လူသတ်ကုန်းက မဖဲဝါ { စ / ဆုံး }
မူရင်း _ ဆရာတာတေ

ကျုပ်ကို မီးလောင်ကုန်းက ကျုပ်သူငယ်ချင်း ချစ်ညိုလာခေါ်တာဗျ။ချစ်ညိုနဲ့ ကျုပ်နဲ့က မြို့
ကျောင်းတက်တုန်းကအတူတူလေဗျာ။ဒီတုန်း
က ဘန့်ဘွေးကုန်းက သိန်းဇော်ရယ်၊ ချစ်ညို
ရယ်၊ ဘထစ်လို့ခေါ် ကျုပ်တို့ခေါ်တဲ့ ဘချစ်
ရယ်၊ ကျုပ်ရယ်က တွဲဘက်တွေပေါ့။ ဒီထဲမှာ
ကျုပ်နဲ့ ဘချစ်ကတော့ ပိုပြီးတွဲဖြစ်တာပေါ့ဗျာ။

“တာတေရေ၊ တာတေ”

ကျုပ်က ဝိုင်းထဲက သရက်ပင်ကြီးပေါ်တက်ပြီး
သရက်သီး ခူးနေတာဗျ။အမှည့်အုပ်ဖို့ဆိုတော့
သရက်သီးခူးတဲ့ခြင်းတံချူနဲ့ ခူးနေတာလေဗျာ၊
ဝိုင်းဝက ခေါ်သံကြားလို့ ကျုပ်က သရက်ပင်
ပေါ်ကနေ ငုံ့ကြည့်လိုက်တော့ မီးလောင်ကုန်း
က ချစ်ညိုကို သွားတွေ့တာဗျ။

“ဟေ့ကောင် ချစ်ညို၊ ငါ ဒီမှာကွ၊ အဘ
ခိုင်းလို့ သရက်သီး ခူးနေတာ၊ အမှည့်အုပ်
မလို့ ”

ကျုပ်အသံကြားတော့မှ ချစ်ညိုက ဝိုင်းထဲ
ဝင်လာတာဗျ။

“ဟေ့ကောင် တာတေ၊ ငါပါ တက်ခဲ့မယ်”

ပြောပြောဆိုဆိုနဲ့ ချစ်ညိုက ပုဆိုးလေးခါး
တောင်းမြှောက်အောင်ကျိုက်ပြီး သရက်
ပင်ပေါ်ကိုတက်ရောဗျို့။သရက်ပင်ကလည်း
လူတစ်ဖက်လောက် ရှိတာလေဗျာ။ဒီကောင်
ကျုပ်ကို သရက်သီးကူပြီးခူးပေးတယ်။သရက်
သီးခူးရင်း ကျုပ်က ချစ်ညိုကို မေးလိုက်တယ်။

“ချစ်ညို၊ မင်း ငါ့ဆီ အလည်လာတာလား”

“အလည်သက်သက်တော့ မဟုတ်ဘူးကွ
တာတေရ၊ ငါတို့ရွာမှာ ဘိုးတော်ကြီးတစ်
ယောက် ရောက်နေတယ်။သူ့နာမည်
က ဘိုးထွန်းကြွယ်တဲ့ကွ။ငါ့အဘနဲ့ အ
မျိုးတော်တယ်လို့ ပြောတာပဲ၊တစ်ခါမှ
တော့ မလာဖူးတာကွ၊ ငါ့အဘကတော့
တွေ့ကတည်းက အစ်ကိုကြွယ်ဆိုပြီး
ဝမ်းသာအားရ ဖြစ်နေတော့တာဟေ့၊
ငါ့အဘပြောတာကတော့ ဘိုးထွန်းကြွယ်
က သူနဲ့ ညီအစ်ကို နှစ်ဝမ်းကွဲ တော်
တယ်ဆိုပဲ”

ချစ်ညိုစကားကို ကျုပ်က သေသေချာချာ နား
ထောင်ပြီး စဉ်းစားနေတာဗျ။ ချစ်ညိုရဲ့အဘ
ဘိုးစိန်ညိုနဲ့အခုရောက်လာတဲ့ဘိုးထွန်းကြွယ်
ဆိုတာက ညီအစ်ကိုဝမ်းကွဲတွေ ဆိုပေမယ့်
တစ်ခါမှ မရောက်လာဖူးဘူးဆိုတော့ နဂိုက
တည်းက အနေစိမ်းခဲ့တဲ့ ညီအစ်ကိုတွေ ဖြစ်
မှာပေါ့ဗျာ။

“အဘနဲ့ ဘိုးထွန်းကြွယ်နဲ့က ညီအစ်ကိုတွေ
တော်ပေမယ့် ခုချိန်ထိ နှစ်ခါလောက်ပဲ မြင်
ဖူးခဲ့ကြတာတဲ့ဟေ့၊ ဘိုးထွန်းကြွယ်တို့အဖေ
နဲ့ ငါ့အဘရဲ့အဖေက ညီအစ်ကိုဝမ်းကွဲ တော်
တာတဲ့၊ ဒါပေမဲ့ ဘိုးထွန်းကြွယ်အဖေက ရှမ်း
ပြည်မှာ အိမ်ထောင်ကျသွားတော့ တို့ဘက်
ကို နှစ်ခါလောက်ပဲ ရောက်တော့တာတဲ့၊သူ
လာတဲ့အခါ ဘိုးထွန်းကြွယ်ကို ခေါ်ခေါ်လာ
တာဆိုပဲ၊ ဒီတုန်းက ဘိုးထွန်းကြွယ်က ဆယ့်
ငါးနှစ်သားလောက်ပဲ ရှိသေးတာတဲ့၊ နောက်
တော့ ဘိုးထွန်းကြွယ်က ဂျပန်ခေတ်မှာ စစ်
တပ်ထဲ ဝင်သွားတယ်ဆိုပဲ၊ ဗိုလ်ကြီးအဆင့်
နဲ့တပ်ထဲကထွက်ခဲ့တာတဲ့ကွ၊ဆုတံဆိပ်တွေ
လည်း အများကြီး ရခဲ့တာတဲ့ တာတေရေ”

“ဟေ…ဟုတ်လား၊ ဒါဆိုရင် ဘိုးထွန်းကြွယ်
က စစ်ဗိုလ်ဟောင်းကြီးပေါ့ ချစ်ညိုရ”

“အေး…ဟုတ်တယ်၊ တာတေရေ”

“မင်းတို့အမျိုးထဲမှာ ဒီမျိုးလူတစ်ယောက်
ရှိတာကို ငါဖြင့် ခုမှပဲ သိရတာ ချစ်ညိုရာ”

“ဟ တာတေရ၊ မင်းမသိတာ မပြောနဲ့လေ၊
ငါတောင် မနေ့ကမှ သိတာကွ၊ အဘတို့နဲ့
လည်း ဘိုးထွန်းကြွယ်တို့နဲ့က အဆက်ပြတ်
နေကြတာ ကြာပြီကွ၊ခုမှသာ ဘိုးထွန်းကြွယ်
ကြီးက ဆိုင်းမဆင့် ဗုံမဆင့်နဲ့ ရောက်လာ
တာကြ”

“နို့ မင်းတို့ ဘိုးတော် စစ်ပြန်ကြီးက အ
သက် ဘယ်လောက်ရှိပြီတုံး ချစ်ညိုရ”

“ဟာ …ဘိုးထွန်းကြွယ်က အသက်ခြောက်
ဆယ့်ငါးနှစ်ကျော်ပြီတဲ့ဟေ့၊ ဒါပေမဲ့ လူက
တော့ သန်မာလိုက်တာမှ ဖျတ်ဖျတ်လတ်
လတ်ကို သွားတုန်းလာတုန်းဟေ့၊ ငါတို့
ရွာကို ရှမ်းပြည်ကနေ တစ်ယောက်တည်း
ဆင်းလာတာသာ ကြည့်တော့လေကွာ”

“အေးကွ၊ ချစ်ညိုရ၊ မင်းအဘ ဘိုးစိန်ညို
ကိုလည်း တွေ့ချင်ရှာလွန်းလို့ ဖြစ်မှာပေါ့
ကြာ”

ကျုပ်ပြောလိုက်တော့ ချစ်ညိုက ကျုပ်ကို
ဆတ်ကနဲ လှည့်ကြည့်တယ်ဗျ။

“အေး မင်းပြောသလို ငါ့အဘကို တွေ့ချင်
လို့လာတာလည်း ပါသကွ၊ ဒါပေမဲ့ ဘိုးထွန်း
ကြွယ် အဓိက တွေ့ချင်တာက ငါ့အဘ မ
ဟုတ်ဘူးကွ၊မင်းကို တွေ့ချင်တာ တာတေ
ရေ၊ မင်းကို တွေ့ချင်တာဟေ့”

ချစ်ညိုစကားကြားတော့ ကျုပ်ဖြင့် အံ့သြ
လိုက်တာဗျာ။ ဘယ့်နှယ်ဗျာ၊ ကျုပ် ကြား
တောင် မကြားဖူးတဲ့ ချစ်ညိုတို့အမျိုးဘိုး
တော်ကြီးက ကျုပ်ကို တွေ့ချင်လို့ ရှမ်း
ပြည်ကတောင် တစ်ယောက်တည်း ဆင်း
ချလာရတယ်ဆိုတာ ဘယ့်နှယ်လုပ်ပြီး
ဖြစ်နိုင်မှာတုံးဗျာ။

“နေဦးကွ ချစ်ညိုရ၊ ဘိုးထွန်းကြွယ်ကြီး
က ဒီရောက်ပြီးမှ စကားပြောကြရင်း မင်း
အဘ ဘိုးစိန်ညိုက ငါ့အကြောင်းကို ပြော
ပြလိုက်လို့ တွေ့ချင်တာ ဖြစ်မှာပေါ့ကွ”

“ဟာ…မဟုတ်ဘူး တာတေ။ ဟိုက လာ
ကတည်းကိုက မင်းနဲ့တွေ့ဖို့ လာတာလို့
ပြောတယ်”

“ဟေ့ကောင် ချစ်ညို၊ မင်း စဉ်းစားကြည့်ပါ
ဦးကွ၊ ရှမ်းပြည်မှာနေတဲ့ အသက်ခြောက်
ဆယ်ကျော် ဘိုးတော်ကြီးက ငါ့သူငယ်ချင်း
မှ မဟုတ်တာ၊ ငါ့ကို ဘယ့်နှယ်လုပ် သိမှာ
တုံး ချစ်ညိုရ”

“အေး အေး ဟုတ်တယ်၊ မင်းပြောတာ
ဟုတ်တယ်၊ ငါ မင်းကိုပြောဖို့ တစ်ခုမေ့
ကျန်သွားလို့ကွ၊ လွန်ခဲ့တဲ့ နှစ်လလောက်
က ငါတို့ဝိုင်းတောင်ဘက် ကပ်လျက်ဝိုင်း
မှာနေတဲ့ ကိုမောင်စုကြီး ရှမ်းပြည်ရောက်
သွားတော့ဘိုးထွန်းကြွယ်နဲ့တွေ့ပြီး စကား
စမြည် ပြောဖြစ်ရာက မင်းအကြောင်းကို
ရောက်သွားလို့ ဘိုးထွန်းကြွယ်က မင်းကို
သိပ်တွေ့ချင်သွားပြီး ဆင်းလာတာတဲ့ကွ”

“သြော် …ဒီလိုကိုး၊ ဒါဆိုရင် ဘိုးထွန်းကြွယ်
ကြီးမှာ ကိစ္စတစ်ခုခု ရှိနေလို့ဖြစ်မှာကွ
ချစ်ညိုရ”

“အေး …ကိစ္စရှိလား၊ မရှိလားတော့ မသိဘူး
ကွ၊ရောက်ကတည်းက ညီလေး စိန်ညို မောင်
တာတေဆိုတဲ့ သူငယ်လေးကို ခေါ်ပေးပါလို့
ချည်း ခဏ ခဏ ပြောနေတာကွ တာတေရ၊
အဲဒါကြောင့် မင်းကို ငါ လာခေါ်ရတာ သူငယ်
ချင်းရေ၊ ဘိုးထွန်းကြွယ်မှာ ဘာကိစ္စရှိနေတုံး
ဆိုတာတော့ ငါတို့လည်း မသိဘူးကွ”

ကျုပ်က ဒီတော့မှ လိပ်ပတ်လည်အောင်
နားလည်သွားတော့တာဗျို့။

“အေး အေး၊ ဒါဆိုရင် ငါ အခုပဲ အဘတို့ကို
ပြောပြီး လိုက်ခဲ့မယ်”

ချစ်ညိုနဲ့ ကျုပ်က သရက်သီးခူးရင်းနဲ့ သ
ရက်ပင်ပေါ်မှာ ထိုင်ပြီး စကားပြောနေကြ
တာလေဗျာ၊ ကျုပ်တို့နှစ်ယောက်စလုံး သ
ရက်ပင်ပေါ်က ဆင်းခဲ့ကြပြီး အမေ့ကို ခူး
လာတဲ့ သရက်သီးတွေ ပေးလိုက်တယ်။
အမေနဲ့ အဘက သရက်သီးတွေအုပ်ဖို့
ပြင်ကြတော့တာပေါ့ဗျာ။ ကျုပ်ကတော့
အမေနဲ့ အဘကို ခွင့်တောင်းပြီး ချစ်ညိုနဲ့
မီးလောင်ကုန်းကို လိုက်ခဲ့တယ်။

မီးလောင်ကုန်းဆိုတာက ကျုပ်တို့ရွာ သင်္ချိုင်း
ကုန်းကို ပတ်ပြီးသွားရတာလေဗျာ၊ နာရီဝက်
လောက်သွားရင် ရောက်တာပါပဲ။ ချစ်ညိုတို့
ဝိုင်းက မီးလောင်ကုန်းမှာတော့ အကျယ်ဆုံး
ပဲဗျ။ဝိုင်းထဲမှာလည်းမန်ကျည်းပင်တွေ၊သရက်
တွေနဲ့ဗျို့။ခေါင်နှစ်လုံးထုတ်ပြီးဆောက်ထား
တဲ့ ကျွန်းအိမ်မဲမဲကြီးပေါ်ကို သစ်သားလှေ
ကားကြီးကနေ တက်လာခဲ့ကြတယ်။

ပြောင်လက်နေအောင် တိုက်ထားတဲ့
ကျွန်းပျဉ်တွေပေါ် ကျုပ်တက်လိုက်တဲ့
အချိန်မှာ အရပ်ထောင်ထောင်မောင်း
မောင်းနဲ့ အသားလတ်လတ် ဘိုးတော်
ကြီးတစ်ယောက်နဲ့ ဘိုးစိန်ညိုနဲ့ စကား
ပြောနေတာ တွေ့လိုက်ရတယ်ဗျ။

“ဟာ …မောင်တာတေ၊ ရောက်လာပြီ
လားကွဲ့၊ လာ…လူကလေး လာ၊ ဟောဒီ
က အစ်ကိုကြွယ်က မင်းကို လည်တဆန့်
ဆန့်နဲ့ မျှော်နေတာ မောင်တာတေရဲ့၊လာ
လာ၊ ဟောဒီ ဖျာပေါ်မှာ ထိုင်ကွဲ့”

ထောင်ထောင်မောင်းမောင်းနဲ့ ဘိုးထွန်း
ကြွယ်က ကျုပ်ကို တွေ့တော့ ပြုံးပြီးကြည့်
နေတယ်ဗျို့။လူ့ပုံစံက ဥပဓိရုပ် တော်တော်
ကောင်းတာကလားဗျာ။ မျက်ခုံးကြီးတွေများ
ကောင်းလိုက်သမှ မဲနက်နေတာဗျို့။အသက်
ကြီးလာပြီဆိုတော့ မျက်လုံးတွေက အရောင်
တော့ နည်းနည်းမှိန်နေသလိုပဲဗျ။

“မောင်တာတေ၊ ကျုပ်ဆီကို အခုလို လာ
ပေးတာကို ကျုပ် ကျေးဇူးတင်ပါတယ်ကွယ်”

ဘိုးထွန်းကြွယ်က စကားကို လေးလေးနက်
နက် ပြောတတ်တဲ့ပုံပဲဗျ။

“ဟုတ်ကဲ့ ဘိုး၊ ကျုပ်နဲ့ ချစ်ညိုနဲ့က
ငယ်သူငယ်ချင်းတွေပါ၊ ဟောဒီက
ဘိုးစိန်ညို ဆိုတာလည်း ကျုပ်အဘနဲ့
သူငယ်ချင်းတွေပါ၊ ဒီတော့ အားမနာ
ပါနဲ့ဘိုး၊ ဘိုးမှာ ဘာကိစ္စရှိတယ် ဆို
တာသာ ကျုပ်ကို ပြောပါ၊ ကျုပ်
ကူညီပါ့မယ်”

“ဒီလိုကွဲ့ မောင်တာတေရဲ့၊ လွန်ခဲ့တဲ့ နှစ်လ
လောက်က ဟောဒီတောင်ဘက်ဝိုင်းမှာနေတဲ့
မောင်စု ဆိုတဲ့ သူငယ် ဘိုးနေတဲ့ ကလောမြို့
ကို ရောက်လာပြီး ဘိုးနဲ့ တွေ့သွားရာကနေ
မောင်တာတေအကြောင်းကို စကားရောက်
သွားလို့ မောင်တာတေနဲ့ မဖဲဝါနဲ့ အဆက်ရှိ
တဲ့ကြောင်းကို ဘိုး သိခဲ့ရတယ်ကွဲ့၊ မောင်
တာတေက မဖဲဝါကို ပင့်လို့ရတဲ့အကြောင်း
ဟိုသူငယ် မောင်စုက ပြောတာကိုးကွဲ့၊ကျုပ်
ဖြင့် အံ့သြလွန်းလို့ မှင်တက်တောင်မိသွား
တာကွယ်၊ အဲဒီအချိန်ကစပြီး ဘိုး ဒီကိုလာ
ဖို့ပဲ စိတ်ရောက်နေတာကွဲ့၊မသေခင် ဟော
ဒီက ညီတော်မောင် မောင်စိန်ညိုနဲ့လည်း
တွေ့ချင်တာနဲ့ ဘိုး ဆင်းချလာခဲ့တာကွဲ့”

ကျုပ်က ဘိုးထွန်းကြွယ် ပြောပြတာကို လေး
လေးစားစား နားထောင်နေတာဗျ။ ပြီးတော့မှ
ကျုပ်က ဘိုးထွန်းကြွယ်ကို ရိုရိုသေသေ ပြော
လိုက်တယ်။

“ဘိုး၊ ကျုပ်နဲ့ တွေ့ချင်တဲ့ကိစ္စကို ပြောပါ
ဘိုး၊ ကျုပ် ကူညီပါ့မယ်”

ကျုပ်စကားကိုကြားတော့ ဘိုးထွန်းကြွယ်က
ခေါင်းလေး တဆတ်ဆတ်ညိတ်ပြီး
ပြောတယ်ဗျ

“ဘိုး ပြောပါ့မယ်ကွယ်၊ဒါပေမဲ့ ဘိုးလာ
တဲ့ ကိစ္စကို မပြောခင် ဒီအကြောင်းကို
အရင်ပြောပြမှ မောင်တာတေတို့ နား
လည်ကြမှာမို့ ဒီအကြောင်းကို ဘိုး အ
ရင်ပြောပြမယ် မောင်တာတေ”

“ဟုတ်ကဲ့ပါ ဘိုး”

ဘိုးထွန်းကြွယ် ပြောမယ့်အကြောင်းကို ကျုပ်
လွှတ်စိတ်ဝင်စားနေပြီဗျို့။

“ဒီလို မောင်တာတေရေ၊ ဂျပန်ခေတ်မှာ ကျုပ်
က ဗမာတပ်မတော်ထဲ ဝင်ခဲ့တယ်။ကျုပ် တပ်
ထဲ ဝင်လို့ နှစ်နှစ်အကြာမှာပဲ ဗိုလ်ချုပ်အောင်
ဆန်းတို့ ဂျပန်ကို တော်လှန်ဖို့ ဆုံးဖြတ်လိုက်
ကြတယ်၊ တော်လှန်ရေးစလို့ သုံးလေးလ
လောက်ကြာတဲ့အချိန်မှာ တော်လှန်ရေးတပ်
သားသစ်တွေ စုဆောင်းဖို့ ကျုပ်ကို တာဝန်
ပေးခဲ့တယ်ကွဲ့၊ဒီတုန်းက ကျုပ်က တပ်ကြပ်
ဖြစ်နေပြီ၊ ပြည်မြို့တစ်ဝိုက်မှာ ကျုပ်တို့
လူစုတွေ လှုပ်ရှားခဲ့ကြရတာပေါ့ကွယ်၊
ကျုပ်နဲ့ ကျုပ်တပည့် ရဲဘော်အောင်ညွန့်
နဲ့က တစ်ဖွဲ့ပေါ့၊ ကျန်တဲ့အဖွဲ့တွေလည်း
သူ့နေရာနဲ့သူ တပ်ဖျောက်ပြီး လျှို့ဝှက်
လှုပ်ရှားနေကြရတာပေါ့ မောင်တာတေ
ရယ်၊ ကိစ္စရှိရင်တော့ ကျုပ်တို့တွေ ရွာထဲ
က ဆတ်သားလွှတ်ပြီး ဆက်သွယ်ကြရ
တာပေါ့ကွာ။ တပ်သားသစ်တွေ စုဆောင်း
လို့ရပြီဆိုတာနဲ့ ကျုပ်တို့ချင်း အဆက်အ
သွယ်လုပ်ကြ၊ ညဘက်မှာ ခရီးထွက်ကြနဲ့
ခက်ရာခက်ဆစ်ကို လှုပ်ရှားနေကြရတာ
ကွဲ့၊ ဂျပန်ကလည်း ကျုပ်တို့ တော်လှန်
ရေး ရဲဘော်တွေကို မြေလှန်ပြီး ရှာနေတဲ့
အချိန်လေကွယ်။

တော်လှန်ရေး ရဲဘော်တွေ မိလို့ကတော့
တွေ့တဲ့ရွာ သင်္ချိုင်းကုန်းထဲမှာ ကျင်းတူး
ပြီး ခေါင်းဖြတ်သတ်ခဲ့ကြတာချည်းပဲ။ကျုပ်
တို့ တော်လှန်ရေးရဲဘော်တစ်ချို့ဆိုရင်
ဂျပန်ခေါင်းဖြတ်သတ်တာ ခံသွားကြရတဲ့
အချိန်ပေါ့ကွယ်။

ဒါပေမဲ့ ကျုပ်တို့တွေ သေမှာကို မကြောက်
ကြဘူးကွဲ့၊ ကျုပ်တို့လုပ်နေတဲ့ ဂျပန်တော်
လှန်ရေးကြီး အောင်မြင်မှ ဖြစ်မှာလေကွယ်
ဒီတော့ ကိုယ့်ကိုပေးထားတဲ့ တာဝန်ကိုနည်း
နည်းမှ တွန့်ဆုတ်လို့ မရဘူးလေ၊ ဂျပန် အ
န္တရယ်ကြားမှာပဲ ကျုပ်တို့လှုပ်ရှားနေကြရ
တာပေါ့ကွယ်၊ တပ်သားသစ်တွေ ကြိတ်ပြီး
စုဆောင်းကြ၊ သတ်မှတ်တဲ့စခန်းကို ညဘက်
မှာ တပ်သားသစ်တွေကို ရောက်အောင်ပို့
ပေးကြနဲ့ သေမင်းနဲ့ ကစားနေကြရသလို
ပါပဲကွယ်”

ဘိုးထွန်းကြွယ်က စကားကို ခဏရပ်ပြီး
ရေနွေးတစ်ခွက် သောက်တယ်၊ ပြီးတော့
ဆေးလိပ်ခွက်ကလေးထဲမှာ ထည့်ထား
တဲ့ သူ့ရဲ့ဆေးတံကောက်ကောက်က
လေးကို ဗာဂျီးနီယားဆေးတစ်စုံသိပ်ပြီး
မီးခတ်ကလေးကို’ခွပ်ကနဲ’မြည်အောင်
ခတ်ပြီး မီးညှိလိုက်တယ်

ဆေးတံကို သုံးလေးဖွာ ဖွာပြီးတော့မှ ဆက်
ပြောတာဗျ။ ကျုပ်ရယ်၊ ဘိုးစိန်ညိုရယ်၊ ချစ်
ညိုရယ်ကတော့ ဘိုးထွန်းကြွယ်ပြောတာကို
စိတ်ဝင်စားလွန်းလို့ အသက်ကိုတောင် ပြင်း
ပြင်း မရှူဘဲ နားထောင်နေကြတာပေါ့ဗျာ။

“တစ်နေ့တော့ ကျုပ်နဲ့ ရဲဘော်အောင်ညွန့်နဲ့
နေ့လယ်ဘက် အိပ်ပျော်နေကြတာကွဲ့၊ညက
တပ်သားသစ်တွေကို လျှို့ဝှက်စခန်းရောက်
အောင် ပို့ပြီး ပြန်လာကြရတာဆိုတော့ တစ်
ညလုံး မအိပ်ကြရဘူးလေ၊ဒီတော့နှစ်ယောက်
သား အိပ်ပျော်ကြတော့တာပေါ့ကွယ်။ ကျုပ်
နဲ့ အောင်ညွန့် အိပ်နေကြတာက ရွာဦးကျောင်း
ဆရာတော်ရဲ့ ကျောင်းဝိုင်းကြီးထဲက ဥယျာဉ်
ကြီးထဲမှာလေကွယ်၊ သရက်ပင်အုပ်အုပ်ကြီး
တွေ အောက်မှာ ဝါးကြောဖျာကြမ်း တစ်ချပ်
ခင်းပြီး ဆရာတပည့်နှစ်ယောက် အိပ်ပျော်နေ
ကြတာ ရွာထဲကို ဂျပန်စစ်တပ် ဝင်လာတာ
လည်း ကျုပ်တို့ မသိလိုက်ဘူး၊ ရွာဦးကျောင်း
ကို ဂျပန်စစ်သားတွေ ဝိုင်းထားတာလည်း
ကျုပ်တို့ မသိဘူးကွဲ့၊ ဂျပန်က ကျုပ်တို့နှစ်
ယောက်သတင်းကို အတိအကျကို ရထား
တာကလားကွယ်”

“ဟင်…ဘယ်လိုလူကများ ဂျပန်ကို သတင်း
ပေးပါလိမ့်ဗျာ၊ ဘိုးတို့လို တိုင်းပြည်အတွက်
အသက်ပေးပြီး အလုပ်,လုပ်နေရတဲ့ သူတွေ
ကိုတောင် မသိကြတော့တာလားဗျာ”

ကျုပ်က အားမလိုအားမရ ဖြစ်ပြီး စကားဖြတ်
ပြောလိုက်မိတာဗျ။ ဘိုးထွန်းကြွယ်က ခေါင်း
လေးတဆတ်ဆတ်ညိတ်ပြီး ပြောတယ်ဗျ။

“မောင်တာတေရယ်၊ ဂျပန်အလိုတော်တွေ
က ငွေပေးပြီး ရွာတွေထဲမှာ တော်လှန်ရေး
ရဲဘော်တွေ ရှိ/မရှိ စုံစမ်းကြတာလေကွယ်၊
ဒီမှာတင် ငွေများများလိုချင်တဲ့သူက သတင်း
ပေးတော့တာပေါ့လေ။ ကျုပ်တို့နှစ်ယောက်
ကို စစ်ဖိနပ်နဲ့ ခပ်ပြင်းပြင်း ကန်နှိုးလိုက်လို့
ကျုပ်နဲ့ အောင်ညွန့် ဝုန်းကနဲ ထထိုင်လိုက်
ကြတာ နှစ်ယောက်သားပြိုင်တူပဲကွဲ့၊ဒါပေ
မဲ့ ကျုပ်တို့နှစ်ယောက် သိပ်နောက်ကျသွား
ပြီ မောင်တာတေရေ၊

