Author: admin



ငရဲဂူမှတစ္ဆေထောင် (စ/ဆုံး) ■■■■■■■■■■■■ မူရင်းရေးသူ _ဆရာတာတေ ဘယ်သူကယုံမှာတုန်းဗျာ။ကျူပ်ပြောလည်း ခင်ဗျားမယုံဘူး ခင်ဗျားပြောလဲကျူပ်ယုံမှာမဟုတ်ဘူး။ဒါပေမယ့် ဒါကတကယ်ဗျ။ တကယ်ကိုရှိတာ။အမှန်အတိုင်းပြောရင် ကျူပ်လည်း ဒီအကြောင်းကို ဘယ်တုန်းကမှ သိခဲ့တာမဟုတ်ဘူးဗျ။ ကျူပ်ကိုလဲကျူပ်ရဲ့ဆရာသမားတွေက ဒီအကြောင်းကို ဘယ်တုန်းကမှ ပြောခဲ့တာမဟုတ်ဘူးလေဗျာ။ဟုတ်တော့ လည်းဟုတ်တယ်ဗျ ။တာတေဆိုတဲ့ကျူပ်က ဆရာမှမဟုတ် တာ။စပ်စပ်စုစုလုပ်ချင်လို့သာဆရာတွေနောက် လျှောက်လိုက်နေတဲ့ကောင်လေဗျာ။ ဒီတော့လည်း ကျူပ်ကို ဆရာအစဉ်အဆက်လက်ဆင့်ကမ်းပြီး ပညာပေးသလိုတော့ ဘယ်သူမှပေးကြမှာမဟုတ်ဘူးလေဗျာ။ ကျုပ်အဲဒီကိုရောက်သွားခဲ့တဲ့အကြောင်းရဲ့အစက ဒီလိုဗျ။



အောင်မြတ်သာနှင့်ဘုံးကဘွေရွာ +++++++++++++++++++++++ အောင်မြတ်သာတို့ဆရာတပည့်တွေ အညာနွေရဲ့အပူဒဏ်ကိုအံတုရင်း ခရီးဆက်လာခဲ့တာ အတော်ခရီးပေါက်လာခဲ့ကြတယ်။ နေကလဲဝင်တော့မှာမို့ ညအိပ်တည်းခိုစရာနေရာကိုရှာဖွေရင်း ဘုံးကဘွေဆိုတဲ့ရွာလေးကိုရောက်လာခဲ့တယ်။ ရွာထဲကိုဝင်လိုက်တာနဲ့ အောင်မြတ်သာနှာခေါင်းထဲ ပုတ်အဲ့အဲ့အနံ့တစ်ခုကဝင်ရောက်လာခဲ့တယ်။ ရုတ်တရက်လမ်းလျောက်နေရင်း ရပ်လိုက်တဲ့ အောင်မြတ်သာကိုမြင်တော့ သက်ခိုင်က ” ဆရာ ဒီရွာကိုကြည့်ရတာ ပုံမှန်မဟုတ်ဘူး ရွာစည်းတွေလဲကျိုးနေတယ် ရွာထိပ်က နတ်နန်းမှာလဲ အစောင့်မရှိဘူး” ” ဟုတ်တယ် ဒါကြောင့် ထူးဆန်းနေတယ်လို့ခံစားမိတာ အခြေအနေကိုသိရအောင် ရွာထဲဝင်ကြည့်ရအောင်”



သရဲနောက်ပိုး(စ/ဆုံး) “သမီးရေ …စိုးစိုးမာ မပြီးသေးဘူးလား” “ပြီးပြီ…အဖေရေ၊ အားလုံးထည့်ပြီးမှ အမေမလိုက်ဖြစ်ဘူးဆိုလို့ အမေ့အတွက် ပြန်နှုတ်နေရလို့ပါ “ညည်းအမေက…ဘာကြောင့် မလိုက် ဖြစ်ရတာလဲ” “ဒီနေ့ …တော့်ရဲ့သား အငယ်ကောင် ကျောင်းအပ်ရမယ်။ မနေ့က လှတင်နဲ့ တွေ့လို့ သူနဲ့အတူ သွားမယ်လို့ မှာလိုက် တာ စောစောကမှ သတိရလို့ ” “ဖြစ်မှဖြစ်ရလေ…အေးဘုံရယ်၊ အခုမှ အသက်လေးဆယ်ကျော်ရုံ၊ ရှိသေးတယ်



