားမည္ကိုစိုးရိမ္ေနရသည္။ ျပန္လွည့္ထြက္သြားပါက သူတို႔ေထာင္ေခ်ာက္အလကားျဖစ္ၿပီ။

သို႔ေသာ္ ေတာဝက္ႀကီးက ခဏၾကာသည့္အခါ ျပန္လည္ေခါင္းေမာ့လာၿပီး ေအာ္ဟစ္လိုက္သည္။ ထို႔ေနာက္ သူကိုယ္တိုင္ဦးေဆာင္ကာ ဝါး႐ုံႀကီးဆီသို႔ေျပးလႊားလိုက္သည္။

“ဝုန္း”

တြင္းအေပၚတြင္ခင္းထားသည့္ ႏွီးဆန္ကာကိုနင္းမိကာ တြင္းထဲသို႔ ဝက္ေတာင္းႀကီးျပဳတ္က်သြားေလသည္။ ဝက္မ်ားမွာ ဆူဆူညံညံေအာ္ဟစ္ၾကေလသည္။

“ေဟ့ကဲဒို၊ ဝက္တစ္ေကာင္ေလာက္ေတာ့ ပစ္လိုက္စမ္းကြာ”

ကဲဒိုက ဝက္မတစ္ေကာင္ကို ပစ္ခတ္လိုက္သည္။ ေခါင္းကိုထိမွန္ၿပီး ဝက္မမွာ ေသြး႐ူးေသြးတန္းႏွင့္ေျပးလႊားၿပီး လဲက်သြားေလသည္။ ထိုေတာ့မွ က်န္သည့္ဝက္မ်ားမွာ ကစဉ့္ကလ်ားျဖင့္ ေျပးကုန္ၾကသည္။

“လာေဟ့၊ အဖုံးသြားအုပ္ရေအာင္”

အဘိုးႀကီးက ေျပာလိုက္ၿပီး ကဲဒိုႏွင့္ႏွစ္ေယာက္ ဝါးဖုံးႀကီးကိုယူကာ တြင္းအနားသို႔တိုးခဲ့သည္။ ဝက္ႀကီးက တြင္းထဲက်ေနၿပီး ျပန္ကုပ္တက္ရန္လုပ္ေသာ္လည္း မတက္နိုင္ေပ။ အဘိုးႀကီးက တြင္းေပၚမွေနၿပီး ဝက္ႀကီးကိုငုံ႕ၾကည့္သည္။ ဝက္ႀကီးက သူတို႔ကိုရန္လုပ္ေနသည္။

“ကဲ၊ ဒီေကာင္ႀကီးကိုဘယ္လိုသတ္ၾကမလဲ အဘိုး”

“မလိုပါဘူးကြာ၊ သူ႕ကိုလက္နက္ေတြမတိုးေပမယ့္၊ အစာငတ္ရင္ေတာ့ ေသနိုင္ပါတယ္ကြ၊ ဒီေတာ့တြင္းကိုအဖုံးနဲ႕အုပ္ထားစို႔၊ ေနာက္ဆယ္ရက္ေလာက္အထိ သူေတာင့္ခံနိုင္ပါ့မလားကြာ၊ ဟား၊ ဟား”

တြင္းအဖုံးကိုေသခ်ာအုပ္ၿပီး ဝါးခြၽန္မ်ားျဖင့္ေျမေပၚသို႔ထိုးစိုက္ကာ ေသေသခ်ာခ်ာဖုံးအုပ္ခဲ့သည္။

“မင္းနဲ႕ငါနဲ႕ တစ္ေယာက္တစ္ဝက္ေနာ္”

“စိတ္ခ်၊ အစြယ္ေရာင္းရရင္ အတီးနဲ႕က်ဳပ္နဲ႕ တစ္ေယာက္တစ္ဝက္ဗ်ာ”