ဂျပန်စစ်သားဆယ်ယောက်လောက်က
ကျုပ်တို့နှစ်ယောက်ကို ရိုင်ဖယ်သေနတ်
တွေနဲ့ ချိန်ထားကြပြီလေ။ မျက်မှန်ဝိုင်းဝိုင်း
လေး တပ်ထားတဲ့ ဂျပန်ဗိုလ်က သူ့ခါးမှာ
ချိတ်ထားတဲ့ ဓါးရှည်ကို ဓါးရိုးပေါ် လက်
တင်ပြီး ကျုပ်တို့ကို သေသေချာချာ ကြည့်
နေတယ်ကွဲ့၊ဂျပန်ဗိုလ်ရဲ့ မျက်နှာကို ကျုပ်
သေသေချာချာ ကြည့်လိုက်မိတယ်၊ တော်
တော်ကို ရက်စက်မယ့်ပုံပဲကွယ်။ လူတစ်
ယောက်ကို ရက်ရက်စက်စက်သတ်ဖို့ နည်း
နည်းမှကို လက်တွန့်မယ်လူ မဟုတ်ဘူးကွဲ့၊
ကျုပ်ကို ကြည့်နေလိုက်တာများ ချက်ချင်းကို
ဓါးနဲ့ခုတ်တော့မယ့်ပုံပဲ မောင်တာတေရေ”

‘မာစတာ မေးနေတယ် ကောင်းကောင်း
ဖြေပါ၊ မင်းတို့ ဗမာတပ်မတော်က စစ်သား
တွေမို့လားတဲ့”

ဂျပန်စစ်သားပြန်က ကျုပ်ကို မေးတယ်၊ကျုပ်က
ဒီကောင့်မျက်နှာကိုကြည့်ပြီး တော်တော်ကိုရွံ့သွား
မိတာကွဲ့၊ ဒီကောင်က ဒီလောက်ရှားပါးဆင်းရဲနေ
တဲ့ခေတ်မှာ ရှပ်အင်္ကျီအကောင်းစားကို အပေါ်က
ပိုးတိုက်ပုံအနက် ထပ်ဝတ်လို့လေ ခါးက ပုဆိုးက
လည်း ပလေကပ်အကောင်းစားကွဲ့၊ ငွေရရင် ဘာ
မဆို လုပ်မယ်ဆိုတဲ့ ရုပ်မျိုးပေါ့ကွယ်၊ ကျုပ် စဉ်း
စားလိုက်တယ်လေ၊ ဗမာစစ်သား မဟုတ်ပါဘူး
လို့ပြောလည်း ရိုက်ပုတ်စစ်ဆေးပြီး နောက်ဆုံး
သတ်ပစ်မှာပဲဗျ။

ကျုပ်တို့ ပုန်းခိုနေတဲ့နေရာကိုတောင် ဆိုက်
ဆိုက်မြိုက်မြိုက် ရောက်အောင်လာနိုင်သေး
တာပဲဗျာ၊ ကျုပ်တို့သတင်းကိုလည်း သေသေ
ချာချာ သိပြီးရောပေါ့။ ဒါပေမဲ့ ကျုပ်တွေးမိတာ
က သေနတ်တွေကွဲ့။ ကျုပ်နဲ့ အောင်ညွန့်သေ
နတ်တွေကို ဒီရွာအနောက်က သင်္ချိုင်းကုန်းထဲ
မှာ ဝှက်ထားကြတာ၊ ကျုပ်တို့ ဗမာစစ်သားပါ
လို့ ဝန်ခံလိုက်ရင် ဒီကောင်တွေက ကျုပ်တို့ကို
တန်းသတ်မှာ မဟုတ်သေးဘူးကွဲ့။

လက်နက်တွေ ဘယ်မှာဝှက်ထားတုံးဆိုတာ
ကို မပေါ်မချင်း စစ်ဦးမှာပဲ၊ ပြီးရင် ကျုပ်တို့ရဲ့
ပင်မတပ်ရင်းက ဘယ်ဟာလဲဆိုတာ ပေါ်
အောင် စစ်ဦးမှာပဲ၊

တပ်မှာ လူအင်အား ဘယ်လောက်ရှိတုံး၊
လက်နက်အင်အား ဘယ်လောက်ရှိတုံး။
ဘယ်နေရာမှာ အခုတပ်စွဲထားတုံးဆိုတာ
တွေကို မပေါ် ပေါ်အောင်ကို ထပ်စစ်မှာ
သေချာတယ်။ ကျုပ်တို့က လုံးဝမဖော်ရင်
ဖြစ်စေ၊ ဖော်လိုက်ရင်ဖြစ်စေ ဘယ်ကိုပဲ
ဖြစ်ဖြစ် နောက်ဆုံးတော့ ထုံးစံအတိုင်း
ခေါင်းဖြတ်သတ်မှာပဲလေကွယ်၊ ဒီတော့
ကျုပ်က စကားပြန်ကို လေချိုသွေးရတော့
တာပေါ့ကွယ်။

‘ဒီမှာ ငါ့ညီ၊ မင်းရုပ်ရည်ကို ကြည့်ရတာ
စိတ်ဓါတ်အဆင့်အတန်းမြင့်တဲ့ လူတစ်
ယောက်ဆိုတာ အစ်ကို သိပါတယ်။ အ
ကိုတို့နှစ်ယောက်ဟာ စစ်သားတွေ မ
ဟုတ်ရပါဘူး ငါ့ညီရယ် တောင်သူတွေ
ပါ။ အိမ်မှာ နွားလိုအပ်နေလို့ နွားကောင်း
ကောင်း တစ်ရှဉ်းဝယ်ဖို့ ထွက်လာတာပါ
မင်းရဲ့ မာစတာကို ပြောပေးပါကွာ”

“ဟား ဟား ဟား မင်း လိမ်မနေနဲ့ ထွန်းကြွယ်၊
မင်းက ထွန်းကြွယ်၊ဒီကောင်က အောင်ညွန့်
ဆိုတာ ငါ သိသလို မာစတာလည်း သိနေတယ်”

ကျုပ် တော်တော်ကို အံ့သြသွားတာဗျာ။
ကျုပ်တို့ကို ဘယ်လိုများ သိသွားတာတုံး
ဆိုတာ ကျုပ်ဖြင့် မတွေးတတ်တော့ပါဘူး
ကွာ။ ဂျပန်စစ်ဗိုလ်က စကားပြန်ကောင်
ကို ဂျပန်လို ပြောလိုက်တယ်။ တစ်ခုခုကို
မေးလိုက်တာလို့ ကျုပ်ထင်တယ်၊ စကား
ပြန်ကောင်က ဂျပန်စစ်ဗိုလ်ကို ရိုရိုကျိုးကျိုး
အမူအရာနဲ့ ဂျပန်လို့ ပြောလိုက်တယ်။

‘ဖောင်း’

ဂျပန်စစ်ဗိုလ်က ချက်ချင်း ကျုပ်မျက်နှာကို
စစ်ဖိနပ်နဲ့ ဆောင့်ကန်ပစ်လိုက်တယ်။ကျုပ်
လည်း နောက်ကို လန်ကျသွားတာပေါ့ကွယ်၊
ဂျပန်စစ်ဗိုလ်က အသံနက်ကြီးနဲ့ ကျုပ်ကို
အော်ပြောတယ်၊ ဘာတွေ ပြောမှန်းတော့
ကျုပ် မသိဘူးကွဲ့။

‘ထွန်းကြွယ် မာစတာက မင်းကို လူလိမ်လို့
ပြောနေတာ၊ ဂျပန်မာစတာတွေက သူခိုးတို့
လူလိမ်တို့ဆိုရင် သိပ်မုန်းကြတာကွ၊ မင်းဒို့
နှစ်ယောက်ရဲ့ ဘဝကတော့ ဒီမှာတင် အဆုံး
သတ်သွားပြီ ထွန်းကြွယ်။ အေးလေ၊ မင်းတို့
ကလည်း မိုက်လုံးကြီးကြတာကိုး၊ ဂျပန်လို
လက်နက်အင်အား လူအင်အား ပြည့်စုံတဲ့
စစ်တပ်ကြီးကို မီးကျိုးမောင်းပျက် သေနတ်
လောက်ရှိတဲ့ ဗမာတပ်က ဘယ့်နှယ်တော်
လှန်လို့ရမှာတုံးကွာ၊ အင်း မင်းတို့လောက်
မိုက်တဲ့လူတွေကတော့ ရှိမှာမဟုတ်ပါဘူး
လေ’

ကျုပ်မျက်လုံးတွေ မီးဝင်းဝင်းထတောက်သွား
ရောပေါ့ကွယ်။ ကျုပ် ဘယ်လိုက ဘယ်လိုလုပ်
လိုက်မှန်းတောင် မသိတော့ပါဘူးကွယ်။

‘ခွပ်’ ‘ခွပ်’ ‘ခွပ်’

ကျုပ် စကားပြန်ရဲ့ မျက်နှာကို လက်သီးနဲ့ တရ
စပ်ထိုးမိတော့တာပဲ မောင်တာတေရာ။ စကား
ပြန်ကောင်ရဲ့ ပါးစပ်ထဲက သွေးတွေ စီးကျလာ
တဲ့အချိန်မှာ ‘ဒုတ်’ဆိုတဲ့ အသံတစ်ချက် ကြား
လိုက်ရပြီး ကျုပ်မျက်လုံးထဲမှာ မီးတွေ ပွင့်သွား
ရောဟေ့။ ကျုပ်လည်း ဒူးထောက်ရက် ကျသွား
တယ်။ နောက်က ဂျပန်စစ်သားက ကျုပ်ကို
သေနတ်ဒင်နဲ့ ဆောင့်လိုက်တာလေကွယ်။

‘ဟေး’

ဂျပန်ဗိုလ်ရဲ့ အော်သံကြီး ထွက်လာပြီး ဂျပန်
လို အမိန့်ပေးသံကြီး ပေါ်လာတယ်၊ ခဏနေ
တော့ ကျုပ်နဲ့ အောင်ညွန့် နှစ်ယောက်စလုံး
ကို လက်ပြန်ကြိုးတွေ တုပ်ပြီးသား ဖြစ်သွား
တော့တာပေါ့ကွယ်။ရိုင်ဖယ်သေနတ်တွေ
ကိုင်ထားတဲ့ ဂျပန်စစ်သားတွေက ကျုပ်တို့နှစ်
ယောက်ကိုညှပ်ပြီး ရွာထဲကနေ ခေါ်ထုတ်လာ
ကြတယ်။ ဂျပန်စစ်တပ်က တောထဲကဖြတ်ပြီး
ရောက်လာတာဆိုတာတော့ ကျုပ်တို့တွေသ
တင်း လုံးဝမရခဲ့ကြဘူး။ ရွာတွေနဲ့ လှမ်းတဲ့
တောင်ခြေက တောထဲမှာ ဒီကောင်တွေ စ
ခန်းချထားတာကွဲ့၊ သူတို့စခန်းကို ရောက်
တာနဲ့ ကျုပ်နဲ့ အောင်ညွန့်ကို သစ်ပင်တစ်
ပင်စီမှာ ကြိုးနဲ့ မလှုပ်နိုင်အောင် တုပ်လိုက်
ကြတယ်။ အဲဒီ အချိန်က စပြီး လောကငရဲ
ကို ခံစားရတော့တာပေါ့ကွယ်။

ဂျပန်စစ်ဗိုလ်က ကျုပ်ကို ထိုးကြိတ်ကန်ကျောက်
ပြီး ကျုပ်တို့ရဲ့တပ်ဘယ်မှာတုံး၊ကျုပ်တို့နှစ်ယောက်
ရဲ့ လက်နက်တွေ ဘယ်မှာဝှက်ထားတုံးဆိုပြီး မေး
တော့တာပေါ့။ ကျုပ်ကလည်း ကျုပ်တို့နှစ်ယောက်
ဟာ တပ်ကရိက္ခာဝယ်ခိုင်းလို့လာဝယ်တဲ့အကြောင်း၊
အခုအချိန်မှာ တပ်က ခရီးဆက်သွားလို့ အဆက်
ပြတ်သွားတဲ့အကြောင်း၊ ဂျပန်တပ်ကြီးနောက်က
လိုက်လာလို့ သူတို့လည်း ကျုပ်တို့ကို မစောင့်ဘဲ
အမြန်ထွက်သွားကြလို့ ကျုပ်တို့နဲ့ အဆက်ပြတ်
သွားရတဲ့အကြောင်းတွေ စကားပြန်က တစ်ဆင့်
ပြောပြတယ်။

ဒါပေမဲ့ ဒီစကားပြန်က ကျုပ်လက်သီးနဲ့ ထိုးထား
တဲ့ စကားပြန် မဟုတ်လို့ တော်သေးတာပေါ့ကွယ်
ကျုပ်တို့ကို စစ်ဆေးတဲ့နေရာက စကားပြန်က တ
ခြားတစ်ယောက်ကွဲ့၊ ဒီကောင်ကတော့ မျက်နှာ
တော်တော်လေး တည်ကြည်တယ်၊ ကျုပ်ပြောသ
မျှကို အမှန်အတိုင်း ပြောပြပုံရတယ်၊ဒါပေမဲ့ ဂျပန်
ဗိုလ်က ဘယ်ယုံပါ့မလဲကွယ်၊ ကျုပ်နဲ့ အောင်ညွန့်
ကို တစ်ညလုံး နှိပ်စက်တော့တာပါပဲ မောင်တာ
တေရယ်။

ရဲဘော်အောင်ညွန့် ဆိုတဲ့ကောင်ကလည်း
သတ္တိရှိတဲ့ နေရာမှာတော့ ကျုပ်ထက် မပိုရင်
သာ ရှိရမယ်၊ ကျုပ်ထက်တော့ မလျော့တာ
သေချာတယ်ကွဲ့၊အောင်ညွန့်ကလည်း ကျုပ်
ပြောတဲ့အတိုင်း ပြောတာပဲကွဲ့၊ ကျုပ်ကလည်း
ကျုပ်ကိုစစ်တဲ့အခါမှာ အောင်ညွန့် ကြားအောင်
ခပ်ကျယ်ကျယ်လေး ပြောပေးရတာပေါ့ကွယ်။

ဒါကို အောင်ညွန့်က သေသေချာချာ နား
ထောင်ပြီးတော့ ကျုပ်နဲ့ ထွက်ဆိုချက်ချင်း
တစ်လုံးမကျန်တူအောင် ပြောတော့တာပေါ့
ကွယ်။ ဒါကို စကားပြန်က ရိပ်မိပေမယ့် ဘာ
မှ မဟန့်တားဘူးကွဲ့၊ ဒီတော့ ကျုပ်နဲ့ အောင်
ညွန့်ပြောတာ တစ်ထပ်တည်းကျနေတော့
တာပေါ့ကွယ်။

ဒါကို စကားပြန်က ရိပ်မိပေမယ့် ဘာမှမဟန့်
တားဘူးကွဲ့၊ ဒီတော့ကျုပ်နဲ့ အောင်ညွန့်ပြော
တာ တစ်ထပ်တည်းကျနေတော့တာပေါ့ကွယ်၊
နောက်နေ့ ရောက်တော့ ဘယ်ရွာက လူတွေ
ခေါ်လာတယ် မသိပါဘူးကွယ်။ ဒီလူတွေက
ပေါက်တူးတွေနဲ့ ရောက်လာကြတာဟေ့၊ ဒီ
ကတည်းက ကျုပ်ရော အောင်ညွန့်ရော သိ
လိုက်ကြတာကွဲ့၊ကျုပ်တို့ကိုခေါင်းဖြတ်တော့
မှာ သေချာပြီပေါ့ကွယ်၊ ကျင်းတူးမယ့် လူစုကို
ဂျပန်စစ်သားနဲ့ စကားပြန်က ခေါ်သွားတယ်
ဘယ်မှာသွားပြီး တူးတယ်လို့တော့ မသိဘူးကွဲ့။

အဲဒီနေ့တစ်နေ့လုံးတော့ ကျုပ်တို့နှစ်ယောက်
ကို ထပ်ပြီး မစစ်တော့ဘူးဟေ့၊ အစာနည်းနည်း
ကျွေးတယ်၊ ရေတိုက်တယ်။ ညနေစောင်းတော့
စကားပြန် ရောက်လာပြီး ကျုပ်ကို ပြောတယ်။

“ခင်ဗျားတို့ကို နောက်ဆုံး အခွင့်အရေးပေး
မယ်လို့ စစ်ဗိုလ်ကပြောတယ်၊ခင်ဗျားတို့ တပ်
စခန်းနေရာကို အမှန်အတိုင်းပြောရင် ဒီည ခင်
ဗျားတို့ကို မသတ်တော့ဘူးတဲ့”

သူတို့ကို တော်လှန်နေတဲ့ ဗမာစစ်သားကို
မိမှတော့ မသတ်ဘူးဆိုတဲ့ ဂျပန် ရှိပါ့မလား
မောင်တာတေရယ်၊ ဒီတော့ ကျုပ်က စကား
ပြန်ကို တိုတိုပဲ ပြောလိုက်တယ်။

‘မင်းစစ်ဗိုလ်ကို သွားပြောလိုက်ပါ၊ ကျုပ်တို့မှာ
ဘာမှ ပြောစရာ မရှိဘူး၊ ကြိုက်တဲ့အချိန် သတ်
လိုက္လို့ ‘

စကားပြန်လည်း ကျုပ်စကားကို ကြားတော့
ချာကနဲ လှည့်ထွက်သွားတယ်။ နောက်ထပ်
တော့ ဘယ်သူမှ ထပ်မလာဘူးကွဲ့၊ ညမိုးချုပ်
စရောက်တော့ ကျုပ်နဲ့ အောင်ညွန့်ကို ထမင်း
ကျွေးတယ်။ စကားပြန်က ကျုပ်တို့ကို ကြိုက်
သလောက် စားနိုင်တယ်၊ ဒါနောက်ဆုံး ညစာ
ပဲလို့ ပြောတယ်ဟေ့။ကျုပ်နဲ့ အောင်ညွန့်လည်း
တစ်ဝစားကြတော့တာပေါ့ကွာ။

‘အောင်ညွန့်ရေ၊ တစ်ဝသာ စားကွာ၊ သေ
လည်း ဝဝလင်လင် စားသောက်ပြီးမှ သေ
ကြတာပေါ့ကွာ’

လို့ ကျုပ်က ပြောတော့ အောင်ညွန့်က တ
ဟားဟားနဲ့ ရယ်တယ်ကွ။ အောင်ညွန့်ဆိုတဲ့
ကောင်ကတော့နည်းနည်းမှကိုကြောက်သွေး
ပါပုံမရဘူး မောင်တာတေရေ၊ ကျုပ်တို့နှစ်
ယောက် ထမင်းစားသောက်ပြီး သိပ်မကြာ
ဘူးကွဲ့၊ ဂျပန်စစ်သားတွေ ရောက်လာပြီး
ကျုပ်တို့ကို လက်ပြန်ကြိုးတွေ ပြန်တုပ်ကြ
တယ်၊ စောစောက ကျုပ်တို့ ထမင်းစားဖို့
ကြိုးဖြည်ပေးတာလေကွယ်

ကြိုးတုပ်ပြီးတာနဲ့ ဂျပန်စစ်သားတွေကလက်ဟန်
ခြေဟန်ပြပြီး ကျုပ်တို့နှစ်ယောက်ကို သွားခိုင်းတယ်။ ဒီကောင်တွေ စုစုပေါင်းငါးယောက်ကွ၊ရိုင်ဖယ်သေ
နတ်ကြီးတွေနဲ့က သုံးယောက်၊နှစ်ယောက်ကတော့
လက်ချည်းပဲ၊ ရိုင်ဖယ်ကိုင်ထားတဲ့ ဂျပန်စစ်သား
တစ်ယောက်က ရှေ့ကဦးဆောင်ပြီး ခေါ်သွားတယ်

အဲဒီအကောင့်ရဲ့နောက်က ကျုပ်၊ ကျုပ်နောက်က
အောင်ညွန့်၊ အောင်ညွန့်နောက်မှာ လက်နက်မပါ
တဲ့ ဂျပန်နှစ်ယောက်၊ အဲဒီကောင်နှစ်ကောင်ရဲ့
နောက်ကမှ ရိုင်ဖယ်ကြီးတွေ ကိုင်ထားတဲ့ ဂျပန်
စစ်သား နှစ်ယောက်။ ကျုပ်တို့နှစ်ယောက်ကို
သတ်ဖို့ တူးထားတဲ့ကျင်းတွေက ဂျပန်တွေ စ
ခန်းချတဲ့ တောအုပ်ကလေးနဲ့ဆိုရင် တော်တော်
လှမ်းသေးတာကွဲ့၊ အဲဒီနေရာမှာ သင်္ချိုင်းကုန်း
လေးတစ်ခု ရှိတယ်။

ဒီအနီးအနားရွာလေးတွေက လူသေရင် ဒီသင်္ချိုင်း
ကုန်းလေးမှာ လာပြီးသင်္ဂြိုဟ်ကြပုံပဲ၊ ဂျပန်တစ်
ယောက်က ကျုပ်ကို ထိုင်ခိုင်းတယ်။ အောင်ညွန့်
ကိုတော့ မြောက်ဘက်က ကျင်းနှုတ်ခမ်းမှာ ဒူး
ထောက်ခိုင်းထားတယ်။ ဘယ်လောက်သတ္တိ
ကောင်းကောင်း ဒီလိုအချိန်မှာတော့ မကြောက်
တဲ့လူ ရှိမှာ မဟုတ်ပါဘူး မောင်တာတေရယ်။

‘အောင်ညွန့် ဘာမှမတွေးနဲ့၊ ဘုရားကိုပဲ
အာရုံယူထား’

‘ဟုတ်ကဲ့ ဆရာ၊ ဒါပေမဲ့ ကျုပ်မသေချင်သေး
ဘူးဗျ၊ ဒီဂျပန်ကောင်တွေကို ကျုပ်လက်နဲ့
သတ်ချင်သေးတာပဗျာ’

‘ရဲဘော်အောင်ညွန့်၊ ဒါတွေ တွေးမနေနဲ့တော့၊
ဘုရားကိုပဲ အာရုံပြုထား’

‘ဟုတ်ကဲ့ပါ ဆရာ’

ကျုပ် ခပ်လှမ်းလှမ်းကို ကြည့်လိုက်တော့ ထ
နောင်းပင်ကြီးတွေအောက်မှာကျင်းတူးပေးတဲ့
ရွာသားတွေထိုင်ပြီး ကျုပ်တို့ကို ကြည့်နေကြ
တယ်ကွဲ့၊ ဒီတော့မှ ကျုပ်တွေးမိတယ်။ကျုပ်
တို့ကို သတ်ပြီးရင် ကျင်းကို မြေပြန်ဖို့ဖို့ ခေါ်
ထားတာကိုး မောင်တာတေရဲ့၊ခဏနေတော့
နေဝင်သွားပြီကွဲ့၊ အိပ်တန်းတက်ဖို့ ရောက်
လာတဲ့ငှက်တွေရဲ့အသံတွေက သင်္ချိုင်းကုန်း
လေးကို ဖုံးသွားတယ်။ ခပ်ဝေးဝေး ရွာလေး
တွေဆီက ခွေးဟောင်သံကို ကျုပ်ကြားနေ
ရတယ်။ ဒီနေရာနဲ့ အနီးဆုံးရွာဆိုတာ ခွေး
တစ်ကောင်တော့ ဝေးသေးတာပဲလို့ ကျုပ်
တွေးလိုက်မိတယ်။ တဖြည်းဖြည်း မိုးချုပ်
လာတာပေါ့ကွယ်။ဒီမှာတင် ကျုပ်ဘုရားကို
အာရုံပြုပြီး သစ္စာဆိုလိုတယ်။

‘သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားပိုင်ပိုင်
သိမြင်တော်မူနိုင်ပါသော သဗ္ဗေညုတဥာဏ်
တော်ကြီးကို ရရှိတော်မူသည့် မြတ်စွာဘုရား
ရှင်ကိုယ်တော်ဘုရား…ဘုရားတပည့်တော်
ထွန်းကြွယ် ကောင်းမှု မကောင်းမှုကို ခွဲခြား
သိခဲ့သည့်အချိန်မှစပြီး မကောင်းမှု မှန်သမျှ
ရှောင်ကြဉ်ခဲ့ပါတယ် အရှင်ဘုရား။ ဘုရား
တပည့်တော်သည် စစ်တပ်ထဲ ဝင်ခဲ့သည့်နေ့
မှစပြီး တိုင်းပြည်နဲ့ လူမျိုး၊ လွတ်လပ်ရေးရဖို့
အတွက်သာ စိတ်အာရုံမှာ အချိန်ပြည့်ရှိခဲ့သူ
ပါဘုရား၊ မိမိကိုယ်ကျိုးအတွက် ဘာတစ်ခုမှ
ရယူခြင်း၊ ဆောင်ရွက်ခြင်း မပြုခဲ့ပါဘုရား၊

ဤမှန်သော သစ္စာစကားကြောင့် ဘုရားတပည့်
တော် ထွန်းကြွယ်နဲ့ ရဲဘော်အောင်ညွန့်တို့အား
ကယ်တင်မည့်သူ ပေါ်လာပါစေဘုရား၊ ဘုရား
တပည့်တော်တို့နှစ်ယောက် ယခုရင်ဆိုင်နေရ
သည့် အသက်ဘေးမှ လွတ်မြောက်ရပါလို၏
အရှင်ဘုရား၊ ဘုရားတပည့်တော် ပြုခဲ့ဖူးသည့်
ကောင်းမှုမှန်သမျှကိုလည်း ဤနေရာကို ပိုင်
ဆိုင်ကြသည့် တောစောင့်နတ်၊ တောင်စောင့်
နတ်၊ ရွာစောင့်နတ်၊ သင်္ချိုင်းစောင့်ပုဂ္ဂိုလ်ပါမ
ကျန် အမျှပေးပေပါသည်။ အားလုံး အမျှ အမျှ
အမျှ ‘

ကျုပ်က အာရုံကို ငြိမ်ထားပြီး သက်ရှိထင်ရှား ဘုရားရှင်ကိုယ်တော်မြတ်ကြီးအရှေ့မှာကို သစ္စာ
ပြုလျှောက်ထားသလို လျှောက်ထားလိုက်တာကွဲ့
မောင်တာတေရဲ့၊ ကျုပ်သစ္စာဆိုလို့လည်းပြီးရော
မှောင်ထဲက ထွက်လာတဲ့ ခွေးအူသံကြီးကို ကြား
ရတော့တာပါပဲကွယ်။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး ၊ ဝူး”

ဆိုတဲ့ အသံကြီးဟာ တစ်မျိုးကြီးပဲကွ၊ အသံမှ
အကြီးကြီးပဲဟေ့၊ ကျုပ်စိတ်ထင်တော့ အဲဒီခွေး
ကြီးအူတဲ့အသံဟာ လိုဏ်သံကြီးတောင် ပါနေ
တာကွဲ့ မောင်တာတေရဲ့၊ ကျုပ်လည်း ခွေးအူ
သံကြားတဲ့ဆီကို လိုက်ကြည့်တာပဲဟေ့၊ တ
ဖြည်းဖြည်းနဲ့ အသံက နီးသထက် နီးလာပြီး
နောက်ဆုံးတော့ သင်္ချိုင်းကုန်းက အုတ်ဂူလေး
တွေကြားမှာ ဘွားကနဲ ပေါ်လာတာဟေ့၊ ခွေး
နက်ကြီးဗျာ၊ နည်းတဲ့အကောင်ကြီး မဟုတ်ဘူး
ကွဲ့၊ ကျုပ်စိတ်ထင် ပြောရရင်တော့ နွားမဒန်း
တစ်ကောင်လောက် ရှိလိမ့်မယ်။