အောင်မြတ်သာနှင့်မီးတောက်ဘပြုံး ++++++++++++++++++++++++++ အောင်မြတ်သာတို့ဆရာတပည့်တွေ ခုနှစ်ရက်သားသမီးတွေကို ဒုက္ခပေးနေတဲ့ ပညာရှင်တွေကိုနယ်တကာလှည့်ပြီးနှိမ်နင်းလာခဲ့တာ အခုဆို သစ်ပုတ်ပင်ဆိုတဲ့ရွာလေးက်ုရောက်လာခဲ့တယ်။ ” မင်းဆွေ မင်းလယ်တွေဒီနှစ်အထွက်မကောင်းဘူးဆို” ” ဟုတ်တယ်ကွာ ဒီနှစ်မှ ဘယ်လိုဖြစ်လဲမသိပါဘူး အရင်းတောင်ကျေပါ့မလားဆိုတာစိတ်ပူနေတာ” ” မင်းဒီနှစ်ထွန်ချတဲ့အချိန် ဘပြုံးကိုမပူဇော်ခဲ့ဘူးလို့ငါကြားတယ် အဲဒါဟုတ်လား” “အေးလေကွာ အရင်နှစ်တွေထဲက ငါ့လုပ်အားနဲ့ ငါကြိုးစားလာခဲ့တာ အခုကျမှ ဆေးဆရာလိုလို နတ်ဆရာလိုလိုလူရဲ့စကားကိုငါက လိုက်လုပ်ရမှာလား” ” မင်းနဲ့တော့ခက်ပီ



အောင်မြတ်သာနှင့်အိမ်မက်တစ္ဆေ ::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::: အောင်မြတ်သာနှင့်သက်ခိုင်တို့ ဆရာတပည့် နှစ်ဦးသား ငှက်ပျောတောရွာကနေ ထွက်လာခဲ့ပြီး နောက်ပိုင်း မြန်မာပြည်အောက်ပိုင်း.ထားဝယ် ဘက်သို့ခြေဆန့်ခဲ့ပြန်တယ်။မော်လမြိုင်-မုဒုံ- သံဖြူ ဇရပ်-ရေးကိုဖြတ်ပြီး တနင်္သာရီတိုင်းအစ မလွှဲတောင်နားရောက်တော့ ကားလမ်းပေါ်မြေတွေပြို ကျ လို့ လမ်းပိတ်ပါလေရော ။ …… သက်ခိုင်ရေ.. တို့တွေအတွက် ဒီနေရာက ခရီးစဉ်တစ်ထောက်ဆုံးပီထင်တယ်ကွာ ။ ကဲ.. ဒီအနီးအနားမှာတော့ ရွာတွေရှိမှာပဲ တွေ့တဲ့နေရာ ဝင်နားရတာပေါ့ဆိုပြီး



အောင်မြတ်သာနှင့်ဖဲဝိဇ္ဇာ ++++++++++++++++++ အောင်မြတ်သာတို့ဆရာတပည့်တွေလဲ ဘိဇလပ်ကုန်းရွာကနေထွက်လာပြီး ခရီးဆက်ခဲ့ရာ “ခံတပ်ကုန်း”ဆိုတဲ့ရွာလေးကိုရောက်လာခဲ့တယ်။ မြို့မကျရွာမကျနေရာလေးဖြစ်လို့ လူတွေရဲ့ သွားလာလှုပ်ရှားမှုက မပြတ်လပ်ခဲ့ဘူး။ အောင်မြတ်သာတို့လဲ လှည်းလမ်းဘေးမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ထဲဝင်ပြီး ထိုင်နေတဲ့အချိန် ” မနေ့ညက ဝိုင်းကောင်းတယ် ဟိုဘက်ရွာက ကိုမင်းထင်ဆို တော်တော်ရသွားတာ” တစ်ဖက်ဝိုင်းမှလွင့်လာတဲ့စကားသံကြောင့် သက်ခိုင်မသိမသာလေး လှည့်ကြည့်လိုက်တယ်။ အောင်မြတ်သာကတော့ ရေနွေးခွက်ကို အရသာခံသောက်ပြီး မသိသလို နေနေတာကိုတွေ့လိုက်ရတယ်။ တစ်ဖက်ဝိုင်းမှာလဲ ”