ထိုေနာက္ပိုင္းေတာ့ ဝက္ႀကီးက်ေနသည့္ တြင္းကိုကင္းေစာင့္ရေတာ့သည္။ သူမ်ားေတြလာေဖာ္မွာကိုစိုးရိမ္ရသည္။ ထို႔အျပင္ အျခားသားေကာင္မ်ားေရာက္လာမွာကိုလည္း စိုးရိမ္ရျပန္သည္။ သစ္ပင္တစ္ပင္ေပၚတြင္ထိုင္ရင္း ေန႕ေန႕ညည ေသနတ္ကိုင္ကာေစာင့္ေနရသည္။ ေယာက္ဖျဖစ္သူကပါ လာၿပီး ေတာထဲမွာပင္ ခ်က္ျပဳတ္စားရသည္။ ဝက္ေတာင္းႀကီးမွာ ညညဆိုလွ်င္ ေအာ္ဟစ္ေနတတ္ေသးသည္။ သူ႕ဖာသာ အစာငတ္ၿပီးေသဆုံးသြားသည္ကို ေစာင့္ေနရသည္ကို ကဲဒိုစိတ္မရွည္ေပ၊ သို႔ေသာ္ တျခားနည္းလမ္းကလည္းမရွိၿပီ။

လဝက္ေက်ာ္ ၾကာမွသာ ဝက္ေတာင္းႀကီးေသဆုံးသြားသည္။ ကဲဒိုတို႔မွာ ေတာအတြင္းတြင္သာ ေနထိုင္ရသျဖင့္ လူရိုင္း႐ုပ္ေပါက္ေနၿပီျဖစ္သည္။ ဝက္ႀကီးမွာလည္း ပိန္လွီေနရာ အသားပင္စားစရာမရွိေတာ့ေပ။ ေနာက္ေတာ့ ကဲဒိုက ဝက္စြယ္ကိုျဖတ္ယူကာ သမီးေယာက္ဖႏွစ္ေယာက္ ၿပဳံး႐ႊင္စြာႏွင့္ အိမ္ျပန္လာခဲ့သည္။

“အတီးေရ၊ ရခဲ့ၿပီ”

သူတို႔တီးတိုးသာေျပာဆိုရသည္။ တစ္႐ြာလုံးသိသြားလွ်င္ မသမာသူမ်ားက သူတို႔ကိုသတ္ၿပီး ဝက္စြယ္ကိုယူမည္ကို စိုးရိမ္ရသည္။ အဘိုးႀကီးႏွင့္အတူတူ သူတို႔အိမ္ေနာက္ဘက္တြင္ မီးပုံႀကီးတစ္ပုံဖိုလိုက္သည္။ ထင္းအားေကာင္းလွသျဖင့္မီးပုံႀကီးမွာ မီးၫႊန႔္မ်ား ရဲရဲနီတက္ေနေလသည္။ အဘိုးႀကီးက ဝက္စြယ္ကြင္းပိတ္ကိုကိုင္ၿပီး မီးပုံအတြင္းသို႔ပစ္ထည့္လိုက္သည္။

မၾကာပါ၊ မီးပုံမွာ သူ႕အလိုလိုမီးၫြန႔္က်ိဳးက်သြားၿပီး ထင္းေခ်ာင္းမ်ားမွာလည္း မီးေသြးအျဖစ္ေျပာင္းလဲသြားကာ မီးၿငိမ္းသြားေလသည္။ ကဲဒိုလည္း တစ္ခါမွ မျမင္ေတြ႕ဖူးသျဖင့္ အလြန္အံ့ဩေနမိသည္။

(၅)

“ကိုေက်ာ္ၫႊန႔္၊ ဗ်ိဳ႕ ကိုေက်ာ္ၫြန႔္”

ေခၚသံၾကားသျဖင့္ ကိုေက်ာ္ၫြန႔္က အိမ္ေရွ႕ထြက္လာရာ သူ႕ငယ္သူငယ္ခ်င္း ေစာေရာ္နယ္ႏွင့္ အသားျဖဴျဖဴ ယိုးဒယားတစ္ေယာက္ကိုေတြ႕သည္။

“ဘယ္သြားမလို႔တုန္း ေရာ္နယ္ရ”

“ဘြာဒိုဘက္မွာ ဝက္စြယ္ကြင္းပိတ္အစစ္ေတြ႕ထားလို႔၊ ကိုေက်ာ္ၫႊန႔္လိုက္ခဲ့မလားလို႔ အေဖာ္ေခၚတာ”