ကျုပ် ဂျပန်တွေကို လှမ်းကြည့်တော့ ဒီကောင်
တွေလည်း ခွေးအူသံကြီးကြားပြီး ဟိုကြည့်ဒီ
ကြည့် လုပ်နေကြတာကွဲ့၊ ဂျပန်စစ်သားတစ်
ယောက်ဆိုရင် သူ့လက်ထဲက ရိုင်ဖယ်သေ
နတ်ကြီးနဲ့ ခွေးအူသံကြားတဲ့ဘက်ကို ချိန်ထား
တာ တွေ့ရတယ်ကွ၊ဒါပေမဲ့ ဒီကောင်တွေ ခွေး
နက်ကြီးကို မြင်ပုံမရဘူး မောင်တာတေရဲ့။

ဒီတော့မှ ကျုပ်တွေးမိတာကွဲ့၊ သေခါနီးလူဆိုတာ ကံအနိမ့်ဆုံးအချိန်ကိုရောက်နေတာမို့လား၊ အခု
ကျုပ်ကလည်း သေခါနီးလူတစ်ယောက်လေ၊ ဒါ
ကြောင့် နာနာဘာဝခွေးကြီးကို မြင်ရတာ ဖြစ်မယ်
လို့ ကျုပ်တွေးလိုက်မိတယ်။ ဒါဆိုရင်တော့ ကျုပ်
သေရတော့မှာပဲလို့လည်း ဆက်တွေးလိုက်မိတာ
ပေါ့ကွယ်။ ခပ်လှမ်းလှမ်းက ရွာသားတွေကလည်း
ခွေးအူသံကြီးကို ကြားကြရပုံပဲကွဲ့၊ဒီလူတွေလည်း
ကြောက်ကြောက်လန့်လန့် ဖြစ်နေပုံပဲ။

‘ဝူး၊ ဝူး၊ ဝူး၊ ဝူး’

ခွေးနက်ကြီးက သူ့ခေါင်းကြီးကို အပေါ်မော့ပြီး
အူနေလိုက်တာ အသံနက်ကြီးကလည်း လိုဏ်
သံကို ပါနေတာဟေ့၊

‘ဟော …ဂျပန်စစ်ဗိုလ် လာပြီဟေ့’

ခပ်လှမ်းလှမ်းက ထနောင်းကုန်းပင်တွေအောက်
မှာ ထိုင်နေတဲ့ ရွာသားတစ်ယောက်ပြောသံကို
ကြားလိုက်ရတယ်၊ ပြီးတော့ ဒီကောင်တွေ ထိုင်
နေရာက မတ်တတ်ထရပ်လိုက်ကြတယ်ကွဲ့။
ကျုပ်လည်း လှမ်းကြည့်လိုက်တယ်၊ ခပ်သုတ်
သုတ် လျှောက်လာနေတဲ့ လူတစ်စုကို လှမ်း
မြင်နေရတယ်၊ သူတို့လက်ထဲမှာ မီးအိမ်နှစ်
လုံး ထွန်းပြီး ကိုင်လာတာကိုလည်း ကျုပ်တွေ့
လိုက်ရတယ်။ တဖြည်းဖြည်း နီးနီးလာပြီး လူ
လုံးကွဲလာတယ်။ ဂျပန်စစ်ဗိုလ်က ဓါးရှည်ကြီး
တစ်ချောင်းကို လက်မှာ ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ပြီး ဒေါသတကြီး လျှောက်လာနေ
တာဟေ့၊

သူ့ဘေးမှာ မီးအိမ်တစ်လုံးစီ ကိုင်ထားတဲ့ ဂျပန်
စစ်သားနှစ်ယောက်နဲ့ ရိုင်ဖယ်ကိုင်ထားတဲ့ ဂျပန်
စစ်သားနှစ်ယောက်၊ ပြီးတော့ ကျုပ်တို့ကို နှစ်
ရက်လုံးလုံး စစ်ဆေးပေးခဲ့တဲ့ ဂျပန်စကားပြန်
ဗမာကောင်ပါ ပါလာတယ်။ ကျုပ်တို့နားကို
ရောက်တော့ စကားပြန်ကောင်က ကျုပ်ကို
ပြောတယ်ကွဲ့၊

‘ထွန်းကြွယ်နဲ့ အောင်ညွန့် မင်းတို့သတင်းကို
မင်းတို့ ခိုအောင်းနေတဲ့ရွာက လူတစ်ယောက်
က အတိအကျပေးခဲ့လို့ ဂျပန်တပ်က သိထား
ပြီးသားပါ။ အခု ဂျပန်စစ်ဗိုလ်က နောက်ဆုံး
အနေနဲ့ ပြောခိုင်းတယ်၊ မင်းတို့ရဲ့ ပင်မတပ်
စခန်းချထားတဲ့ နေရာကို မင်းတို့ကိုယ်တိုင်
လိုက်ပြရင် အသက်ချမ်းသာပေးမယ်တဲ့။
ဒါပေမဲ့ ကိုယ်တိုင်တော့ လိုက်ပြရမှာနော်
ထွန်းကြွယ်’

‘ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး’

စကားပြန်ကောင်ရဲ့ စကားမဆုံးခင်ဘဲ ခွေး
နက်ကြီးက ထပြီးအူလိုက်တယ်ဟေ့၊ ဂျပန်
စကားပြန်ရော စစ်ဗိုလ်ရော အားလုံး လန့်
သွားကြတယ်။ ကျုပ်မြင်နေရတဲ့ ခွေးနက်
ကြီးက အုတ်ဂူကြီးကြီးတစ်လုံးပေါ်ကို လွှား
ကနဲ ခုန်တက်လိုက်တယ်ကွဲ့…

‘ဟာ …ဟိုမှာ ခွေးနက်ကြီး၊ခွေးနက်ကြီး၊နည်းတဲ့
အကောင်ကြီးမဟုတ်ဘူးကွ၊ ဒါ သရဲခွေးကြီးထင်
တယ်၊ ဟေ့ကောင်တွေ ငါတို့ ပြေးမှထင်တယ်’

‘ပြေးရင် နင့်ပထွေးတွေက သေနတ်နဲ့ပစ်မှာပေါ့
ငတုံးရဲ့’

ကျင်းတူးတဲ့ကောင်တွေဆီက ထွက်လာတဲ့
အသံတွေကွဲ့ မောင်တာတေရဲ့။ ဒီခွေးနက်
ကြီးကို ကျုပ်ကတော့ မြင်နေတာကြာပြီပေါ့
ကွယ်။ခုမှ တခြားလူတွေ မြင်ကြတာဖြစ်မယ်
ကွဲ့၊ဂျပန်စကားပြန်ကို ကျုပ်ကြည့်လိုက်တော့
ဂူပေါ်မှာမားမားကြီးရပ်နေတဲ့ခွေးကြီးကိုကြည့်
ပြီး ကြက်သေ သေနေရောဟေ့။ ဂျပန်စစ်သား
တွေရော ဂျပန်စစ်ဗိုလ်ရော ခွေးနက်ကြီးကို
ကောင်းကောင်းမြင်သွားကြပြီဟေ့။

ခဏနေတော့ ဂျပန်စစ်ဗိုလ်က လုပ်စရာ
ကိစ္စကို မြန်မြန်ပြီးအောင် လုပ်မှပဲလို့ တွေး
ပုံရတယ်ကွဲ့၊ သူလူတွေကို ဂျပန်လို အမိန့်
ပေးလိုက်တယ်။ ဂျပန်စစ်သားတွေက ကျုပ်
တို့ဘေးမှာဝိုင်းပြီးနေရာယူလိုက်ကြတယ်။ဂျ
ပန်စစ်ဗိုလ်ကအောင်ညွန့်ဘက်ကို လျှောက်
သွားတယ်ကွဲ့။ အောင်ညွန့်ကို အရင်သတ်
မှာပေါ့လေ။ ကျုပ်က ခေါင်းငုံ့ထားရင်းနဲ့
အောင်ညွန့်ကို စောင်းကြည့်နေလိုက်တယ်။
မီးအိမ်ပြတဲ့ ဂျပန်က မီးအိမ်ကို မြှောက်ပြ
ထားတယ်။ မီးရောင်က အောင်ညွန့်တစ်
ကိုယ်လုံးပေါ်ကို ကျနေတယ်။ ပြီးတော့
အောင်ညွန့်ရှေ့မှာ မြေကျင်းပေါ်မှ လင်း
နေတယ်

‘ချွမ်’

ဂျပန်စစ်ဗိုလ်က သူ့ဓါးရှည်ကြီးကို ချွမ်ကနဲ
ဆွဲထုတ်လိုက်တယ်။

‘ဂီး ဂီး ဂီး ဂီး ဂရား’

ဂူပေါ်မှာ မားမားကြီးရပ်နေတဲ့ ခွေးနက်ကြီး
ဆီက အူတဲ့ အသံထွက်မလာတော့ဘဲ မာန်
ဖီတဲ့ အသံကြီး ထွက်လာတယ်။ ဂျပန်စစ်
သားတွေက အလန့်တကြားနဲ့ ခွေးနက်ကြီး
ကို လှမ်းကြည့်တယ်။ ဂျပန်စစ်ဗိုလ်ကတော့
ဘာကိုမှ မကြည့်တော့ဘဲ သူ့လက်ထဲမှာ
ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ဓါးရှည်ကြီး
ကို ဖြည်းဖြည်းချင်း မြှောက်လိုက်တယ်။မီး
ရောင်အောက်မှာ ဂျပန်စစ်ဗိုလ်ရဲ့ မျက်မှန်
က အရောင်တလက်လက် ဖြစ်နေတယ်။
ဒီအချိန်လေးမှာပဲ… …

‘ဟား ဟား ဟား ဟား ဟား မဖဲဝါတဲ့ဟေ့၊
သင်္ချိုင်းပိုင် မဖဲဝါ ဆိုတာ ငါဟဲ့၊ ငါ ငါ ‘

ကျုပ်ဖြင့် အဲဒီအသံကြီး ကြားလိုက်တာ ကြက်
သီးတွေ ဖျန်းကနဲ ထသွားလိုက်တာ မောင်တာ
တေရယ်၊ပြောလိုက်တာတော့ အောင်ညွန့် ပြော
လိုက်တာပဲ၊ ဒါပေမဲ့ အသံက အောင်ညွန့်အသံ
မဟုတ်ဘဲ မိန်းမအသံကြီး ဖြစ်နေတာကွ။

‘ဂီး၊ ဂီး၊ ဂီး၊ ဂရား၊ ဂီး’

ခွေးနက်ကြီးကလည်း မာန်ဖီ၊ မဖဲဝါရဲ့ ကြုံး
ဝါးသံကြီးကလည်း ဟိန်းထွက်နေတာကွဲ့။
ကျုပ် ကြည့်လိုက်တော့ …

ဟာ အောင်ညွန့် မဟုတ်တော့ဘူးဟေ့။ အောင်
ညွန့်နေရာမှာ ထဘီရင်လျားနဲ့ ဆံပင်ဖားလျား
ကြီး ချထားတဲ့ မဖဲဝါကြီး ဖြစ်နေပါရောလား။အ
ရပ်ကြီးကလည်း တော်တော်ရှည်တာကွဲ့၊ မျက်
လုံးကြီးတွေကလည်း ရဲတောက်နေတာဟေ့။
အောင်ညွန့်ကို တုပ်တဲ့ လက်ပြန်ကြိုးက သူ့
ကို တုပ်လို့။

‘ဟား ဟား ဟား ဟား ခုတ်လိုက်လေ၊ ခုတ်
လိုက်၊ ဟား ဟား ဟား ဟား ‘

ဂျပန်ဗိုလ်ကို မျက်လုံးနီနီကြီးနဲ့ မော့ကြည့်
တယ်။ ဂျပန်ဗိုလ်လည်း ဓါးကြီးမြှောက်ရက်
နဲ့ အသားတွေ တဆတ်ဆတ်တုန်နေတာဟေ့။

‘ထောင်း’ ‘ဟား ဟား ဟား ဟား’

ဟာ မဖဲဝါလက်မှာ ချည်ထားတဲ့ လက်ပြန်ကြိုး
ကြီး ထောင်းကနဲ ပြတ်ထွက်သွားရောဟေ့။ မ
ဖဲဝါက ဆံပင်ဖားလျားကြီးနဲ့ ဆတ်ကနဲ မတ်
တတ်ထရပ်လိုက်တယ်။ ဂျပန်စစ်ဗိုလ်လည်း
ချာကနဲ လှည့်ပြေးတော့တာပဲ မောင်တာတေ
ရေ၊စစ်ဗိုလ်လည်းပြေးရော စစ်သားတွေလည်း
ပြေးတော့တာပေါ့ကွာ။ဂျပန်တွေ ပြေးတာလည်း
တွေ့ရော စောစောကတည်းက ပြေးချင်နေတဲ့
ကျင်းတူးတဲ့လူတွေလည်း ပြေးတော့တာပေါ့ကွာ

‘ဂီး၊ ဂီး၊ ဂီး၊ ဂီး၊ ဂရား’

ခွေးနက်ကြီးက ဂူပေါ်ကနေ လွှားကနဲခုန်ပြီး ဂျပန်
တွေ နောက်ကို လိုက်ရောဟေ့၊ ရိုင်ဖယ်ကိုင်ထား
တဲ့ ဂျပန်စစ်သားတွေက သူတို့သေနတ်တွေကို
မောင်းထိုးပြီး ခွေးနက်ကြီးကို ပစ်တဲ့လူကပစ်၊
မဖဲဝါကို ပစ်တဲ့လူက ပစ်ကြရောဟေ့။

‘ချောက်’ ‘ချောက်’ ‘ချောက်’

ဟာ ကျုပ်ဖြင့် အံ့သြလိုက်တာ မောင်တာတေရယ်။
ဂျပန်တွေရဲ့ သေနတ်တွေ တစ်လက်မှ ကျည်မထွက်
ဘူးကွဲ့။ ‘ချောက်ကနဲ’ပဲ မြည်ကုန်တာ။ဒီမှာတင် ဂျပန်
တွေလည်း လှည့်မကြည့်တော့ဘဲ ပြေးတော့တာဟေ့။

‘ဂီး၊ ဂီး၊ ဂီး၊ ဂီး၊ ဂီး’

‘ဟား ဟား ဟား ဟား ဟား’

ခွေးနက်ကြီးရဲ့ မာန်ဖီသံရယ်၊ မဖဲဝါကြီး တဟား
ဟားနဲ့ အော်ရယ်တဲ့ အသံရယ်က အမှောက်ထု
ကြီးကို လွှမ်းသွားရောဟေ့။ ခွေးပြေး ဝက်ပြေး
ပြေးနေတဲ့ ဂျပန်တွေကို လိုက်ကြည့်နေရာကနေ
မဖဲဝါကို ကျုပ် လှည့်ကြည့်လိုက်တော့ …ဟာ
မဖဲဝါ မဟုတ်တော့ဘူး မောင်တာတေရေ။အောင်
ညွန့် ၊ အောင်ညွန့် ကျင်းစပ်မှာ ငူငူကြီး ရပ်နေ
တယ်။ ခွေးနက်ကြီးလည်း ပျောက်သွားပြီကွဲ့၊
ဒီတော့မှ သတိလစ်သလို ဖြစ်နေတဲ့ အောင်
ညွန့်ကို ကျုပ်ပခုံးနဲ့တိုက်ပြီး သတိပေးရတာ
ပေါ့ကွယ်။ ကျုပ်က လက်ပြန်ကြိုးတုပ်လျက်
ကြီးလေ။ အောင်ညွန့်ကတော့ ကြိုးမရှိတော့
ဘူးကွဲ့။

‘အောင်ညွန့်၊ အောင်ညွန့်၊ ရဲဘော်အောင်ညွန့်’

‘ဗျာ၊ ဆရာ’

ဒီတော့မှ အောင်ညွန့် သတိရတာလာဟေ့၊
သတိရတာနဲ့ ကျုပ်လက်က ကြိုးကို ကပျာ
ကယာ ဖြည်ပေးတယ်။

‘ဆရာ ဘာတွေ ဖြစ်ကုန်တာတုံး’

အောင်ညွန့်က ဘာမှမသိလိုက်ဘူးကွဲ့၊ ဘာ
တွေ ဖြစ်သွားတယ်ဆိုတာ ကျုပ်ပဲ မြင်လိုက်
ရတာလေ။

‘အောင်ညွန့် ဒီအကြောင်းတွေ နောက်မှပြောပြ
မယ်၊ လာ လာ ၊ မြန်မြန်ပြေးကြစို့ ‘

ကျုပ်တို့ ဆရာတပည့်နှစ်ယောက်လည်း ကြယ်
ရောင်လေးကို အားပြုပြီး သုတ်ခြေတင်ပြီး ပြေး
ကြရတော့တာပေါ့ကွယ်၊ အရင်ခိုအောင်းနေတဲ့
ရွာမှာ နေလို့မဖြစ်တော့ဘူးလေကွယ်၊ ဒါနဲ့ ကျုပ်
တို့ ဝှက်ထားတဲ့ လက်နက်တွေ ယူပြီး ညတွင်း
ချင်း ကျုပ်တို့ရဲ့တပ် လျှို့ဝှက်စခန်းချတဲ့နေရာ
ကို အရောက်သွားခဲ့ရတာပေါ့ မောင်တာတေ
ရယ်။ နောက်တော့ ကျုပ်ကြားတာက ကျုပ်တို့
ကို ဖမ်းပြီးသတ်ဖို့လုပ်တဲ့ ဂျပန်တပ်ခွဲလည်း ည
တွင်းချင်း ပြောင်းပြေးသွားတယ်တဲ့ဟေ့၊ဒီကောင်
တွေလည်း မဖဲဝါရဲ့ ခွေးနက်ကြီးကို တော်တော်
ကြောက်သွားကြပုံပဲဟေ့”

“ဟာ…ဘိုးရယ်၊ ကျုပ်ဖြင့် ဘိုးကြုံတွေ့ရတာကို
စိတ်ဝင်စားလိုက်တာဗျာ၊ ဘိုးအစား ကြောက်
လိုက်တာလည်း မပြောပါနဲ့တော့ဗျာ”

“အေးကွယ်၊ အသက်တစ်ရာ မနေရ၊ အမှုတစ်
ရာ တွေ့ရ ဆိုသလိုပေါ့ မောင်တာတေရယ်။
နောက်တော့ ဘိုးရော အောင်ညွန့်ရော ဂျပန်
တော်လှန်ရေးမှာ ဆက်ပြီးပါကြရတာပေါ့လေ။

အောင်ညွန့်ကတော့ သူပြောခဲ့တဲ့အတိုင်းပါပဲ
ကွယ်၊ဂျပန်တော်လှန်ရေးမှာ ဂျပန်တွေကို ရွပ်
ရွပ်ချွံချွံကို တိုက်တော့တာပဲဟေ့၊ အောင်ညွန့်
မှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ချီးမြှင့်တဲ့
ဂုဏ်ပြုမှတ်တမ်းစာရွက်တောင် ရှိသကွဲ့။ သူ
ရော ကျုပ်ရော အသက် ခြောက်ဆယ်ပြည့်မှ
တပ်ထဲကပင်စင်ယူခဲ့ကြတာ။ကျုပ်ရောအောင်
ညွန့်ရော တပ်ထဲမှာ ဗိုလ်ကြီးအဆင့်တွေ ဖြစ်
ခဲ့ကြတာပေါ့ကွယ်။ကျုပ်ကဗိုလ်ကြီးထွန်းကြွယ်၊
သူက ဗိုလ်ကြီး အောင်ညွန့်ပေါ့။

“နေပါဦး ဘိုးရဲ့၊ ဘိုးနဲ့ မဖဲဝါနဲ့ နောက်ထပ်
ဆုံကြသေးလား”

ကျုပ်က ဘိုးထွန်းကြွယ်ကို မေးကြည့်တာဗျ။
ဘိုးထွန်းကြွယ်က ခေါင်းလေးကို ခါလိုက်ပြီးမှ…

“မဆုံတော့ပါဘူး မောင်တာတေ၊ ဒါပေမဲ့ ကျုပ်
က မဖဲဝါကို မကြာ မကြာ သတိရပါတယ်ကွယ်။
မဖဲဝါက ကျုပ်ရဲ့ အသက်ကို ကယ်ခဲ့တဲ့ ကျေး
ဇူးရှင်မကြီးလေကွယ်”

“ဟုတ်ပါတယ် ဘိုးရယ်၊ နို့ နေပါဦး ဘိုးရဲ့၊
ဘိုး အခု ကျုပ်ဆီကို လာတဲ့အကြောင်းက
ဘယ်လိုများ…”

ကျုပ်စကားမဆုံးခင်မှာပဲ ဘိုးထွန်းကြွယ်က
ကျုပ်ကို လက်ကာပြတယ်ဗျ။

“ဒီလို မောင်တာတေရဲ့၊ ဘိုး ကလောမှာ တောင်
ဘက်ဝိုင်းက မောင်စုနဲ့တွေ့တော့ မောင်တာတေ
နဲ့ မဖဲဝါ အဆက်အသွယ်ရှိတဲ့အကြောင်း ကြား
လိုက်ရတယ်၊ မောင်တာတေက မဖဲဝါကို ပင့်လို့
ရတဲ့အကြောင်းလည်း ဘိုး သိလိုက်ရတယ်။ဒီမှာ
တင် ဘိုးစိတ်ထဲမှာ ဆန္ဒတစ်ခု ပြင်းပြင်ပြပြ ဖြစ်
လာတော့ပါပဲကွယ်”

“ဗျာ၊ ဘယ်လိုဆန္ဒတုံး ဘိုးရဲ့”

“ဒီလို မောင်တာတေရယ်၊ ဘိုးက အသက်လည်း
ခုနှစ်ဆယ်နီးလာပြီလေကွယ်၊ ဘိုး မသေခင်မှာ
ဘိုးအသက်ကိုကယ်ခဲ့တဲ့မဖဲဝါကို တစ်ခါလောက်
တွေ့ချင်တယ်၊ ပြီးတော့ သူ့ကို ဘိုးပါးစပ်က
ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကား ပြောချင်
တယ်ကွယ်၊ အဲဒီလို ပြောလိုက်ရရင် ဘိုး ဒီဘဝ
အတွက် သေပျော်ပါပြီကွယ်”

“သြော်…ဒီလိုကိုး၊ ဖြစ်ပါတယ် ဘိုးရဲ့၊ ကျုပ်
ကူညီပါ့မယ်၊ ဒါနဲ့ ဘိုးအောင်ညွန့်ကို ဘာလို့
ခေါ်မလာတာတုံး ဘိုးရဲ့”

“ဟာ …အောင်ညွန့် မရှိတော့ဘူး မောင်တာ
တေရဲ့၊ လွန်ခဲ့တဲ့ ငါးနှစ်က အောင်ညွန့် ဆုံး
သွားပြီ၊ ရန်ကုန်မှာ ဆုံးတာကွဲ့၊ ဘိုးတောင်
သူ့အသုဘကို လိုက်ပို့လိုက်ပါသေးတယ်။
ဟာ အောင်ညွန့်သာ ရှိလို့ကတော့ ဒီကိစ္စမျိုးကို
မလိုက်ဘဲ ဘယ်ရှိပါ့မတုံးကွယ်၊ သေချာပေါက်
ကို လိုက်မှာကွဲ့”

စောစောက ငြိမ်ပြီးနားထောင်နေတဲ့ ချစ်ညိုရဲ့
အဘ ဦးစိန်ညို ကျုပ်ကို ဖျက်ကနဲ လှည့်ကြည့်
တယ်ဗျ။

“မောင်တာတေ၊ မင်း ဘာလိုတုံး၊ မဖဲဝါကို
ကျွေးဖို့မွေးဖို့ လိုသမျှ ဘိုး ပေးမယ်”

ဘိုးစိန်ညို ပြောတာကို ကြားတော့ ဘိုးထွန်း
ကြွယ်က လက်ကာပြတယ်။

“နေပါဦး ငါ့ညီရာ၊ အစ်ကိုကြွယ် ပြောပါရစေ၊
အစ်ကိုက မဖဲဝါကြီးကို အသက်သခင် ကျေး
ဇူးရှင်မကြီးအဖြစ်နဲ့ အစ်ကို မသေခင် လာပြီး
တွေ့တာပါကွာ၊ အစ်ကိုရဲ့ ကျေးဇူးရှင်မကြီး
ကို အစ်ကိုကြွယ်ပဲ ကျွေးမွေးပါရစေ ညီလေး
ရယ်”

ဘိုးစိန်ညိုက ဘာမှမပြောတော့ဘဲ ခေါင်းလေး
ပဲ ညိတ်ပြလိုက်တယ်ဗျ။ ဘိုးထွန်းကြွယ် ပြော
တာလည်း ဟုတ်နေတာပဲလေဗျာ။

“တာတေ အတော်ပဲကွ၊ မနက်ဖြန် မနက်ဆို
ရင် အမဲသားရမယ်၊ ချော်တွင်းကုန်းက ကိုလူ
ဝကြီးတို့ အမဲပေးမယ်ပြောတယ်၊ငါ မနက်စော
စော လှည်းကောက်ပြီး သွားဝယ်လိုက်မယ်၊
ဘယ်လောက်ဝယ်ရမယ်သာပြော”

ဘိုးထွန်းကြွယ်က ကျုပ်ကို ဖျတ်ကနဲ လှမ်း
ကြည့်ပြီး ပြောတယ်ဗျ။

“မောင်တာတေ ပြောသာပြော၊ ဘိုးကို အား
မနာနဲ့၊ ဘိုးမှာ မဖဲဝါကို ကျွေးချင်မွေးချင် ကျေး
ဇူးဆပ်ချင်လို့ လာခဲ့တာကွဲ့”

“ဘိုးရေ၊ မဖဲဝါကို အမဲသား နှစ်ပိဿာနဲ့ ဆန်
တစ်ခွက်ချက်ကျွေးရတယ် ဘိုးရဲ့၊ သုံးပိဿာ
ဆိုရင် မဖဲဝါက သူ့ခွေးနက်ကျော်ကြီးကိုပါ
ချကျွေးရောဗျ”

“ဟေ…ဟုတ်သားပဲ မောင်တာတေရယ်၊
ဘိုး အဲဒီခွေးနက်ကြီးကို မေ့နေတာကွယ်၊
အဲဒီကောင်ကြီး ကျေးဇူးလည်း ရှိပါပေတယ်
မောင်တာတေရယ်၊ အဲဒီတုန်းက ဒီကောင်
ကြီးကို ဂျပန်တွေ တော်တော်ကို ကြောက်
သွားတာကွဲ့၊ ဒီကောင်ကြီး လိုက်ကိုက်တုန်း
က အသက်လုပြေးကြတဲ့ ဂျပန်တွေကို ဘိုး
မျက်စိထဲမှာ ခုထက်ထိကို မြင်နေတုန်းပါ
ကွယ်၊ ဒီကောင်ကြီးကိုလည်း ကျွေးပေးပါ
မောင်တာတေရယ်၊ ဒါပေမဲ့ သူ တို့ကို မြင်
အောင်ပြမှ မြင်ရတယ်နော်”

“ဟာ…ဘိုး ဒီအတွက်တော့ မပူနဲ့ဗျ၊ ကျုပ်
သူငယ်ချင်း တာတေက မြင်ရတယ် ဘိုးရဲ့”

“ဟေ…ဟုတ်လား မောင်တာတေ”