ကျားဆိုး °°°°°°°°°° #မှဝဇီ နံနက်လေးနာရီခန့် ဖြစ်သည်။ နန်းမောတောင်တန်းကြီးသည် နှင်းပင်လယ်အောက်တွင် အိပ်မောကျလျက် ရှိသေး၏။ ယင်းအချိန်မှာပင် ဝါးရုံပင်ကြီးများနှင့် သစ်ပင်ကြီးငယ်များ မိုး နေသည့် အိမ်ခြေနှစ်ဆယ်ခန့်ရှိသော ရွာစည်းရိုးနားသို့ နှင်းတောထဲမှ တချွတ်ချွတ် နင်းလျှောက်လာသော သတ္တဝါကြီးတစ်ကောင် တရွေ့ရွေ့ကပ်လာသည်။ ခြံစည်းရိုးသည် လက်ခုပ်တစ်ဖောင်ကျော်ကျော် မြင့်သည်။ သတ္တဝါကြီးသည် ခြံစည်းရိုးကို စူးစမ်းကာ လက် ဖြင့် ကုတ်ခြစ်လိုက်သည်။



ကျွဲလူးအိုင်သရဲ (စ/ဆုံး) အောက်ပြည်ကို တာတေ ရောက်တုန်းကဗျ။ ကျုပ်တို့ထနောင်းကုန်းက ကိုညွန့်မောင်နဲ့ လိုက်သွားတာလေ။ ကိုညွန့်မောင်က တစ် နှစ်ကို တစ်ခါ အောက်ပြည်သွားပြီး ငါးသ လောက် ငပိကောင် ဝယ်တာလေဗျာ။ ရာဇူဒိုင်ငသလောက်ဆိုတာ လွှတ်နာမည်ကြီး တာဗျ။ ရာဇူဒိုင်ဆိုတာ မော်ကျွန်းအထက် ဘက်က မြစ်ကြီးလေဗျာ။ မြစ်ကြီးအကျယ် ကြီးထဲမှာ ငသလောက် ပိုက်ချတဲ့လှေတွေ မှ အများကြီးဗျ။



အောင်မြတ်သာနှင့်ဘီလူးဝင်စား +++++++++++++++++++++++ “ဟိုဘက်ရွာမှာ လက်သည်သွားခေါ်တာ ခုထိမရောက်ကြသေးဘူးလား ဒီမှာက မွေးတော့မယ်” မောင်တင်စကားကြောင့် တဲအိမ်အပြင်ဘက်မှာ ရှိနေတဲ့သူတွေ ရွာလမ်းမပေါ်ကို လှမ်းကြည့်လိုက်ကြတယ်။ ” စိတ်ကိုလျော့ပါမောင်တင်ရယ် သိပ်မကြာခင်ရောက်တော့မှာပါ” ရွာလူကြီးတွေရဲ့စကားကြောင့် မောင်တင် မျက်နှာကြောသပ်လိုက်ပြီး အိမ်ရှေ့မှာ ရှိတဲ့ ထန်းလက်ကုလားထိုင်ပေါ်ထိုင်ချလိုက်တယ်။ “အမလေး နာလှချည်ရဲ့ လက်သည်မလာသေးဘူးလား” မီးနေခန်းအထဲကအော်လိုက်တဲ့အသံကြောင့် မောင်တင် နဖူးပေါ်မှာရှိနေတဲ့ ချေွးစက်တွေကို လက်ခုံနဲ့သုတ်လိုက်တယ်။ ”



အောင်မြတ်သာနှင့်ဇီးပင်စောင့်ရုက္ခစိုး +++++++++++++++++++++++++++ “အား ကျွတ် ကျွတ် ကျွတ် ကိုထွန်းစိန် ကျုပ်ဗိုက်ထဲကအောင့်နေတယ်” မိန်းမဖြစ်သူနှောင်းခင်ရဲ့စကားကြောင့် အိမ်ရှေ့မှာနှီးဖျာနေတဲ့ ကိုထွန်းစိန် လုပ်လက်စအလုပ်ကို ချထားပြီး အိမ်ပေါ်တက်လာခဲ့လိုက်တယ်။ ” နှောင်းခင် ဘာတွေအစားမှားလို့လဲ ” “ဘာမှမစားပါဘူးတော် မနေ့ညထဲက အောင့်တောင့်တောင့်ဖြစ်နေလို့ ညဘက်ထမင်းတောင်မစားပဲအိပ်လိုက်တာ တော်အသိပဲလေ” ” ဒါဆိုလေထိုး လေအောင့်နေလို့များလား” “မသိပါဘူးတော် တစ်ဖြေးဖြေးနဲ့ပိုပိုဆိုးလာတယ်” ” ထိုင်နေလို့တော့ကောင်းလာမှာမဟုတ်ဘူး