ကိုေက်ာ္ၫႊန႔္က ဖာပြန္တြင္ေနထိုင္သူျဖစ္ရာ ဘြာဒိုမွာ သူတို႔ႏွင့္မနီးမေဝးကေလးျဖစ္သည္။ ထို႔အျပင္ ဝက္စြယ္ကြင္းပိတ္အေၾကာင္းလည္း သိခ်င္သျဖင့္ လိုက္သြားရန္ဆုံးျဖတ္လိုက္သည္။ ေရာ္နယ္က ကားတစ္စီးကိုေမာင္းၿပီး ယိုးဒယားလူမ်ိဳးႏွင့္အတူ လိုက္ပါလာခဲ့သည္။

“ဒါက က်ဳပ္ေဘာ့စ္ဗ်၊ သူက အဲဒီလို ထူးဆန္းတဲ့အရာေတြဆိုရင္ သိပ္စိတ္ဝင္စားတာ၊ ေနာက္ၿပီးေတာ့ ယိုးဒယားေတြက ဒီလိုအစြမ္းေတြကိုလည္း ယုံတယ္မဟုတ္လား”

ထို႔ေနာက္ ေရာ္နယ္က သူႏွင့္ဗမာလိုေျပာလိုက္၊ ယိုးဒယားႏွင့္ ကြိကြိကြကြေျပာလိုက္ႏွင့္ ေမာင္းႏွင္လာခဲ့ၾကသည္။ ဘြာဒိုပင္မေရာက္ဘဲ ကားလမ္းေပါက္သည့္ တံခြန္တိုင္႐ြာသို႔ေရာက္သည့္အခါ ႐ြာထဲသို႔ခ်ိဳးဝင္ခဲ့သည္။

႐ြာအျပင္ဘက္က်သည့္ အိမ္တစ္အိမ္ေရွ႕တြင္ ကားကိုရပ္လိုက္သည့္အခါ အိမ္ထဲမွ ဆံပင္ညွင္းသိုးသိုး ဗလေတာင့္ေတာင့္ႏွင့္လူတစ္ေယာက္ထြက္လာသည္။ ထိုသူကေတာ့ ကဲဒိုပင္ျဖစ္သည္။

“ခင္ဗ်ားဟာ စစ္လားမစစ္လားသိရေအာင္၊ က်ဳပ္တို႔ကိုယ္တိုင္စမ္းမယ္”

ကဲဒိုကလည္းေခါင္းညိတ္လိုက္သည္။ သူတို႔အိမ္ေနာက္ေဖးဘက္တြင္ မီးဖိုဖိုလိုက္ၿပီး ထိုမီးဖိုထဲသို႔ ဝက္စြယ္ကြင္းကို ပစ္ထည့္လိုက္သည့္အခါ မီးဖိုၿငိမ္းသြားေလသည္။ ေရာ္နယ္ႏွင့္ ယိုးဒယားမွာ စကားေတြေျပာဆိုေနေလသည္။

“ဝက္စြယ္ကြင္းပိတ္အစစ္က ေသနတ္ၿပီးတယ္လို႔ၾကားတယ္၊ ခင္ဗ်ားစမ္းျပမလား”

ကဲဒိုက ၿပဳံးလိုက္ၿပီး ဝက္စြယ္ကိုလက္တြင္ကိုင္ကာ အိမ္ေနာက္ေဖးခပ္လွမ္းလွမ္းသို႔ေလွ်ာက္သြားသည္။

“ခင္ဗ်ားတို႔မွာ ေသနတ္ပါတယ္မဟုတ္လား၊ ထုတ္ပစ္စမ္းဗ်ာ”

ကိုေက်ာ္ၫြန႔္တို႔ အံ့ဩသြားမိသည္။ ေရာ္နယ္က သူ႕ေက်ာပိုးအိတ္ကိုဖြင့္လိုက္ၿပီး ေခတ္မီပစၥတိုေသနတ္အတိုကေလးတစ္လက္ကိုထုတ္လိုက္သည္။