“ဒီအတိုင်းမြင်ရတာ မဟုတ်ဘူး ဘိုးရဲ့၊ကျုပ်မှာ
ဆရာကြီးတွေ ချီးမြှင့်ထားတဲ့ မျက်ကွင်းဆေး
ဆိုတာ ရှိတယ်၊ ပြီးတော့ အဲဒီမျက်ကွင်းဆေး
ကို ပြန်ပြီး ဖျက်တဲ့ ဆေးတောင့်လည်း ကျုပ်
ကို ပေးထားခဲ့တာ ဘိုးရဲ့၊ အဲဒါကြောင့် ကျုပ်
က မြင်ရတာပါ”

“ဟေ…ဟုတ်လား၊ ဒါဆို ဟန်ကျတာပေါ့ကွယ်၊
ခွေးနက်ကြီးကို အမဲသား ဘယ်လောက်ကျွေး
မြာတုံး”

“အစိမ်းတစ်ပိဿာ ကျွေးရင် ရပါပြီ ဘိုးရဲ့”

“အေး အေး၊ ညကျတော့ ငါ့တူ မောင်ချစ်ညို
ကို ဘိုးက လိုတဲ့ငွေ ပေးမကွဲ့”

“ဟုတ်ကဲ့ပါ ဘိုးရဲ့”

“ချစ်ညို အမဲသား ရလာရင် နှစ်ပိဿာတွဲကို
မဖဲဝါအတွက် ချက်ကွာ၊ တစ်ပိဿာတွဲကို ငှက်
ပျောဖက်နဲ့ သေသေချာချာ ထုတ်ထားနော်၊
ကြောင်တွေ ခွေးတွေ မစားစေနဲ့ ကြားလား”

“အေး အေး၊ စိတ်ချ တာတေ၊ ငါ သေသေချာ
ချာ လုပ်ထားမယ်၊မဖဲဝါအတွက် ထမင်းက ဆန်
ဘယ်လောက်ချက်တုံး”

“တစ်ခွက်ချက်လေကွာ”

“အေး ဟုတ်ပြီ၊ ဟုတ်ပြီ၊ အဲဒါတွေအတွက်
ငါအားလုံးစီစဉ်ထားမယ်၊ မင်း ဘာမှစိတ်မပူနဲ့
နောက်ထပ် ဘာလိုသေးတုံး၊ နတ်ကတော်
တစ်ယောက် ခေါ်ထားရဦးမှာလား တာတေ”

“မလိုဘူး ချစ်ညို၊ ခေါ်မထားနဲ့၊ ငါ ဘိုးထွန်းကြွယ်
ကို မျက်ကွင်းဆေး ကွင်းပေးပြီး အမြင်ပြမှာ၊ နား
ကိုလည်း လိမ်းပေးပြီး ဒိဗ္ဗသောတမန္တန် ရွတ်ပေး
မှာ၊ ကိစ္စပြီးတော့မှ ဖျက်ဆေးနဲ့ ပြန်ဖျက်ပေးမယ်”

“သြော် …ဒီလိုဆေးကွင်းပေးလို့ ရသလားကွ
တာတေရ”

“ဟာ …ချစ်ညိုကလည်း ဘိုးထွန်းကြွယ်က
မဖဲဝါကို တစ်ခါမြင်ဖူးတယ်လေကွာ၊ ဒါကြောင့်
ပြလို့ရတာကွ၊ ပြီးတော့ ဘိုး အဝေးကြီးက လာ
ခဲ့ရတဲ့ဆန္ဒ ပြည့်သွားစေချင်လို့ပါ”

ကျုပ်ပြောတာကို ကြားတော့ ဘိုးထွန်းကြွယ်ခ
မျာ ဝမ်းသာအားရ ဖြစ်သွားတော့တာပေါ့ဗျာ။
အားလုံးစီစဉ်ပြီးတော့ ကျုပ်တစ်ယောက်တည်း
ထနောင်းကုန်းကို ပြန်လာခဲ့တယ်။

နောက်နေ့ ညနေစောင်းတော့ ကျုပ်မီးလောင်
ကုန်းကို ထွက်လာခဲ့တယ်။ချစ်ညိုတို့အိမ်ကို
ရောက်တော့ ဘိုးစိန်ညိုတို့ မိသားစုက ကျုပ်
ကို ညစာ အတင်းကျွေးတော့တာပဲဗျာ။ကျုပ်
က စားပြီးမှ လာတာပါဆိုလည်း မရဘူးဗျ။
ဒါနဲ့ ကျုပ်လည်း ချစ်ညိုနဲ့ အတူတူ နည်းနည်း
ထပ်စားလိုက်ရသေးတယ်။ ညရှစ်နာရီကျော်
တော့ ကျုပ်နဲ့ ချစ်ညို ထမင်းတောင်း ပြင်ကြ
တယ်။ နက်ကျော်ကြီးအတွက် အမဲသားစိမ်း
ကို တောင်းလေးတစ်တောင်းနဲ့ သပ်သပ်ထည့်
ရတာပေါ့ဗျာ။ အိမ်က မထွက်ခင်မှာ ကျုပ်က
မျက်ကွင်းဆေးသွေးပြီးဘိုးထွန်းကြွယ်ရဲ့မျက်
လုံးတွေကို ကွင်းပေးလိုက်တယ်။

ပြီးတော့ နားနှစ်ဖက်ကို လိမ်းပေးပြီး ဒိဗ္ဗသော
တမန္တန်ကို ရွတ်ပေးလိုက်တယ်။ဒီဆေးက မျက်
စိကို ကွင်းရင် ဂါထာရွတ်ဖို့ မလိုပေမဲ့ နားကို
လိမ်းရင်တော့ ဒိဗ္ဗသောတမန္တန် ရွတ်ပြီး လိမ်း
ရတာဗျ။ ဘိုးထွန်းကြွယ်ကို ဆေးကွင်းပေးပြီး
တော့ ကျုပ်ကိုယ်ကျုပ်လည်း ဆေးကွင်းလိုက်
တယ်။ ဘိုးစိန်ညိုပါ လိုက်တာဗျ။

ကျုပ်နဲ့ ချစ်ညိုက တောင်းတစ်တောင်းစီ ထမ်း
ကြလို့ပေါ့ဗျာ။ ဘိုးတော်ကြီးနှစ်ယောက်က ကျုပ်
တို့နောက်က လိုက်လို့ပေါ့။မီးလောင်ကုန်းသင်္ချိုင်း
ထဲကိုရောက်တော့ ခပ်ကြီးကြီး ဂူတစ်လုံးကို ရွေး
လိုက်တယ်။ဒေါ်မယ်မ အသက်(၈၀)လို့ ရေး
ထားတဲ့ဂူဗျ။ ကျုပ်က မဖဲဝါအတွက် ထမင်းဟင်း
တွေ ထုတ်ယူလာတဲ့ ငှက်ပျောဖက်ကြီးကို ဂူပေါ်
မှာ ဖြန့်ခင်းလိုက်တယ်။ ပြီးတော့ ဖယောင်းတိုင်
တစ်တိုင် မီးထွန်းပြီး ရေဖလားနဲ့ ရေတစ်ခွက်
ချထားလိုက်တယ်။

ကျုပ်ထမ်းလာတဲ့ ထမင်းတောင်းထဲမှာ ပလတ်
စတစ်ဂါလံပုံးနဲ့ ရေထည့်ပြီး ရေဖလားတစ်လုံး
အမြဲပါနေကျလေဗျာ။ မဖဲဝါအတွက်ထမင်းပွဲ
ပြင်ထားတဲ့ ဒေါ်မယ်မဂူဘေးမှာပဲ နက်ကျော်
ကြီးအတွက် အမဲသားစိမ်းထုပ်ကိုလည်း ဖြည်
ပြီး ချထားလိုက်တယ်။

“ကဲ…ဘိုးတို့ရေ၊ ကျုပ် မဖဲဝါကို ပင့်တော့မယ်ဗျို့”

“အား၊ အား၊ အား၊ ဖြန်း၊ ဖြန်း၊ ဖြန်း၊ ဝေါ”

ဟာ သင်္ချိုင်းကုန်းထဲက သစ်ပင်ကြီးတွေမှာ
အိပ်တန်းတက်နေတဲ့ ကျီးတွေ ထပြီးပြိုတာ
ဗျို့။ ဒါကတော့ မဖဲဝါလာမယ့် သဘောပဲဗျို့။

” အရှေ့နေထွက်၊ အနောက်နေဝင်၊ တောင်
တံငါ့ကွန်၊ မြောက်ဓူဝံအတွင်း သင်္ချိုင်းရှင်မ
မဖဲဝါ ရောက်ရာအရပ်က ကြားသိပါစေ။ ထ
နောင်းကုန်းက ကျုပ်တာတေက မဖဲဝါကိုပင့်
ဖိတ်ပါတယ်၊ စားပွဲသောက်ပွဲနဲ့လည်း ကြိုလို့
ပါဗျာ၊ မဖဲဝါရဲ့ တပည့်လက်သား နက်ကျော်
ကြီးနဲ့တကွ အမြန်ကြွခဲ့ပါတော့ သင်္ချိုင်းရှင်မ
ကြီးဗျာ”

ကျုပ်ပင့်ဖိတ်လို့ စကားဆုံးတာနဲ့ …

“ဝူး၊ ဝူး၊ ဝူး၊ ဝူး ၊ အီ၊ အီ၊ အီ”

မဖဲဝါရဲ့ ခွေးကြီး အူသံကို တန်းကြားရတော့
တာပဲဗျို့။ ဘိုးထွန်းကြွယ်က ကျုပ်ကို ဆတ်
ကနဲ လှမ်းကြည့်တယ်။ ဒီဗ္ဗသောတ ဖွင့်ထား
တာလေဗျာ။ ဘိုးထွန်းကြွယ် ကြားပြီပေါ့။ဘိုး
စိန်ညိုနဲ့ ချစ်ညိုက ဘာမှမကြားတော့ အုတ်
ဂူကြီးကိုပဲ ကြည့်နေကြတာဗျို့။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ၊ ဝူး”

မဖဲဝါရဲ့ ခွေးကြီး အူသံက တဖြည်းဖြည်း နီး
လာပြီဗျို့။ ကျုပ်က ဘိုးထွန်းကြွယ်ကို ခေါင်း
ညိတ်ပြလိုက်တယ်။ ဟော လာပြီဗျို့။ အရပ်
ကြီး ဆယ်ပေကျော်လောက်ရှိတဲ့ မဖဲဝါကြီးက
သူ့ရဲ့နဂိုရုပ်အတိုင်းပဲ ဂူတွေပေါ်က ရှပ်ပြီးရွေ့
လာတာဗျို့။ ဆံပင်ဖားလျား၊ ထဘီရင်လျား
ကြီးနဲ့ဗျ။ မျက်လုံးကြီးတွေက ရဲတောက်ပြီး
အကြမ်းပန်းကန်လုံးတွေလောက် ရှိတာဗျို့။

ကျုပ်မြင်သလို ဘိုးထွန်းကြွယ်လည်း မြင်ရ
တာပေါ့ဗျာ။ ဘိုးထွန်းကြွယ်က အံ့သြလွန်း
ပါးစပ်တောင် ဟနေလို့ဗျ။ ဒါပေမဲ့ လွှတ်
သတ္တိကောင်းတဲ့ ဘိုးတော်ကြီးပါဗျာ၊

နည်းနည်းမှကို ကြောက်တဲ့ပုံ မပေါ်ဘူးဗျ။
မဖဲဝါက ဒူးခေါင်းကြီးတွေ ထောင်ပြီး ထမင်း
ပုံနဲ့ ဟင်းပုံကြီးကို တန်းစားတော့တာပဲဗျာ။
သင်္ချိုင်းထဲက အစားအစာမှန်သမျှ မဖဲဝါ ပိုင်
တာပဲဗျာ။ စားပြီးပေါ့။ နွားပေါက်တစ်ကောင်
လောက်ရှိတဲ့ နက်ကျော်ကြီးကလည်း သူ့အ
တွက် ကျွေးထားတဲ့ အမဲသားစိမ်းတွေကို
အားရပါးရစားတော့တာပဲဗျာ။ မဖဲဝါက နက်
ကျော်ကြီးကို တစ်ချက်လှမ်းကြည့်ပြီး ခေါင်း
ညိတ်တယ်ဗျ။

“မောင်တာတေ၊ ကျုပ်တွေ့ခဲ့တဲ့ ခွေးနက်ကြီး
က ဒီကောင်ထက် ကြီးတယ်ကွဲ့”

“မဟုတ်ဘူး ဘိုး၊ ဒီကောင်ကြီးပဲ၊ ရန်သူနဲ့
တွေ့တဲ့ အချိန်မှာ တိုက်တော့ခိုက်တော့
မယ်ဆိုရင် ဒီကောင်ကြီးက နွားမဒန်းတစ်
ကောင်လောက် ကြီးသွားတာ”

“သြော်…ဒီလိုလား၊ ဘိုးဖြင့် မဖဲဝါကိုရော
နက်ကျော်ကြီးကိုရော ခုလိုကျွေးရတာ
စိတ်ထဲ ကျေနပ်လိုက်တာကွယ်၊ ဘိုးရဲ့
အသက်ကို ကယ်ခဲ့တဲ့ ကျေးဇူးရှင်တွေ
ပါကွယ်၊ ဒါပေမဲ့ ဘိုးလေ သူတို့ကို ဒီဘ
ဝက ကျွတ်စေချင်လိုက်တာ မောင်တာ
တေရယ်”

“ဟာ …တာတေ၊ ထမင်းပုံကြီး၊ ထမင်းပုံကြီး၊
ဟာ အမဲသားဟင်းတွေရောပဲ ကုန်သွားပြီကွ၊
ဟိုအမဲသားအစိမ်းတွေလည်း မရှိတော့ဘူးကွ”

ချစ်ညိုက လေသံတိုးတိုးလေးနဲ့ ကျုပ်ကို
ပြောတယ်ဗျ။ သူတို့က မဖဲဝါကိုရော ခွေး
နက်ကြီးကိုပါ မတွေ့ကြရဘူးလေဗျာ။

“ဟုတ်တယ် ချစ်ညို၊ ဘိုးထွန်းကြွယ်ရဲ့
ဆန္ဒပြည့်ပြီပေါ့ကွာ”

ဟော မဖဲဝါက စားလို့ပြီးကာနီးမှာ ကျုပ်ကို
တစ်ချက် လှမ်းကြည့်တယ်။ ကျုပ်က ချက်
ချင်းပြောလိုက်တယ်။

“မဖဲဝါ၊ မဖဲဝါကို အခု အစားအသောက်ကျွေး
တာ ဟောဒီက ဘိုးထွန်းကြွယ် ကျွေးတာပါ။
ကျုပ်က ဘိုးထွန်းကြွယ်ကို မျက်ကွင်းဆေး
ကွင်းပေးထားတယ် မဖဲဝါ၊ သူ မဖဲဝါကို ပြော
စရာရှိစကားရှိလို့ ရှမ်းပြည်ကတောင် ဆင်း
လာခဲ့တာပါ မဖဲဝါ၊ ခဏနားထောင်ပေးပါ
သင်္ချိုင်းရှင်မကြီးရယ်”

မဖဲဝါက ဘိုးထွန်းကြွယ်ကို မျက်လုံးနီကြီး
တွေနဲ့ စိုက်ကြည့်နေတယ်။

“မဖဲဝါ၊ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်ကျော်
က ကျုပ်က ဂျပန်တော်လှန်ရေး စစ်သားတစ်
ယောက်ပါ၊ ကျုပ်နဲ့ ကျုပ်တပည့် ရဲဘော်အောင်
ညွန့်ကို ဂျပန်တွေက ပြည်မြို့နားက ရွာလေး
တစ်ရွာမှာ ဖမ်းပြီး သတ်ဖို့လုပ်ခဲ့ကြတယ်။သ
င်္ချိုင်းထဲမှာ ကျင်းတူးပြီး သတ်တော့မယ့်ဆဲဆဲ
မှာ မဖဲဝါနဲ့ ဟောဟိုက နက်ကျော်ကြီး ရောက်
လာပြီး ကျုပ်တို့ကို ကယ်ခဲ့လို့ ဂျပန်တွေ ထွက်
ပြေးသွားပြီး ကျုပ်နဲ့ အောင်ညွန့် အသက်ဘေး
က လွတ်ခဲ့ကြပါတယ်၊ ခုတော့ ကျုပ်တပည့်
အောင်ညွန့်လည်း သေသွားပါပြီ၊ မသေသေး
တဲ့ ကျုပ်က အခုလို မဖဲဝါကို လာတွေ့ပြီး အ
သက်ကယ်ခဲ့တဲ့ မဖဲဝါကို ကျေးဇူးတင်တဲ့အ
ကြောင်း လာပြောတာပါဗျာ။ မဖဲဝါ ကျုပ်တို့
အသက်တွေကို ဂျပန်လက်ထဲက ကယ်ခဲ့တဲ့
အတွက် ကျုပ် မဖဲဝါကို ကျေးဇူးအထူးတင်
ပါတယ်ဗျာ။ ဒီကျေးဇူးအတွက် တစ်သက်လုံး
မဖဲဝါကို ကျုပ် အမှတ်ရနေခဲ့တာပါ”

“ဟား၊ ဟား၊ ဟား၊ ဟား ဟား”

မဖဲဝါက တဟားဟားနဲ့ ရယ်တော့တာပဲဗျာ
ပြီးတော့ ဘိုးထွန်းကြွယ်ကို သေသေချာချာ
ကြည့်ပြီး ခေါင်းညိတ်တယ်။ပြီးတော့ ထပ်
ရယ်ပြန်တယ်

“ဟား၊ ဟား၊ ဟား၊ ဟား”

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး”

ဟော နက်ကျော်ကြီးကပါ အူလို့ဗျာ။မဖဲဝါက
ကျုပ်ဘက်ကိုကြည့်ပြီး ခေါင်းညိတ်ပြတယ်။
သူ ဘိုးထွန်းကြွယ် ပြောတာကို မှတ်မိတယ်
လို့ ပြောတာဗျ။

“ဘိုး မဖဲဝါက မှတ်မိသွားပြီတဲ့ ”

“မဖဲဝါ၊ ကျုပ်တစ်သက်လုံး ပြုခဲ့သမျှ ကောင်း
မှု ကုသိုလ်တွေကို မဖဲဝါအတွက် အမျှပေးဝေ
ပါတယ်၊ မဖဲဝါ အမျှ အမျှ အမျှ သာဓုခေါ်ပါ
မဖဲဝါ ”

မဖဲဝါက သာဓုမခေါ်ဘူးဗျ။ ဒီအတိုင်း မျက်
လုံးပြူးကြီးနဲ့ပဲ ကြည့်နေတယ်။ ပြီးတာနဲ့
လှစ်ကနဲ ပျောက်သွားရောဗျို့။ ကျုပ်လှမ်း
ကြည့်လိုက်တော့ ဂူတွေပေါ်ကနေရွေ့ပြီး
ပြန်ထွက်သွားပြီဗျို့။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး”

နက်ကျော်ကြီးလည်း သူ့သခင်မ နောက်က
နေ ရိပ်ကနဲ ရိပ်ကနဲ ပါသွားရောဗျ။

“မောင်တာတေ၊ ဘိုး အမျှဝေတာကို
မဖဲဝါက သာဓု မခေါ်ဘူးနော်”

“ဟုတ်တယ် ဘိုး၊ မဖဲဝါ သာဓုမခေါ်နိုင်သေး
ဘူး ဘိုးရဲ့”

ကျုပ်ပြောတော့ ဘိုးထွန်းကြွယ်က စိတ်မ
ကောင်းဘူးဗျ။

“မောင်တာတေရယ်၊ ဘိုး လိုအင်ဆန္ဒတော့
မောင်တာတေကူညီလို့ ပြည့်သွားပါပြီကွယ်၊
နောက်တစ်ရက် နှစ်ရက်ဆိုရင် ဘိုးလည်း
ရှမ်းပြည်ကို ပြန်တော့မယ်ကွယ်၊ ကလောကို
ရောက်ရင် ဘိုးဆီကို ဝင်ဖြစ်အောင် ဝင်ပါ
မောင်တာတေရယ်”

“ဟုတ်ကဲ့ပါ ဘိုး”
အဲဒီညက သက်ကြီးခေါင်းချ ကြက်တွန်တော့
မှ ထနောင်းကုန်းကို ကျုပ် ပြန်ရောက်ခဲ့တယ်ဗျ။

ပြီးပါပြီ။

စာဖတ်ပရိတ်သတ်များအားလုးပဲ စိတ်ရွှင်လန်းပါစေခဗျာ

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျာ။

#တာတေ
#မဖဲဝါ
#ညမဖတ်ရ

Zawgyi(version)

လူသတ္ကုန္းက မဖဲဝါ { စ / ဆုံး }
မူရင္း _ ဆရာတာေတ

က်ဳပ္ကို မီးေလာင္ကုန္းက က်ဳပ္သူငယ္ခ်င္း ခ်စ္ညိုလာေခၚတာဗ်။ခ်စ္ညိုနဲ႕ က်ဳပ္နဲ႕က ၿမိဳ႕
ေက်ာင္းတက္တုန္းကအတူတူေလဗ်ာ။ဒီတုန္း
က ဘန့္ေဘြးကုန္းက သိန္းေဇာ္ရယ္၊ ခ်စ္ညို
ရယ္၊ ဘထစ္လို႔ေခၚ က်ဳပ္တို႔ေခၚတဲ့ ဘခ်စ္
ရယ္၊ က်ဳပ္ရယ္က တြဲဘက္ေတြေပါ့။ ဒီထဲမွာ
က်ဳပ္နဲ႕ ဘခ်စ္ကေတာ့ ပိုၿပီးတြဲျဖစ္တာေပါ့ဗ်ာ။

“တာေတေရ၊ တာေတ”

က်ဳပ္က ဝိုင္းထဲက သရက္ပင္ႀကီးေပၚတက္ၿပီး
သရက္သီး ခူးေနတာဗ်။အမွည့္အုပ္ဖို႔ဆိုေတာ့
သရက္သီးခူးတဲ့ျခင္းတံခ်ဴနဲ႕ ခူးေနတာေလဗ်ာ၊
ဝိုင္းဝက ေခၚသံၾကားလို႔ က်ဳပ္က သရက္ပင္
ေပၚကေန ငုံ႕ၾကည့္လိုက္ေတာ့ မီးေလာင္ကုန္း
က ခ်စ္ညိုကို သြားေတြ႕တာဗ်။

“ေဟ့ေကာင္ ခ်စ္ညို၊ ငါ ဒီမွာကြ၊ အဘ
ခိုင္းလို႔ သရက္သီး ခူးေနတာ၊ အမွည့္အုပ္
မလို႔ ”

က်ဳပ္အသံၾကားေတာ့မွ ခ်စ္ညိုက ဝိုင္းထဲ
ဝင္လာတာဗ်။

“ေဟ့ေကာင္ တာေတ၊ ငါပါ တက္ခဲ့မယ္”

ေျပာေျပာဆိုဆိုနဲ႕ ခ်စ္ညိုက ပုဆိုးေလးခါး
ေတာင္းျမႇောက္ေအာင္က်ိဳက္ၿပီး သရက္
ပင္ေပၚကိုတက္ေရာဗ်ိဳ႕။သရက္ပင္ကလည္း
လူတစ္ဖက္ေလာက္ ရွိတာေလဗ်ာ။ဒီေကာင္
က်ဳပ္ကို သရက္သီးကူၿပီးခူးေပးတယ္။သရက္
သီးခူးရင္း က်ဳပ္က ခ်စ္ညိုကို ေမးလိုက္တယ္။

“ခ်စ္ညို၊ မင္း ငါ့ဆီ အလည္လာတာလား”

“အလည္သက္သက္ေတာ့ မဟုတ္ဘူးကြ
တာေတရ၊ ငါတို႔႐ြာမွာ ဘိုးေတာ္ႀကီးတစ္
ေယာက္ ေရာက္ေနတယ္။သူ႕နာမည္
က ဘိုးထြန္းႂကြယ္တဲ့ကြ။ငါ့အဘနဲ႕ အ
မ်ိဳးေတာ္တယ္လို႔ ေျပာတာပဲ၊တစ္ခါမွ
ေတာ့ မလာဖူးတာကြ၊ ငါ့အဘကေတာ့
ေတြ႕ကတည္းက အစ္ကိုႂကြယ္ဆိုၿပီး
ဝမ္းသာအားရ ျဖစ္ေနေတာ့တာေဟ့၊
ငါ့အဘေျပာတာကေတာ့ ဘိုးထြန္းႂကြယ္
က သူနဲ႕ ညီအစ္ကို ႏွစ္ဝမ္းကြဲ ေတာ္
တယ္ဆိုပဲ”

ခ်စ္ညိုစကားကို က်ဳပ္က ေသေသခ်ာခ်ာ နား
ေထာင္ၿပီး စဥ္းစားေနတာဗ်။ ခ်စ္ညိုရဲ႕အဘ
ဘိုးစိန္ညိုနဲ႕အခုေရာက္လာတဲ့ဘိုးထြန္းႂကြယ္
ဆိုတာက ညီအစ္ကိုဝမ္းကြဲေတြ ဆိုေပမယ့္
တစ္ခါမွ မေရာက္လာဖူးဘူးဆိုေတာ့ နဂိုက
တည္းက အေနစိမ္းခဲ့တဲ့ ညီအစ္ကိုေတြ ျဖစ္
မွာေပါ့ဗ်ာ။

“အဘနဲ႕ ဘိုးထြန္းႂကြယ္နဲ႕က ညီအစ္ကိုေတြ
ေတာ္ေပမယ့္ ခုခ်ိန္ထိ ႏွစ္ခါေလာက္ပဲ ျမင္
ဖူးခဲ့ၾကတာတဲ့ေဟ့၊ ဘိုးထြန္းႂကြယ္တို႔အေဖ
နဲ႕ ငါ့အဘရဲ႕အေဖက ညီအစ္ကိုဝမ္းကြဲ ေတာ္
တာတဲ့၊ ဒါေပမဲ့ ဘိုးထြန္းႂကြယ္အေဖက ရွမ္း
ျပည္မွာ အိမ္ေထာင္က်သြားေတာ့ တို႔ဘက္
ကို ႏွစ္ခါေလာက္ပဲ ေရာက္ေတာ့တာတဲ့၊သူ
လာတဲ့အခါ ဘိုးထြန္းႂကြယ္ကို ေခၚေခၚလာ
တာဆိုပဲ၊ ဒီတုန္းက ဘိုးထြန္းႂကြယ္က ဆယ့္
ငါးႏွစ္သားေလာက္ပဲ ရွိေသးတာတဲ့၊ ေနာက္
ေတာ့ ဘိုးထြန္းႂကြယ္က ဂ်ပန္ေခတ္မွာ စစ္
တပ္ထဲ ဝင္သြားတယ္ဆိုပဲ၊ ဗိုလ္ႀကီးအဆင့္
နဲ႕တပ္ထဲကထြက္ခဲ့တာတဲ့ကြ၊ဆုတံဆိပ္ေတြ
လည္း အမ်ားႀကီး ရခဲ့တာတဲ့ တာေတေရ”

“ေဟဟုတ္လား၊ ဒါဆိုရင္ ဘိုးထြန္းႂကြယ္
က စစ္ဗိုလ္ေဟာင္းႀကီးေပါ့ ခ်စ္ညိုရ”

“ေအးဟုတ္တယ္၊ တာေတေရ”

“မင္းတို႔အမ်ိဳးထဲမွာ ဒီမ်ိဳးလူတစ္ေယာက္
ရွိတာကို ငါျဖင့္ ခုမွပဲ သိရတာ ခ်စ္ညိုရာ”