“ဟာ၊ ေဟ့လူျဖစ္ပါ့မလားဗ်ာ၊ ေတာ္fၾကာခင္ဗ်ားဝက္စြယ္ကြင္းက မစြမ္းရင္ ခင္ဗ်ားေသသြားမွာ”

ကိုေက်ာ္ၫြန႔္က စိုးရိမ္သျဖင့္ေျပာေသာ္လည္း ကဲဒိုကေတာ့ စိတ္ခ်ရန္တြင္တြင္ေျပာဆိုေနသည္မို႔ ေနာက္ဆုံး ပစ္ခတ္ရန္အတြက္ ဆုံးျဖတ္လိုက္သည္။ ယိုးဒယားက ေသနတ္ကိုဆြဲယူလိုက္ၿပီး ကဲဒိုကိုထိုးခ်ိန္လိုက္ကာ ခလုပ္ကိုညွစ္လိုက္သည္။

ေသနတ္က တခ်က္ခ်က္အသံသာထြက္ၿပီး က်ည္မထြက္ေပ။

“ဘယ္လိုလဲ၊ ယုံၿပီလားဗ်၊ ကဲ တျခားေနရာကို ပစ္ၾကည့္စမ္းပါအုံး”

ယိုးဒယားက ကဲဒိုနံေဘး ဆယ္ေပခန႔္အကြာကို ေသနတ္ႏွင့္ပစ္ခတ္ရာ က်ည္ထြက္ၿပီး အေနာက္ကသစ္ပင္ကိုထိမွန္ေလသည္။ ယိုဒယားမွာ ေက်နပ္သြားၿပီး ေခါင္းညိတ္ေလသည္။

“ကဲ ခင္ဗ်ားဘယ္ေလာက္ေခၚမလဲ”

“က်ဳပ္လည္း ဗိုက္နာေနတာဆိုေတာ့ သိန္းတစ္ရာပဲေပးဗ်ာ”

ေရာ္နယ္က ယိုးဒယားကို ဘာသာျပန္ေပးေတာ့ ယိုးဒယားက ေခါင္းညိတ္သည္။ သူတို႔ကားအေနာက္ဘက္တြင္ တင္လာသည့္ခရီးေဆာင္အိတ္ထဲမွ ပိုက္ဆံမ်ားကိုထုတ္ၿပီးေပးေခ်လိဳက္ေလသည္။ ကိုေက်ာ္ၫြန႔္ကေတာ့ ကဲဒိုထံကိုသြားၿပီး အစြယ္ရလာပုံကိုေမးျမန္းသည္။

“ဒါနဲ႕ ခင္ဗ်ားဗ်ာ သိန္းသုံးရာေလာက္ ေတာင္းတာမဟုတ္ဘူး”

“ေတာ္ၿပီဗ်ာ၊ က်ဳပ္ဒီတစ္ခါေတာ့ ဝက္စြယ္ကိုမေရာင္းလို႔မရေတာ့ဘူးဗ်၊ က်ဳပ္ဆီမွာ အရင္က ဒီေဈးေပးၿပီးဝယ္တဲ့သူရွိေပမယ့္ က်ဳပ္ကတိုးေတာင္းရင္ သူတို႔မေပးနိုင္လို႔ ပြဲပ်က္ေပါင္းမ်ားၿပီဗ်၊ အခုဆို ဝယ္လက္လာနိုးနဲ႕ေစာင့္လိုက္ရတာ တစ္ႏွစ္ေလာက္ရွိေတာ့မယ္”

“ဒါနဲ႕ေနပါအုံး၊ ခင္ဗ်ားက ဘာလို႔မေရာင္းမျဖစ္တာလဲ”

“ဒီဝက္စြယ္အိမ္ကိုေရာက္ကတည္းက အိမ္မွာသိသိသာသာစီးပြားက်သြားတယ္ဗ်ာ၊ က်ဳပ္တို႔လင္မယားလဲ ကြဲသြားတယ္၊ အိမ္ေတြ၊ ၿခံေတြကိုရတဲ့ေဈးနဲ႕ေရာင္းခ်ၿပီးတဲ့အျပင္ အခုေတာင္ သိန္းႏွစ္ဆယ္ေလာက္ အေႂကြးတင္ေနတာဗ်ာ”

အိမ္ျပန္လမ္းတြင္ေတာ့ ကိုေက်ာ္ၫြန႔္တစ္ေယာက္ ေတြေဝေနမိသည္။ သူ႕ေခါင္းထဲတြင္ေတာ့ သူတစ္ခ်ိန္က ဆရာေတာ္တစ္ပါးမိန႔္ဖူးသည့္ စကားတစ္ခ်ိဳ႕ကိုျပန္ၾကားေယာင္ေနမိသည္။

“ဝက္စြယ္ကြင္းပိတ္က အစြမ္းထက္တယ္ဆိုေပမယ့္ အိမ္မွာထားရင္ အိမ္ခိုက္တယ္၊ စီးပြားတိတ္တယ္၊ မိသားစုအခ်င္းခ်င္း ခိုက္ရန္ျဖစ္ပြားတတ္တယ္၊ ဒီလို ပစျစည္းေတြက ထူးဆန္းတဲ့အစြမ္းေတြရွိတတ္တာမွန္ေပမယ့္၊ တစ္ဖက္မွာလည္း ဆိုးက်ိဳးေတြရွိတတ္တယ္ ဒကာႀကီးရဲ႕”

“ဒါဆိုရင္ သူမ်ားေတြေဈးေကာင္းေပးဝယ္ၾကာတာ ဘာလို႔ပါလဲဘုရား”

“ဒီလို ဂမၻီရပစၥည္းေတြဆိုတာ ဒီအတိုင္းမေဆာင္ေကာင္းဘူး၊ တတ္ကြၽမ္းနားလည္တဲ့သူနဲ႕ျပသၿပီးေတာ့ ေဆးအေဆာင္ေတြစီရင္ရတယ္၊ မ်ားေသာအားျဖင့္ကေတာ့ ႐ုပ္တုထုၿပီးေတာ့ ဂမၻီရအစီအရင္ေတြ ေဆာင္႐ြက္ၾကေလ့ရွိတယ္ကြဲ႕”

ယခုေတာ့ ကိုေက်ာ္ၫြန႔္တစ္ေယာက္ ဝက္စြယ္ကြင္းပိတ္ကိုလည္း ကိုယ္တိုင္ျမင္ခဲ့ဖူးၿပီ၊ ဝက္စြယ္ကြင္းပိတ္အစြမ္းကိုလည္း မ်က္ဝါးထင္ထင္ျမင္ခဲ့ရၿပီ၊ ထိုမွ်သာမကေသး ဝက္စြယ္ကြင္းပိတ္၏ ဆိုးက်ိဳးေၾကာင့္ ဘဝပ်က္သြားရသည့္ ကဲဒိုကိုလည္း ကိုယ္တိုင္ေတြ႕ခဲ့ရၿပီျဖစ္သည္။

ေရာ္နယ္ကေတာ့ သူ႕အိမ္ေရွ႕တြင္ သူ႕ကိုခ်ေပးခဲ့ၿပီး မုန႔္ဖိုးေငြသုံးေသာင္းေပးသြားေလသည္။ ထိုကတည္းက ေရာ္နယ္ႏွင့္မေတြ႕ျဖစ္ေတာ့ေပ။

ငါးႏွစ္ခန႔္ၾကာၿပီးသည့္အခါ ဖာပြန္ၿမိဳ႕ေပၚရွိ လက္ဖက္ရည္ဆိုင္တစ္ဆိုင္တြင္ ေရာ္နယ္ႏွင့္ျပန္ဆုံသည္။ ထိုအခါ ထိုယိုးဒယားသူေဌးအေၾကာင္းကို ေမးျမန္းၾကည့္ျဖစ္သည္။ ထိုသူေဌးမွာ လြန္ခဲ့သည့္ေလးႏွစ္ခန႔္ကပင္ လုပ္ငန္းအရႈံးေပၚၿပီး တရားစြဲခံရကာ ေထာင္က်သြားေၾကာင္းႏွင့္လုပ္ငန္းပ်က္သြားသျဖင့္ ေရာ္နယ္လည္း အျခားအလုပ္ေျပာင္းသြားခဲ့ရေၾကာင္းေျပာၾကားေလသည္။