“ဟ တာေတရ၊ မင္းမသိတာ မေျပာနဲ႕ေလ၊
ငါေတာင္ မေန႕ကမွ သိတာကြ၊ အဘတို႔နဲ႕
လည္း ဘိုးထြန္းႂကြယ္တို႔နဲ႕က အဆက္ျပတ္
ေနၾကတာ ၾကာၿပီကြ၊ခုမွသာ ဘိုးထြန္းႂကြယ္
ႀကီးက ဆိုင္းမဆင့္ ဗုံမဆင့္နဲ႕ ေရာက္လာ
တာၾက”

“နို႔ မင္းတို႔ ဘိုးေတာ္ စစ္ျပန္ႀကီးက အ
သက္ ဘယ္ေလာက္ရွိၿပီတုံး ခ်စ္ညိုရ”

“ဟာ ဘိုးထြန္းႂကြယ္က အသက္ေျခာက္
ဆယ့္ငါးႏွစ္ေက်ာ္ၿပီတဲ့ေဟ့၊ ဒါေပမဲ့ လူက
ေတာ့ သန္မာလိုက္တာမွ ဖ်တ္ဖ်တ္လတ္
လတ္ကို သြားတုန္းလာတုန္းေဟ့၊ ငါတို႔
႐ြာကို ရွမ္းျပည္ကေန တစ္ေယာက္တည္း
ဆင္းလာတာသာ ၾကည့္ေတာ့ေလကြာ”

“ေအးကြ၊ ခ်စ္ညိုရ၊ မင္းအဘ ဘိုးစိန္ညို
ကိုလည္း ေတြ႕ခ်င္ရွာလြန္းလို႔ ျဖစ္မွာေပါ့
ၾကာ”

က်ဳပ္ေျပာလိုက္ေတာ့ ခ်စ္ညိုက က်ဳပ္ကို
ဆတ္ကနဲ လွည့္ၾကည့္တယ္ဗ်။

“ေအး မင္းေျပာသလို ငါ့အဘကို ေတြ႕ခ်င္
လို႔လာတာလည္း ပါသကြ၊ ဒါေပမဲ့ ဘိုးထြန္း
ႂကြယ္ အဓိက ေတြ႕ခ်င္တာက ငါ့အဘ မ
ဟုတ္ဘူးကြ၊မင္းကို ေတြ႕ခ်င္တာ တာေတ
ေရ၊ မင္းကို ေတြ႕ခ်င္တာေဟ့”

ခ်စ္ညိုစကားၾကားေတာ့ က်ဳပ္ျဖင့္ အံ့ၾသ
လိုက္တာဗ်ာ။ ဘယ့္ႏွယ္ဗ်ာ၊ က်ဳပ္ ၾကား
ေတာင္ မၾကားဖူးတဲ့ ခ်စ္ညိုတို႔အမ်ိဳးဘိုး
ေတာ္ႀကီးက က်ဳပ္ကို ေတြ႕ခ်င္လို႔ ရွမ္း
ျပည္ကေတာင္ တစ္ေယာက္တည္း ဆင္း
ခ်လာရတယ္ဆိုတာ ဘယ့္ႏွယ္လုပ္ၿပီး
ျဖစ္နိုင္မွာတုံးဗ်ာ။

“ေနဦးကြ ခ်စ္ညိုရ၊ ဘိုးထြန္းႂကြယ္ႀကီး
က ဒီေရာက္ၿပီးမွ စကားေျပာၾကရင္း မင္း
အဘ ဘိုးစိန္ညိုက ငါ့အေၾကာင္းကို ေျပာ
ျပလိုက္လို႔ ေတြ႕ခ်င္တာ ျဖစ္မွာေပါ့ကြ”

“ဟာမဟုတ္ဘူး တာေတ။ ဟိုက လာ
ကတည္းကိုက မင္းနဲ႕ေတြ႕ဖို႔ လာတာလို႔
ေျပာတယ္”

“ေဟ့ေကာင္ ခ်စ္ညို၊ မင္း စဥ္းစားၾကည့္ပါ
ဦးကြ၊ ရွမ္းျပည္မွာေနတဲ့ အသက္ေျခာက္
ဆယ္ေက်ာ္ ဘိုးေတာ္ႀကီးက ငါ့သူငယ္ခ်င္း
မွ မဟုတ္တာ၊ ငါ့ကို ဘယ့္ႏွယ္လုပ္ သိမွာ
တုံး ခ်စ္ညိုရ”

“ေအး ေအး ဟုတ္တယ္၊ မင္းေျပာတာ
ဟုတ္တယ္၊ ငါ မင္းကိုေျပာဖို႔ တစ္ခုေမ့
က်န္သြားလို႔ကြ၊ လြန္ခဲ့တဲ့ ႏွစ္လေလာက္
က ငါတို႔ဝိုင္းေတာင္ဘက္ ကပ္လ်က္ဝိုင္း
မွာေနတဲ့ ကိုေမာင္စုႀကီး ရွမ္းျပည္ေရာက္
သြားေတာ့ဘိုးထြန္းႂကြယ္နဲ႕ေတြ႕ၿပီး စကား
စျမည္ ေျပာျဖစ္ရာက မင္းအေၾကာင္းကို
ေရာက္သြားလို႔ ဘိုးထြန္းႂကြယ္က မင္းကို
သိပ္ေတြ႕ခ်င္သြားၿပီး ဆင္းလာတာတဲ့ကြ”

“ေၾသာ္ ဒီလိုကိုး၊ ဒါဆိုရင္ ဘိုးထြန္းႂကြယ္
ႀကီးမွာ ကိစၥတစ္ခုခု ရွိေနလို႔ျဖစ္မွာကြ
ခ်စ္ညိုရ”

“ေအး ကိစၥရွိလား၊ မရွိလားေတာ့ မသိဘူး
ကြ၊ေရာက္ကတည္းက ညီေလး စိန္ညို ေမာင္
တာေတဆိုတဲ့ သူငယ္ေလးကို ေခၚေပးပါလို႔
ခ်ည္း ခဏ ခဏ ေျပာေနတာကြ တာေတရ၊
အဲဒါေၾကာင့္ မင္းကို ငါ လာေခၚရတာ သူငယ္
ခ်င္းေရ၊ ဘိုးထြန္းႂကြယ္မွာ ဘာကိစၥရွိေနတုံး
ဆိုတာေတာ့ ငါတို႔လည္း မသိဘူးကြ”

က်ဳပ္က ဒီေတာ့မွ လိပ္ပတ္လည္ေအာင္
နားလည္သြားေတာ့တာဗ်ိဳ႕။

“ေအး ေအး၊ ဒါဆိုရင္ ငါ အခုပဲ အဘတို႔ကို
ေျပာၿပီး လိုက္ခဲ့မယ္”

ခ်စ္ညိုနဲ႕ က်ဳပ္က သရက္သီးခူးရင္းနဲ႕ သ
ရက္ပင္ေပၚမွာ ထိုင္ၿပီး စကားေျပာေနၾက
တာေလဗ်ာ၊ က်ဳပ္တို႔ႏွစ္ေယာက္စလုံး သ
ရက္ပင္ေပၚက ဆင္းခဲ့ၾကၿပီး အေမ့ကို ခူး
လာတဲ့ သရက္သီးေတြ ေပးလိုက္တယ္။
အေမနဲ႕ အဘက သရက္သီးေတြအုပ္ဖို႔
ျပင္ၾကေတာ့တာေပါ့ဗ်ာ။ က်ဳပ္ကေတာ့
အေမနဲ႕ အဘကို ခြင့္ေတာင္းၿပီး ခ်စ္ညိုနဲ႕
မီးေလာင္ကုန္းကို လိုက္ခဲ့တယ္။

မီးေလာင္ကုန္းဆိုတာက က်ဳပ္တို႔႐ြာ သခၤ်ိဳင္း
ကုန္းကို ပတ္ၿပီးသြားရတာေလဗ်ာ၊ နာရီဝက္
ေလာက္သြားရင္ ေရာက္တာပါပဲ။ ခ်စ္ညိုတို႔
ဝိုင္းက မီးေလာင္ကုန္းမွာေတာ့ အက်ယ္ဆုံး
ပဲဗ်။ဝိုင္းထဲမွာလည္းမန္က်ည္းပင္ေတြ၊သရက္
ေတြနဲ႕ဗ်ိဳ႕။ေခါင္ႏွစ္လုံးထုတ္ၿပီးေဆာက္ထား
တဲ့ ကြၽန္းအိမ္မဲမဲႀကီးေပၚကို သစ္သားေလွ
ကားႀကီးကေန တက္လာခဲ့ၾကတယ္။

ေျပာင္လက္ေနေအာင္ တိုက္ထားတဲ့
ကြၽန္းပ်ဥ္ေတြေပၚ က်ဳပ္တက္လိုက္တဲ့
အခ်ိန္မွာ အရပ္ေထာင္ေထာင္ေမာင္း
ေမာင္းနဲ႕ အသားလတ္လတ္ ဘိုးေတာ္
ႀကီးတစ္ေယာက္နဲ႕ ဘိုးစိန္ညိုနဲ႕ စကား
ေျပာေနတာ ေတြ႕လိုက္ရတယ္ဗ်။

“ဟာ ေမာင္တာေတ၊ ေရာက္လာၿပီ
လားကြဲ႕၊ လာလူကေလး လာ၊ ေဟာဒီ
က အစ္ကိုႂကြယ္က မင္းကို လည္တဆန့္
ဆန့္နဲ႕ ေမွ်ာ္ေနတာ ေမာင္တာေတရဲ႕၊လာ
လာ၊ ေဟာဒီ ဖ်ာေပၚမွာ ထိုင္ကြဲ႕”

ေထာင္ေထာင္ေမာင္းေမာင္းနဲ႕ ဘိုးထြန္း
ႂကြယ္က က်ဳပ္ကို ေတြ႕ေတာ့ ၿပဳံးၿပီးၾကည့္
ေနတယ္ဗ်ိဳ႕။လူ႕ပုံစံက ဥပဓိ႐ုပ္ ေတာ္ေတာ္
ေကာင္းတာကလားဗ်ာ။ မ်က္ခုံးႀကီးေတြမ်ား
ေကာင္းလိုက္သမွ မဲနက္ေနတာဗ်ိဳ႕။အသက္
ႀကီးလာၿပီဆိုေတာ့ မ်က္လုံးေတြက အေရာင္
ေတာ့ နည္းနည္းမွိန္ေနသလိုပဲဗ်။

“ေမာင္တာေတ၊ က်ဳပ္ဆီကို အခုလို လာ
ေပးတာကို က်ဳပ္ ေက်းဇူးတင္ပါတယ္ကြယ္”

ဘိုးထြန္းႂကြယ္က စကားကို ေလးေလးနက္
နက္ ေျပာတတ္တဲ့ပုံပဲဗ်။

“ဟုတ္ကဲ့ ဘိုး၊ က်ဳပ္နဲ႕ ခ်စ္ညိုနဲ႕က
ငယ္သူငယ္ခ်င္းေတြပါ၊ ေဟာဒီက
ဘိုးစိန္ညို ဆိုတာလည္း က်ဳပ္အဘနဲ႕
သူငယ္ခ်င္းေတြပါ၊ ဒီေတာ့ အားမနာ
ပါနဲ႕ဘိုး၊ ဘိုးမွာ ဘာကိစၥရွိတယ္ ဆို
တာသာ က်ဳပ္ကို ေျပာပါ၊ က်ဳပ္
ကူညီပါ့မယ္”

“ဒီလိုကြဲ႕ ေမာင္တာေတရဲ႕၊ လြန္ခဲ့တဲ့ ႏွစ္လ
ေလာက္က ေဟာဒီေတာင္ဘက္ဝိုင္းမွာေနတဲ့
ေမာင္စု ဆိုတဲ့ သူငယ္ ဘိုးေနတဲ့ ကေလာၿမိဳ႕
ကို ေရာက္လာၿပီး ဘိုးနဲ႕ ေတြ႕သြားရာကေန
ေမာင္တာေတအေၾကာင္းကို စကားေရာက္
သြားလို႔ ေမာင္တာေတနဲ႕ မဖဲဝါနဲ႕ အဆက္ရွိ
တဲ့ေၾကာင္းကို ဘိုး သိခဲ့ရတယ္ကြဲ႕၊ ေမာင္
တာေတက မဖဲဝါကို ပင့္လို႔ရတဲ့အေၾကာင္း
ဟိုသူငယ္ ေမာင္စုက ေျပာတာကိုးကြဲ႕၊က်ဳပ္
ျဖင့္ အံ့ၾသလြန္းလို႔ မွင္တက္ေတာင္မိသြား
တာကြယ္၊ အဲဒီအခ်ိန္ကစၿပီး ဘိုး ဒီကိုလာ
ဖို႔ပဲ စိတ္ေရာက္ေနတာကြဲ႕၊မေသခင္ ေဟာ
ဒီက ညီေတာ္ေမာင္ ေမာင္စိန္ညိုနဲ႕လည္း
ေတြ႕ခ်င္တာနဲ႕ ဘိုး ဆင္းခ်လာခဲ့တာကြဲ႕”

က်ဳပ္က ဘိုးထြန္းႂကြယ္ ေျပာျပတာကို ေလး
ေလးစားစား နားေထာင္ေနတာဗ်။ ၿပီးေတာ့မွ
က်ဳပ္က ဘိုးထြန္းႂကြယ္ကို ရိုရိုေသေသ ေျပာ
လိုက္တယ္။

“ဘိုး၊ က်ဳပ္နဲ႕ ေတြ႕ခ်င္တဲ့ကိစၥကို ေျပာပါ
ဘိုး၊ က်ဳပ္ ကူညီပါ့မယ္”

က်ဳပ္စကားကိုၾကားေတာ့ ဘိုးထြန္းႂကြယ္က
ေခါင္းေလး တဆတ္ဆတ္ညိတ္ၿပီး
ေျပာတယ္ဗ်

“ဘိုး ေျပာပါ့မယ္ကြယ္၊ဒါေပမဲ့ ဘိုးလာ
တဲ့ ကိစၥကို မေျပာခင္ ဒီအေၾကာင္းကို
အရင္ေျပာျပမွ ေမာင္တာေတတို႔ နား
လည္ၾကမွာမို႔ ဒီအေၾကာင္းကို ဘိုး အ
ရင္ေျပာျပမယ္ ေမာင္တာေတ”

“ဟုတ္ကဲ့ပါ ဘိုး”

ဘိုးထြန္းႂကြယ္ ေျပာမယ့္အေၾကာင္းကို က်ဳပ္
လႊတ္စိတ္ဝင္စားေနၿပီဗ်ိဳ႕။

“ဒီလို ေမာင္တာေတေရ၊ ဂ်ပန္ေခတ္မွာ က်ဳပ္
က ဗမာတပ္မေတာ္ထဲ ဝင္ခဲ့တယ္။က်ဳပ္ တပ္
ထဲ ဝင္လို႔ ႏွစ္ႏွစ္အၾကာမွာပဲ ဗိုလ္ခ်ဳပ္ေအာင္
ဆန္းတို႔ ဂ်ပန္ကို ေတာ္လွန္ဖို႔ ဆုံးျဖတ္လိုက္
ၾကတယ္၊ ေတာ္လွန္ေရးစလို႔ သုံးေလးလ
ေလာက္ၾကာတဲ့အခ်ိန္မွာ ေတာ္လွန္ေရးတပ္
သားသစ္ေတြ စုေဆာင္းဖို႔ က်ဳပ္ကို တာဝန္
ေပးခဲ့တယ္ကြဲ႕၊ဒီတုန္းက က်ဳပ္က တပ္ၾကပ္
ျဖစ္ေနၿပီ၊ ျပည္ၿမိဳ႕တစ္ဝိုက္မွာ က်ဳပ္တို႔
လူစုေတြ လႈပ္ရွားခဲ့ၾကရတာေပါ့ကြယ္၊
က်ဳပ္နဲ႕ က်ဳပ္တပည့္ ရဲေဘာ္ေအာင္ၫြန့္
နဲ႕က တစ္ဖြဲ႕ေပါ့၊ က်န္တဲ့အဖြဲ႕ေတြလည္း
သူ႕ေနရာနဲ႕သူ တပ္ေဖ်ာက္ၿပီး လွ်ို႔ဝွက္
လႈပ္ရွားေနၾကရတာေပါ့ ေမာင္တာေတ
ရယ္၊ ကိစၥရွိရင္ေတာ့ က်ဳပ္တို႔ေတြ ႐ြာထဲ
က ဆတ္သားလႊတ္ၿပီး ဆက္သြယ္ၾကရ
တာေပါ့ကြာ။ တပ္သားသစ္ေတြ စုေဆာင္း
လို႔ရၿပီဆိုတာနဲ႕ က်ဳပ္တို႔ခ်င္း အဆက္အ
သြယ္လုပ္ၾက၊ ညဘက္မွာ ခရီးထြက္ၾကနဲ႕
ခက္ရာခက္ဆစ္ကို လႈပ္ရွားေနၾကရတာ
ကြဲ႕၊ ဂ်ပန္ကလည္း က်ဳပ္တို႔ ေတာ္လွန္
ေရး ရဲေဘာ္ေတြကို ေျမလွန္ၿပီး ရွာေနတဲ့
အခ်ိန္ေလကြယ္။

ေတာ္လွန္ေရး ရဲေဘာ္ေတြ မိလို႔ကေတာ့
ေတြ႕တဲ့႐ြာ သခၤ်ိဳင္းကုန္းထဲမွာ က်င္းတူး
ၿပီး ေခါင္းျဖတ္သတ္ခဲ့ၾကတာခ်ည္းပဲ။က်ဳပ္
တို႔ ေတာ္လွန္ေရးရဲေဘာ္တစ္ခ်ိဳ႕ဆိုရင္
ဂ်ပန္ေခါင္းျဖတ္သတ္တာ ခံသြားၾကရတဲ့
အခ်ိန္ေပါ့ကြယ္။

ဒါေပမဲ့ က်ဳပ္တို႔ေတြ ေသမွာကို မေၾကာက္
ၾကဘူးကြဲ႕၊ က်ဳပ္တို႔လုပ္ေနတဲ့ ဂ်ပန္ေတာ္
လွန္ေရးႀကီး ေအာင္ျမင္မွ ျဖစ္မွာေလကြယ္
ဒီေတာ့ ကိုယ့္ကိုေပးထားတဲ့ တာဝန္ကိုနည္း
နည္းမွ တြန့္ဆုတ္လို႔ မရဘူးေလ၊ ဂ်ပန္ အ
ႏၱရယ္ၾကားမွာပဲ က်ဳပ္တို႔လႈပ္ရွားေနၾကရ
တာေပါ့ကြယ္၊ တပ္သားသစ္ေတြ ႀကိတ္ၿပီး
စုေဆာင္းၾက၊ သတ္မွတ္တဲ့စခန္းကို ညဘက္
မွာ တပ္သားသစ္ေတြကို ေရာက္ေအာင္ပို႔
ေပးၾကနဲ႕ ေသမင္းနဲ႕ ကစားေနၾကရသလို
ပါပဲကြယ္”

ဘိုးထြန္းႂကြယ္က စကားကို ခဏရပ္ၿပီး
ေရႏြေးတစ္ခြက္ ေသာက္တယ္၊ ၿပီးေတာ့
ေဆးလိပ္ခြက္ကေလးထဲမွာ ထည့္ထား
တဲ့ သူ႕ရဲ႕ေဆးတံေကာက္ေကာက္က
ေလးကို ဗာဂ်ီးနီယားေဆးတစ္စုံသိပ္ၿပီး
မီးခတ္ကေလးကို’ခြပ္ကနဲ’ျမည္ေအာင္
ခတ္ၿပီး မီးညွိလိုက္တယ္

ေဆးတံကို သုံးေလးဖြာ ဖြာၿပီးေတာ့မွ ဆက္
ေျပာတာဗ်။ က်ဳပ္ရယ္၊ ဘိုးစိန္ညိုရယ္၊ ခ်စ္
ညိုရယ္ကေတာ့ ဘိုးထြန္းႂကြယ္ေျပာတာကို
စိတ္ဝင္စားလြန္းလို႔ အသက္ကိုေတာင္ ျပင္း
ျပင္း မရႉဘဲ နားေထာင္ေနၾကတာေပါ့ဗ်ာ။

“တစ္ေန႕ေတာ့ က်ဳပ္နဲ႕ ရဲေဘာ္ေအာင္ၫြန့္နဲ႕
ေန႕လယ္ဘက္ အိပ္ေပ်ာ္ေနၾကတာကြဲ႕၊ညက
တပ္သားသစ္ေတြကို လွ်ို႔ဝွက္စခန္းေရာက္
ေအာင္ ပို႔ၿပီး ျပန္လာၾကရတာဆိုေတာ့ တစ္
ညလုံး မအိပ္ၾကရဘူးေလ၊ဒီေတာ့ႏွစ္ေယာက္
သား အိပ္ေပ်ာ္ၾကေတာ့တာေပါ့ကြယ္။ က်ဳပ္
နဲ႕ ေအာင္ၫြန့္ အိပ္ေနၾကတာက ႐ြာဦးေက်ာင္း
ဆရာေတာ္ရဲ႕ ေက်ာင္းဝိုင္းႀကီးထဲက ဥယ်ာဥ္
ႀကီးထဲမွာေလကြယ္၊ သရက္ပင္အုပ္အုပ္ႀကီး
ေတြ ေအာက္မွာ ဝါးေၾကာဖ်ာၾကမ္း တစ္ခ်ပ္
ခင္းၿပီး ဆရာတပည့္ႏွစ္ေယာက္ အိပ္ေပ်ာ္ေန
ၾကတာ ႐ြာထဲကို ဂ်ပန္စစ္တပ္ ဝင္လာတာ
လည္း က်ဳပ္တို႔ မသိလိုက္ဘူး၊ ႐ြာဦးေက်ာင္း
ကို ဂ်ပန္စစ္သားေတြ ဝိုင္းထားတာလည္း
က်ဳပ္တို႔ မသိဘူးကြဲ႕၊ ဂ်ပန္က က်ဳပ္တို႔ႏွစ္
ေယာက္သတင္းကို အတိအက်ကိဳ ရထား
တာကလားကြယ္”

“ဟင္ဘယ္လိုလူကမ်ား ဂ်ပန္ကို သတင္း
ေပးပါလိမ့္ဗ်ာ၊ ဘိုးတို႔လို တိုင္းျပည္အတြက္
အသက္ေပးၿပီး အလုပ္,လုပ္ေနရတဲ့ သူေတြ
ကိုေတာင္ မသိၾကေတာ့တာလားဗ်ာ”

က်ဳပ္က အားမလိုအားမရ ျဖစ္ၿပီး စကားျဖတ္
ေျပာလိုက္မိတာဗ်။ ဘိုးထြန္းႂကြယ္က ေခါင္း
ေလးတဆတ္ဆတ္ညိတ္ၿပီး ေျပာတယ္ဗ်။

“ေမာင္တာေတရယ္၊ ဂ်ပန္အလိုေတာ္ေတြ
က ေငြေပးၿပီး ႐ြာေတြထဲမွာ ေတာ္လွန္ေရး
ရဲေဘာ္ေတြ ရွိ/မရွိ စုံစမ္းၾကတာေလကြယ္၊
ဒီမွာတင္ ေငြမ်ားမ်ားလိုခ်င္တဲ့သူက သတင္း
ေပးေတာ့တာေပါ့ေလ။ က်ဳပ္တို႔ႏွစ္ေယာက္
ကို စစ္ဖိနပ္နဲ႕ ခပ္ျပင္းျပင္း ကန္ႏွိုးလိုက္လို႔
က်ဳပ္နဲ႕ ေအာင္ၫြန့္ ဝုန္းကနဲ ထထိုင္လိုက္
ၾကတာ ႏွစ္ေယာက္သားၿပိဳင္တူပဲကြဲ႕၊ဒါေပ
မဲ့ က်ဳပ္တို႔ႏွစ္ေယာက္ သိပ္ေနာက္က်သြား
ၿပီ ေမာင္တာေတေရ၊

ဂ်ပန္စစ္သားဆယ္ေယာက္ေလာက္က
က်ဳပ္တို႔ႏွစ္ေယာက္ကို ရိုင္ဖယ္ေသနတ္
ေတြနဲ႕ ခ်ိန္ထားၾကၿပီေလ။ မ်က္မွန္ဝိုင္းဝိုင္း
ေလး တပ္ထားတဲ့ ဂ်ပန္ဗိုလ္က သူ႕ခါးမွာ
ခ်ိတ္ထားတဲ့ ဓါးရွည္ကို ဓါးရိုးေပၚ လက္
တင္ၿပီး က်ဳပ္တို႔ကို ေသေသခ်ာခ်ာ ၾကည့္
ေနတယ္ကြဲ႕၊ဂ်ပန္ဗိုလ္ရဲ႕ မ်က္ႏွာကို က်ဳပ္
ေသေသခ်ာခ်ာ ၾကည့္လိုက္မိတယ္၊ ေတာ္
ေတာ္ကို ရက္စက္မယ့္ပုံပဲကြယ္။ လူတစ္
ေယာက္ကို ရက္ရက္စက္စက္သတ္ဖို႔ နည္း
နည္းမွကို လက္တြန့္မယ္လူ မဟုတ္ဘူးကြဲ႕၊
က်ဳပ္ကို ၾကည့္ေနလိုက္တာမ်ား ခ်က္ခ်င္းကို
ဓါးနဲ႕ခုတ္ေတာ့မယ့္ပုံပဲ ေမာင္တာေတေရ”

‘မာစတာ ေမးေနတယ္ ေကာင္းေကာင္း
ေျဖပါ၊ မင္းတို႔ ဗမာတပ္မေတာ္က စစ္သား
ေတြမို႔လားတဲ့”

ဂ်ပန္စစ္သားျပန္က က်ဳပ္ကို ေမးတယ္၊က်ဳပ္က
ဒီေကာင့္မ်က္ႏွာကိုၾကည့္ၿပီး ေတာ္ေတာ္ကို႐ြံ႕သြား
မိတာကြဲ႕၊ ဒီေကာင္က ဒီေလာက္ရွားပါးဆင္းရဲေန
တဲ့ေခတ္မွာ ရွပ္အကၤ်ီအေကာင္းစားကို အေပၚက
ပိုးတိုက္ပုံအနက္ ထပ္ဝတ္လို႔ေလ ခါးက ပုဆိုးက
လည္း ပေလကပ္အေကာင္းစားကြဲ႕၊ ေငြရရင္ ဘာ
မဆို လုပ္မယ္ဆိုတဲ့ ႐ုပ္မ်ိဳးေပါ့ကြယ္၊ က်ဳပ္ စဥ္း
စားလိုက္တယ္ေလ၊ ဗမာစစ္သား မဟုတ္ပါဘူး
လို႔ေျပာလည္း ရိုက္ပုတ္စစ္ေဆးၿပီး ေနာက္ဆုံး
သတ္ပစ္မွာပဲဗ်။

က်ဳပ္တို႔ ပုန္းခိုေနတဲ့ေနရာကိုေတာင္ ဆိုက္
ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္ေအာင္လာနိုင္ေသး
တာပဲဗ်ာ၊ က်ဳပ္တို႔သတင္းကိုလည္း ေသေသ
ခ်ာခ်ာ သိၿပီးေရာေပါ့။ ဒါေပမဲ့ က်ဳပ္ေတြးမိတာ
က ေသနတ္ေတြကြဲ႕။ က်ဳပ္နဲ႕ ေအာင္ၫြန့္ေသ
နတ္ေတြကို ဒီ႐ြာအေနာက္က သခၤ်ိဳင္းကုန္းထဲ
မွာ ဝွက္ထားၾကတာ၊ က်ဳပ္တို႔ ဗမာစစ္သားပါ
လို႔ ဝန္ခံလိုက္ရင္ ဒီေကာင္ေတြက က်ဳပ္တို႔ကို
တန္းသတ္မွာ မဟုတ္ေသးဘူးကြဲ႕။

လက္နက္ေတြ ဘယ္မွာဝွက္ထားတုံးဆိုတာ
ကို မေပၚမခ်င္း စစ္ဦးမွာပဲ၊ ၿပီးရင္ က်ဳပ္တို႔ရဲ႕
ပင္မတပ္ရင္းက ဘယ္ဟာလဲဆိုတာ ေပၚ
ေအာင္ စစ္ဦးမွာပဲ၊

တပ္မွာ လူအင္အား ဘယ္ေလာက္ရွိတုံး၊
လက္နက္အင္အား ဘယ္ေလာက္ရွိတုံး။
ဘယ္ေနရာမွာ အခုတပ္စြဲထားတုံးဆိုတာ
ေတြကို မေပၚ ေပၚေအာင္ကို ထပ္စစ္မွာ
ေသခ်ာတယ္။ က်ဳပ္တို႔က လုံးဝမေဖာ္ရင္
ျဖစ္ေစ၊ ေဖာ္လိုက္ရင္ျဖစ္ေစ ဘယ္ကိုပဲ
ျဖစ္ျဖစ္ ေနာက္ဆုံးေတာ့ ထုံးစံအတိုင္း
ေခါင္းျဖတ္သတ္မွာပဲေလကြယ္၊ ဒီေတာ့
က်ဳပ္က စကားျပန္ကို ေလခ်ိဳေသြးရေတာ့
တာေပါ့ကြယ္။

‘ဒီမွာ ငါ့ညီ၊ မင္း႐ုပ္ရည္ကို ၾကည့္ရတာ
စိတ္ဓါတ္အဆင့္အတန္းျမင့္တဲ့ လူတစ္
ေယာက္ဆိုတာ အစ္ကို သိပါတယ္။ အ
ကိုတို႔ႏွစ္ေယာက္ဟာ စစ္သားေတြ မ
ဟုတ္ရပါဘူး ငါ့ညီရယ္ ေတာင္သူေတြ
ပါ။ အိမ္မွာ ႏြားလိုအပ္ေနလို႔ ႏြားေကာင္း
ေကာင္း တစ္ရွဥ္းဝယ္ဖို႔ ထြက္လာတာပါ
မင္းရဲ႕ မာစတာကို ေျပာေပးပါကြာ”

“ဟား ဟား ဟား မင္း လိမ္မေနနဲ႕ ထြန္းႂကြယ္၊
မင္းက ထြန္းႂကြယ္၊ဒီေကာင္က ေအာင္ၫြန့္
ဆိုတာ ငါ သိသလို မာစတာလည္း သိေနတယ္”

က်ဳပ္ ေတာ္ေတာ္ကို အံ့ၾသသြားတာဗ်ာ။
က်ဳပ္တို႔ကို ဘယ္လိုမ်ား သိသြားတာတုံး
ဆိုတာ က်ဳပ္ျဖင့္ မေတြးတတ္ေတာ့ပါဘူး
ကြာ။ ဂ်ပန္စစ္ဗိုလ္က စကားျပန္ေကာင္
ကို ဂ်ပန္လို ေျပာလိုက္တယ္။ တစ္ခုခုကို
ေမးလိုက္တာလို႔ က်ဳပ္ထင္တယ္၊ စကား
ျပန္ေကာင္က ဂ်ပန္စစ္ဗိုလ္ကို ရိုရိုက်ိဳးက်ိဳး
အမူအရာနဲ႕ ဂ်ပန္လို႔ ေျပာလိုက္တယ္။

‘ေဖာင္း’

ဂ်ပန္စစ္ဗိုလ္က ခ်က္ခ်င္း က်ဳပ္မ်က္ႏွာကို
စစ္ဖိနပ္နဲ႕ ေဆာင့္ကန္ပစ္လိုက္တယ္။က်ဳပ္
လည္း ေနာက္ကို လန္က်သြားတာေပါ့ကြယ္၊
ဂ်ပန္စစ္ဗိုလ္က အသံနက္ႀကီးနဲ႕ က်ဳပ္ကို
ေအာ္ေျပာတယ္၊ ဘာေတြ ေျပာမွန္းေတာ့
က်ဳပ္ မသိဘူးကြဲ႕။

‘ထြန္းႂကြယ္ မာစတာက မင္းကို လူလိမ္လို႔
ေျပာေနတာ၊ ဂ်ပန္မာစတာေတြက သူခိုးတို႔
လူလိမ္တို႔ဆိုရင္ သိပ္မုန္းၾကတာကြ၊ မင္းဒို႔
ႏွစ္ေယာက္ရဲ႕ ဘဝကေတာ့ ဒီမွာတင္ အဆုံး
သတ္သြားၿပီ ထြန္းႂကြယ္။ ေအးေလ၊ မင္းတို႔
ကလည္း မိုက္လုံးႀကီးၾကတာကိုး၊ ဂ်ပန္လို
လက္နက္အင္အား လူအင္အား ျပည့္စုံတဲ့
စစ္တပ္ႀကီးကို မီးက်ိဳးေမာင္းပ်က္ ေသနတ္
ေလာက္ရွိတဲ့ ဗမာတပ္က ဘယ့္ႏွယ္ေတာ္
လွန္လို႔ရမွာတုံးကြာ၊ အင္း မင္းတို႔ေလာက္
မိုက္တဲ့လူေတြကေတာ့ ရွိမွာမဟုတ္ပါဘူး
ေလ’

က်ဳပ္မ်က္လုံးေတြ မီးဝင္းဝင္းထေတာက္သြား
ေရာေပါ့ကြယ္။ က်ဳပ္ ဘယ္လိုက ဘယ္လိုလုပ္
လိုက္မွန္းေတာင္ မသိေတာ့ပါဘူးကြယ္။

‘ခြပ္’ ‘ခြပ္’ ‘ခြပ္’

က်ဳပ္ စကားျပန္ရဲ႕ မ်က္ႏွာကို လက္သီးနဲ႕ တရ
စပ္ထိုးမိေတာ့တာပဲ ေမာင္တာေတရာ။ စကား
ျပန္ေကာင္ရဲ႕ ပါးစပ္ထဲက ေသြးေတြ စီးက်လာ
တဲ့အခ်ိန္မွာ ‘ဒုတ္’ဆိုတဲ့ အသံတစ္ခ်က္ ၾကား
လိုက္ရၿပီး က်ဳပ္မ်က္လုံးထဲမွာ မီးေတြ ပြင့္သြား
ေရာေဟ့။ က်ဳပ္လည္း ဒူးေထာက္ရက္ က်သြား
တယ္။ ေနာက္က ဂ်ပန္စစ္သားက က်ဳပ္ကို
ေသနတ္ဒင္နဲ႕ ေဆာင့္လိုက္တာေလကြယ္။

‘ေဟး’

ဂ်ပန္ဗိုလ္ရဲ႕ ေအာ္သံႀကီး ထြက္လာၿပီး ဂ်ပန္
လို အမိန့္ေပးသံႀကီး ေပၚလာတယ္၊ ခဏေန
ေတာ့ က်ဳပ္နဲ႕ ေအာင္ၫြန့္ ႏွစ္ေယာက္စလုံး
ကို လက္ျပန္ႀကိဳးေတြ တုပ္ၿပီးသား ျဖစ္သြား
ေတာ့တာေပါ့ကြယ္။ရိုင္ဖယ္ေသနတ္ေတြ
ကိုင္ထားတဲ့ ဂ်ပန္စစ္သားေတြက က်ဳပ္တို႔ႏွစ္
ေယာက္ကိုညွပ္ၿပီး ႐ြာထဲကေန ေခၚထုတ္လာ
ၾကတယ္။ ဂ်ပန္စစ္တပ္က ေတာထဲကျဖတ္ၿပီး
ေရာက္လာတာဆိုတာေတာ့ က်ဳပ္တို႔ေတြသ
တင္း လုံးဝမရခဲ့ၾကဘူး။ ႐ြာေတြနဲ႕ လွမ္းတဲ့
ေတာင္ေျခက ေတာထဲမွာ ဒီေကာင္ေတြ စ
ခန္းခ်ထားတာကြဲ႕၊ သူတို႔စခန္းကို ေရာက္
တာနဲ႕ က်ဳပ္နဲ႕ ေအာင္ၫြန့္ကို သစ္ပင္တစ္
ပင္စီမွာ ႀကိဳးနဲ႕ မလႈပ္နိုင္ေအာင္ တုပ္လိုက္
ၾကတယ္။ အဲဒီ အခ်ိန္က စၿပီး ေလာကငရဲ
ကို ခံစားရေတာ့တာေပါ့ကြယ္။

ဂ်ပန္စစ္ဗိုလ္က က်ဳပ္ကို ထိုးႀကိတ္ကန္ေက်ာက္
ၿပီး က်ဳပ္တို႔ရဲ႕တပ္ဘယ္မွာတုံး၊က်ဳပ္တို႔ႏွစ္ေယာက္
ရဲ႕ လက္နက္ေတြ ဘယ္မွာဝွက္ထားတုံးဆိုၿပီး ေမး
ေတာ့တာေပါ့။ က်ဳပ္ကလည္း က်ဳပ္တို႔ႏွစ္ေယာက္
ဟာ တပ္ကရိကၡာဝယ္ခိုင္းလို႔လာဝယ္တဲ့အေၾကာင္း၊
အခုအခ်ိန္မွာ တပ္က ခရီးဆက္သြားလို႔ အဆက္
ျပတ္သြားတဲ့အေၾကာင္း၊ ဂ်ပန္တပ္ႀကီးေနာက္က
လိုက္လာလို႔ သူတို႔လည္း က်ဳပ္တို႔ကို မေစာင့္ဘဲ
အျမန္ထြက္သြားၾကလို႔ က်ဳပ္တို႔နဲ႕ အဆက္ျပတ္
သြားရတဲ့အေၾကာင္းေတြ စကားျပန္က တစ္ဆင့္
ေျပာျပတယ္။

ဒါေပမဲ့ ဒီစကားျပန္က က်ဳပ္လက္သီးနဲ႕ ထိုးထား
တဲ့ စကားျပန္ မဟုတ္လို႔ ေတာ္ေသးတာေပါ့ကြယ္
က်ဳပ္တို႔ကို စစ္ေဆးတဲ့ေနရာက စကားျပန္က တ
ျခားတစ္ေယာက္ကြဲ႕၊ ဒီေကာင္ကေတာ့ မ်က္ႏွာ
ေတာ္ေတာ္ေလး တည္ၾကည္တယ္၊ က်ဳပ္ေျပာသ
မွ်ကို အမွန္အတိုင္း ေျပာျပပုံရတယ္၊ဒါေပမဲ့ ဂ်ပန္
ဗိုလ္က ဘယ္ယုံပါ့မလဲကြယ္၊ က်ဳပ္နဲ႕ ေအာင္ၫြန့္
ကို တစ္ညလုံး ႏွိပ္စက္ေတာ့တာပါပဲ ေမာင္တာ
ေတရယ္။

ရဲေဘာ္ေအာင္ၫြန့္ ဆိုတဲ့ေကာင္ကလည္း
သတၱိရွိတဲ့ ေနရာမွာေတာ့ က်ဳပ္ထက္ မပိုရင္
သာ ရွိရမယ္၊ က်ဳပ္ထက္ေတာ့ မေလ်ာ့တာ
ေသခ်ာတယ္ကြဲ႕၊ေအာင္ၫြန့္ကလည္း က်ဳပ္
ေျပာတဲ့အတိုင္း ေျပာတာပဲကြဲ႕၊ က်ဳပ္ကလည္း
က်ဳပ္ကိုစစ္တဲ့အခါမွာ ေအာင္ၫြန့္ ၾကားေအာင္
ခပ္က်ယ္က်ယ္ေလး ေျပာေပးရတာေပါ့ကြယ္။

ဒါကို ေအာင္ၫြန့္က ေသေသခ်ာခ်ာ နား
ေထာင္ၿပီးေတာ့ က်ဳပ္နဲ႕ ထြက္ဆိုခ်က္ခ်င္း
တစ္လုံးမက်န္တူေအာင္ ေျပာေတာ့တာေပါ့
ကြယ္။ ဒါကို စကားျပန္က ရိပ္မိေပမယ့္ ဘာ
မွ မဟန့္တားဘူးကြဲ႕၊ ဒီေတာ့ က်ဳပ္နဲ႕ ေအာင္
ၫြန့္ေျပာတာ တစ္ထပ္တည္းက်ေနေတာ့
တာေပါ့ကြယ္။

ဒါကို စကားျပန္က ရိပ္မိေပမယ့္ ဘာမွမဟန့္
တားဘူးကြဲ႕၊ ဒီေတာ့က်ဳပ္နဲ႕ ေအာင္ၫြန့္ေျပာ
တာ တစ္ထပ္တည္းက်ေနေတာ့တာေပါ့ကြယ္၊
ေနာက္ေန႕ ေရာက္ေတာ့ ဘယ္႐ြာက လူေတြ
ေခၚလာတယ္ မသိပါဘူးကြယ္။ ဒီလူေတြက
ေပါက္တူးေတြနဲ႕ ေရာက္လာၾကတာေဟ့၊ ဒီ
ကတည္းက က်ဳပ္ေရာ ေအာင္ၫြန့္ေရာ သိ
လိုက္ၾကတာကြဲ႕၊က်ဳပ္တို႔ကိုေခါင္းျဖတ္ေတာ့
မွာ ေသခ်ာၿပီေပါ့ကြယ္၊ က်င္းတူးမယ့္ လူစုကို
ဂ်ပန္စစ္သားနဲ႕ စကားျပန္က ေခၚသြားတယ္
ဘယ္မွာသြားၿပီး တူးတယ္လို႔ေတာ့ မသိဘူးကြဲ႕။

အဲဒီေန႕တစ္ေန႕လုံးေတာ့ က်ဳပ္တို႔ႏွစ္ေယာက္
ကို ထပ္ၿပီး မစစ္ေတာ့ဘူးေဟ့၊ အစာနည္းနည္း
ေကြၽးတယ္၊ ေရတိုက္တယ္။ ညေနေစာင္းေတာ့
စကားျပန္ ေရာက္လာၿပီး က်ဳပ္ကို ေျပာတယ္။

“ခင္ဗ်ားတို႔ကို ေနာက္ဆုံး အခြင့္အေရးေပး
မယ္လို႔ စစ္ဗိုလ္ကေျပာတယ္၊ခင္ဗ်ားတို႔ တပ္
စခန္းေနရာကို အမွန္အတိုင္းေျပာရင္ ဒီည ခင္
ဗ်ားတို႔ကို မသတ္ေတာ့ဘူးတဲ့”

သူတို႔ကို ေတာ္လွန္ေနတဲ့ ဗမာစစ္သားကို
မိမွေတာ့ မသတ္ဘူးဆိုတဲ့ ဂ်ပန္ ရွိပါ့မလား
ေမာင္တာေတရယ္၊ ဒီေတာ့ က်ဳပ္က စကား
ျပန္ကို တိုတိုပဲ ေျပာလိုက္တယ္။

‘မင္းစစ္ဗိုလ္ကို သြားေျပာလိုက္ပါ၊ က်ဳပ္တို႔မွာ
ဘာမွ ေျပာစရာ မရွိဘူး၊ ႀကိဳက္တဲ့အခ်ိန္ သတ္
လိုကႅို႔ ‘

စကားျပန္လည္း က်ဳပ္စကားကို ၾကားေတာ့
ခ်ာကနဲ လွည့္ထြက္သြားတယ္။ ေနာက္ထပ္
ေတာ့ ဘယ္သူမွ ထပ္မလာဘူးကြဲ႕၊ ညမိုးခ်ဳပ္
စေရာက္ေတာ့ က်ဳပ္နဲ႕ ေအာင္ၫြန့္ကို ထမင္း
ေကြၽးတယ္။ စကားျပန္က က်ဳပ္တို႔ကို ႀကိဳက္
သေလာက္ စားနိုင္တယ္၊ ဒါေနာက္ဆုံး ညစာ
ပဲလို႔ ေျပာတယ္ေဟ့။က်ဳပ္နဲ႕ ေအာင္ၫြန့္လည္း
တစ္ဝစားၾကေတာ့တာေပါ့ကြာ။

‘ေအာင္ၫြန့္ေရ၊ တစ္ဝသာ စားကြာ၊ ေသ
လည္း ဝဝလင္လင္ စားေသာက္ၿပီးမွ ေသ
ၾကတာေပါ့ကြာ’

လို႔ က်ဳပ္က ေျပာေတာ့ ေအာင္ၫြန့္က တ
ဟားဟားနဲ႕ ရယ္တယ္ကြ။ ေအာင္ၫြန့္ဆိုတဲ့
ေကာင္ကေတာ့နည္းနည္းမွကိုေၾကာက္ေသြး
ပါပုံမရဘူး ေမာင္တာေတေရ၊ က်ဳပ္တို႔ႏွစ္
ေယာက္ ထမင္းစားေသာက္ၿပီး သိပ္မၾကာ
ဘူးကြဲ႕၊ ဂ်ပန္စစ္သားေတြ ေရာက္လာၿပီး
က်ဳပ္တို႔ကို လက္ျပန္ႀကိဳးေတြ ျပန္တုပ္ၾက
တယ္၊ ေစာေစာက က်ဳပ္တို႔ ထမင္းစားဖို႔
ႀကိဳးျဖည္ေပးတာေလကြယ္

ႀကိဳးတုပ္ၿပီးတာနဲ႕ ဂ်ပန္စစ္သားေတြကလက္ဟန္
ေျခဟန္ျပၿပီး က်ဳပ္တို႔ႏွစ္ေယာက္ကို သြားခိုင္းတယ္။ ဒီေကာင္ေတြ စုစုေပါင္းငါးေယာက္ကြ၊ရိုင္ဖယ္ေသ
နတ္ႀကီးေတြနဲ႕က သုံးေယာက္၊ႏွစ္ေယာက္ကေတာ့
လက္ခ်ည္းပဲ၊ ရိုင္ဖယ္ကိုင္ထားတဲ့ ဂ်ပန္စစ္သား
တစ္ေယာက္က ေရွ႕ကဦးေဆာင္ၿပီး ေခၚသြားတယ္

အဲဒီအေကာင့္ရဲ႕ေနာက္က က်ဳပ္၊ က်ဳပ္ေနာက္က
ေအာင္ၫြန့္၊ ေအာင္ၫြန့္ေနာက္မွာ လက္နက္မပါ
တဲ့ ဂ်ပန္ႏွစ္ေယာက္၊ အဲဒီေကာင္ႏွစ္ေကာင္ရဲ႕
ေနာက္ကမွ ရိုင္ဖယ္ႀကီးေတြ ကိုင္ထားတဲ့ ဂ်ပန္
စစ္သား ႏွစ္ေယာက္။ က်ဳပ္တို႔ႏွစ္ေယာက္ကို
သတ္ဖို႔ တူးထားတဲ့က်င္းေတြက ဂ်ပန္ေတြ စ
ခန္းခ်တဲ့ ေတာအုပ္ကေလးနဲ႕ဆိုရင္ ေတာ္ေတာ္
လွမ္းေသးတာကြဲ႕၊ အဲဒီေနရာမွာ သခၤ်ိဳင္းကုန္း
ေလးတစ္ခု ရွိတယ္။

ဒီအနီးအနား႐ြာေလးေတြက လူေသရင္ ဒီသခၤ်ိဳင္း
ကုန္းေလးမွာ လာၿပီးသျဂၤိုဟ္ၾကပုံပဲ၊ ဂ်ပန္တစ္
ေယာက္က က်ဳပ္ကို ထိုင္ခိုင္းတယ္။ ေအာင္ၫြန့္
ကိုေတာ့ ေျမာက္ဘက္က က်င္းႏႈတ္ခမ္းမွာ ဒူး
ေထာက္ခိုင္းထားတယ္။ ဘယ္ေလာက္သတၱိ
ေကာင္းေကာင္း ဒီလိုအခ်ိန္မွာေတာ့ မေၾကာက္
တဲ့လူ ရွိမွာ မဟုတ္ပါဘူး ေမာင္တာေတရယ္။

‘ေအာင္ၫြန့္ ဘာမွမေတြးနဲ႕၊ ဘုရားကိုပဲ
အာ႐ုံယူထား’

‘ဟုတ္ကဲ့ ဆရာ၊ ဒါေပမဲ့ က်ဳပ္မေသခ်င္ေသး
ဘူးဗ်၊ ဒီဂ်ပန္ေကာင္ေတြကို က်ဳပ္လက္နဲ႕
သတ္ခ်င္ေသးတာပဗ်ာ’

‘ရဲေဘာ္ေအာင္ၫြန့္၊ ဒါေတြ ေတြးမေနနဲ႕ေတာ့၊
ဘုရားကိုပဲ အာ႐ုံျပဳထား’

‘ဟုတ္ကဲ့ပါ ဆရာ’

က်ဳပ္ ခပ္လွမ္းလွမ္းကို ၾကည့္လိုက္ေတာ့ ထ
ေနာင္းပင္ႀကီးေတြေအာက္မွာက်င္းတူးေပးတဲ့
႐ြာသားေတြထိုင္ၿပီး က်ဳပ္တို႔ကို ၾကည့္ေနၾက
တယ္ကြဲ႕၊ ဒီေတာ့မွ က်ဳပ္ေတြးမိတယ္။က်ဳပ္
တို႔ကို သတ္ၿပီးရင္ က်င္းကို ေျမျပန္ဖို႔ဖို႔ ေခၚ
ထားတာကိုး ေမာင္တာေတရဲ႕၊ခဏေနေတာ့
ေနဝင္သြားၿပီကြဲ႕၊ အိပ္တန္းတက္ဖို႔ ေရာက္
လာတဲ့ငွက္ေတြရဲ႕အသံေတြက သခၤ်ိဳင္းကုန္း
ေလးကို ဖုံးသြားတယ္။ ခပ္ေဝးေဝး ႐ြာေလး
ေတြဆီက ေခြးေဟာင္သံကို က်ဳပ္ၾကားေန
ရတယ္။ ဒီေနရာနဲ႕ အနီးဆုံး႐ြာဆိုတာ ေခြး
တစ္ေကာင္ေတာ့ ေဝးေသးတာပဲလို႔ က်ဳပ္
ေတြးလိုက္မိတယ္။ တျဖည္းျဖည္း မိုးခ်ဳပ္
လာတာေပါ့ကြယ္။ဒီမွာတင္ က်ဳပ္ဘုရားကို
အာ႐ုံျပဳၿပီး သစၥာဆိုလိုတယ္။

‘သစၥာေလးပါး ျမတ္တရားကို ပိုင္းျခားပိုင္ပိုင္
သိျမင္ေတာ္မူနိုင္ပါေသာ သေဗၺၫုတဥာဏ္
ေတာ္ႀကီးကို ရရွိေတာ္မူသည့္ ျမတ္စြာဘုရား
ရွင္ကိုယ္ေတာ္ဘုရားဘုရားတပည့္ေတာ္
ထြန္းႂကြယ္ ေကာင္းမႈ မေကာင္းမႈကို ခြဲျခား
သိခဲ့သည့္အခ်ိန္မွစၿပီး မေကာင္းမႈ မွန္သမွ်
ေရွာင္ၾကဥ္ခဲ့ပါတယ္ အရွင္ဘုရား။ ဘုရား
တပည့္ေတာ္သည္ စစ္တပ္ထဲ ဝင္ခဲ့သည့္ေန႕
မွစၿပီး တိုင္းျပည္နဲ႕ လူမ်ိဳး၊ လြတ္လပ္ေရးရဖို႔
အတြက္သာ စိတ္အာ႐ုံမွာ အခ်ိန္ျပည့္ရွိခဲ့သူ
ပါဘုရား၊ မိမိကိုယ္က်ိဳးအတြက္ ဘာတစ္ခုမွ
ရယူျခင္း၊ ေဆာင္႐ြက္ျခင္း မျပဳခဲ့ပါဘုရား၊

ဤမွန္ေသာ သစၥာစကားေၾကာင့္ ဘုရားတပည့္
ေတာ္ ထြန္းႂကြယ္နဲ႕ ရဲေဘာ္ေအာင္ၫြန့္တို႔အား
ကယ္တင္မည့္သူ ေပၚလာပါေစဘုရား၊ ဘုရား
တပည့္ေတာ္တို႔ႏွစ္ေယာက္ ယခုရင္ဆိုင္ေနရ
သည့္ အသက္ေဘးမွ လြတ္ေျမာက္ရပါလို၏
အရွင္ဘုရား၊ ဘုရားတပည့္ေတာ္ ျပဳခဲ့ဖူးသည့္
ေကာင္းမႈမွန္သမွ်ကိုလည္း ဤေနရာကို ပိုင္
ဆိုင္ၾကသည့္ ေတာေစာင့္နတ္၊ ေတာင္ေစာင့္
နတ္၊ ႐ြာေစာင့္နတ္၊ သခၤ်ိဳင္းေစာင့္ပုဂၢိုလ္ပါမ
က်န္ အမွ်ေပးေပပါသည္။ အားလုံး အမွ် အမွ်
အမွ် ‘

က်ဳပ္က အာ႐ုံကို ၿငိမ္ထားၿပီး သက္ရွိထင္ရွား ဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးအေရွ႕မွာကို သစၥာ
ျပဳေလွ်ာက္ထားသလို ေလွ်ာက္ထားလိုက္တာကြဲ႕
ေမာင္တာေတရဲ႕၊ က်ဳပ္သစၥာဆိုလို႔လည္းၿပီးေရာ
ေမွာင္ထဲက ထြက္လာတဲ့ ေခြးအူသံႀကီးကို ၾကား
ရေတာ့တာပါပဲကြယ္။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး ၊ ဝူး”

ဆိုတဲ့ အသံႀကီးဟာ တစ္မ်ိဳးႀကီးပဲကြ၊ အသံမွ
အႀကီးႀကီးပဲေဟ့၊ က်ဳပ္စိတ္ထင္ေတာ့ အဲဒီေခြး
ႀကီးအူတဲ့အသံဟာ လိုဏ္သံႀကီးေတာင္ ပါေန
တာကြဲ႕ ေမာင္တာေတရဲ႕၊ က်ဳပ္လည္း ေခြးအူ
သံၾကားတဲ့ဆီကို လိုက္ၾကည့္တာပဲေဟ့၊ တ
ျဖည္းျဖည္းနဲ႕ အသံက နီးသထက္ နီးလာၿပီး
ေနာက္ဆုံးေတာ့ သခၤ်ိဳင္းကုန္းက အုတ္ဂူေလး
ေတြၾကားမွာ ဘြားကနဲ ေပၚလာတာေဟ့၊ ေခြး
နက္ႀကီးဗ်ာ၊ နည္းတဲ့အေကာင္ႀကီး မဟုတ္ဘူး
ကြဲ႕၊ က်ဳပ္စိတ္ထင္ ေျပာရရင္ေတာ့ ႏြားမဒန္း
တစ္ေကာင္ေလာက္ ရွိလိမ့္မယ္။

က်ဳပ္ ဂ်ပန္ေတြကို လွမ္းၾကည့္ေတာ့ ဒီေကာင္
ေတြလည္း ေခြးအူသံႀကီးၾကားၿပီး ဟိုၾကည့္ဒီ
ၾကည့္ လုပ္ေနၾကတာကြဲ႕၊ ဂ်ပန္စစ္သားတစ္
ေယာက္ဆိုရင္ သူ႕လက္ထဲက ရိုင္ဖယ္ေသ
နတ္ႀကီးနဲ႕ ေခြးအူသံၾကားတဲ့ဘက္ကို ခ်ိန္ထား
တာ ေတြ႕ရတယ္ကြ၊ဒါေပမဲ့ ဒီေကာင္ေတြ ေခြး
နက္ႀကီးကို ျမင္ပုံမရဘူး ေမာင္တာေတရဲ႕။