ကိုေက်ာ္ၫြန႔္ကေတာ့ သက္ျပင္းတစ္ခ်က္ခ်မိသည္။ ထိုသို႔ျဖစ္သြားျခင္းမွာ ဝက္စြယ္ကြင္းပိတ္၏ ဆိုးက်ိဳးေၾကာင့္လားဆိုတာေတာ့ ကိုေက်ာ္ၫြန႔္လဲ တပ္အပ္မေျပာနိုင္ေပ။

ၿပီးပါၿပီ။
စာဖတ္သူမ်ားတစ္ဦးတစ္ေယာက္ခ်င္းဆီအား အစဥ္ေလးစားလွ်က္႐ြင္လန္းခ်မ္းေျမ့ၾကပါေစ

#ညမဖတ္ရ

Leave a Reply

Your email address will not be published. Required fields are marked *

Related Post

| | 0 Comments| 11:17 am


*ဖရဲသီးအပင်း* ************** တရကြမ်းတိုက်ခတ်သောလေနှင့်အတူ မိုးစက်မိုးပေါက်များလည်းပါလာသည်။ သည်အတိုင်းဆို မနက်မကူးဘဲ ယောကျာ်းဖြစ်သူအသက်ပါသွားလိမ့်မည်။ ဘာမှမသိသေးသော သားငယ်မှာ နှစ်ခြိုက်စွာအိပ်မောကျနေသည်။ ” မိန်းမရယ်…မခံနိူင်တော့ဘူးကွာ….အား..သေပါပြီကွာ….အမေရေကယ်ပါဦး…” ” ဘယ်လိုလုပ်ကြမလဲယောကျာ်းရယ်…မိုးသည်းလေသည်းထဲ ညအချိန်မတော်ကြီး အိမ်နီးနားချင်းလည်းအိပ်ကုန်ပြီ….နေဦးကျွန်မ မဟာဖြေဆေးဝယ်ထားတာရှိသေးတယ်…” ဇနီးဖြစ်သူက အိပ်ယာမှထလိုက်ရင်း ဆေးဝါးသိမ်းထားသည့်နေရာသို့ သွား၏။ ” အား…..နာလိုက်တာကွာ…ငါ့အူတွေပြတ်ထွက်တော့မဲ့အတိုင်းဘဲ….” ခဏ၌ ဇနီးဖြစ်သူက ဆေးတစ်ခွက်ယူလာပြီး သူ့ကိုဆွဲထူကာ တိုက်ထားလိုက်သည်။ ” ညနေကမှအကောင်းကြီးပါယောကျာ်းရယ်….ဘယ်လိုဖြစ်ရတာလဲတော်….”



အောင်မြတ်သာနှင့်နဂါးသိုက်နန်း(စ-ဆုံး) +++++++++++++++++ “ရွှမ်း..ရွှမ်း..ရွှမ်း..” “အမလေး နာလှချည်ရဲ့ နှိပ်စက်တာတွေရပ်ပါတော့” “နှိပ်စက်တာရပ်ချင်ရင် သိုက်တံခါးကိုဖွင့်စမ်း” “အမတော် မဖွင့်ပေးနဲ့ သေရင်သေပါစေ ဒီပစ္စည်းတွေက နောင်ပွင့်မယ့်ဘုရားအတွက် ရည်စူးထားတာ ငါတို့ဆိုထားတဲ့ သစ္စာကို မဖောက်နဲ့” “ဟဲ့ ဒီကောင်မ စကားတော်တော်များပါလား ကဲဟာ.. ကဲဟာ.. ရွှမ်း..ရွှမ်း..” ကြိမ်နဲ့ရိုက်သံတွေ အော်ဟစ်ညဉ်းညူသံတွေက အိပ်တန်းတက်နေတဲ့ ငှက်တွေကိုတောင် လန့်ပျံစေခဲ့သည်။ “နင်တို့ ခေါင်းမာနိုင်မလား