ဒီေတာ့မွ က်ဳပ္ေတြးမိတာကြဲ႕၊ ေသခါနီးလူဆိုတာ ကံအနိမ့္ဆုံးအခ်ိန္ကိုေရာက္ေနတာမို႔လား၊ အခု
က်ဳပ္ကလည္း ေသခါနီးလူတစ္ေယာက္ေလ၊ ဒါ
ေၾကာင့္ နာနာဘာဝေခြးႀကီးကို ျမင္ရတာ ျဖစ္မယ္
လို႔ က်ဳပ္ေတြးလိုက္မိတယ္။ ဒါဆိုရင္ေတာ့ က်ဳပ္
ေသရေတာ့မွာပဲလို႔လည္း ဆက္ေတြးလိုက္မိတာ
ေပါ့ကြယ္။ ခပ္လွမ္းလွမ္းက ႐ြာသားေတြကလည္း
ေခြးအူသံႀကီးကို ၾကားၾကရပုံပဲကြဲ႕၊ဒီလူေတြလည္း
ေၾကာက္ေၾကာက္လန့္လန့္ ျဖစ္ေနပုံပဲ။

‘ဝူး၊ ဝူး၊ ဝူး၊ ဝူး’

ေခြးနက္ႀကီးက သူ႕ေခါင္းႀကီးကို အေပၚေမာ့ၿပီး
အူေနလိုက္တာ အသံနက္ႀကီးကလည္း လိုဏ္
သံကို ပါေနတာေဟ့၊

‘ေဟာ ဂ်ပန္စစ္ဗိုလ္ လာၿပီေဟ့’

ခပ္လွမ္းလွမ္းက ထေနာင္းကုန္းပင္ေတြေအာက္
မွာ ထိုင္ေနတဲ့ ႐ြာသားတစ္ေယာက္ေျပာသံကို
ၾကားလိုက္ရတယ္၊ ၿပီးေတာ့ ဒီေကာင္ေတြ ထိုင္
ေနရာက မတ္တတ္ထရပ္လိုက္ၾကတယ္ကြဲ႕။
က်ဳပ္လည္း လွမ္းၾကည့္လိုက္တယ္၊ ခပ္သုတ္
သုတ္ ေလွ်ာက္လာေနတဲ့ လူတစ္စုကို လွမ္း
ျမင္ေနရတယ္၊ သူတို႔လက္ထဲမွာ မီးအိမ္ႏွစ္
လုံး ထြန္းၿပီး ကိုင္လာတာကိုလည္း က်ဳပ္ေတြ႕
လိုက္ရတယ္။ တျဖည္းျဖည္း နီးနီးလာၿပီး လူ
လုံးကြဲလာတယ္။ ဂ်ပန္စစ္ဗိုလ္က ဓါးရွည္ႀကီး
တစ္ေခ်ာင္းကို လက္မွာ က်စ္က်စ္ပါေအာင္
ဆုပ္ကိုင္ၿပီး ေဒါသတႀကီး ေလွ်ာက္လာေန
တာေဟ့၊

သူ႕ေဘးမွာ မီးအိမ္တစ္လုံးစီ ကိုင္ထားတဲ့ ဂ်ပန္
စစ္သားႏွစ္ေယာက္နဲ႕ ရိုင္ဖယ္ကိုင္ထားတဲ့ ဂ်ပန္
စစ္သားႏွစ္ေယာက္၊ ၿပီးေတာ့ က်ဳပ္တို႔ကို ႏွစ္
ရက္လုံးလုံး စစ္ေဆးေပးခဲ့တဲ့ ဂ်ပန္စကားျပန္
ဗမာေကာင္ပါ ပါလာတယ္။ က်ဳပ္တို႔နားကို
ေရာက္ေတာ့ စကားျပန္ေကာင္က က်ဳပ္ကို
ေျပာတယ္ကြဲ႕၊

‘ထြန္းႂကြယ္နဲ႕ ေအာင္ၫြန့္ မင္းတို႔သတင္းကို
မင္းတို႔ ခိုေအာင္းေနတဲ့႐ြာက လူတစ္ေယာက္
က အတိအက်ေပးခဲ့လို႔ ဂ်ပန္တပ္က သိထား
ၿပီးသားပါ။ အခု ဂ်ပန္စစ္ဗိုလ္က ေနာက္ဆုံး
အေနနဲ႕ ေျပာခိုင္းတယ္၊ မင္းတို႔ရဲ႕ ပင္မတပ္
စခန္းခ်ထားတဲ့ ေနရာကို မင္းတို႔ကိုယ္တိုင္
လိုက္ျပရင္ အသက္ခ်မ္းသာေပးမယ္တဲ့။
ဒါေပမဲ့ ကိုယ္တိုင္ေတာ့ လိုက္ျပရမွာေနာ္
ထြန္းႂကြယ္’

‘ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး’

စကားျပန္ေကာင္ရဲ႕ စကားမဆုံးခင္ဘဲ ေခြး
နက္ႀကီးက ထၿပီးအူလိုက္တယ္ေဟ့၊ ဂ်ပန္
စကားျပန္ေရာ စစ္ဗိုလ္ေရာ အားလုံး လန့္
သြားၾကတယ္။ က်ဳပ္ျမင္ေနရတဲ့ ေခြးနက္
ႀကီးက အုတ္ဂူႀကီးႀကီးတစ္လုံးေပၚကို လႊား
ကနဲ ခုန္တက္လိုက္တယ္ကြဲ႕

‘ဟာ ဟိုမွာ ေခြးနက္ႀကီး၊ေခြးနက္ႀကီး၊နည္းတဲ့
အေကာင္ႀကီးမဟုတ္ဘူးကြ၊ ဒါ သရဲေခြးႀကီးထင္
တယ္၊ ေဟ့ေကာင္ေတြ ငါတို႔ ေျပးမွထင္တယ္’

‘ေျပးရင္ နင့္ပေထြးေတြက ေသနတ္နဲ႕ပစ္မွာေပါ့
ငတုံးရဲ႕’

က်င္းတူးတဲ့ေကာင္ေတြဆီက ထြက္လာတဲ့
အသံေတြကြဲ႕ ေမာင္တာေတရဲ႕။ ဒီေခြးနက္
ႀကီးကို က်ဳပ္ကေတာ့ ျမင္ေနတာၾကာၿပီေပါ့
ကြယ္။ခုမွ တျခားလူေတြ ျမင္ၾကတာျဖစ္မယ္
ကြဲ႕၊ဂ်ပန္စကားျပန္ကို က်ဳပ္ၾကည့္လိုက္ေတာ့
ဂူေပၚမွာမားမားႀကီးရပ္ေနတဲ့ေခြးႀကီးကိုၾကည့္
ၿပီး ၾကက္ေသ ေသေနေရာေဟ့။ ဂ်ပန္စစ္သား
ေတြေရာ ဂ်ပန္စစ္ဗိုလ္ေရာ ေခြးနက္ႀကီးကို
ေကာင္းေကာင္းျမင္သြားၾကၿပီေဟ့။

ခဏေနေတာ့ ဂ်ပန္စစ္ဗိုလ္က လုပ္စရာ
ကိစၥကို ျမန္ျမန္ၿပီးေအာင္ လုပ္မွပဲလို႔ ေတြး
ပုံရတယ္ကြဲ႕၊ သူလူေတြကို ဂ်ပန္လို အမိန့္
ေပးလိုက္တယ္။ ဂ်ပန္စစ္သားေတြက က်ဳပ္
တို႔ေဘးမွာဝိုင္းၿပီးေနရာယူလိုက္ၾကတယ္။ဂ်
ပန္စစ္ဗိုလ္ကေအာင္ၫြန့္ဘက္ကို ေလွ်ာက္
သြားတယ္ကြဲ႕။ ေအာင္ၫြန့္ကို အရင္သတ္
မွာေပါ့ေလ။ က်ဳပ္က ေခါင္းငုံ႕ထားရင္းနဲ႕
ေအာင္ၫြန့္ကို ေစာင္းၾကည့္ေနလိုက္တယ္။
မီးအိမ္ျပတဲ့ ဂ်ပန္က မီးအိမ္ကို ျမႇောက္ျပ
ထားတယ္။ မီးေရာင္က ေအာင္ၫြန့္တစ္
ကိုယ္လုံးေပၚကို က်ေနတယ္။ ၿပီးေတာ့
ေအာင္ၫြန့္ေရွ႕မွာ ေျမက်င္းေပၚမွ လင္း
ေနတယ္

‘ခြၽမ္’

ဂ်ပန္စစ္ဗိုလ္က သူ႕ဓါးရွည္ႀကီးကို ခြၽမ္ကနဲ
ဆြဲထုတ္လိုက္တယ္။

‘ဂီး ဂီး ဂီး ဂီး ဂရား’

ဂူေပၚမွာ မားမားႀကီးရပ္ေနတဲ့ ေခြးနက္ႀကီး
ဆီက အူတဲ့ အသံထြက္မလာေတာ့ဘဲ မာန္
ဖီတဲ့ အသံႀကီး ထြက္လာတယ္။ ဂ်ပန္စစ္
သားေတြက အလန့္တၾကားနဲ႕ ေခြးနက္ႀကီး
ကို လွမ္းၾကည့္တယ္။ ဂ်ပန္စစ္ဗိုလ္ကေတာ့
ဘာကိုမွ မၾကည့္ေတာ့ဘဲ သူ႕လက္ထဲမွာ
က်စ္က်စ္ပါေအာင္ ဆုပ္ထားတဲ့ ဓါးရွည္ႀကီး
ကို ျဖည္းျဖည္းခ်င္း ျမႇောက္လိုက္တယ္။မီး
ေရာင္ေအာက္မွာ ဂ်ပန္စစ္ဗိုလ္ရဲ႕ မ်က္မွန္
က အေရာင္တလက္လက္ ျဖစ္ေနတယ္။
ဒီအခ်ိန္ေလးမွာပဲ

‘ဟား ဟား ဟား ဟား ဟား မဖဲဝါတဲ့ေဟ့၊
သခၤ်ိဳင္းပိုင္ မဖဲဝါ ဆိုတာ ငါဟဲ့၊ ငါ ငါ ‘

က်ဳပ္ျဖင့္ အဲဒီအသံႀကီး ၾကားလိုက္တာ ၾကက္
သီးေတြ ဖ်န္းကနဲ ထသြားလိုက္တာ ေမာင္တာ
ေတရယ္၊ေျပာလိုက္တာေတာ့ ေအာင္ၫြန့္ ေျပာ
လိုက္တာပဲ၊ ဒါေပမဲ့ အသံက ေအာင္ၫြန့္အသံ
မဟုတ္ဘဲ မိန္းမအသံႀကီး ျဖစ္ေနတာကြ။

‘ဂီး၊ ဂီး၊ ဂီး၊ ဂရား၊ ဂီး’

ေခြးနက္ႀကီးကလည္း မာန္ဖီ၊ မဖဲဝါရဲ႕ ႀကဳံး
ဝါးသံႀကီးကလည္း ဟိန္းထြက္ေနတာကြဲ႕။
က်ဳပ္ ၾကည့္လိုက္ေတာ့

ဟာ ေအာင္ၫြန့္ မဟုတ္ေတာ့ဘူးေဟ့။ ေအာင္
ၫြန့္ေနရာမွာ ထဘီရင္လ်ားနဲ႕ ဆံပင္ဖားလ်ား
ႀကီး ခ်ထားတဲ့ မဖဲဝါႀကီး ျဖစ္ေနပါေရာလား။အ
ရပ္ႀကီးကလည္း ေတာ္ေတာ္ရွည္တာကြဲ႕၊ မ်က္
လုံးႀကီးေတြကလည္း ရဲေတာက္ေနတာေဟ့။
ေအာင္ၫြန့္ကို တုပ္တဲ့ လက္ျပန္ႀကိဳးက သူ႕
ကို တုပ္လို႔။

‘ဟား ဟား ဟား ဟား ခုတ္လိုက္ေလ၊ ခုတ္
လိုက္၊ ဟား ဟား ဟား ဟား ‘

ဂ်ပန္ဗိုလ္ကို မ်က္လုံးနီနီႀကီးနဲ႕ ေမာ့ၾကည့္
တယ္။ ဂ်ပန္ဗိုလ္လည္း ဓါးႀကီးျမႇောက္ရက္
နဲ႕ အသားေတြ တဆတ္ဆတ္တုန္ေနတာေဟ့။

‘ေထာင္း’ ‘ဟား ဟား ဟား ဟား’

ဟာ မဖဲဝါလက္မွာ ခ်ည္ထားတဲ့ လက္ျပန္ႀကိဳး
ႀကီး ေထာင္းကနဲ ျပတ္ထြက္သြားေရာေဟ့။ မ
ဖဲဝါက ဆံပင္ဖားလ်ားႀကီးနဲ႕ ဆတ္ကနဲ မတ္
တတ္ထရပ္လိုက္တယ္။ ဂ်ပန္စစ္ဗိုလ္လည္း
ခ်ာကနဲ လွည့္ေျပးေတာ့တာပဲ ေမာင္တာေတ
ေရ၊စစ္ဗိုလ္လည္းေျပးေရာ စစ္သားေတြလည္း
ေျပးေတာ့တာေပါ့ကြာ။ဂ်ပန္ေတြ ေျပးတာလည္း
ေတြ႕ေရာ ေစာေစာကတည္းက ေျပးခ်င္ေနတဲ့
က်င္းတူးတဲ့လူေတြလည္း ေျပးေတာ့တာေပါ့ကြာ

‘ဂီး၊ ဂီး၊ ဂီး၊ ဂီး၊ ဂရား’

ေခြးနက္ႀကီးက ဂူေပၚကေန လႊားကနဲခုန္ၿပီး ဂ်ပန္
ေတြ ေနာက္ကို လိုက္ေရာေဟ့၊ ရိုင္ဖယ္ကိုင္ထား
တဲ့ ဂ်ပန္စစ္သားေတြက သူတို႔ေသနတ္ေတြကို
ေမာင္းထိုးၿပီး ေခြးနက္ႀကီးကို ပစ္တဲ့လူကပစ္၊
မဖဲဝါကို ပစ္တဲ့လူက ပစ္ၾကေရာေဟ့။

‘ေခ်ာက္’ ‘ေခ်ာက္’ ‘ေခ်ာက္’

ဟာ က်ဳပ္ျဖင့္ အံ့ၾသလိုက္တာ ေမာင္တာေတရယ္။
ဂ်ပန္ေတြရဲ႕ ေသနတ္ေတြ တစ္လက္မွ က်ည္မထြက္
ဘူးကြဲ႕။ ‘ေခ်ာက္ကနဲ’ပဲ ျမည္ကုန္တာ။ဒီမွာတင္ ဂ်ပန္
ေတြလည္း လွည့္မၾကည့္ေတာ့ဘဲ ေျပးေတာ့တာေဟ့။

‘ဂီး၊ ဂီး၊ ဂီး၊ ဂီး၊ ဂီး’

‘ဟား ဟား ဟား ဟား ဟား’

ေခြးနက္ႀကီးရဲ႕ မာန္ဖီသံရယ္၊ မဖဲဝါႀကီး တဟား
ဟားနဲ႕ ေအာ္ရယ္တဲ့ အသံရယ္က အေမွာက္ထု
ႀကီးကို လႊမ္းသြားေရာေဟ့။ ေခြးေျပး ဝက္ေျပး
ေျပးေနတဲ့ ဂ်ပန္ေတြကို လိုက္ၾကည့္ေနရာကေန
မဖဲဝါကို က်ဳပ္ လွည့္ၾကည့္လိုက္ေတာ့ ဟာ
မဖဲဝါ မဟုတ္ေတာ့ဘူး ေမာင္တာေတေရ။ေအာင္
ၫြန့္ ၊ ေအာင္ၫြန့္ က်င္းစပ္မွာ ငူငူႀကီး ရပ္ေန
တယ္။ ေခြးနက္ႀကီးလည္း ေပ်ာက္သြားၿပီကြဲ႕၊
ဒီေတာ့မွ သတိလစ္သလို ျဖစ္ေနတဲ့ ေအာင္
ၫြန့္ကို က်ဳပ္ပခုံးနဲ႕တိုက္ၿပီး သတိေပးရတာ
ေပါ့ကြယ္။ က်ဳပ္က လက္ျပန္ႀကိဳးတုပ္လ်က္
ႀကီးေလ။ ေအာင္ၫြန့္ကေတာ့ ႀကိဳးမရွိေတာ့
ဘူးကြဲ႕။

‘ေအာင္ၫြန့္၊ ေအာင္ၫြန့္၊ ရဲေဘာ္ေအာင္ၫြန့္’

‘ဗ်ာ၊ ဆရာ’

ဒီေတာ့မွ ေအာင္ၫြန့္ သတိရတာလာေဟ့၊
သတိရတာနဲ႕ က်ဳပ္လက္က ႀကိဳးကို ကပ်ာ
ကယာ ျဖည္ေပးတယ္။

‘ဆရာ ဘာေတြ ျဖစ္ကုန္တာတုံး’

ေအာင္ၫြန့္က ဘာမွမသိလိုက္ဘူးကြဲ႕၊ ဘာ
ေတြ ျဖစ္သြားတယ္ဆိုတာ က်ဳပ္ပဲ ျမင္လိုက္
ရတာေလ။

‘ေအာင္ၫြန့္ ဒီအေၾကာင္းေတြ ေနာက္မွေျပာျပ
မယ္၊ လာ လာ ၊ ျမန္ျမန္ေျပးၾကစို႔ ‘

က်ဳပ္တို႔ ဆရာတပည့္ႏွစ္ေယာက္လည္း ၾကယ္
ေရာင္ေလးကို အားျပဳၿပီး သုတ္ေျခတင္ၿပီး ေျပး
ၾကရေတာ့တာေပါ့ကြယ္၊ အရင္ခိုေအာင္းေနတဲ့
႐ြာမွာ ေနလို႔မျဖစ္ေတာ့ဘူးေလကြယ္၊ ဒါနဲ႕ က်ဳပ္
တို႔ ဝွက္ထားတဲ့ လက္နက္ေတြ ယူၿပီး ညတြင္း
ခ်င္း က်ဳပ္တို႔ရဲ႕တပ္ လွ်ို႔ဝွက္စခန္းခ်တဲ့ေနရာ
ကို အေရာက္သြားခဲ့ရတာေပါ့ ေမာင္တာေတ
ရယ္။ ေနာက္ေတာ့ က်ဳပ္ၾကားတာက က်ဳပ္တို႔
ကို ဖမ္းၿပီးသတ္ဖို႔လုပ္တဲ့ ဂ်ပန္တပ္ခြဲလည္း ည
တြင္းခ်င္း ေျပာင္းေျပးသြားတယ္တဲ့ေဟ့၊ဒီေကာင္
ေတြလည္း မဖဲဝါရဲ႕ ေခြးနက္ႀကီးကို ေတာ္ေတာ္
ေၾကာက္သြားၾကပုံပဲေဟ့”

“ဟာဘိုးရယ္၊ က်ဳပ္ျဖင့္ ဘိုးႀကဳံေတြ႕ရတာကို
စိတ္ဝင္စားလိုက္တာဗ်ာ၊ ဘိုးအစား ေၾကာက္
လိုက္တာလည္း မေျပာပါနဲ႕ေတာ့ဗ်ာ”

“ေအးကြယ္၊ အသက္တစ္ရာ မေနရ၊ အမႈတစ္
ရာ ေတြ႕ရ ဆိုသလိုေပါ့ ေမာင္တာေတရယ္။
ေနာက္ေတာ့ ဘိုးေရာ ေအာင္ၫြန့္ေရာ ဂ်ပန္
ေတာ္လွန္ေရးမွာ ဆက္ၿပီးပါၾကရတာေပါ့ေလ။

ေအာင္ၫြန့္ကေတာ့ သူေျပာခဲ့တဲ့အတိုင္းပါပဲ
ကြယ္၊ဂ်ပန္ေတာ္လွန္ေရးမွာ ဂ်ပန္ေတြကို ႐ြပ္
႐ြပ္ခြၽံခြၽံကို တိုက္ေတာ့တာပဲေဟ့၊ ေအာင္ၫြန့္
မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကိုယ္တိုင္ ခ်ီးျမႇင့္တဲ့
ဂုဏ္ျပဳမွတ္တမ္းစာ႐ြက္ေတာင္ ရွိသကြဲ႕။ သူ
ေရာ က်ဳပ္ေရာ အသက္ ေျခာက္ဆယ္ျပည့္မွ
တပ္ထဲကပင္စင္ယူခဲ့ၾကတာ။က်ဳပ္ေရာေအာင္
ၫြန့္ေရာ တပ္ထဲမွာ ဗိုလ္ႀကီးအဆင့္ေတြ ျဖစ္
ခဲ့ၾကတာေပါ့ကြယ္။က်ဳပ္ကဗိုလ္ႀကီးထြန္းႂကြယ္၊
သူက ဗိုလ္ႀကီး ေအာင္ၫြန့္ေပါ့။

“ေနပါဦး ဘိုးရဲ႕၊ ဘိုးနဲ႕ မဖဲဝါနဲ႕ ေနာက္ထပ္
ဆုံၾကေသးလား”

က်ဳပ္က ဘိုးထြန္းႂကြယ္ကို ေမးၾကည့္တာဗ်။
ဘိုးထြန္းႂကြယ္က ေခါင္းေလးကို ခါလိုက္ၿပီးမွ

“မဆုံေတာ့ပါဘူး ေမာင္တာေတ၊ ဒါေပမဲ့ က်ဳပ္
က မဖဲဝါကို မၾကာ မၾကာ သတိရပါတယ္ကြယ္။
မဖဲဝါက က်ဳပ္ရဲ႕ အသက္ကို ကယ္ခဲ့တဲ့ ေက်း
ဇူးရွင္မႀကီးေလကြယ္”

“ဟုတ္ပါတယ္ ဘိုးရယ္၊ နို႔ ေနပါဦး ဘိုးရဲ႕၊
ဘိုး အခု က်ဳပ္ဆီကို လာတဲ့အေၾကာင္းက
ဘယ္လိုမ်ား”

က်ဳပ္စကားမဆုံးခင္မွာပဲ ဘိုးထြန္းႂကြယ္က
က်ဳပ္ကို လက္ကာျပတယ္ဗ်။

“ဒီလို ေမာင္တာေတရဲ႕၊ ဘိုး ကေလာမွာ ေတာင္
ဘက္ဝိုင္းက ေမာင္စုနဲ႕ေတြ႕ေတာ့ ေမာင္တာေတ
နဲ႕ မဖဲဝါ အဆက္အသြယ္ရွိတဲ့အေၾကာင္း ၾကား
လိုက္ရတယ္၊ ေမာင္တာေတက မဖဲဝါကို ပင့္လို႔
ရတဲ့အေၾကာင္းလည္း ဘိုး သိလိုက္ရတယ္။ဒီမွာ
တင္ ဘိုးစိတ္ထဲမွာ ဆႏၵတစ္ခု ျပင္းျပင္ျပျပ ျဖစ္
လာေတာ့ပါပဲကြယ္”

“ဗ်ာ၊ ဘယ္လိုဆႏၵတုံး ဘိုးရဲ႕”

“ဒီလို ေမာင္တာေတရယ္၊ ဘိုးက အသက္လည္း
ခုႏွစ္ဆယ္နီးလာၿပီေလကြယ္၊ ဘိုး မေသခင္မွာ
ဘိုးအသက္ကိုကယ္ခဲ့တဲ့မဖဲဝါကို တစ္ခါေလာက္
ေတြ႕ခ်င္တယ္၊ ၿပီးေတာ့ သူ႕ကို ဘိုးပါးစပ္က
ကိုယ္တိုင္ကိုယ္က် ေက်းဇူးတင္စကား ေျပာခ်င္
တယ္ကြယ္၊ အဲဒီလို ေျပာလိုက္ရရင္ ဘိုး ဒီဘဝ
အတြက္ ေသေပ်ာ္ပါၿပီကြယ္”

“ေၾသာ္ဒီလိုကိုး၊ ျဖစ္ပါတယ္ ဘိုးရဲ႕၊ က်ဳပ္
ကူညီပါ့မယ္၊ ဒါနဲ႕ ဘိုးေအာင္ၫြန့္ကို ဘာလို႔
ေခၚမလာတာတုံး ဘိုးရဲ႕”

“ဟာ ေအာင္ၫြန့္ မရွိေတာ့ဘူး ေမာင္တာ
ေတရဲ႕၊ လြန္ခဲ့တဲ့ ငါးႏွစ္က ေအာင္ၫြန့္ ဆုံး
သြားၿပီ၊ ရန္ကုန္မွာ ဆုံးတာကြဲ႕၊ ဘိုးေတာင္
သူ႕အသုဘကို လိုက္ပို႔လိုက္ပါေသးတယ္။
ဟာ ေအာင္ၫြန့္သာ ရွိလို႔ကေတာ့ ဒီကိစၥမ်ိဳးကို
မလိုက္ဘဲ ဘယ္ရွိပါ့မတုံးကြယ္၊ ေသခ်ာေပါက္
ကို လိုက္မွာကြဲ႕”

ေစာေစာက ၿငိမ္ၿပီးနားေထာင္ေနတဲ့ ခ်စ္ညိုရဲ႕
အဘ ဦးစိန္ညို က်ဳပ္ကို ဖ်က္ကနဲ လွည့္ၾကည့္
တယ္ဗ်။

“ေမာင္တာေတ၊ မင္း ဘာလိုတုံး၊ မဖဲဝါကို
ေကြၽးဖို႔ေမြးဖို႔ လိုသမွ် ဘိုး ေပးမယ္”

ဘိုးစိန္ညို ေျပာတာကို ၾကားေတာ့ ဘိုးထြန္း
ႂကြယ္က လက္ကာျပတယ္။

“ေနပါဦး ငါ့ညီရာ၊ အစ္ကိုႂကြယ္ ေျပာပါရေစ၊
အစ္ကိုက မဖဲဝါႀကီးကို အသက္သခင္ ေက်း
ဇူးရွင္မႀကီးအျဖစ္နဲ႕ အစ္ကို မေသခင္ လာၿပီး
ေတြ႕တာပါကြာ၊ အစ္ကိုရဲ႕ ေက်းဇူးရွင္မႀကီး
ကို အစ္ကိုႂကြယ္ပဲ ေကြၽးေမြးပါရေစ ညီေလး
ရယ္”

ဘိုးစိန္ညိုက ဘာမွမေျပာေတာ့ဘဲ ေခါင္းေလး
ပဲ ညိတ္ျပလိုက္တယ္ဗ်။ ဘိုးထြန္းႂကြယ္ ေျပာ
တာလည္း ဟုတ္ေနတာပဲေလဗ်ာ။

“တာေတ အေတာ္ပဲကြ၊ မနက္ျဖန္ မနက္ဆို
ရင္ အမဲသားရမယ္၊ ေခ်ာ္တြင္းကုန္းက ကိုလူ
ဝႀကီးတို႔ အမဲေပးမယ္ေျပာတယ္၊ငါ မနက္ေစာ
ေစာ လွည္းေကာက္ၿပီး သြားဝယ္လိုက္မယ္၊
ဘယ္ေလာက္ဝယ္ရမယ္သာေျပာ”

ဘိုးထြန္းႂကြယ္က က်ဳပ္ကို ဖ်တ္ကနဲ လွမ္း
ၾကည့္ၿပီး ေျပာတယ္ဗ်။

“ေမာင္တာေတ ေျပာသာေျပာ၊ ဘိုးကို အား
မနာနဲ႕၊ ဘိုးမွာ မဖဲဝါကို ေကြၽးခ်င္ေမြးခ်င္ ေက်း
ဇူးဆပ္ခ်င္လို႔ လာခဲ့တာကြဲ႕”

“ဘိုးေရ၊ မဖဲဝါကို အမဲသား ႏွစ္ပိႆာနဲ႕ ဆန္
တစ္ခြက္ခ်က္ေကြၽးရတယ္ ဘိုးရဲ႕၊ သုံးပိႆာ
ဆိုရင္ မဖဲဝါက သူ႕ေခြးနက္ေက်ာ္ႀကီးကိုပါ
ခ်ေကြၽးေရာဗ်”

“ေဟဟုတ္သားပဲ ေမာင္တာေတရယ္၊
ဘိုး အဲဒီေခြးနက္ႀကီးကို ေမ့ေနတာကြယ္၊
အဲဒီေကာင္ႀကီး ေက်းဇူးလည္း ရွိပါေပတယ္
ေမာင္တာေတရယ္၊ အဲဒီတုန္းက ဒီေကာင္
ႀကီးကို ဂ်ပန္ေတြ ေတာ္ေတာ္ကို ေၾကာက္
သြားတာကြဲ႕၊ ဒီေကာင္ႀကီး လိုက္ကိုက္တုန္း
က အသက္လုေျပးၾကတဲ့ ဂ်ပန္ေတြကို ဘိုး
မ်က္စိထဲမွာ ခုထက္ထိကို ျမင္ေနတုန္းပါ
ကြယ္၊ ဒီေကာင္ႀကီးကိုလည္း ေကြၽးေပးပါ
ေမာင္တာေတရယ္၊ ဒါေပမဲ့ သူ တို႔ကို ျမင္
ေအာင္ျပမွ ျမင္ရတယ္ေနာ္”

“ဟာဘိုး ဒီအတြက္ေတာ့ မပူနဲ႕ဗ်၊ က်ဳပ္
သူငယ္ခ်င္း တာေတက ျမင္ရတယ္ ဘိုးရဲ႕”

“ေဟဟုတ္လား ေမာင္တာေတ”

“ဒီအတိုင္းျမင္ရတာ မဟုတ္ဘူး ဘိုးရဲ႕၊က်ဳပ္မွာ
ဆရာႀကီးေတြ ခ်ီးျမႇင့္ထားတဲ့ မ်က္ကြင္းေဆး
ဆိုတာ ရွိတယ္၊ ၿပီးေတာ့ အဲဒီမ်က္ကြင္းေဆး
ကို ျပန္ၿပီး ဖ်က္တဲ့ ေဆးေတာင့္လည္း က်ဳပ္
ကို ေပးထားခဲ့တာ ဘိုးရဲ႕၊ အဲဒါေၾကာင့္ က်ဳပ္
က ျမင္ရတာပါ”

“ေဟဟုတ္လား၊ ဒါဆို ဟန္က်တာေပါ့ကြယ္၊
ေခြးနက္ႀကီးကို အမဲသား ဘယ္ေလာက္ေကြၽး
ျမာတုံး”

“အစိမ္းတစ္ပိႆာ ေကြၽးရင္ ရပါၿပီ ဘိုးရဲ႕”

“ေအး ေအး၊ ညက်ေတာ့ ငါ့တူ ေမာင္ခ်စ္ညို
ကို ဘိုးက လိုတဲ့ေငြ ေပးမကြဲ႕”

“ဟုတ္ကဲ့ပါ ဘိုးရဲ႕”

“ခ်စ္ညို အမဲသား ရလာရင္ ႏွစ္ပိႆာတြဲကို
မဖဲဝါအတြက္ ခ်က္ကြာ၊ တစ္ပိႆာတြဲကို ငွက္
ေပ်ာဖက္နဲ႕ ေသေသခ်ာခ်ာ ထုတ္ထားေနာ္၊
ေၾကာင္ေတြ ေခြးေတြ မစားေစနဲ႕ ၾကားလား”

“ေအး ေအး၊ စိတ္ခ် တာေတ၊ ငါ ေသေသခ်ာ
ခ်ာ လုပ္ထားမယ္၊မဖဲဝါအတြက္ ထမင္းက ဆန္
ဘယ္ေလာက္ခ်က္တုံး”

“တစ္ခြက္ခ်က္ေလကြာ”

“ေအး ဟုတ္ၿပီ၊ ဟုတ္ၿပီ၊ အဲဒါေတြအတြက္
ငါအားလုံးစီစဥ္ထားမယ္၊ မင္း ဘာမွစိတ္မပူနဲ႕
ေနာက္ထပ္ ဘာလိုေသးတုံး၊ နတ္ကေတာ္
တစ္ေယာက္ ေခၚထားရဦးမွာလား တာေတ”

“မလိုဘူး ခ်စ္ညို၊ ေခၚမထားနဲ႕၊ ငါ ဘိုးထြန္းႂကြယ္
ကို မ်က္ကြင္းေဆး ကြင္းေပးၿပီး အျမင္ျပမွာ၊ နား
ကိုလည္း လိမ္းေပးၿပီး ဒိဗၺေသာတမႏၱန္ ႐ြတ္ေပး
မွာ၊ ကိစၥၿပီးေတာ့မွ ဖ်က္ေဆးနဲ႕ ျပန္ဖ်က္ေပးမယ္”

“ေၾသာ္ ဒီလိုေဆးကြင္းေပးလို႔ ရသလားကြ
တာေတရ”

“ဟာ ခ်စ္ညိုကလည္း ဘိုးထြန္းႂကြယ္က
မဖဲဝါကို တစ္ခါျမင္ဖူးတယ္ေလကြာ၊ ဒါေၾကာင့္
ျပလို႔ရတာကြ၊ ၿပီးေတာ့ ဘိုး အေဝးႀကီးက လာ
ခဲ့ရတဲ့ဆႏၵ ျပည့္သြားေစခ်င္လို႔ပါ”

က်ဳပ္ေျပာတာကို ၾကားေတာ့ ဘိုးထြန္းႂကြယ္ခ
မ်ာ ဝမ္းသာအားရ ျဖစ္သြားေတာ့တာေပါ့ဗ်ာ။
အားလုံးစီစဥ္ၿပီးေတာ့ က်ဳပ္တစ္ေယာက္တည္း
ထေနာင္းကုန္းကို ျပန္လာခဲ့တယ္။

ေနာက္ေန႕ ညေနေစာင္းေတာ့ က်ဳပ္မီးေလာင္
ကုန္းကို ထြက္လာခဲ့တယ္။ခ်စ္ညိုတို႔အိမ္ကို
ေရာက္ေတာ့ ဘိုးစိန္ညိုတို႔ မိသားစုက က်ဳပ္
ကို ညစာ အတင္းေကြၽးေတာ့တာပဲဗ်ာ။က်ဳပ္
က စားၿပီးမွ လာတာပါဆိုလည္း မရဘူးဗ်။
ဒါနဲ႕ က်ဳပ္လည္း ခ်စ္ညိုနဲ႕ အတူတူ နည္းနည္း
ထပ္စားလိုက္ရေသးတယ္။ ညရွစ္နာရီေက်ာ္
ေတာ့ က်ဳပ္နဲ႕ ခ်စ္ညို ထမင္းေတာင္း ျပင္ၾက
တယ္။ နက္ေက်ာ္ႀကီးအတြက္ အမဲသားစိမ္း
ကို ေတာင္းေလးတစ္ေတာင္းနဲ႕ သပ္သပ္ထည့္
ရတာေပါ့ဗ်ာ။ အိမ္က မထြက္ခင္မွာ က်ဳပ္က
မ်က္ကြင္းေဆးေသြးၿပီးဘိုးထြန္းႂကြယ္ရဲ႕မ်က္
လုံးေတြကို ကြင္းေပးလိုက္တယ္။

ၿပီးေတာ့ နားႏွစ္ဖက္ကို လိမ္းေပးၿပီး ဒိဗၺေသာ
တမႏၱန္ကို ႐ြတ္ေပးလိုက္တယ္။ဒီေဆးက မ်က္
စိကို ကြင္းရင္ ဂါထာ႐ြတ္ဖို႔ မလိုေပမဲ့ နားကို
လိမ္းရင္ေတာ့ ဒိဗၺေသာတမႏၱန္ ႐ြတ္ၿပီး လိမ္း
ရတာဗ်။ ဘိုးထြန္းႂကြယ္ကို ေဆးကြင္းေပးၿပီး
ေတာ့ က်ဳပ္ကိုယ္က်ဳပ္လည္း ေဆးကြင္းလိုက္
တယ္။ ဘိုးစိန္ညိုပါ လိုက္တာဗ်။

က်ဳပ္နဲ႕ ခ်စ္ညိုက ေတာင္းတစ္ေတာင္းစီ ထမ္း
ၾကလို႔ေပါ့ဗ်ာ။ ဘိုးေတာ္ႀကီးႏွစ္ေယာက္က က်ဳပ္
တို႔ေနာက္က လိုက္လို႔ေပါ့။မီးေလာင္ကုန္းသခၤ်ိဳင္း
ထဲကိုေရာက္ေတာ့ ခပ္ႀကီးႀကီး ဂူတစ္လုံးကို ေ႐ြး
လိုက္တယ္။ေဒၚမယ္မ အသက္(၈၀)လို႔ ေရး
ထားတဲ့ဂူဗ်။ က်ဳပ္က မဖဲဝါအတြက္ ထမင္းဟင္း
ေတြ ထုတ္ယူလာတဲ့ ငွက္ေပ်ာဖက္ႀကီးကို ဂူေပၚ
မွာ ျဖန့္ခင္းလိုက္တယ္။ ၿပီးေတာ့ ဖေယာင္းတိုင္
တစ္တိုင္ မီးထြန္းၿပီး ေရဖလားနဲ႕ ေရတစ္ခြက္
ခ်ထားလိုက္တယ္။

က်ဳပ္ထမ္းလာတဲ့ ထမင္းေတာင္းထဲမွာ ပလတ္
စတစ္ဂါလံပုံးနဲ႕ ေရထည့္ၿပီး ေရဖလားတစ္လုံး
အၿမဲပါေနက်ေလဗ်ာ။ မဖဲဝါအတြက္ထမင္းပြဲ
ျပင္ထားတဲ့ ေဒၚမယ္မဂူေဘးမွာပဲ နက္ေက်ာ္
ႀကီးအတြက္ အမဲသားစိမ္းထုပ္ကိုလည္း ျဖည္
ၿပီး ခ်ထားလိုက္တယ္။

“ကဲဘိုးတို႔ေရ၊ က်ဳပ္ မဖဲဝါကို ပင့္ေတာ့မယ္ဗ်ိဳ႕”

“အား၊ အား၊ အား၊ ျဖန္း၊ ျဖန္း၊ ျဖန္း၊ ေဝါ”

ဟာ သခၤ်ိဳင္းကုန္းထဲက သစ္ပင္ႀကီးေတြမွာ
အိပ္တန္းတက္ေနတဲ့ က်ီးေတြ ထၿပီးၿပိဳတာ
ဗ်ိဳ႕။ ဒါကေတာ့ မဖဲဝါလာမယ့္ သေဘာပဲဗ်ိဳ႕။

” အေရွ႕ေနထြက္၊ အေနာက္ေနဝင္၊ ေတာင္
တံငါ့ကြန္၊ ေျမာက္ဓူဝံအတြင္း သခၤ်ိဳင္းရွင္မ
မဖဲဝါ ေရာက္ရာအရပ္က ၾကားသိပါေစ။ ထ
ေနာင္းကုန္းက က်ဳပ္တာေတက မဖဲဝါကိုပင့္
ဖိတ္ပါတယ္၊ စားပြဲေသာက္ပြဲနဲ႕လည္း ႀကိဳလို႔
ပါဗ်ာ၊ မဖဲဝါရဲ႕ တပည့္လက္သား နက္ေက်ာ္
ႀကီးနဲ႕တကြ အျမန္ႂကြခဲ့ပါေတာ့ သခၤ်ိဳင္းရွင္မ
ႀကီးဗ်ာ”

က်ဳပ္ပင့္ဖိတ္လို႔ စကားဆုံးတာနဲ႕

“ဝူး၊ ဝူး၊ ဝူး၊ ဝူး ၊ အီ၊ အီ၊ အီ”

မဖဲဝါရဲ႕ ေခြးႀကီး အူသံကို တန္းၾကားရေတာ့
တာပဲဗ်ိဳ႕။ ဘိုးထြန္းႂကြယ္က က်ဳပ္ကို ဆတ္
ကနဲ လွမ္းၾကည့္တယ္။ ဒီဗၺေသာတ ဖြင့္ထား
တာေလဗ်ာ။ ဘိုးထြန္းႂကြယ္ ၾကားၿပီေပါ့။ဘိုး
စိန္ညိုနဲ႕ ခ်စ္ညိုက ဘာမွမၾကားေတာ့ အုတ္
ဂူႀကီးကိုပဲ ၾကည့္ေနၾကတာဗ်ိဳ႕။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ၊ ဝူး”

မဖဲဝါရဲ႕ ေခြးႀကီး အူသံက တျဖည္းျဖည္း နီး
လာၿပီဗ်ိဳ႕။ က်ဳပ္က ဘိုးထြန္းႂကြယ္ကို ေခါင္း
ညိတ္ျပလိုက္တယ္။ ေဟာ လာၿပီဗ်ိဳ႕။ အရပ္
ႀကီး ဆယ္ေပေက်ာ္ေလာက္ရွိတဲ့ မဖဲဝါႀကီးက
သူ႕ရဲ႕နဂို႐ုပ္အတိုင္းပဲ ဂူေတြေပၚက ရွပ္ၿပီးေ႐ြ႕
လာတာဗ်ိဳ႕။ ဆံပင္ဖားလ်ား၊ ထဘီရင္လ်ား
ႀကီးနဲ႕ဗ်။ မ်က္လုံးႀကီးေတြက ရဲေတာက္ၿပီး
အၾကမ္းပန္းကန္လုံးေတြေလာက္ ရွိတာဗ်ိဳ႕။

က်ဳပ္ျမင္သလို ဘိုးထြန္းႂကြယ္လည္း ျမင္ရ
တာေပါ့ဗ်ာ။ ဘိုးထြန္းႂကြယ္က အံ့ၾသလြန္း
ပါးစပ္ေတာင္ ဟေနလို႔ဗ်။ ဒါေပမဲ့ လႊတ္
သတၱိေကာင္းတဲ့ ဘိုးေတာ္ႀကီးပါဗ်ာ၊

နည္းနည္းမွကို ေၾကာက္တဲ့ပုံ မေပၚဘူးဗ်။
မဖဲဝါက ဒူးေခါင္းႀကီးေတြ ေထာင္ၿပီး ထမင္း
ပုံနဲ႕ ဟင္းပုံႀကီးကို တန္းစားေတာ့တာပဲဗ်ာ။
သခၤ်ိဳင္းထဲက အစားအစာမွန္သမွ် မဖဲဝါ ပိုင္
တာပဲဗ်ာ။ စားၿပီးေပါ့။ ႏြားေပါက္တစ္ေကာင္
ေလာက္ရွိတဲ့ နက္ေက်ာ္ႀကီးကလည္း သူ႕အ
တြက္ ေကြၽးထားတဲ့ အမဲသားစိမ္းေတြကို
အားရပါးရစားေတာ့တာပဲဗ်ာ။ မဖဲဝါက နက္
ေက်ာ္ႀကီးကို တစ္ခ်က္လွမ္းၾကည့္ၿပီး ေခါင္း
ညိတ္တယ္ဗ်။

“ေမာင္တာေတ၊ က်ဳပ္ေတြ႕ခဲ့တဲ့ ေခြးနက္ႀကီး
က ဒီေကာင္ထက္ ႀကီးတယ္ကြဲ႕”

“မဟုတ္ဘူး ဘိုး၊ ဒီေကာင္ႀကီးပဲ၊ ရန္သူနဲ႕
ေတြ႕တဲ့ အခ်ိန္မွာ တိုက္ေတာ့ခိုက္ေတာ့
မယ္ဆိုရင္ ဒီေကာင္ႀကီးက ႏြားမဒန္းတစ္
ေကာင္ေလာက္ ႀကီးသြားတာ”

“ေၾသာ္ဒီလိုလား၊ ဘိုးျဖင့္ မဖဲဝါကိုေရာ
နက္ေက်ာ္ႀကီးကိုေရာ ခုလိုေကြၽးရတာ
စိတ္ထဲ ေက်နပ္လိုက္တာကြယ္၊ ဘိုးရဲ႕
အသက္ကို ကယ္ခဲ့တဲ့ ေက်းဇူးရွင္ေတြ
ပါကြယ္၊ ဒါေပမဲ့ ဘိုးေလ သူတို႔ကို ဒီဘ
ဝက ကြၽတ္ေစခ်င္လိုက္တာ ေမာင္တာ
ေတရယ္”

“ဟာ တာေတ၊ ထမင္းပုံႀကီး၊ ထမင္းပုံႀကီး၊
ဟာ အမဲသားဟင္းေတြေရာပဲ ကုန္သြားၿပီကြ၊
ဟိုအမဲသားအစိမ္းေတြလည္း မရွိေတာ့ဘူးကြ”

ခ်စ္ညိုက ေလသံတိုးတိုးေလးနဲ႕ က်ဳပ္ကို
ေျပာတယ္ဗ်။ သူတို႔က မဖဲဝါကိုေရာ ေခြး
နက္ႀကီးကိုပါ မေတြ႕ၾကရဘူးေလဗ်ာ။

“ဟုတ္တယ္ ခ်စ္ညို၊ ဘိုးထြန္းႂကြယ္ရဲ႕
ဆႏၵျပည့္ၿပီေပါ့ကြာ”

ေဟာ မဖဲဝါက စားလို႔ၿပီးကာနီးမွာ က်ဳပ္ကို
တစ္ခ်က္ လွမ္းၾကည့္တယ္။ က်ဳပ္က ခ်က္
ခ်င္းေျပာလိုက္တယ္။

“မဖဲဝါ၊ မဖဲဝါကို အခု အစားအေသာက္ေကြၽး
တာ ေဟာဒီက ဘိုးထြန္းႂကြယ္ ေကြၽးတာပါ။
က်ဳပ္က ဘိုးထြန္းႂကြယ္ကို မ်က္ကြင္းေဆး
ကြင္းေပးထားတယ္ မဖဲဝါ၊ သူ မဖဲဝါကို ေျပာ
စရာရွိစကားရွိလို႔ ရွမ္းျပည္ကေတာင္ ဆင္း
လာခဲ့တာပါ မဖဲဝါ၊ ခဏနားေထာင္ေပးပါ
သခၤ်ိဳင္းရွင္မႀကီးရယ္”

မဖဲဝါက ဘိုးထြန္းႂကြယ္ကို မ်က္လုံးနီႀကီး
ေတြနဲ႕ စိုက္ၾကည့္ေနတယ္။

“မဖဲဝါ၊ ဟိုလြန္ခဲ့တဲ့ ႏွစ္ေပါင္းသုံးဆယ္ေက်ာ္
က က်ဳပ္က ဂ်ပန္ေတာ္လွန္ေရး စစ္သားတစ္
ေယာက္ပါ၊ က်ဳပ္နဲ႕ က်ဳပ္တပည့္ ရဲေဘာ္ေအာင္
ၫြန့္ကို ဂ်ပန္ေတြက ျပည္ၿမိဳ႕နားက ႐ြာေလး
တစ္႐ြာမွာ ဖမ္းၿပီး သတ္ဖို႔လုပ္ခဲ့ၾကတယ္။သ
ခၤ်ိဳင္းထဲမွာ က်င္းတူးၿပီး သတ္ေတာ့မယ့္ဆဲဆဲ
မွာ မဖဲဝါနဲ႕ ေဟာဟိုက နက္ေက်ာ္ႀကီး ေရာက္
လာၿပီး က်ဳပ္တို႔ကို ကယ္ခဲ့လို႔ ဂ်ပန္ေတြ ထြက္
ေျပးသြားၿပီး က်ဳပ္နဲ႕ ေအာင္ၫြန့္ အသက္ေဘး
က လြတ္ခဲ့ၾကပါတယ္၊ ခုေတာ့ က်ဳပ္တပည့္
ေအာင္ၫြန့္လည္း ေသသြားပါၿပီ၊ မေသေသး
တဲ့ က်ဳပ္က အခုလို မဖဲဝါကို လာေတြ႕ၿပီး အ
သက္ကယ္ခဲ့တဲ့ မဖဲဝါကို ေက်းဇူးတင္တဲ့အ
ေၾကာင္း လာေျပာတာပါဗ်ာ။ မဖဲဝါ က်ဳပ္တို႔
အသက္ေတြကို ဂ်ပန္လက္ထဲက ကယ္ခဲ့တဲ့
အတြက္ က်ဳပ္ မဖဲဝါကို ေက်းဇူးအထူးတင္
ပါတယ္ဗ်ာ။ ဒီေက်းဇူးအတြက္ တစ္သက္လုံး
မဖဲဝါကို က်ဳပ္ အမွတ္ရေနခဲ့တာပါ”

“ဟား၊ ဟား၊ ဟား၊ ဟား ဟား”

မဖဲဝါက တဟားဟားနဲ႕ ရယ္ေတာ့တာပဲဗ်ာ
ၿပီးေတာ့ ဘိုးထြန္းႂကြယ္ကို ေသေသခ်ာခ်ာ
ၾကည့္ၿပီး ေခါင္းညိတ္တယ္။ၿပီးေတာ့ ထပ္
ရယ္ျပန္တယ္

“ဟား၊ ဟား၊ ဟား၊ ဟား”

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး”

ေဟာ နက္ေက်ာ္ႀကီးကပါ အူလို႔ဗ်ာ။မဖဲဝါက
က်ဳပ္ဘက္ကိုၾကည့္ၿပီး ေခါင္းညိတ္ျပတယ္။
သူ ဘိုးထြန္းႂကြယ္ ေျပာတာကို မွတ္မိတယ္
လို႔ ေျပာတာဗ်။

“ဘိုး မဖဲဝါက မွတ္မိသြားၿပီတဲ့ ”

“မဖဲဝါ၊ က်ဳပ္တစ္သက္လုံး ျပဳခဲ့သမွ် ေကာင္း
မႈ ကုသိုလ္ေတြကို မဖဲဝါအတြက္ အမွ်ေပးေဝ
ပါတယ္၊ မဖဲဝါ အမွ် အမွ် အမွ် သာဓုေခၚပါ
မဖဲဝါ ”

မဖဲဝါက သာဓုမေခၚဘူးဗ်။ ဒီအတိုင္း မ်က္
လုံးျပဴးႀကီးနဲ႕ပဲ ၾကည့္ေနတယ္။ ၿပီးတာနဲ႕
လွစ္ကနဲ ေပ်ာက္သြားေရာဗ်ိဳ႕။ က်ဳပ္လွမ္း
ၾကည့္လိုက္ေတာ့ ဂူေတြေပၚကေနေ႐ြ႕ၿပီး
ျပန္ထြက္သြားၿပီဗ်ိဳ႕။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး”

နက္ေက်ာ္ႀကီးလည္း သူ႕သခင္မ ေနာက္က
ေန ရိပ္ကနဲ ရိပ္ကနဲ ပါသြားေရာဗ်။

“ေမာင္တာေတ၊ ဘိုး အမွ်ေဝတာကို
မဖဲဝါက သာဓု မေခၚဘူးေနာ္”

“ဟုတ္တယ္ ဘိုး၊ မဖဲဝါ သာဓုမေခၚနိုင္ေသး
ဘူး ဘိုးရဲ႕”

က်ဳပ္ေျပာေတာ့ ဘိုးထြန္းႂကြယ္က စိတ္မ
ေကာင္းဘူးဗ်။

“ေမာင္တာေတရယ္၊ ဘိုး လိုအင္ဆႏၵေတာ့
ေမာင္တာေတကူညီလို႔ ျပည့္သြားပါၿပီကြယ္၊
ေနာက္တစ္ရက္ ႏွစ္ရက္ဆိုရင္ ဘိုးလည္း
ရွမ္းျပည္ကို ျပန္ေတာ့မယ္ကြယ္၊ ကေလာကို
ေရာက္ရင္ ဘိုးဆီကို ဝင္ျဖစ္ေအာင္ ဝင္ပါ
ေမာင္တာေတရယ္”

“ဟုတ္ကဲ့ပါ ဘိုး”
အဲဒီညက သက္ႀကီးေခါင္းခ် ၾကက္တြန္ေတာ့
မွ ထေနာင္းကုန္းကို က်ဳပ္ ျပန္ေရာက္ခဲ့တယ္ဗ်။

ၿပီးပါၿပီ။

စာဖတ္ပရိတ္သတ္မ်ားအားလုးပဲ စိတ္႐ႊင္လန္းပါေစခဗ်ာ

ဤဝတၱဳေလးအား ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share ေလးနဲ႕ အားေပးသြားပါအုံးဗ်ာ။

#တာေတ
#မဖဲဝါ
#ညမဖတ္ရ

Leave a Reply

Your email address will not be published. Required fields are marked *

Related Post



”အောင်မြတ်သာနှင့်သိုက်စောင့်ကျောက်ဖားညီနောင်”(စ/ဆုံး) အောင်မြတ်သာတို့ဆရာတပည့်တွေ ခရီးဆက်လာရင်း ထုံးကျောက်တောင်တွေ ထူထပ်စွာတည်ရှိနေတဲ့ ထုံးကျောက်ရွာဘက်ကို ရောက်လာခဲ့တယ်။ တောင်တွေက ရွာပတ်ပတ်လည်မှာနေရာယူထားတဲ့အတွက် ထုံးကျောက်ရွာက ဒယ်အိုးပုံစံလိုဖြစ်နေပြီး မိုးတွင်းကာလတွေဆိုရင် ရေကြီးမှုဒဏ်ကိုအမြဲတမ်းလိုလိုခံခဲ့ကြရတယ်။ ဒါကြောင့် ရွာမှာရှိတဲ့အိမ်တိုင်းအိမ်တိုင်းမှာ လက်လှော်လှေလေးတွေရှိတတ်ကြတယ်။ အောင်မြတ်သာတို့ရွာကိုရောက်တဲ့နေ့မှာပဲ တစ်ရွာလုံးလှုပ်လှုပ်ရှားရှားဖြစ်နေပြီး ပစ္စည်းတွေကိုသယ်ယူနေကြတာမြင်လိုက်ရတယ်။ လူတွေရဲ့မျက်နှာမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေပေါ်လွင်နေတဲ့အတွက် အောင်မြတ်သာက ဘာအရေးကိစ္စများဖြစ်လဲဆိုပြီး မေးဖို့အလုပ် ရွာအရှေ့ဘက် တောင်ကြောကနေ မိုးခြိမ်းသံလိုအသံတွေထွက်လာခဲ့တယ်။ ရွာခံလူတွေကလဲ အသံကြားတာနဲ့ ကြောက်လန့်ကာ

| | 0 Comments| 12:24 pm


“ဘင်ဂျို ဘစော ” { စ / ဆုံး } ~~~~~~~~~~~~~~~ မူရင်း _ တာတေ တာတေတို့ရွာတွေမှာ ဓလေ့ရှိတယ်ဗျ။ အလှူပဲလုပ်လုပ်၊ မင်္ဂလာဆောင်ပဲဖြစ် ဖြစ် အတီးလေး အမှုတ်ကလေးပါမှဗျ။ ဒါမှလည်း ပိုပြီးစည်ကားတာဗျို့။ ပြောရရင်တော့ ကျုပ်တို့အညာသူ အ ညာသားက အတီး၊ အမှုတ်၊ အကအ ခုန်ကို ဝါသနာလည်းထုံလို့